
မိုးခ်ဳပ္ (သို႔မဟုတ္) မိုးကုတ္ ၊ပတၱျမားငေမာက္ ႏွင့္ သနားစရာ ေဒၚနန္းရဲ႕ သမိုင္းေၾကာင္း
ဝမ္းနည္းေၾကကြဲဖြယ္ရာ ေဒၚနန္းရဲ႕ သမိုင္း
မိုးကုတ္ အေနာက္ပိုင္း ၾကပ္ျပင္ၿမိဳ႕ကို စဝင္လိုက္ၿပီ ဆိုတာနဲ႔ ၿမိဳ႕ရဲ႕ အေရွ႕ဘက္ ျခမ္းမွာ ဘုရားေတြ ေစတီေတြနဲ႔ သာယာလွပတဲ့ ေဒၚနန္းၾကည့္္ေတာင္တန္းႀကီးကို ေတြ႕ရ ပါလိမ့္မယ္ ႏွစ္စဥ္ တပိုတြဲ လျပည့္ေန႔မွာ ဘုရားပြဲ က်င္းပျပဳလုပ္ ေလ့ရွိၿပီး
ေတာင္ထိပ္ အထိ ကားလမ္းလည္း ရွိၿပီး သာယာလွပေသာေၾကာင့္္ ဘုရားဖူး ဧည့္သည္မ်ား ေဒသခံလူမ်ားႏွင့္ အင္မတန္မွ စည္ကား သိုက္ၿမိဳက္ ေနပါသည္
ထူးျခားတဲ့ သမိုင္းကေတာ့
တစ္ခ်ိန္က ခ်င္းတြင္းေဒသ ခ်င္းလူမ်ိဳး င ေမာက္ဆို တဲ့ လူငယ္ တစ္ဦးဟာ ျမန္မာျပည္က ကုန္ေတြ လိုက္ေရာင္းရင္း မိုးကုတ္ေဒသ ၾကပ္ျပင္ၿမိဳ႕ကို ေရာက္လာတယ္
အဲ့ဒီတစ္ခ်ိန္က ၾကပ္ျပင္ၿမိဳ႕ရယ္ ကသဲၿမိဳ႕ရယ္ မိုးကုတ္ အေရွ႕ပိုင္းရယ္လို႔ သုံးၿမိဳ႕ ေပါင္းၿပီး မိုးကုတ္ ေဒသ ပတၱျမားေက်ာက္တြင္း နယ္လို႔ ေခၚၾကပါတယ္
ဒီၿမိဳ႕ေလး နာမည္တြင္ လာပုံေလးက ဘုရင့္ေနာင္ မင္းတရာႀကီး လက္ထက္ ျမန္မာသကၠရာဇ္ (၉၂၁) ႏွစ္ အဲ့ဒီအခ်ိန္ မင္းတရားႀကီးသည္ ကသဲေစာ္ ဘြားကို ႏွိမ္နင္း ေအာင္ျမင္ၿပီး ဖမ္းစီးရမိတဲ့ ကသဲသုံ႔ပန္းေတြကို မိုးကုတ္ ေဒသကို ပို႔လိုက္တယ္
အဲ့ဒီက သဲလူမ်ိဳးေတြ စတင္ ေနထိုင္ခဲ့တဲ့ ေနရာကို ကသဲရပ္လို႔ ေခၚၾကတယ္ ကသဲလူူမ်ိဳးေတြဟာ လူဦးေရတိုးလာေတာ့ တျဖည္းျဖည္းနဲ႔ ရပ္ကြက္ေတြ တိုးခ်ဲ႕လာ ၾကတယ္
အဲ့ဒီတိုး ခ်ဲ႕ေနရာေတြမွာ ေနထိုင္ၾကတဲ့ ကသဲလူမ်ိဳးေတြဟာ သူတို႔ရဲ႕ ဓေလ့ထုံးစံအရ ထမင္းဟင္း ခ်က္ျပဳတ္ မစားခင္မွာ သန႔္ရွင္းေအာင္ဆိုၿပီး ေရအရင္ခ်ိဳးရတယ္ မိုးကုတ္ေဒသက
