
ရည္းစားထားျခင္းဟာ တစ္ေယာက္ထဲေနျခင္းထက္ ပိုစိတ္ဆင္းရဲစရာေကာင္းတဲ့အခ်က္မ်ား
Rs နဲ႔ Single မွာ ဘယ္သူေတြ ပိုအားသာလဲ ဆိုတာကိုေတာ့ အျမဲ ျငင္းခုန္ၾကဆဲပဲ ျဖစ္ပါတယ္။ သူ႔အေၾကာင္းအရာနဲ႔သူ ရွိၾကတယ္ ဆိုေပမဲ့ Single သမားေတြကေတာ့ အျမဲ ေပ်ာ္ရႊင္ေနေလ့ ရွိတာကို ေတြ႔ဖူးၾကမွာပါ။
အနည္းဆံုးေတာ့ တစ္ကိုယ္ရည္ တကာယ သမားေတြမို႔ သူတို႔ေတြမွာ ပိုလြတ္လပ္ေနတာကို ဒီအခ်က္ေတြကို ႏႈိုင္းယွဥ္ၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္။
(၁) သဝန္တိုရတယ္
ခ်စ္မိတဲ့အခါ အနည္းနဲ႔ အမ်ားေတာ့ သဝန္တိုတာ တြဲလ်က္ ခံစားရ တတ္ပါတယ္။ သဝန္တို ရတဲ့အခါ စိတ္ဖိစီးမႈနဲ႔ စိတ္္ပူပန္ ရမႈေတြ တြဲခံစား ရပါတယ္။
တစ္ေယာက္ေယာက္နဲ႔ သဝန္တို မိတယ္ ဆိုတည္းက ပူေလာင္မႈ တစ္ခုပဲမို႔ စိတ္ဖိစီးမႈ ခံစားရတာပဲ ျဖစ္ပါတယ္။ သဝန္တိုမႈေတြ မၾကာခဏ ျဖစ္ေနတယ္ ဆိုရင္ေတာ့ သင္က မၾကာခဏ စိတ္ဖိစီးမႈကို ရင္ဆိုင္ရတဲ့ အေျခအေနမွာ ရွိပါတယ္။
(၂) စိတ္ပူရတယ္
ခ်စ္မိတဲ့ သူအမ်ားစုက ကိုယ့္ခ်စ္သူ ဘယ္သြားတယ္ ဘာလုပ္တယ္ ဆိုတာကို သိခ်င္ ၾကပါတယ္။ သိခ်င္တဲ့ အတြက္ အျမဲ ေမးျမန္း စံုစမ္းေနရသလို ကိုယ့္ကို ဘာတစ္ခုမွ မေျပာပဲ အဆက္အသြယ္ မရွိတဲ့ အခါမွာလည္း ဘာလုပ္ေနလဲ ဆိုၿပီး စိတ္ပူေနရ ျပန္ပါတယ္။
စိတ္ပူပန္မႈ ကလည္း စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ အရာထဲ တစ္ခုမို႔ စိတ္ပူေလေလ စိတ္ဖိစီးမႈ တိုးေလေလပဲ ျဖစ္ပါတယ္။
(၃) ရန္ျဖစ္ရတယ္
ရန္မျဖစ္တဲ့ စံုတြဲဆိုတာ အေတာ္ႀကီးကို ရွားလြန္းပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အခန္႔မသင့္တာနဲ႔ ရန္ျဖစ္ရ စိတ္ဆိုးရနဲ႔ တကယ္ ပင္ပန္း ရပါတယ္ေနာ္။
Single ေတြမွာေတာ့ ဒီလို အေျခအေန မႀကံဳရပါဘူး။ သူငယ္ခ်င္း အခ်င္းခ်င္း စိတ္ဆိုး စိတ္ေကာက္တာပဲ ရွိတာမို႔ rs ေတြေလာက္ေတာ့ ရန္ျဖစ္ၿပီး ပင္ပန္းရတဲ့ အခ်ိန္ေတြ မရွိသေလာက္ နည္းပါတယ္။
(၄) ကိုယ္ပိုင္အခ်ိန္နည္းတယ္
