တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး - Amawpyay

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး
Knowledge

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

” ရွင္ပင္ေ႐ႊဆပ္သြား ဘုရားႀကီး “

ရွင္ပင္ေ႐ႊဆပ္သြား ေစတီဟာ မႏၲေလး တိုင္းေဒသႀကီး ၊ေက်ာက္ဆည္ၿမိဳ႕ ၏ အေနာက္ဘက္ ၅-မိုင္ခန႔္အကြာ ေညာင္ေ႐ႊကြင္း အတြင္းမွာ တည္ရွိ ေနပါ တယ္။ ေစတီေတာ္ရဲ႕ ဂႏၶကုဋီတိုက္ အတြင္းမွာ ေတာ့ သမိုင္းဝင္ ေရွးေဟာင္း ငါးထပ္ဆင္ းတုေတာ္ ကိန္းဝပ္ ေနတယ္။

ဒီဆင္းတုေတာ္ ကေတာ့ ပုဂံ၊ပင္းယ၊ အင္းဝ၊ ေညာင္ရမ္း၊ ကုန္းေဘာင္ ေခတ္ငါးေခတ္လက္ရာ အဆင့္ဆင့္ အထပ္ထပ္ ပူေဇာ္ ထားသည့္ ေရွးျမန္မာ မင္းမ်ား ကုသိုလ္ေတာ္ ရွင္ပင္ ေ႐ႊဆပ္သြား ဘုရားႀကီး ျဖစ္ပါတယ္။

ရွင္ပင္ေ႐ႊဆပ္သြားေစတီေတာ္ရဲ႕ ဘုရားသမိုင္း ကေတာ့ အေနာ္ရထာမင္းဟာ ျမန္မာႏိုင္ငံ အလယ္ပိုင္းမွာ ဆည္ေျမာင္းမ်ား တည္ေဆာက္ရန္ လွည့္လည္ သြားလာ ေနစဥ္ အတြင္းမွာ ေက်ာက္ဆည္နယ္

ေညာင္ဝန္း႐ြာ အနီး ေရာက္တဲ့ အခါမွာ ဆင္ေတာ္ဟာ အေၾကာင္းမရွိပဲ ဝပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ျပန္လည္ထေစၿပီး ခရီးဆက္လာၿပီးတဲ့ေနာက္ အေရွ႕ေျမာက္ဘက္ ကိုက္ ၅၀၀ အကြာခန႔္ ေညာင္ေ႐ႊ႐ြာအနီးမွာ ထပ္ၿပီးေတာ့ ဝပ္ျပန္ပါတယ္။

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

ဆင္ေတာ္ ၂ႀကိမ္တိုင္ ဝပ္တဲ့အခါ ဒါဟာအေၾကာင္းမဲ့ မျဖစ္ႏိုင္လို႔ အေနာ္ရထာမင္းက ေတြးမိတာေၾကာင့္ သူ႔ရဲ႕ ပညာရွိ အမတ္ေတြကို ေမးျမန္း ခဲ့ပါတယ္။

ပညာရွိ ဟူးရား အမတ္မ်ားတြက္ ၾကည့္ၾကည့္ၿပီးတဲ့ အခါမွာေတာ့ အရွင္ အရဟံ မေထရ္ျမတ္ရဲ႕ ၾသဝါဒနဲ႔ အညီ ေနာင္လာေနာက္သားေတြ ကိုးကြယ္ရန္ ဘုရားေစတီတည္ၿပီး သာသနာျပဳေစဖို႔ နိမိတ္ျပတာျဖစ္ေၾကာင္း ဆိုပါတယ္။

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

အေနာ္ရထာမင္းကလည္း ေစတီတည္မယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး တည္ရန္ေနရာကို တိတိက်က်သိလိုတာေၾကာင့္ အဓိဌာန္ျပဳခဲ့ၿပီးေနာက္ အဲဒီ႐ြာမွာပဲ အာေသာကမင္းႀကီး တည္ခဲ့တဲ့ မုေဌာေစတီေဟာင္း တစ္ဆူကို ေတြ႕ခဲ့ပါတယ္။

