
သင္တုိ႔ႏွစ္ေယာက္ လမ္းခြဲသင့္ၿပီဆိုတာ ျပေနတဲ့ အခ်က္မ်ား…
အခ်စ္ေရး
သင္တုိ႔ႏွစ္ေယာက္ လမ္းခြဲသင့္ၿပီဆိုတာ ျပေနတဲ့ အခ်က္မ်ား…
တစ္ခါတစ္ေလမွာ ဘယ္ေလာက္ပဲခ်စ္ခဲ႔ၾကတယ္ေျပာေျပာ စိတ္သေဘာထား တိုက္ဆိုင္မႈေတြ၊ နားလည္မႈေတြ မ႐ွိေတာ့ရင္ အဲ႔ဒီဆက္ဆံေရးကို ဒီေနရာမွာ အခုပဲ ရပ္တန္ ႔လိုက္သင့္ပါၿပီ။
ဒီလုိမ်ိဳး မေျပလည္တာေတြကို အတင္းအဆင္ေျပေအာင္ ႀကိဳးစားမိတဲ့အခါ ႏွစ္ေယာက္လံုးမွာ ဒဏ္ရာဒဏ္ခ်က္ေတြပဲ မ်ားလာႏုိင္ပါတယ္။ အခုေဖာ္ျပေပးမဲ႔အခ်က္ေတြကို သင္တို႔ႏွစ္ေယာက္ျကုံေနရျပီဆိုရင္ေတာ့ သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို အခုပဲရပ္တန္႔သင့္ပါျပီေနာ္….
(1) စိတ္သေဘာထားခ်င္း မတိုက္ဆိုင္ေတာ့ဘူး
အရင္ကေတာ့ ကို္ယ္မႀကိဳက္ေပမယ့္ သူႀကိဳက္တဲ႔အတြက္ သူစိတ္ခ်မ္းသာေအာင္ လုိက္ေလ်ာေပးခဲ႔ရတဲ႔ အခ်ိန္ေလးေတြရွိဖူးျကပါလိမ့္မယ္။ ဒါေပမဲ႔ အခ်ိန္္ၾကာလာတဲ့အခါ သူ႔အႀကိဳက္၊ကိုယ္အႀကိဳက္မတူညီတာေတြ မ်ားလာၿပီး ျပသနာေသးေသးေလးကေန အႀကီးႀကီးအထိျဖစ္လာတတ္ပါတယ္။
ေနာက္ဆုံး တစ္ေယာက္နဲ႔တစ္ေယာက္ ညွိမရေတာ့ပဲလံုးဝကို သေဘာထား ကြဲလြဲလာျပီး စိတ္သေဘာထားခ်င္း မတိုက္ဆိုင္တာမ်ိဳးေတြ ႀကံဳေတြ႔ေနရၿပီဆိုရင္ေတာ့ သင္တုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို တစ္ခန္းရပ္ဖို႔ အခ်ိန္တန္ပါၿပီ ။
(2) ျပသနာေတြ ခဏခဏျဖစ္တတ္တယ္
ႏွစ္ေယာက္သား ေတြ႕လုိက္တာနဲ႔ ျပႆနာေတြတက္ျပီးရန္ေတြပဲျဖစ္ေနမယ္ဆိုရင္ေတာ့ ဒီဆက္ဆံေရးမွာ ဘယ္သူမွ ေပ်ာ္႐ႊင္ေတာ့မယ္ မထင္ပါဘူး။
တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္ေတြပဲ ျမင္လာၿပီး နားလည္ခြင့္လႊတ္မႈေတြ မ႐ွိေတာ့ရင္ ေ႐ွ႕ဆက္မယ့္ လမ္းကလည္း အက္ေၾကာင္းရာေတြနဲ႔ မေခ်ာေမြ႔ႏုိင္ေတာ့ပါဘူး။ တစ္ခ်ိန္လံုး စိတ္ညစ္စရာေတြနဲ႔ ျပည့္ေနတဲ့ ဒီဆက္ဆံေရးကို ဒီမွာပဲ ရပ္တန္႔လုိက္သင့္ပါၿပီ ။
(3) မေပ်ာ္႐ႊင္ေတာ့ဘူး