Rs ျဖစ္ၿပီ ဆိုကတည္းက ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပ းေနရပါတယ္။ လူတစ္ေယာက္က ပင္ပန္းႏြမ္းနယ္ တာမ်ိဳးေတြအျပင္ တစ္ျခာ းေပ်ာ္ရႊင္မႈေတြကို တစ္ေယာက္တည္း အခ်ိန္ယူၿပီး ျဖတ္သန္းဖို႔လည္း လိုအပ္ ပါေသးတယ္။
ဒါေပမဲ့ rs ေတြကေတာ့ အနားယူ ခ်င္ရင္ေတာင္ တစ္ဖက္လူကို အားနာၿပီး မနားရတာ မ်ိဳးေတြ ရွိေနပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ေလမွာ စိတ္ဖိစီးမႈကို rs ရွိျခင္းက ႏွစ္ဆ တိုးေစပါတယ္။
(၅) ကိုယ့္စိတ္နဲ႔ကိုယ္ မရွိဘူး
လူတိုင္းမွာ တစ္ကိုယ္ရည္ လြတ္လပ္ခြင့္ ရွိရပါတယ္။ ဒါေပမဲ့ rs အမ်ားစု မွာေတာ့ ဒါေတြ ေပ်ာက္ဆံုးေနလ်က္ ရွိပါတယ္။
တစ္ေယာက္ကို တစ္ေယာက္ လိုတာထက္ ပိုၿပီး ဝင္စြတ္ဖက္ တတ္ၾက တာေၾကာင့္ စိတ္ဖိစီးမႈေတြ အဆင္မေျပမႈေတြ ခံစားေနၾက ရပါတယ္။
ဒါေၾကာင့္လည္း rs ေတြဆီက ညည္းညဴသံေတြ မၾကာခဏ ၾကားရတာပါ။ မီးပူကို လက္ထဲ ထည့္ထားၾကသလို rs ေတြက single ေတြထက္ ပိုပူေလာင္ ရတာ အမွန္ပဲ ျဖစ္ပါတယ္။
အားလံုး စိတ္ေအးခ်မ္းေပ်ာ္ရႊင္ႏိုင္ၾကပါေစေနာ္…။
Credit Aunty May
Unicode
ရည်းစားထားခြင်းဟာ တစ်ယောက်ထဲနေခြင်းထက် ပိုစိတ်ဆင်းရဲစရာကောင်းတဲ့အချက်များ
Rs နဲ့ Single မှာ ဘယ်သူတွေ ပိုအားသာလဲ ဆိုတာကိုတော့ အမြဲ ငြင်းခုန်ကြဆဲပဲ ဖြစ်ပါတယ်။ သူ့အကြောင်းအရာနဲ့သူ ရှိကြတယ် ဆိုပေမဲ့ Single သမားတွေကတော့ အမြဲ ပျော်ရွှင်နေလေ့ ရှိတာကို တွေ့ဖူးကြမှာပါ။
အနည်းဆုံးတော့ တစ်ကိုယ်ရည် တကာယ သမားတွေမို့ သူတို့တွေမှာ ပိုလွတ်လပ်နေတာကို ဒီအချက်တွေကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
(၁) သဝန်တိုရတယ်
ချစ်မိတဲ့အခါ အနည်းနဲ့ အများတော့ သဝန်တိုတာ တွဲလျက် ခံစားရ တတ်ပါတယ်။ သဝန်တို ရတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန် ရမှုတွေ တွဲခံစား ရပါတယ်။
တစ်ယောက်ယောက်နဲ့ သဝန်တို မိတယ် ဆိုတည်းက ပူလောင်မှု တစ်ခုပဲမို့ စိတ်ဖိစီးမှု ခံစားရတာပဲ ဖြစ်ပါတယ်။ သဝန်တိုမှုတွေ မကြာခဏ ဖြစ်နေတယ် ဆိုရင်တော့ သင်က မကြာခဏ စိတ်ဖိစီးမှုကို ရင်ဆိုင်ရတဲ့ အခြေအနေမှာ ရှိပါတယ်။
(၂) စိတ်ပူရတယ်