ေစတီေဟာင္းရဲ႕ ေနရာမွာပဲ မူလေစတီကို ငုံကာ ၉ေတာင္ျပည့္ ေစတီကို တည္ထားခဲ့ပါတယ္။

ဆပ္သြားေစတီ ဆိုတဲ့ ဘြဲ႕အမည္ ကိုေတာ့ ေစတီတည္စဥ္ အေနာ္ရထာမင္းဟာ အမည္မသိ အဖိုးအဖြား သူေတာ္စင္ႏွစ္ဦးတို႔က ဆပ္သြားႏွစ္ဖူး ဆပ္သလာျခင္း ေၾကာင့္ လည္းေကာင္း၊ ေစတီေတာ္အတြင္း

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

ဌာပနာသြင္းႏိုင္ရန္ ဘုရားရွင္၏ ဓာတ္ေတာ္မ်ားကို ပင့္ေဆာင္ၾကသည့္အခါ ဓာတ္ေတာ္မ်ားသည္ ဆပ္သြားဖူးသ႑ာန္ပုံေပၚလာၿပီး ဖူးျမင္လာၾကသူမ်ားကိုလည္း ဆပ္သြားဖူးရနံ႔မ်ားသင္းပ်ံ႕ေမႊးႀကိဳင္ေစခဲ့သျဖင့္ ” ဆပ္သြားေစတီ ” ဟုဘြဲ႕ေတာ္အမည္တြင္ေၾကာင္း မွတ္သားရပါတယ္။

ဒီေစတီကိုပဲ အင္းဝေက်ာ္စြာမင္းလက္ထက္မွာ ၁ႀကိမ္ ၊ ကုန္းေဘာင္ေခတ္ အမရပူရ ဆရာေတာ္ ဥဳးဇိနမေထရ္ျမတ္ က ေနာက္တစ္ႀကိမ္ ၊ ရေသ့ဦးခႏၲီက တစ္ႀကိမ္ ထပ္မံငုံကာ ဘုရားတည္ခဲ့ပါတယ္။ ေခတ္အဆက္ဆက္ တည္ထားခဲ့ေသာသူမ်ားမွာ –

တစ္ဆူတည္းမွာပဲ ေခတ္ငါးေခတ္လက္ရာ ရွိေနတဲ့ ဘုရားႀကီး

၁) အာေသာက မင္းႀကီး ၊ ၂) အေနာ္ရထာမင္း ၊ ၃) အင္းဝေက်ာ္စြာမင္း ၊ ၄) ဆရာေတာ္ ဥဳးဇိန မေထရ္ျမတ္ ၊ ၅) ရေသ့ႀကီး ဦးခႏၲီ တို႔ ျဖစ္ပါတယ္။ ဘုရားတည္ေနစဥ္ အေနာ္ရထာမင္းဟာ ငယ္သားႏွစ္ေယာက္ျဖစ္တဲ့ ေမာင္ပင္ႏွင့္ မယ္ေဖာ့ တို႔အား အမ်က္ေျပခဲ့ေသာေၾကာင့္ အမ်က္ေျပဘုရားလို႔လည္း ေခၚၾကပါတယ္။

၂၀၀၉ ခုႏွစ္တုန္းကေတာ့ ဘုရားရဲ႕ေအာက္လိုဏ္ဂူကို တူးေဖာ္ခဲ့တဲ့အခါမွာ လိုဏ္ဂူထဲမွာ ဌာပနာပစၥည္းေတြနဲ႔ အတူ ဆင္းတုေတာ္ တစ္ဆူကို သြားေတြ႕ပါတယ္။ တူးေဖာ္ခဲ့စဥ္က ဒီဆင္းတုေတာ္နဲ႔ ပတ္သက္လို႔ ဆရာႀကီး ဦးဝင္းေမာင္က”

“တူးၿပီးၿပီးခ်င္း ပထမဆုံးဖူးရတာက အေလာင္းမင္းတရားႀကီး လက္ထက္ ၁၈ ရာစုက ဆင္းတုေတာ္ပါ။ ဒါေပမယ့္ လင္းႏို႔ ေတြနားထားလို႔ မ်က္ႏွာေတာ္က ပ်က္စီးေနပါတယ္။

