
လူငယ္နဲ႔ မိဘၾကားက ဆက္ဆံေရး
မိဘေခၽြးနဲ႔ ေျခေဆးကာ ဘဝကို မစေတးမိၾကေစခ်င္
ဒီေခတ္လူငယ္အခ်ိဳ႕ဟာ မိဘေခၽြးနဲ႔ ေျခေဆးျပီး ကိုယ့္ဘဝကိုယ္ စေတးေနၾကသလို ျဖစ္ေနတယ္။
အထူးသျဖင့္ အခ်ိဳ႕ေက်ာင္းသူ ေက်ာင္းသားေတြ ပါပဲ။
မိဘေတြက ကိုယ့္သားသမီးေတြ ပညာတတ္ျပီး ဘဝမွာ လူတန္းေစ့ ေနႏိုင္ေအာင္ ေနပူမိုးရြာ မေရွာင္ ရုန္းကန္ ရွာေဖြျပီး ေက်ာင္းထားၾကရတာ မ်ားပါတယ္။
ဒါေပမယ့္ သားသမီးေတြကေတာ့ မိဘေတြကို မင့ဲညွာဘဲ အသိမ့ဲစြာ အေပ်ာ္အပါးမွာပဲ နစ္မြန္း ေနၾကတယ္။
ေက်ာင္းေတြ တကၠသိုလ္ေတြဟာ အခ်ိဳ႕ေခတ္လူငယ္ေတြ အတြက္ ပညာရွာရာ မဟုတ္ဘဲ ပ်က္စီးရာ ေနရာလို ျဖစ္ေနပါျပီ။
ဒကာ တစ္ေယာက္က ေလွ်ာက္တယ္။ ခုေခတ္ ေက်ာင္းသူ ေက်ာင္းသားေတြ မလြယ္ဘူးဘုရား၊ တကၠသိုလ္မွာ ပညာသင္တယ္သာ ေျပာတာဘုရား၊ အမ်ိဳးမ်ိဳး ပ်က္စီး ေနၾကတာ ဘုရားတဲ့။
လိုက္ထရပ္ကားနဲ႔ အႀကိဳအပို႔ လုပ္ေနတဲ့ ကားသမားကို ဘယ္ေလာက္ေပးမယ္လို႔ ေျပာၿပီးေတာ့ ျပင္ဦးလြင္ကို ပို႔ခိုင္းတယ္။ ဟိုမွာ ကဲၾကတယ္။ ေနာက္ေန႔ မံုရြာ ပို႔ခိုင္းတယ္။ ေက်ာင္းမတက္ပဲ အဲလိုေတြ လုပ္ေနၾကတယ္ဘုရား။
ဒီလမ္းေလးအတိုင္း (ကားေမာင္းရင္း ဒကာကၫႊန္ျပ) လိုက္သြားရင္ ငွက္ေပ်ာေတာ႐ွိတယ္ဘုရား၊ အဲဒီမွာ ထန္းရည္ရတယ္။
တကၠသိုလ္ေပါင္းစံုက ေက်ာင္းသူေတြ ေက်ာင္းသားေတြ ထန္းရည္ လာေသာက္ၾက တယ္ဘုရား။ မိန္းကေလးေတြဆို လူမွန္းသူမွန္း မသိေအာင္ကို မူးေနၾကတာ။ အန္တဲ့သူက အန္လို႔ဘုရား။
ပညာေရးကိုသာ အျပစ္တင္ေနၾကတာ၊ ကိုယ္တိုင္က ပ်က္စီး ေနၾကတယ္ဘုရား။
တစ္ခါက မိန္းကေလး တစ္ေယာက္ သူ႔အေဖကေတာ့ ေက်ာင္းတက္ ေနတယ္ဆိုၿပီး လိုအပ္တာ ေထာက္ပံ့ေနတယ္ဘုရား။ သူက ေက်ာင္းမတက္ပဲ ေလွ်ာက္သြား၊ အရက္ေသာက္ ထန္းရည္ေသာက္နဲ႔။
အဲလိုနဲ႔ သူ မူးၿပီး (ဖင္တျခမ္းေပၚနဲ႔) အိပ္ေနတဲ့ပံုကို အင္တာနက္ေပၚ တင္လိုက္တယ္ဘုရား။ ဘယ္သူ တင္လိုက္မွန္း မသိဘူး။ အဲဒါကို တစ္ေယာက္ေယာက္က share လိုက္ေတာ့ သူ႔အေဖဆီ ေရာက္သြားတယ္ဘုရား။
သူ႔အေဖလည္း ႐ွက္ၿပီးေတာ့ သူ႔ကို ေက်ာင္းထုတ္ လိုက္တယ္တဲ့။ မၾကာပါဘူး ဆိုင္ကယ္၀ပ္ေ႐ွာ့က ေကာင္ေလးနဲ႔ ခိုးရာလိုက္ေျပး သြားတယ္ဘုရား။