ချစ်မိတဲ့ သူအများစုက ကိုယ့်ချစ်သူ ဘယ်သွားတယ် ဘာလုပ်တယ် ဆိုတာကို သိချင် ကြပါတယ်။ သိချင်တဲ့ အတွက် အမြဲ မေးမြန်း စုံစမ်းနေရသလို ကိုယ့်ကို ဘာတစ်ခုမှ မပြောပဲ အဆက်အသွယ် မရှိတဲ့ အခါမှာလည်း ဘာလုပ်နေလဲ ဆိုပြီး စိတ်ပူနေရ ပြန်ပါတယ်။
စိတ်ပူပန်မှု ကလည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာထဲ တစ်ခုမို့ စိတ်ပူလေလေ စိတ်ဖိစီးမှု တိုးလေလေပဲ ဖြစ်ပါတယ်။
(၃) ရန်ဖြစ်ရတယ်
ရန်မဖြစ်တဲ့ စုံတွဲဆိုတာ အတော်ကြီးကို ရှားလွန်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခန့်မသင့်တာနဲ့ ရန်ဖြစ်ရ စိတ်ဆိုးရနဲ့ တကယ် ပင်ပန်း ရပါတယ်နော်။
Single တွေမှာတော့ ဒီလို အခြေအနေ မကြုံရပါဘူး။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး စိတ်ကောက်တာပဲ ရှိတာမို့ rs တွေလောက်တော့ ရန်ဖြစ်ပြီး ပင်ပန်းရတဲ့ အချိန်တွေ မရှိသလောက် နည်းပါတယ်။
(၄) ကိုယ်ပိုင်အချိန်နည်းတယ်
Rs ဖြစ်ပြီ ဆိုကတည်းက နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချိန်ပေ းနေရပါတယ်။ လူတစ်ယောက်က ပင်ပန်းနွမ်းနယ် တာမျိုးတွေအပြင် တစ်ခြာ းပျော်ရွှင်မှုတွေကို တစ်ယောက်တည်း အချိန်ယူပြီး ဖြတ်သန်းဖို့လည်း လိုအပ် ပါသေးတယ်။
ဒါပေမဲ့ rs တွေကတော့ အနားယူ ချင်ရင်တောင် တစ်ဖက်လူကို အားနာပြီး မနားရတာ မျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ စိတ်ဖိစီးမှုကို rs ရှိခြင်းက နှစ်ဆ တိုးစေပါတယ်။
(၅) ကိုယ့်စိတ်နဲ့ကိုယ် မရှိဘူး
လူတိုင်းမှာ တစ်ကိုယ်ရည် လွတ်လပ်ခွင့် ရှိရပါတယ်။ ဒါပေမဲ့ rs အများစု မှာတော့ ဒါတွေ ပျောက်ဆုံးနေလျက် ရှိပါတယ်။
တစ်ယောက်ကို တစ်ယောက် လိုတာထက် ပိုပြီး ဝင်စွတ်ဖက် တတ်ကြ တာကြောင့် စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ ခံစားနေကြ ရပါတယ်။
ဒါကြောင့်လည်း rs တွေဆီက ညည်းညူသံတွေ မကြာခဏ ကြားရတာပါ။ မီးပူကို လက်ထဲ ထည့်ထားကြသလို rs တွေက single တွေထက် ပိုပူလောင် ရတာ အမှန်ပဲ ဖြစ်ပါတယ်။
အားလုံး စိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေနော်…။
Kham
No Comments