ဒီလုိ ခဏခဏ ျပသနာေတြ၊ ရန္ပြဲေတြနဲ႔ စိတ္ညစ္စရာေတြ မ်ားလြန္းေနတဲ့ ဆက္ဆံေရးမွာ ဘယ္သူမွ ေပ်ာ္႐ႊင္ႏုိင္မယ္ မထင္ပါဘူး။ သင္တုိ႔ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ အခ်စ္ေတြ ႐ွိခ်င္လည္း ႐ွိေနႏုိင္ေသးေပမယ့္ ျပသနာေတြကေတာ့ ပိုမိုဆိုးဝါးလာေနဆဲပါ။
အခ်စ္ကို ျပသနာေတြ၊ စိတ္အခန္႔မသင့္တာေတြက တျဖည္းျဖည္း ဝါးမ်ိဳသြားၿပီး ႏွစ္ေယာက္လံုးက ဘယ္လိုမွ မေပ်ာ္႐ႊင္ႏုိင္ေတာ့ပါဘူး …။
(4) တစ္ေယာက္အေၾကာင္း တစ္ေယာက္ ဂ႐ုမစိုက္ေတာ့ဘူး
အရင္ကေတာ့ သူဘယ္သြားတယ္၊ ဘာလုပ္တယ္၊ ဘယ္သူေတြနဲ႔ ႐ွိတတ္တယ္ စသျဖင့္ သူ႔အေၾကာင္းအေသးစိတ္ကအစ စိတ္ဝင္တစား႐ွိခဲ့ေပမယ့္ နာက်င္တာေတြအရမ္းမ်ားသြားတဲ့အခါမွာ သူ႔အေၾကာင္းေတြကို ထပ္ၿပီး စိတ္မဝင္စားတတ္ေတာ့ပါဘူး။
တစ္စံုတစ္ေယာက္က သူ႔အေၾကာင္းေျပာလာခဲ့ရင္ေတာင္ နားေထာင္ရုံပဲနားေထာင္ျပီး စိတ္၀င္တစားမရွိေတာ့ပါဘူး။
အရမ္းခံစားမေနခ်င္ေတာ့ ေလာက္ေအာင္္ တစ္ေယာက္ကို တစ္္ေယာက္ ဂ႐ုစိုက္မႈေတြ ေလ်ာ့နည္းကုန္ရင္ေတာ့ သင္တို႔ႏွစ္ေယာက္ လမ္းခြဲလိုက္သင့္ပါၿပီေနာ္။ လမ္းခြဲလုိက္ျခင္းကမွ သင္တို႔ႏွစ္ေယာက္ကို ပိုေပ်ာ္႐ႊင္မႈေပးႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Credit Aunty May
Unicode
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီဆိုတာ ပြနေတဲ့ အချက်များ…
အချစ်ရေး
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီဆိုတာ ပြနေတဲ့ အချက်များ…
တစ်ခါတစ်လေမှာ ဘယ်လောက်ပဲချစ်ခဲ့ကြတယ်ပြောပြော စိတ်သဘောထား တိုက်ဆိုင်မှုတွေ၊ နားလည်မှုတွေ မရှိတော့ရင် အဲ့ဒီဆက်ဆံရေးကို ဒီနေရာမှာ အခုပဲ ရပ်တန့်လိုက်သင့်ပါပြီ။
ဒီလိုမျိုး မပြေလည်တာတွေကို အတင်းအဆင်ပြေအောင် ကြိုးစားမိတဲ့အခါ နှစ်ယောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေပဲ များလာနိုင်ပါတယ်။ အခုဖော်ပြပေးမဲ့အချက်တွေကို သင်တို့နှစ်ယောက်ကြုံနေရပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အခုပဲရပ်တန့်သင့်ပါပြီနော်….