တကယ္ေတာ့ ပညာေရးစနစ္က ပ်က္တာ မဟုတ္ပါဘူး။ အက်င့္စာရိတၱ မေစာင့္ထိန္းတဲ့ မိမိတို႔ကသာ ပ်က္ေနၾကတာပါ။
ဦးဇင္းရဲ႕တပည့္မေလး တစ္ေယာက္ဟာ ၁၀ တန္းအထိ အလြန္လိမၼာ သိတတ္ပါတယ္။ ဒါေပမယ့္ တကၠသိုလ္ ဒုတိယႏွစ္လဲ ေရာက္ေရာ အေပါင္းအသင္းမွားျပီး ပ်က္စီးပါေတာ့တယ္။
အဲဒီႏွစ္မွာပဲ ေကာင္ေလးနဲ႔ ထြက္ေျပးျပီး အိမ္ေထာင္က်သြားတာ အခုဘဝကို ဆင္းဆင္းရဲရဲ ရုန္းကန္ ေနရျပီး ဒုကၡေရာက္ေနပါတယ္။
အျခား တပည့္ေလး တစ္ေယာက္ကေတာ့ တကၠသိုလ္ဘြဲ႔ေတာ့ မရဘဲ အရက္အတြက္ ဘဝကို ေပးဆပ္ေနရတ့ဲ လူေပလူေတေလး ျဖစ္ေနပါတယ္။
၁၀ တန္းမွာ ဂုဏ္ထူး ၄ ဘာသာပါတ့ဲ နည္းပညာတကၠသိုလ္က တပည့္တစ္ေယာက္လည္း ဂိမ္းႏွိပ္ ရည္စားထား အေပါင္းသင္းေတြနဲ႔ ေသာက္စား ေပ်ာ္ပါးေနလို႔ ၂ ႏွစ္ဆက္တိုက္က်ျပီး လမ္းေဘး ေရာက္သြားပါတယ္။
အဲဒါေၾကာင့္ ေက်ာင္းသူေက်ာင္းသား လူငယ္ေလးေတြ မိဘေခြ်းနဲ႔ေျခေဆးကာ ဘဝကို မစေတးမိၾကပါေစနဲ႔။
အဲလိုမ်ိဳး မိုက္မိရင္ေတာ့ ဒီဘဝမွာတင္ပဲ ဒုကၡေရာက္ၾကလိမ့္မယ္လို႔ သတိေပးခ်င္လို႔ ခုလို တင္ျပလိုက္တာပါ။
သုခဝိဟာရီ အရွင္ဓမၼာစာရ
Unicode
လူငယ်နဲ့ မိဘကြားက ဆက်ဆံရေး
မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်
ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလို ဖြစ်နေတယ်။
အထူးသဖြင့် အချို့ကျောင်းသူ ကျောင်းသားတွေ ပါပဲ။
မိဘတွေက ကိုယ့်သားသမီးတွေ ပညာတတ်ပြီး ဘဝမှာ လူတန်းစေ့ နေနိုင်အောင် နေပူမိုးရွာ မရှောင် ရုန်းကန် ရှာဖွေပြီး ကျောင်းထားကြရတာ များပါတယ်။
ဒါပေမယ့် သားသမီးတွေကတော့ မိဘတွေကို မငဲ့ညှာဘဲ အသိမဲ့စွာ အပျော်အပါးမှာပဲ နစ်မွန်း နေကြတယ်။
ကျောင်းတွေ တက္ကသိုလ်တွေဟာ အချို့ခေတ်လူငယ်တွေ အတွက် ပညာရှာရာ မဟုတ်ဘဲ ပျက်စီးရာ နေရာလို ဖြစ်နေပါပြီ။
ဒကာ တစ်ယောက်က လျှောက်တယ်။ ခုခေတ် ကျောင်းသူ ကျောင်းသားတွေ မလွယ်ဘူးဘုရား၊ တက္ကသိုလ်မှာ ပညာသင်တယ်သာ ပြောတာဘုရား၊ အမျိုးမျိုး ပျက်စီး နေကြတာ ဘုရားတဲ့။
လိုက်ထရပ်ကားနဲ့ အကြိုအပို့ လုပ်နေတဲ့ ကားသမားကို ဘယ်လောက်ပေးမယ်လို့ ပြောပြီးတော့ ပြင်ဦးလွင်ကို ပို့ခိုင်းတယ်။ ဟိုမှာ ကဲကြတယ်။ နောက်နေ့ မုံရွာ ပို့ခိုင်းတယ်။ ကျောင်းမတက်ပဲ အဲလိုတွေ လုပ်နေကြတယ်ဘုရား။