အဲဒီ ေအာက္မွာေတာ့ သာလြန္မင္းတရားႀကီး လက္ထက္ ၁၆ ရာစုေခတ္ဆင္းတု၊ အဲဒီ ေအာက္မွာ ၁၃ ရာစု/၁၄ ရာစု ေခတ္ ဆင္းတုနဲ႔ ၁၁ ရာစု အေနာ္ရထာမင္း ႀကီးတည္ထားခဲ့တဲ့ ဆင္းတုဆိုၿပီး ေလးဆင့္ရွိပါတယ္။

ဦးခႏၲီေကာင္းမႈနဲ႔ဆို ငါးဆင့္ေပါ့။ ၁၈ ရာစုနဲ႔ ၁၆ ရာစု ဆင္း တုေတာ္ကို အေသအခ်ာဖူးေတြ႕ႏိုင္မွာ ျဖစ္ေပမယ့္ က်န္ေခတ္ ႏွစ္ေခတ္က ဆင္းတုေတြကိုေတာ့ အတြင္းမွာ ရွိမွန္း သိ႐ုံ ဒူးေတာ္ေတြ၊ လက္ေတာ္ေတြကိုပဲ ေဖာ္ထားပါ တယ္” လို႔ေျပာျပခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ ေမလေလာက္က စတင္ခဲ့ျခင္းျဖစ္ ၿပီး လက္ရွိ ဦးခႏၲီဘုရား၏ ေက်ာဘက္ ရွိ ငါးလက္မအေပါက္မွ လင္းႏို႔မ်ား ဝင္ထြက္ေနျခင္းႏွင့္ အဆိုပါအေပါက္မွ ျပဒါးေရာင္မ်ား ထြက္လာျခင္းတို႔ေၾကာင့္ အတြင္း၌ ေစတီရွိမည္ဟု ယူဆကာ စတင္တူးေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

စၿပီးတူးတုန္းက ပလႅင္ရဲ႕ေအာက္ေျခကို တူးတာမဟုတ္ဘဲ ဆင္းတုေတာ္ရဲ႕ေက်ာဘက္ကအေပါက္ကိုပဲ ခ်ဲ႕သြား ရတာပါ။ အဲဒီအေပါက္ကို ျပန္ ပိတ္လိုက္ၿပီး ေခတ္အဆက္ဆက္ရဲ႕ ဆင္းတုလက္ရာေတြကို လူအမ်ားၾကည္ညိဳ ႏိုင္ဖို႔ ပလႅင္ေအာက္ ေျခမွာ ဂူေပါက္ ေဖာက္ထားလိုက္ျခင္း ျဖစ္ပါတယ္။

အေနာ္ရထာမင္းႀကီးဟာ ေက်ာက္ဆည္လြင္ျပင္ေျမတြင္ ဆပ္သြားကိုးဆူ တည္ထားခဲ့ျခင္းျဖစ္ရာ ယခု ေညာင္ေ႐ြ ေက်း႐ြာမွတစ္ဆူမွာ အႀကီးဆုံးျဖစ္ၿပီး ယခင္က အုတ္ေစတီျဖစ္ကာ ဦးခႏၲီက ပတၱာ႐ြာမွ ေက်ာက္ မ်ားျဖင့္ အတြင္း ေစတီကို ငုံၿပီးတည္ထားခဲ့သည္ဟု သိရပါတယ္။

“သမိုင္းေၾကာင္းနဲ႔ ပတ္သက္လို႔ လူႏွစ္မ်ိဳးရွိတယ္။ မွန္နန္းရာဇဝင္တို႔ ဦးကုလားရာဇဝင္တို႔ကို ယုံတဲ့လူနဲ႔ လက္ေတြ႕မွ ယုံတဲ့လူဆိုၿပီး။ ရာဇဝင္ကို ယုံတဲ့လူက ဒီဘုရားက အေနာ္ရထာ တည္တယ္လို႔ ရာဇဝင္မွာပါရင္ ယုံတယ္။ လက္ေတြ႕သမားကေတာ့ အဲလိုမဟုတ္ဘူး။ လက္ေတြ႕ျပမွ ယုံတာ။