(1) စိတ်သဘောထားချင်း မတိုက်ဆိုင်တော့ဘူး
အရင်ကတော့ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တဲ့အတွက် သူစိတ်ချမ်းသာအောင် လိုက်လျောပေးခဲ့ရတဲ့ အချိန်လေးတွေရှိဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သူ့အကြိုက်၊ကိုယ်အကြိုက်မတူညီတာတွေ များလာပြီး ပြသနာသေးသေးလေးကနေ အကြီးကြီးအထိဖြစ်လာတတ်ပါတယ်။
နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် ညှိမရတော့ပဲလုံးဝကို သဘောထား ကွဲလွဲလာပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်ခန်းရပ်ဖို့ အချိန်တန်ပါပြီ ။
(2) ပြသနာတွေ ခဏခဏဖြစ်တတ်တယ်
နှစ်ယောက်သား တွေ့လိုက်တာနဲ့ ပြဿနာတွေတက်ပြီးရန်တွေပဲဖြစ်နေမယ်ဆိုရင်တော့ ဒီဆက်ဆံရေးမှာ ဘယ်သူမှ ပျော်ရွှင်တော့မယ် မထင်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေပဲ မြင်လာပြီး နားလည်ခွင့်လွှတ်မှုတွေ မရှိတော့ရင် ရှေ့ဆက်မယ့် လမ်းကလည်း အက်ကြောင်းရာတွေနဲ့ မချောမွေ့နိုင်တော့ပါဘူး။ တစ်ချိန်လုံး စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့ ဒီဆက်ဆံရေးကို ဒီမှာပဲ ရပ်တန့်လိုက်သင့်ပါပြီ ။
(3) မပျော်ရွှင်တော့ဘူး
ဒီလို ခဏခဏ ပြသနာတွေ၊ ရန်ပွဲတွေနဲ့ စိတ်ညစ်စရာတွေ များလွန်းနေတဲ့ ဆက်ဆံရေးမှာ ဘယ်သူမှ ပျော်ရွှင်နိုင်မယ် မထင်ပါဘူး။ သင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အချစ်တွေ ရှိချင်လည်း ရှိနေနိုင်သေးပေမယ့် ပြသနာတွေကတော့ ပိုမိုဆိုးဝါးလာနေဆဲပါ။
အချစ်ကို ပြသနာတွေ၊ စိတ်အခန့်မသင့်တာတွေက တဖြည်းဖြည်း ဝါးမျိုသွားပြီး နှစ်ယောက်လုံးက ဘယ်လိုမှ မပျော်ရွှင်နိုင်တော့ပါဘူး …။
(4) တစ်ယောက်အကြောင်း တစ်ယောက် ဂရုမစိုက်တော့ဘူး
အရင်ကတော့ သူဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူတွေနဲ့ ရှိတတ်တယ် စသဖြင့် သူ့အကြောင်းအသေးစိတ်ကအစ စိတ်ဝင်တစားရှိခဲ့ပေမယ့် နာကျင်တာတွေအရမ်းများသွားတဲ့အခါမှာ သူ့အကြောင်းတွေကို ထပ်ပြီး စိတ်မဝင်စားတတ်တော့ပါဘူး။
တစ်စုံတစ်ယောက်က သူ့အကြောင်းပြောလာခဲ့ရင်တောင် နားထောင်ရုံပဲနားထောင်ပြီး စိတ်ဝင်တစားမရှိတော့ပါဘူး။
အရမ်းခံစားမနေချင်တော့ လောက်အောင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်မှုတွေ လျော့နည်းကုန်ရင်တော့ သင်တို့နှစ်ယောက် လမ်းခွဲလိုက်သင့်ပါပြီနော်။ လမ်းခွဲလိုက်ခြင်းကမှ သင်တို့နှစ်ယောက်ကို ပိုပျော်ရွှင်မှုပေးနိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။
Credit Aunty May
No Comments