ဒီလမ်းလေးအတိုင်း (ကားမောင်းရင်း ဒကာကညွှန်ပြ) လိုက်သွားရင် ငှက်ပျောတောရှိတယ်ဘုရား၊ အဲဒီမှာ ထန်းရည်ရတယ်။
တက္ကသိုလ်ပေါင်းစုံက ကျောင်းသူတွေ ကျောင်းသားတွေ ထန်းရည် လာသောက်ကြ တယ်ဘုရား။ မိန်းကလေးတွေဆို လူမှန်းသူမှန်း မသိအောင်ကို မူးနေကြတာ။ အန်တဲ့သူက အန်လို့ဘုရား။
ပညာရေးကိုသာ အပြစ်တင်နေကြတာ၊ ကိုယ်တိုင်က ပျက်စီး နေကြတယ်ဘုရား။
တစ်ခါက မိန်းကလေး တစ်ယောက် သူ့အဖေကတော့ ကျောင်းတက် နေတယ်ဆိုပြီး လိုအပ်တာ ထောက်ပံ့နေတယ်ဘုရား။ သူက ကျောင်းမတက်ပဲ လျှောက်သွား၊ အရက်သောက် ထန်းရည်သောက်နဲ့။
အဲလိုနဲ့ သူ မူးပြီး (ဖင်တခြမ်းပေါ်နဲ့) အိပ်နေတဲ့ပုံကို အင်တာနက်ပေါ် တင်လိုက်တယ်ဘုရား။ ဘယ်သူ တင်လိုက်မှန်း မသိဘူး။ အဲဒါကို တစ်ယောက်ယောက်က share လိုက်တော့ သူ့အဖေဆီ ရောက်သွားတယ်ဘုရား။
သူ့အဖေလည်း ရှက်ပြီးတော့ သူ့ကို ကျောင်းထုတ် လိုက်တယ်တဲ့။ မကြာပါဘူး ဆိုင်ကယ်ဝပ်ရှော့က ကောင်လေးနဲ့ ခိုးရာလိုက်ပြေး သွားတယ်ဘုရား။
တကယ်တော့ ပညာရေးစနစ်က ပျက်တာ မဟုတ်ပါဘူး။ အကျင့်စာရိတ္တ မစောင့်ထိန်းတဲ့ မိမိတို့ကသာ ပျက်နေကြတာပါ။
ဦးဇင်းရဲ့တပည့်မလေး တစ်ယောက်ဟာ ၁၀ တန်းအထိ အလွန်လိမ္မာ သိတတ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ် ဒုတိယနှစ်လဲ ရောက်ရော အပေါင်းအသင်းမှားပြီး ပျက်စီးပါတော့တယ်။
အဲဒီနှစ်မှာပဲ ကောင်လေးနဲ့ ထွက်ပြေးပြီး အိမ်ထောင်ကျသွားတာ အခုဘဝကို ဆင်းဆင်းရဲရဲ ရုန်းကန် နေရပြီး ဒုက္ခရောက်နေပါတယ်။
အခြား တပည့်လေး တစ်ယောက်ကတော့ တက္ကသိုလ်ဘွဲ့တော့ မရဘဲ အရက်အတွက် ဘဝကို ပေးဆပ်နေရတဲ့ လူပေလူတေလေး ဖြစ်နေပါတယ်။
၁၀ တန်းမှာ ဂုဏ်ထူး ၄ ဘာသာပါတဲ့ နည်းပညာတက္ကသိုလ်က တပည့်တစ်ယောက်လည်း ဂိမ်းနှိပ် ရည်စားထား အပေါင်းသင်းတွေနဲ့ သောက်စား ပျော်ပါးနေလို့ ၂ နှစ်ဆက်တိုက်ကျပြီး လမ်းဘေး ရောက်သွားပါတယ်။
အဲဒါကြောင့် ကျောင်းသူကျောင်းသား လူငယ်လေးတွေ မိဘချွေးနဲ့ခြေဆေးကာ ဘဝကို မစတေးမိကြပါစေနဲ့။
အဲလိုမျိုး မိုက်မိရင်တော့ ဒီဘဝမှာတင်ပဲ ဒုက္ခရောက်ကြလိမ့်မယ်လို့ သတိပေးချင်လို့ ခုလို တင်ပြလိုက်တာပါ။
သုခဝိဟာရီ အရှင်ဓမ္မာစာရ
Unicode
No Comments