အခုလို ေခတ္အဆက္ဆက္ ဘုရားေတြရွိေၾကာင္း သက္ေသျပလိုက္ႏိုင္တာဟာ ဒီရွင္ပင္ေ႐ႊဆပ္သြား ေစတီကို အေနာ္ရထာမင္းႀကီး တည္ထားခဲ့တာပါဆိုတဲ့ ပါးစပ္ရာဇဝင္၊ အရပ္စကားဟာ အတည္ျဖစ္ေၾကာင္း သက္ေသျပလိုက္ႏိုင္တာပါပဲ”ဟု တမၸဝတီဦးဝင္းေမာင္ က ဆိုပါတယ္။

ရွင္ပင္ဆပ္သြားေစတီေတာ္ျမတ္ အား ေက်ာက္ဆည္ၿမိဳ႕မွ တံတားဦးလမ္းအတိုင္းလည္း ေကာင္း၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမွ မိုင္တိုင္ ၃၄၄ မိုင္ ၂ ဖာ လုံမွ လည္းေကာင္း ဝင္ေရာက္ ဖူးေျမာ္ၾကည္ညိဳႏိုင္ပါတယ္။

Credit – သုတဇုန္

တစ်ဆူတည်းမှာပဲ ခေတ်ငါးခေတ်လက်ရာ ရှိနေတဲ့ ဘုရားကြီး

” ရှင်ပင်ရွှေဆပ်သွား ဘုရားကြီး “

ရှင်ပင်ရွှေဆပ်သွား စေတီဟာ မန္တလေး တိုင်းဒေသကြီး ၊ကျောက်ဆည်မြို့ ၏ အနောက်ဘက် ၅-မိုင်ခန့်အကွာ ညောင်ရွှေကွင်း အတွင်းမှာ တည်ရှိ နေပါ တယ်။ စေတီတော်ရဲ့ ဂန္ဓကုဋီတိုက် အတွင်းမှာ တော့ သမိုင်းဝင် ရှေးဟောင်း ငါးထပ်ဆင် းတုတော် ကိန်းဝပ် နေတယ်။

ဒီဆင်းတုတော် ကတော့ ပုဂံ၊ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်ငါးခေတ်လက်ရာ အဆင့်ဆင့် အထပ်ထပ် ပူဇော် ထားသည့် ရှေးမြန်မာ မင်းများ ကုသိုလ်တော် ရှင်ပင် ရွှေဆပ်သွား ဘုရားကြီး ဖြစ်ပါတယ်။

ရှင်ပင်ရွှေဆပ်သွားစေတီတော်ရဲ့ ဘုရားသမိုင်း ကတော့ အနော်ရထာမင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဆည်မြောင်းများ တည်ဆောက်ရန် လှည့်လည် သွားလာ နေစဉ် အတွင်းမှာ ကျောက်ဆည်နယ်

ညောင်ဝန်းရွာ အနီး ရောက်တဲ့ အခါမှာ ဆင်တော်ဟာ အကြောင်းမရှိပဲ ဝပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လည်ထစေပြီး ခရီးဆက်လာပြီးတဲ့နောက် အရှေ့မြောက်ဘက် ကိုက် ၅၀၀ အကွာခန့် ညောင်ရွှေရွာအနီးမှာ ထပ်ပြီးတော့ ဝပ်ပြန်ပါတယ်။

ဆင်တော် ၂ကြိမ်တိုင် ဝပ်တဲ့အခါ ဒါဟာအကြောင်းမဲ့ မဖြစ်နိုင်လို့ အနော်ရထာမင်းက တွေးမိတာကြောင့် သူ့ရဲ့ ပညာရှိ အမတ်တွေကို မေးမြန်း ခဲ့ပါတယ်။

ပညာရှိ ဟူးရား အမတ်များတွက် ကြည့်ကြည့်ပြီးတဲ့ အခါမှာတော့ အရှင် အရဟံ မထေရ်မြတ်ရဲ့ သြဝါဒနဲ့ အညီ နောင်လာနောက်သားတွေ ကိုးကွယ်ရန် ဘုရားစေတီတည်ပြီး သာသနာပြုစေဖို့ နိမိတ်ပြတာဖြစ်ကြောင်း ဆိုပါတယ်။

အနော်ရထာမင်းကလည်း စေတီတည်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး တည်ရန်နေရာကို တိတိကျကျသိလိုတာကြောင့် အဓိဌာန်ပြုခဲ့ပြီးနောက် အဲဒီရွာမှာပဲ အာသောကမင်းကြီး တည်ခဲ့တဲ့ မုဌောစေတီဟောင်း တစ်ဆူကို တွေ့ခဲ့ပါတယ်။

