
သင္ဟာ စိတ္ပ်က္အားငယ္မႈႏြံထဲမွာ နစ္ေနၿပီဆိုတာကို ေျပာေနတဲ့အခ်က္မ်ား
လူေတြရဲ႕ စိတ္က တက္လြယ္၊ က်လြယ္တဲ့ အရာျဖစ္ ပါတယ္။ ဘာမဟုတ္တဲ့ ကိစၥနဲ႔လည္း စိတ္ဓာတ္က်ေနတတ္သလို၊ အေသးအမႊားေလးေတြ ကလည္း ေပ်ာ္႐ႊင္သြားေစႏိုင္ ပါတယ္။
စိတ္ဓာတ္က်ေနတဲ့အခ်ိန္တိုင္းမွာ သင့္ကိုသင္ ႐ုန္းထြက္ဖို႔ လိုအပ္ပါ လိမ့္မယ္။ ဒီအခ်က္ေတြက သင့္ကို စိတ္ဓာတ္က်မ ႈႏြံထဲမွာ နစ္ျမဳပ္ေစေနၿပီဆိုတာ ျပေနတာမို႔ အျမန္ဆုံး ႐ုန္းထြက္ဖို႔ ႀကိဳးစားပါ။
ဘာကိုမွ စိတ္မဝင္စားေတာ့ဘူး
လူေတြဟာ စိတ္ဓာတ္က်လာတဲ့အခါမွာ ဘာကိုမွ စိတ္ဝင္စားမႈ မရွိတတ္ၾက ေတာ့ပါဘူး။ ကိုယ့္ေဘးနားက ပတ္ဝန္းက်င္၊ ကိုယ့္အနားက လူေတြနဲ႔ ကိုယ္ျဖစ္တည္မႈ ေတြကို လ်စ္လ်ဴရႈတတ္လာၾက ၿပီးေတာ့ ထင္သလို ျဖစ္မလာတဲ့ ဘဝမွာ ျဖစ္သလို ေနထိုင္ဖို႔ ဆုံးျဖတ္လာၾက ပါတယ္။ ဒါဟာ တကယ့္ကို မွားယြင္းမႈႀကီးျဖစ္လို႔ အျမန္ဆုံး ျပဳျပင္ဖို႔ လိုအပ္ ပါတယ္။
သင့္ကိုယ္သင္ေရာ သင္ေနထိုင္တဲ့ အိမ္ကိုပါ စိတ္မဝင္စားေတာ့ဘူး
စိတ္ဓာတ္က်မႈကေန ျပန္႐ုန္း မထြက္ပဲ အဲဒီ့စိတ္ဓာတ္က်မႈကေန စိတ္ပ်က္မႈဘက္ကို တျဖည္းျဖည္း ေျပာင္းလဲသြားတတ္ၾကပါတယ္။
ကိုယ့္ကိုယ္ကို ဂ႐ုမစိုက္ ေတာ့သလို၊ ကိုယ္ေနထိုင္တဲ့ အိမ္ကိုပါ ရႈပ္ပြေပက်ံေနရင္ေတာင္ ဘာမွမလုပ္ပဲ ဒီအတိုင္း ပစ္ထားလာတတ္ ပါတယ္။ ဘာကိုမွလည္း စိတ္ပါလက္ပါ မရွိေတာ့သလို တက္တက္ႂကြႂကြလည္း ရွိမေနေတာ့ပါဘူး။
အလုပ္မွာ ေအာင္ျမင္ၿပီး လုပ္ေဖာ္ကိုင္ဖက္ေကာင္း စိတ္ဓာတ္ကို ပိုင္ဆိုင္ထားၾကတဲ့ ရာသီခြင္မ်ား
သင့္အလုပ္ ကိုသင္ မုန္းတီးလာမယ္
စိတ္ဓာတ္ေတြက်ေနတဲ့ လူတစ္ေယာက္ဟာ ဘာကိုမွ လုပ္ခ်င္ကိုင္ ခ်င္စိတ္ မရွိေတ ာ့ပါဘူး။ ေန႔စဥ္သြားေနရတဲ့ အလုပ္ကို လည္း ၿငီးေငြ႕စျပဳလာၿပီး တျဖည္းျဖည္း စိတ္ကုန္ လာတတ္ ပါတယ္။
သင့္ေန႔တိုင္း လုပ္ေနရတဲ့ ဒီအလုပ္ေတြကို မုန္းတီးလာၿပီး အလုပ္ထြက္ခ်င္ စိတ္ေတြ ျဖစ္ေပၚ လာတတ္ပါတယ္။ ဒီလို အေျခအေနေတြ ျဖစ္ေနရင္ေတာ့ သင့္ကိုသင္ စိတ္ဓာတ္ ျပန္ျမင့္တင္ဖို႔ လိုအပ္ေနပါၿပီ။
ဘယ္သူနဲ႔မွ အဆက္အသြယ္မလုပ္ခ်င္ေတာ့ဘူး
စိတ္ဓာတ္က်တာေတြ၊ စိတ္ပ်က္အားငယ္တာေတြရဲ႕ ေနာက္မွာ ကိုယ့္ကိုယ္ကို လူ႔အဖြဲ႕အစည္းနဲ႔ ေဝးရာဆီ တျဖည္းျဖည္း ေရာက္ေအာင္ လုပ္လာ မိတာပါ။
ဘယ္သူနဲ႔မွ မေတြ႕ခ်င္သလို၊ ဘယ္သူ႔ကိုမွလည္း စကားမေျပာခ်င္ ေတာ့ပါဘူး။ အခန္းတံခါးပိတ္ တစ္ေယာက္တည္း ေနထိုင္ရတာက ကိုယ့္အတြက္ ပိုအဆင္ေျပ တယ္လို႔ ထင္လာတတ္ ပါတယ္။
ေနရာတကာ ေဒါသေရွ႕ထားလာတတ္တယ္
ဘာကို အလိုမက်ျဖစ္ေနလဲဆိုတာ ကိုယ့္ကိုယ္ကိုလဲ မသိပဲ ေတြ႕ရာလူတိုင္းကို ပတ္ရမ္းခ်င္စိတ္ေတြပဲ မ်ားေနပါတယ္။
သည္းခံႏိုင္စိတ္ေတြ မရွိေတာ့ပဲ တစ္ေယာက္ေယာက္ကို ေအာ္ေငါက္လိုက္ရမွ စိတ္ထဲမွာ သက္သာရာရသလို ခံစားရတတ္ပါတယ္။
ဒါဟာ ကိုယ္ခံစားေနရတဲ့ စိတ္ပ်က္အားငယ္ျခင္းေတြကို ေဒါသအျဖစ္ ေျပာင္းလဲပစ္ၿပီး ေဒါသေတြပဲ မ်ားေနတာျဖစ္ပါတယ္။
ခရက္ဒစ္
ယူနီကုတ္
သင်ဟာ စိတ်ပျက်အားငယ်မှုနွံထဲမှာ နစ်နေပြီဆိုတာကို ပြောနေတဲ့အချက်များ
လူတွေရဲ့ စိတ်က တက်လွယ်၊ ကျလွယ်တဲ့ အရာဖြစ် ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စနဲ့လည်း စိတ်ဓာတ်ကျနေတတ်သလို၊ အသေးအမွှားလေးတွေ ကလည်း ပျော်ရွှင်သွားစေနိုင် ပါတယ်။
စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ သင့်ကိုသင် ရုန်းထွက်ဖို့ လိုအပ်ပါ လိမ့်မယ်။ ဒီအချက်တွေက သင့်ကို စိတ်ဓာတ်ကျမ ှုနွံထဲမှာ နစ်မြုပ်စေနေပြီဆိုတာ ပြနေတာမို့ အမြန်ဆုံး ရုန်းထွက်ဖို့ ကြိုးစားပါ။
ဘာကိုမှ စိတ်မဝင်စားတော့ဘူး
လူတွေဟာ စိတ်ဓာတ်ကျလာတဲ့အခါမှာ ဘာကိုမှ စိတ်ဝင်စားမှု မရှိတတ်ကြ တော့ပါဘူး။ ကိုယ့်ဘေးနားက ပတ်ဝန်းကျင်၊ ကိုယ့်အနားက လူတွေနဲ့ ကိုယ်ဖြစ်တည်မှု တွေကို လျစ်လျူရှုတတ်လာကြ ပြီးတော့ ထင်သလို ဖြစ်မလာတဲ့ ဘဝမှာ ဖြစ်သလို နေထိုင်ဖို့ ဆုံးဖြတ်လာကြ ပါတယ်။ ဒါဟာ တကယ့်ကို မှားယွင်းမှုကြီးဖြစ်လို့ အမြန်ဆုံး ပြုပြင်ဖို့ လိုအပ် ပါတယ်။
သင့်ကိုယ်သင်ရော သင်နေထိုင်တဲ့ အိမ်ကိုပါ စိတ်မဝင်စားတော့ဘူး
စိတ်ဓာတ်ကျမှုကနေ ပြန်ရုန်း မထွက်ပဲ အဲဒီ့စိတ်ဓာတ်ကျမှုကနေ စိတ်ပျက်မှုဘက်ကို တဖြည်းဖြည်း ပြောင်းလဲသွားတတ်ကြပါတယ်။
ကိုယ့်ကိုယ်ကို ဂရုမစိုက် တော့သလို၊ ကိုယ်နေထိုင်တဲ့ အိမ်ကိုပါ ရှုပ်ပွပေကျံနေရင်တောင် ဘာမှမလုပ်ပဲ ဒီအတိုင်း ပစ်ထားလာတတ် ပါတယ်။ ဘာကိုမှလည်း စိတ်ပါလက်ပါ မရှိတော့သလို တက်တက်ကြွကြွလည်း ရှိမနေတော့ပါဘူး။
အလုပ်မှာ အောင်မြင်ပြီး လုပ်ဖော်ကိုင်ဖက်ကောင်း စိတ်ဓာတ်ကို ပိုင်ဆိုင်ထားကြတဲ့ ရာသီခွင်များ
သင့်အလုပ် ကိုသင် မုန်းတီးလာမယ်
စိတ်ဓာတ်တွေကျနေတဲ့ လူတစ်ယောက်ဟာ ဘာကိုမှ လုပ်ချင်ကိုင် ချင်စိတ် မရှိတေ ာ့ပါဘူး။ နေ့စဉ်သွားနေရတဲ့ အလုပ်ကို လည်း ငြီးငွေ့စပြုလာပြီး တဖြည်းဖြည်း စိတ်ကုန် လာတတ် ပါတယ်။
သင့်နေ့တိုင်း လုပ်နေရတဲ့ ဒီအလုပ်တွေကို မုန်းတီးလာပြီး အလုပ်ထွက်ချင် စိတ်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်နေရင်တော့ သင့်ကိုသင် စိတ်ဓာတ် ပြန်မြင့်တင်ဖို့ လိုအပ်နေပါပြီ။
ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ချင်တော့ဘူး
စိတ်ဓာတ်ကျတာတွေ၊ စိတ်ပျက်အားငယ်တာတွေရဲ့ နောက်မှာ ကိုယ့်ကိုယ်ကို လူ့အဖွဲ့အစည်းနဲ့ ဝေးရာဆီ တဖြည်းဖြည်း ရောက်အောင် လုပ်လာ မိတာပါ။
ဘယ်သူနဲ့မှ မတွေ့ချင်သလို၊ ဘယ်သူ့ကိုမှလည်း စကားမပြောချင် တော့ပါဘူး။ အခန်းတံခါးပိတ် တစ်ယောက်တည်း နေထိုင်ရတာက ကိုယ့်အတွက် ပိုအဆင်ပြေ တယ်လို့ ထင်လာတတ် ပါတယ်။
နေရာတကာ ဒေါသရှေ့ထားလာတတ်တယ်
ဘာကို အလိုမကျဖြစ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုလဲ မသိပဲ တွေ့ရာလူတိုင်းကို ပတ်ရမ်းချင်စိတ်တွေပဲ များနေပါတယ်။
သည်းခံနိုင်စိတ်တွေ မရှိတော့ပဲ တစ်ယောက်ယောက်ကို အော်ငေါက်လိုက်ရမှ စိတ်ထဲမှာ သက်သာရာရသလို ခံစားရတတ်ပါတယ်။
ဒါဟာ ကိုယ်ခံစားနေရတဲ့ စိတ်ပျက်အားငယ်ခြင်းတွေကို ဒေါသအဖြစ် ပြောင်းလဲပစ်ပြီး ဒေါသတွေပဲ များနေတာဖြစ်ပါတယ်။
No Comments