ေရခဲတဲ့ အဆင့္ထိ ေအးတဲ့ေဒသဆိုေတာ့ ကသဲလူမ်ိဳးေတြဟာ ေရခ်ိဳးၿပီးတဲ့ အခါ ေႏြးေအာင္ဆိုၿပီး ေဒသအေခၚ က်ပ္တင္သလို မီးဖိုနားမွာ ကပ္ေနၾကရတယ္ ဒါေၾကာင့္ အဲ့ဒီေဒသကို က်ပ္တင္ေဒသလို႔ေခၚရာကေန ေနာက္ေတာ့ (က်ပ္ျပင္)ရယ္လို႔ ျဖစ္လာပါတယ္ ။
အဲ့ဒီလို မိုးကုတ္ၿမိဳ႕ရယ္လို႔ ျဖစ္လာမယ့္ ေနရာမွာလည္း မိုးခ်ဳပ္တာေစာၿပီး ေမွာင္လြယ္တာမို႔ိ မိုးခ်ဳပ္ေဒသလို႔ေခၚရာကေန ေနာင္မွာ မိုးကုတ္ေဒသ ဆိုၿပီး ျဖစ္လာ ပါတယ္
ကဲ သမိုင္းေလးဆက္မယ္ ခ်င္းတြင္း ေဒသကေန ကုန္ေရာင္းလာတဲ့ ငေမာက္ဆိုတဲ့ လူငယ္ေလးဟာ အဲ့ဒီမွာပဲ လွပ်ိဳျဖဴတစ္ေယာက္နဲ႔ အိမ္ေထာင္ က်ၿပီး ငေမာက္ဟာ ေနရာ အႏွံ႔လွည့္ၿပီး ကုန္ေရာင္းတဲ့ အလုပ္ကို မလုပ္ေတာ့ပဲ အင္းေဂါင္ းအရပ္မွာ ၿခံအက်ယ္ႀကီးနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းကို အေျခခ်လုပ္ကိုင္ ေနခဲ့တယ္
ဒီလိုနဲ႔ တစ္ညမွာ ငေမာက္ဟာ အေပါ့အပါး ထစြန႔္ရင္ ေန႔ခင္းက အပင္စိုက္ရန္တူး စြထားသည့္ ေျမေနရာမွ လေရာင္ေၾကာင့္ အေရာင္ေတြျဖာ ထြက္ေနတဲ့ နီနီရဲရဲေက်ာက္တုံးႀကီးကို ေတြ႕သြားပါေလေရာ
ဒါနဲ႔ ငေမာက္လည္း ဒီအေရာင္ေတြ ျဖာထြက္ေနတဲ့ ေက်ာက္နီတုံးႀကီးဟာ တန္ဖိုးႀကီး မွန္း ရိပ္မိၿပီး ေနာက္တေန႔မွာ သူ႔ ေယာက္ဖျဖစ္သူ ေမာင္ေ႐ႊ ဆိုသူနဲ႔ တိုင္ပင္ၾကတယ္ အကိုႀကီး ဒီေက်ာက္ဟာ အင္မတန္မွ တန္ဖိုးႀကီးေတာ့ ဒီအတိုင္းေရာင္းရင္ အႏၲရာယ္မ်ားတယ္
ဒါေၾကာင့္ ကြၽန္ေတာ္ကုန္သည္ ဘဝက ခင္မင္ရင္းနီးခဲ့တဲ့ တ႐ုတ္ျပည္က ကုန္သည္ တစ္ဦးရွိတယ္ သူ႔ကိုေရာင္းခိုင္းရင္ ေဈးေကာင္းလည္း ရမယ္ ဘယ္သူမွလည္း သိေတာ့မွာ မဟုတ္ဖူး ဆိုၿပီး
ေက်ာက္ႀကီးကို ႏွစ္ျခမ္းခြဲကာ တစ္ျခမ္းကို တ႐ုတ္ ျပည္ဘက္ ေရာင္းၿပီး တစ္ျခမ္းကို ျမန္မာ ဘုရင္မင္းျမတ္ထံ တစ္ျခမ္း ဆက္သ လိုက္တယ္ ဘုရင္မင္းျမတ္လည္း ေက်ာက္ႀကီး ကိုၾကည့္ၿပီး
အင္မတန္သေဘာက်ကာ ငေမာက္ လာဆက္သေသာေၾကာင့္ ပတၱျမားငေမာက္လို႔ အမည္ေပးၿပီး ငေမာက္ကိုလည္း ဆုေတာ္လာဘ္ ေတာ္မ်ား ခ်ီးျမင့္ ေပးသနား ေတာ္မူလိုက္တယ္
ဒီလိုနဲ႔ ငေမာက္တို႔မိသားစုဟာ သားသၼီးေတြကို ရွင္ျပဳ အလႉေပးၿပီး မိုးကုတ္ေဒသထုံးစံအရ ေက်ာက္ေအာင္ရင္ ဘုရားတည္ၾကေလ့ရွိသလို ငေမာက္လည္း ဘုရားတည္ အလႉေပးပါေတာ့တယ္
မၾကာပါဘူး တ႐ုတ္ျပည္မွာ နန္းတြင္း အရႈပ္အရွင္း ျဖစ္ၿပီး မင္မင္းဆက္ ပ်က္ေတာ့ စစ္ရႈံးတဲ့ တ႐ုတ္မ်ိဳးႏြယ္စုတစ္စုဟာ ျမန္မာျပည္ဘက္ကို ကူးၿပီး ျမန္မာဘုရင္မင္ းထံမွာ ခိုလႈံခြင့္ေတာင္းၿပီး ေနၾကတယ္
အဲ့ဲဒီအထဲမွာမွ ငေမာက္ေရာင္း လိုက္တဲ့ ေက်ာက္ကုန္သည္ ကလည္း ပါလာေလေရာ ဒါနဲ႔ သူစီမွာရွိတဲ့ ေက်ာက္တစ္ျခမ္း ကိုလည္း ျမန္မာဘုရင္မင္းထံ ဆက္သတဲ့ အခါမွာေတာ့ ျမန္မာ ဘုရင္မင္းလည္း ငေမာက္ဆက္ထားတဲ့ ပတၱျမားနဲ႔ ယၡဳပတၱျမားကို ယွဥ္ၾကည့္တဲ့ အခါ တစ္လုံးထဲကေနခြဲထားမွန္းသိၿပီး
ပေဒသရာဇ္ေခတ္ရဲ႕ အာဏာရွင္ စနစ္ဆိုးႀကီ းအတိုင္းပဲ သူ႔ကို အလုံးလိုက္ မဆက္သရ ေကာင္းလားဆိုၿပီး ေဒါသအႀကီ းအက်ယ္ထြက္ကာ ငေမာက္နဲ႔ သူ႔အမ်ိဳးအႏြယ္ အားလုံးကို မီးေလာင္တိုက္သြင္းကာကြပ္မ်က္ေစ အမိန္ခ်လိုက္သတဲ့ဗ်ာ
ငေမာက္နဲ႔ေဆြမ်ိဳးေတြကို ကြပ္မ်က္ဖို႔ ေခၚသြားခဲ့တဲ့ ေနရာဟာ ေရနဲ႔ေဝးရာ အရပ္မို႔ ေရေဝးရပ္ဆိုၿပီး ယေန႔အခ်ိန္ထိ မိုးကုတ္မွာ အဲ့ဒီ ႐ြာနာမည္ ေခၚ ေနတုံးပါ ပဲ
အဲ့ဒီ႐ြာနဲ႔ မနီးမေဝးမွာလည္း ငေမာက္တို႔ေဆြမ်ိဳးေတြကို သတ္ဖို႔ိ အေလာင္းစင္ေဆာက္ခဲ့တဲ့ေနရာကို အေလာင္းစင္ေနရာလို႔ေခၚဆိုရာကေန ေနာင္မွာ ေလာင္းစင္႐ြာဆိုၿပီ ျဖစ္လာခဲ့ပါေတာ့တယ္
ငေမာက္နဲ႔ေဆြမ်ိဳးအားလုံးကို သတ္ခဲ့ေပမဲ့ ထြက္ေျပး လြတ္ေျမာက္ ခဲ့တဲ့ သူတစ္ဦးေတာ့ရွိခဲ့ပါတယ္ သူကေတာ့ ငေမာက္ရဲ႕ အမေတာ္သူ ေဒၚနန္း ဆိုတဲ့ အမ်ိဳးသၼီး တစ္ဦး ျဖစ္ပါတယ္ သူထြက္ေျပးရင္းနဲ႔ ၾကပ္ျပင္ၿမိဳ႕နားမွာရွိတဲ့ ေတာင္တန္းႀကီး တစ္ခုေပၚ ေရာက္သြားရွာတယ္
အဲ့ဒီေတာင္ေပၚကေန လွန္းၾကည့္လိုက္ရင္ သူ႔ရဲ႕ ေမာင္ေလး ငေမာက္နဲ႔ ေဆြမ်ိဳးေတြကို မီးရႈိ႕သတ္ခဲ့တဲ့ ေနရာကိုျမင္ေနရတယ္
ေဒၚနန္းဟာ အဲ့ဒီေနရာကေန ထြက္ေနတဲ့ မီးခိုးေတြကို ၾကည့္ၿပီး ရင္ထဲမွာ စို႔တက္ လာကာ ရင္ကြဲနာက်ၿပီး ေသသြားခဲ့ ရွာပါေလေရာ ေသခါနီးအစြဲေၾကာင့္ ေဒၚနန္းဟာ အဲ့ဒီ ေတာင္ေပၚမွာပဲ အေစာင့္ျဖစ္ သြားတယ္လို႔ ဆိုၾကတယ္
ေတာင္ေပၚမွာလည္း ယၡဳခ်ိန္ထိ မယ္နန္းၾကည္ နတ္နန္းရယ္လို႔ သီးျခားေနရာနဲ႔ ေဆာက္ေပးထား တာေတြ႕ရပါတယ္
အဲ့ဒီ ေတာင္ကိုလည္း ေဒၚနန္းၾကည့္ ေတာင္လို႔ ေခၚရာကေန ေနာက္ေတာ့ ေဒၚနန္းၾကည္ေတာင္ ရယ္လို႔ ျဖစ္လာခဲ့ ပါေတာ့ တယ္
ေဒၚနန္းဟာ တန္ဖိုးႀကီးတဲ့ ေက်ာက္တစ္ပြင့္ ေၾကာင့္ သူ႔ေမာင္ငေမာက္နဲ႔ ေဆြမ်ိဳးေတြေသၾက ရရွာတာကို စိတ္နာၿပီး သူ႔နတ္နန္းရွိတဲ့ ေတာင္ေၾကာမွာ ေက်ာက္လုံးဝ မထြက္ပါေစနဲ႔လို႔ က်ိန္စာ တိုက္ခဲ့ ပါသတဲ့
ထူးျခားတိုက္ဆိုင္စြာပဲ မိုးကုတ္ၿမိဳ႕နဲ႔ ေတာင္တန္းေတြ ေနရာတိုင္းမွာ ေက်ာက္ထြက္ေပမဲ့ ေဒၚနန္းၾကည္ ေတာင္ေပၚမွာေတာ့ ေက်ာက္လုံးဝလုံးဝ မထြက္ေတာ့ ပါဘူးတဲ့ 😔😔😔
ဒီသမိုင္းေလးဟာ ေဒၚနန္းၾကည္ သမိုင္းသာမကပဲ ျမန္မာ့သမိုင္းရာဇဝင္ထဲက ပတၱျမားငေမာက္ေက်ာက္ရဲ႕ သမိုင္းရာဇဝင္လည္း ဆက္စပ္ ေနေသာ ပတၱျမားေျမက သမိုင္းရ ာဇဝင္ေလးပဲ ျဖစ္ပါတယ္
ကိုးကား-ေမာင္ထြန္းဦး (မိုးကုတ္)စာအုပ္ထဲမွ ကူးေရးသည္ D.M.P.Y.
ရင္နင့္ေၾကကြဲဖြယ္ရာ ဇာတ္လမ္းေလး အတိုင္းပါပဲလား နန္းေရ
ခ်ယ္ရီေတြငိုေနၿပီ နန္းရယ္ ဆိုတာ ဒါေျပာတာေနမွာ
မိုးကုတ္ေရာက္ရင္ ေဒၚနန္းကို သြားႏႈတ္ဆက္ပါ
U Dhammapiya
Unicode
မိုးချုပ် (သို့မဟုတ်) မိုးကုတ် ၊ပတ္တမြားငမောက် နှင့် သနားစရာ ဒေါ်နန်းရဲ့ သမိုင်းကြောင်း
ဝမ်းနည်းကြေကွဲဖွယ်ရာ ဒေါ်နန်းရဲ့ သမိုင်း
မိုးကုတ် အနောက်ပိုင်း ကြပ်ပြင်မြို့ကို စဝင်လိုက်ပြီ ဆိုတာနဲ့ မြို့ရဲ့ အရှေ့ဘက် ခြမ်းမှာ ဘုရားတွေ စေတီတွေနဲ့ သာယာလှပတဲ့ ဒေါ်နန်းကြည့််တောင်တန်းကြီးကို တွေ့ရ ပါလိမ့်မယ် နှစ်စဉ် တပိုတွဲ လပြည့်နေ့မှာ ဘုရားပွဲ ကျင်းပပြုလုပ် လေ့ရှိပြီး
တောင်ထိပ် အထိ ကားလမ်းလည်း ရှိပြီး သာယာလှပသောကြောင့်် ဘုရားဖူး ဧည့်သည်များ ဒေသခံလူများနှင့် အင်မတန်မှ စည်ကား သိုက်မြိုက် နေပါသည်
ထူးခြားတဲ့ သမိုင်းကတော့
တစ်ချိန်က ချင်းတွင်းဒေသ ချင်းလူမျိုး င မောက်ဆို တဲ့ လူငယ် တစ်ဦးဟာ မြန်မာပြည်က ကုန်တွေ လိုက်ရောင်းရင်း မိုးကုတ်ဒေသ ကြပ်ပြင်မြို့ကို ရောက်လာတယ်
အဲ့ဒီတစ်ချိန်က ကြပ်ပြင်မြို့ရယ် ကသဲမြို့ရယ် မိုးကုတ် အရှေ့ပိုင်းရယ်လို့ သုံးမြို့ ပေါင်းပြီး မိုးကုတ် ဒေသ ပတ္တမြားကျောက်တွင်း နယ်လို့ ခေါ်ကြပါတယ်
ဒီမြို့လေး နာမည်တွင် လာပုံလေးက ဘုရင့်နောင် မင်းတရာကြီး လက်ထက် မြန်မာသက္ကရာဇ် (၉၂၁) နှစ် အဲ့ဒီအချိန် မင်းတရားကြီးသည် ကသဲစော် ဘွားကို နှိမ်နင်း အောင်မြင်ပြီး ဖမ်းစီးရမိတဲ့ ကသဲသုံ့ပန်းတွေကို မိုးကုတ် ဒေသကို ပို့လိုက်တယ်
အဲ့ဒီက သဲလူမျိုးတွေ စတင် နေထိုင်ခဲ့တဲ့ နေရာကို ကသဲရပ်လို့ ခေါ်ကြတယ် ကသဲလူူမျိုးတွေဟာ လူဦးရေတိုးလာတော့ တဖြည်းဖြည်းနဲ့ ရပ်ကွက်တွေ တိုးချဲ့လာ ကြတယ်
အဲ့ဒီတိုး ချဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ကသဲလူမျိုးတွေဟာ သူတို့ရဲ့ ဓလေ့ထုံးစံအရ ထမင်းဟင်း ချက်ပြုတ် မစားခင်မှာ သန့်ရှင်းအောင်ဆိုပြီး ရေအရင်ချိုးရတယ် မိုးကုတ်ဒေသက
ရေခဲတဲ့ အဆင့်ထိ အေးတဲ့ဒေသဆိုတော့ ကသဲလူမျိုးတွေဟာ ရေချိုးပြီးတဲ့ အခါ နွေးအောင်ဆိုပြီး ဒေသအခေါ် ကျပ်တင်သလို မီးဖိုနားမှာ ကပ်နေကြရတယ် ဒါကြောင့် အဲ့ဒီဒေသကို ကျပ်တင်ဒေသလို့ခေါ်ရာကနေ နောက်တော့ (ကျပ်ပြင်)ရယ်လို့ ဖြစ်လာပါတယ် ။
အဲ့ဒီလို မိုးကုတ်မြို့ရယ်လို့ ဖြစ်လာမယ့် နေရာမှာလည်း မိုးချုပ်တာစောပြီး မှောင်လွယ်တာမို့ိ မိုးချုပ်ဒေသလို့ခေါ်ရာကနေ နောင်မှာ မိုးကုတ်ဒေသ ဆိုပြီး ဖြစ်လာ ပါတယ်
ကဲ သမိုင်းလေးဆက်မယ် ချင်းတွင်း ဒေသကနေ ကုန်ရောင်းလာတဲ့ ငမောက်ဆိုတဲ့ လူငယ်လေးဟာ အဲ့ဒီမှာပဲ လှပျိုဖြူတစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ငမောက်ဟာ နေရာ အနှံ့လှည့်ပြီး ကုန်ရောင်းတဲ့ အလုပ်ကို မလုပ်တော့ပဲ အင်းဂေါင် းအရပ်မှာ ခြံအကျယ်ကြီးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကို အခြေချလုပ်ကိုင် နေခဲ့တယ်
ဒီလိုနဲ့ တစ်ညမှာ ငမောက်ဟာ အပေါ့အပါး ထစွန့်ရင် နေ့ခင်းက အပင်စိုက်ရန်တူး စွထားသည့် မြေနေရာမှ လရောင်ကြောင့် အရောင်တွေဖြာ ထွက်နေတဲ့ နီနီရဲရဲကျောက်တုံးကြီးကို တွေ့သွားပါလေရော
ဒါနဲ့ ငမောက်လည်း ဒီအရောင်တွေ ဖြာထွက်နေတဲ့ ကျောက်နီတုံးကြီးဟာ တန်ဖိုးကြီး မှန်း ရိပ်မိပြီး နောက်တနေ့မှာ သူ့ ယောက်ဖဖြစ်သူ မောင်ရွှေ ဆိုသူနဲ့ တိုင်ပင်ကြတယ် အကိုကြီး ဒီကျောက်ဟာ အင်မတန်မှ တန်ဖိုးကြီးတော့ ဒီအတိုင်းရောင်းရင် အန္တရာယ်များတယ်
ဒါကြောင့် ကျွန်တော်ကုန်သည် ဘဝက ခင်မင်ရင်းနီးခဲ့တဲ့ တရုတ်ပြည်က ကုန်သည် တစ်ဦးရှိတယ် သူ့ကိုရောင်းခိုင်းရင် ဈေးကောင်းလည်း ရမယ် ဘယ်သူမှလည်း သိတော့မှာ မဟုတ်ဖူး ဆိုပြီး
ကျောက်ကြီးကို နှစ်ခြမ်းခွဲကာ တစ်ခြမ်းကို တရုတ် ပြည်ဘက် ရောင်းပြီး တစ်ခြမ်းကို မြန်မာ ဘုရင်မင်းမြတ်ထံ တစ်ခြမ်း ဆက်သ လိုက်တယ် ဘုရင်မင်းမြတ်လည်း ကျောက်ကြီး ကိုကြည့်ပြီး
အင်မတန်သဘောကျကာ ငမောက် လာဆက်သသောကြောင့် ပတ္တမြားငမောက်လို့ အမည်ပေးပြီး ငမောက်ကိုလည်း ဆုတော်လာဘ် တော်များ ချီးမြင့် ပေးသနား တော်မူလိုက်တယ်
ဒီလိုနဲ့ ငမောက်တို့မိသားစုဟာ သားသ္မီးတွေကို ရှင်ပြု အလှူပေးပြီး မိုးကုတ်ဒေသထုံးစံအရ ကျောက်အောင်ရင် ဘုရားတည်ကြလေ့ရှိသလို ငမောက်လည်း ဘုရားတည် အလှူပေးပါတော့တယ်
မကြာပါဘူး တရုတ်ပြည်မှာ နန်းတွင်း အရှုပ်အရှင်း ဖြစ်ပြီး မင်မင်းဆက် ပျက်တော့ စစ်ရှုံးတဲ့ တရုတ်မျိုးနွယ်စုတစ်စုဟာ မြန်မာပြည်ဘက်ကို ကူးပြီး မြန်မာဘုရင်မင် းထံမှာ ခိုလှုံခွင့်တောင်းပြီး နေကြတယ်
အဲ့ဲဒီအထဲမှာမှ ငမောက်ရောင်း လိုက်တဲ့ ကျောက်ကုန်သည် ကလည်း ပါလာလေရော ဒါနဲ့ သူစီမှာရှိတဲ့ ကျောက်တစ်ခြမ်း ကိုလည်း မြန်မာဘုရင်မင်းထံ ဆက်သတဲ့ အခါမှာတော့ မြန်မာ ဘုရင်မင်းလည်း ငမောက်ဆက်ထားတဲ့ ပတ္တမြားနဲ့ ယ္ခုပတ္တမြားကို ယှဉ်ကြည့်တဲ့ အခါ တစ်လုံးထဲကနေခွဲထားမှန်းသိပြီး
ပဒေသရာဇ်ခေတ်ရဲ့ အာဏာရှင် စနစ်ဆိုးကြီ းအတိုင်းပဲ သူ့ကို အလုံးလိုက် မဆက်သရ ကောင်းလားဆိုပြီး ဒေါသအကြီ းအကျယ်ထွက်ကာ ငမောက်နဲ့ သူ့အမျိုးအနွယ် အားလုံးကို မီးလောင်တိုက်သွင်းကာကွပ်မျက်စေ အမိန်ချလိုက်သတဲ့ဗျာ
ငမောက်နဲ့ဆွေမျိုးတွေကို ကွပ်မျက်ဖို့ ခေါ်သွားခဲ့တဲ့ နေရာဟာ ရေနဲ့ဝေးရာ အရပ်မို့ ရေဝေးရပ်ဆိုပြီး ယနေ့အချိန်ထိ မိုးကုတ်မှာ အဲ့ဒီ ရွာနာမည် ခေါ် နေတုံးပါ ပဲ
အဲ့ဒီရွာနဲ့ မနီးမဝေးမှာလည်း ငမောက်တို့ဆွေမျိုးတွေကို သတ်ဖို့ိ အလောင်းစင်ဆောက်ခဲ့တဲ့နေရာကို အလောင်းစင်နေရာလို့ခေါ်ဆိုရာကနေ နောင်မှာ လောင်းစင်ရွာဆိုပြီ ဖြစ်လာခဲ့ပါတော့တယ်
ငမောက်နဲ့ဆွေမျိုးအားလုံးကို သတ်ခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက် ခဲ့တဲ့ သူတစ်ဦးတော့ရှိခဲ့ပါတယ် သူကတော့ ငမောက်ရဲ့ အမတော်သူ ဒေါ်နန်း ဆိုတဲ့ အမျိုးသ္မီး တစ်ဦး ဖြစ်ပါတယ် သူထွက်ပြေးရင်းနဲ့ ကြပ်ပြင်မြို့နားမှာရှိတဲ့ တောင်တန်းကြီး တစ်ခုပေါ် ရောက်သွားရှာတယ်
အဲ့ဒီတောင်ပေါ်ကနေ လှန်းကြည့်လိုက်ရင် သူ့ရဲ့ မောင်လေး ငမောက်နဲ့ ဆွေမျိုးတွေကို မီးရှို့သတ်ခဲ့တဲ့ နေရာကိုမြင်နေရတယ်
ဒေါ်နန်းဟာ အဲ့ဒီနေရာကနေ ထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး ရင်ထဲမှာ စို့တက် လာကာ ရင်ကွဲနာကျပြီး သေသွားခဲ့ ရှာပါလေရော သေခါနီးအစွဲကြောင့် ဒေါ်နန်းဟာ အဲ့ဒီ တောင်ပေါ်မှာပဲ အစောင့်ဖြစ် သွားတယ်လို့ ဆိုကြတယ်
တောင်ပေါ်မှာလည်း ယ္ခုချိန်ထိ မယ်နန်းကြည် နတ်နန်းရယ်လို့ သီးခြားနေရာနဲ့ ဆောက်ပေးထား တာတွေ့ရပါတယ်
အဲ့ဒီ တောင်ကိုလည်း ဒေါ်နန်းကြည့် တောင်လို့ ခေါ်ရာကနေ နောက်တော့ ဒေါ်နန်းကြည်တောင် ရယ်လို့ ဖြစ်လာခဲ့ ပါတော့ တယ်
ဒေါ်နန်းဟာ တန်ဖိုးကြီးတဲ့ ကျောက်တစ်ပွင့် ကြောင့် သူ့မောင်ငမောက်နဲ့ ဆွေမျိုးတွေသေကြ ရရှာတာကို စိတ်နာပြီး သူ့နတ်နန်းရှိတဲ့ တောင်ကြောမှာ ကျောက်လုံးဝ မထွက်ပါစေနဲ့လို့ ကျိန်စာ တိုက်ခဲ့ ပါသတဲ့
ထူးခြားတိုက်ဆိုင်စွာပဲ မိုးကုတ်မြို့နဲ့ တောင်တန်းတွေ နေရာတိုင်းမှာ ကျောက်ထွက်ပေမဲ့ ဒေါ်နန်းကြည် တောင်ပေါ်မှာတော့ ကျောက်လုံးဝလုံးဝ မထွက်တော့ ပါဘူးတဲ့ 😔😔😔
ဒီသမိုင်းလေးဟာ ဒေါ်နန်းကြည် သမိုင်းသာမကပဲ မြန်မာ့သမိုင်းရာဇဝင်ထဲက ပတ္တမြားငမောက်ကျောက်ရဲ့ သမိုင်းရာဇဝင်လည်း ဆက်စပ် နေသော ပတ္တမြားမြေက သမိုင်းရ ာဇဝင်လေးပဲ ဖြစ်ပါတယ်
ကိုးကား-မောင်ထွန်းဦး (မိုးကုတ်)စာအုပ်ထဲမှ ကူးရေးသည် D.M.P.Y.
ရင်နင့်ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေး အတိုင်းပါပဲလား နန်းရေ
ချယ်ရီတွေငိုနေပြီ နန်းရယ် ဆိုတာ ဒါပြောတာနေမှာ
မိုးကုတ်ရောက်ရင် ဒေါ်နန်းကို သွားနှုတ်ဆက်ပါ
U Dhammapiya
No Comments