စေတီဟောင်းရဲ့ နေရာမှာပဲ မူလစေတီကို ငုံကာ ၉တောင်ပြည့် စေတီကို တည်ထားခဲ့ပါတယ်။

ဆပ်သွားစေတီ ဆိုတဲ့ ဘွဲ့အမည် ကိုတော့ စေတီတည်စဉ် အနော်ရထာမင်းဟာ အမည်မသိ အဖိုးအဖွား သူတော်စင်နှစ်ဦးတို့က ဆပ်သွားနှစ်ဖူး ဆပ်သလာခြင်း ကြောင့် လည်းကောင်း၊ စေတီတော်အတွင်း

ဌာပနာသွင်းနိုင်ရန် ဘုရားရှင်၏ ဓာတ်တော်များကို ပင့်ဆောင်ကြသည့်အခါ ဓာတ်တော်များသည် ဆပ်သွားဖူးသဏ္ဍာန်ပုံပေါ်လာပြီး ဖူးမြင်လာကြသူများကိုလည်း ဆပ်သွားဖူးရနံ့များသင်းပျံ့မွှေးကြိုင်စေခဲ့သဖြင့် ” ဆပ်သွားစေတီ ” ဟုဘွဲ့တော်အမည်တွင်ကြောင်း မှတ်သားရပါတယ်။

ဒီစေတီကိုပဲ အင်းဝကျော်စွာမင်းလက်ထက်မှာ ၁ကြိမ် ၊ ကုန်းဘောင်ခေတ် အမရပူရ ဆရာတော် ဥုးဇိနမထေရ်မြတ် က နောက်တစ်ကြိမ် ၊ ရသေ့ဦးခန္တီက တစ်ကြိမ် ထပ်မံငုံကာ ဘုရားတည်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် တည်ထားခဲ့သောသူများမှာ –

၁) အာသောက မင်းကြီး ၊ ၂) အနော်ရထာမင်း ၊ ၃) အင်းဝကျော်စွာမင်း ၊ ၄) ဆရာတော် ဥုးဇိန မထေရ်မြတ် ၊ ၅) ရသေ့ကြီး ဦးခန္တီ တို့ ဖြစ်ပါတယ်။ ဘုရားတည်နေစဉ် အနော်ရထာမင်းဟာ ငယ်သားနှစ်ယောက်ဖြစ်တဲ့ မောင်ပင်နှင့် မယ်ဖော့ တို့အား အမျက်ပြေခဲ့သောကြောင့် အမျက်ပြေဘုရားလို့လည်း ခေါ်ကြပါတယ်။

၂၀၀၉ ခုနှစ်တုန်းကတော့ ဘုရားရဲ့အောက်လိုဏ်ဂူကို တူးဖော်ခဲ့တဲ့အခါမှာ လိုဏ်ဂူထဲမှာ ဌာပနာပစ္စည်းတွေနဲ့ အတူ ဆင်းတုတော် တစ်ဆူကို သွားတွေ့ပါတယ်။ တူးဖော်ခဲ့စဉ်က ဒီဆင်းတုတော်နဲ့ ပတ်သက်လို့ ဆရာကြီး ဦးဝင်းမောင်က”

“တူးပြီးပြီးချင်း ပထမဆုံးဖူးရတာက အလောင်းမင်းတရားကြီး လက်ထက် ၁၈ ရာစုက ဆင်းတုတော်ပါ။ ဒါပေမယ့် လင်းနို့ တွေနားထားလို့ မျက်နှာတော်က ပျက်စီးနေပါတယ်။

အဲဒီ အောက်မှာတော့ သာလွန်မင်းတရားကြီး လက်ထက် ၁၆ ရာစုခေတ်ဆင်းတု၊ အဲဒီ အောက်မှာ ၁၃ ရာစု/၁၄ ရာစု ခေတ် ဆင်းတုနဲ့ ၁၁ ရာစု အနော်ရထာမင်း ကြီးတည်ထားခဲ့တဲ့ ဆင်းတုဆိုပြီး လေးဆင့်ရှိပါတယ်။

ဦးခန္တီကောင်းမှုနဲ့ဆို ငါးဆင့်ပေါ့။ ၁၈ ရာစုနဲ့ ၁၆ ရာစု ဆင်း တုတော်ကို အသေအချာဖူးတွေ့နိုင်မှာ ဖြစ်ပေမယ့် ကျန်ခေတ် နှစ်ခေတ်က ဆင်းတုတွေကိုတော့ အတွင်းမှာ ရှိမှန်း သိရုံ ဒူးတော်တွေ၊ လက်တော်တွေကိုပဲ ဖော်ထားပါ တယ်” လို့ပြောပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် မေလလောက်က စတင်ခဲ့ခြင်းဖြစ် ပြီး လက်ရှိ ဦးခန္တီဘုရား၏ ကျောဘက် ရှိ ငါးလက်မအပေါက်မှ လင်းနို့များ ဝင်ထွက်နေခြင်းနှင့် အဆိုပါအပေါက်မှ ပြဒါးရောင်များ ထွက်လာခြင်းတို့ကြောင့် အတွင်း၌ စေတီရှိမည်ဟု ယူဆကာ စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စပြီးတူးတုန်းက ပလ္လင်ရဲ့အောက်ခြေကို တူးတာမဟုတ်ဘဲ ဆင်းတုတော်ရဲ့ကျောဘက်ကအပေါက်ကိုပဲ ချဲ့သွား ရတာပါ။ အဲဒီအပေါက်ကို ပြန် ပိတ်လိုက်ပြီး ခေတ်အဆက်ဆက်ရဲ့ ဆင်းတုလက်ရာတွေကို လူအများကြည်ညို နိုင်ဖို့ ပလ္လင်အောက် ခြေမှာ ဂူပေါက် ဖောက်ထားလိုက်ခြင်း ဖြစ်ပါတယ်။

အနော်ရထာမင်းကြီးဟာ ကျောက်ဆည်လွင်ပြင်မြေတွင် ဆပ်သွားကိုးဆူ တည်ထားခဲ့ခြင်းဖြစ်ရာ ယခု ညောင်ရွေ ကျေးရွာမှတစ်ဆူမှာ အကြီးဆုံးဖြစ်ပြီး ယခင်က အုတ်စေတီဖြစ်ကာ ဦးခန္တီက ပတ္တာရွာမှ ကျောက် များဖြင့် အတွင်း စေတီကို ငုံပြီးတည်ထားခဲ့သည်ဟု သိရပါတယ်။

“သမိုင်းကြောင်းနဲ့ ပတ်သက်လို့ လူနှစ်မျိုးရှိတယ်။ မှန်နန်းရာဇဝင်တို့ ဦးကုလားရာဇဝင်တို့ကို ယုံတဲ့လူနဲ့ လက်တွေ့မှ ယုံတဲ့လူဆိုပြီး။ ရာဇဝင်ကို ယုံတဲ့လူက ဒီဘုရားက အနော်ရထာ တည်တယ်လို့ ရာဇဝင်မှာပါရင် ယုံတယ်။ လက်တွေ့သမားကတော့ အဲလိုမဟုတ်ဘူး။ လက်တွေ့ပြမှ ယုံတာ။

အခုလို ခေတ်အဆက်ဆက် ဘုရားတွေရှိကြောင်း သက်သေပြလိုက်နိုင်တာဟာ ဒီရှင်ပင်ရွှေဆပ်သွား စေတီကို အနော်ရထာမင်းကြီး တည်ထားခဲ့တာပါဆိုတဲ့ ပါးစပ်ရာဇဝင်၊ အရပ်စကားဟာ အတည်ဖြစ်ကြောင်း သက်သေပြလိုက်နိုင်တာပါပဲ”ဟု တမ္ပဝတီဦးဝင်းမောင် က ဆိုပါတယ်။

ရှင်ပင်ဆပ်သွားစေတီတော်မြတ် အား ကျောက်ဆည်မြို့မှ တံတားဦးလမ်းအတိုင်းလည်း ကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှ မိုင်တိုင် ၃၄၄ မိုင် ၂ ဖာ လုံမှ လည်းကောင်း ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ပါတယ်။

Credit – သုတဇုန်

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …