
“အေမ မႂကြားတက္ပါဘူး..” မ်က္ရည္က်ေစေလာက္မဲ့ စာေလးမို႔ မွ်ေဝေပးလိုက္ပါတယ္
“ဆရာ ဧည္သည္ေတြ႕ခ်င္လို႔” ဆိုၿပီး ႐ုံးက အစ္မ တစ္ေယာက္က လာေျပာတယ္ ဆိုရင္ပဲ
“လႊတ္လိုက္ေလ အစ္မ၊ ဘာကိစၥလို႔ေျပာတုန္း”
” ဘာမွေတာ့ မေျပာဘူးဆရာ၊ ဆရာ့နာမည္ေမးၿပီး ဘယ္အခန္းလဲေမးလို႔”
“ေအး ေအး
ဒါဆိုလဲ လႊတ္လိုက္ကြာ” လို႔ ေျပာလိုက္ၿပီး မေရွးမေႏွာင္း မွာ ခန႔္ခန႔္ ေခ်ာေခ်ာ အမ်ိဳးသမီးႀကီးတစ္ဦးႏွင့္အတူ အသက္ (၃၀) ခန႔္ အမ်ိဳးသား တစ္ဦး ႐ုံးခန္းထဲ ဝင္လာ တယ္ ဆိုရင္ပဲ ကြၽန္ေတာ္က
“အန္တီ ထိုင္ပါ၊ အစ္ကိုေရာ ထိုင္ေလ ဘာကိစၥရွိလဲဗ်၊ ကြၽန္ေတာ္ ဘာမ်ားလုပ္ေပးရမလဲ” လို႔ သူ႔ကိုေမးရင္း တစ္ဆက္တည္း
” အစၼေရ
အန္တီတို႔အတြက္ ေကာ္ဖီေလး လုပ္ေပးစမ္းပါ” လို႔ ဆိုလိုက္ရင္ပဲ ထိုအန္တီဘက္မွ
” သားရယ္
အန္တီက ………….. ပါ” လို႔အစခ်ီရင္ အလုပ္ကိစၥကို
အဲ့တာေလ ….. ဘာျဖစ္တယ္၊ ညာျဖစ္တယ္လို႔ အနည္းငယ္ ေျပာၿပီးတယ္ဆိုရင္ဘဲ ေဘးနားက အမ်ိဳးသားဘက္ကိုလွည့္လို႔
“သားေရ ဒါက အန္တီ့သားေလ” ဆိုၿပီး ေျပာလိုက္တာ ကြၽန္ေတာ္လည္း အလုပ္ကမအား ေသာ္ျငားလည္း ထိုအမ်ိဳးသမီး ေျပာသမွ်ကို ခပ္ၿပဳံးၿပဳံးနဲ႔သာ နားေထာင္ ေနမိတယ္
ေဘးနားက သားျဖစ္သူကေတာ့ ကြၽန္ေတာ့ကို အားနာေန ဟန္ေရာ သူ႔မိခင္ရဲ႕ ခ်ီးမႊန္းခန္းေတြအတြက္ ရွက္ေနသ လိုနဲ႔ ေခါင္းကုတ္ေနပုံကို ၾကည့္လို႔ ကြၽန္ေတာ္ လည္း ေနာက္ဆုံး စကားျဖတ္တဲ့ အေနနဲ႔
“ အႏၲီ
ေကာ္ဖီေလး ေသာက္ထားႏွင့္ပါအုံး
ကြၽန္ေတာ္လုပ္လက္စ အလုပ္ေလး တစ္ခုရွိလို႔ ခဏသြားလိုက္ပါအုံးမယ္” ဆိုၿပီး ကြၽန္ေတာ့ အလုပ္လုပ္လက္စ ရွိရာ သို႔ ထြက္ခဲ့ေတာ့တယ္
သိပၼၾကာပါ
ကြၽန္ေတာ္ အလုပ္ေလးၿပီးလို႔ အလုပ္စားပြဲ ျပန္လာတယ္ ဆိုရင္ဘဲ ကြၽန္ေတာ့အခန္းက အစ္မကို
” အစ္မ ဟိုသားအမိေရာ ” လို႔ ေမးလည္းေမးေရာ
” ခုနကပဲ ျပန္သြားတယ္ ဆရာ” လို႔ေျဖရင္း တစ္ဆက္တည္း
” ဆရာကေတာ့ ေတာ္ေတာ္ေလး ဒုကၡခံႏိုင္တာပဲ
အလုပ္ကိစၥကနည္းနည္း သူ႔သားကို ခ်ီးမႊန္းခန္းဖြင့္ေနတာ ဆရာမို႔ အဲ့ေလာက္ အခ်ိန္ေပးနားေထာင္ေနတယ္
ကြၽန္မျဖင့္ ဆရာ့ကိုၾကည့္ၿပီး ရယ္ခ်ယ္တာ မနည္းထိန္းထားရတယ္” လို႔ ေျပာတဲ့ အေျပာအေပၚ ကြၽန္ေတာ္ၿပဳံးရင္း ကြၽန္ေတာ့ ပါးျပင္ေပၚ မ်က္ရည္စက္ အခ်ိဳ႕ အလိုလိုစီးက်လာတာေၾကာင့္ ႐ုံးစားပြဲအေရွ႕ က လုပ္ေဖာ္ကိုင္ဖက္ေတြ မရိပ္မိေအာင္ ဆုံလည္ ကုလားထိုင္ ကို ေနာက္သို႔ အလိုက္သင့္လွည့္ရင္း ….
ကြၽန္ေတာ္ သူမကို စူစူးနစ္နစ္ သတိရမိသည္ ….
ၿပီးေတာ့ …
ကြၽန္ေတာ္ဘာ့ေၾကာင့္ အလုပ္ထက္ ေဘးနားက သားတစ္ ေယာက္ကို ခ်ီးမႊန္းခန္းဖြင့္ေနေသာ အမ်ိဳးသမီး၊
သူမရဲ႕ သားအေပၚ ထားရွိေသာ ဂုဏ္၊
သူမရဲ႕ ေျပာစကားေတြဟာ သာမာန္အေနနဲ႔ ၾကည့္မယ္ ဆိုရင္ ေဝဖန္ခ်င္စရာျဖစ္ေပမယ့္
မိခင္တစ္ေယာက္အေနနဲ႔ ၾကည့္မယ္ဆိုရင္
ဘယ္သား၊ ဘယ္သမီးအေပၚမဆို နည္းနည္းေလးေလာက္ ႀကိဳးစားတာနဲ႔ ႂကြားဝါခ်င္ေသာ မိခင္တို႔ရဲ႕ စိတ္ကို နားလည္ေသာ ကြၽန္ေတာ္
သူမရဲ႕ စကား အခ်ိဳ႕ကို ျပန္လည္ၾကားေယာင္လို႔ ကြၽန္ေတာ္ ႏႈတ္က မေခၚရတာ ၾကာပီျဖစ္ေသာ သူမရဲ႕ အမည္နာမကို ခပ္ဖြဖြဆိုရင္း ……
ဒီေန႔
ကြၽန္ေတာ္ ပထမတန္းမွာ ဒုတိယဆုရသျဖင့္ ဆုယူရမည္ ျဖစ္ေသာေန႔
ဆုယူဖို႔ မတိုင္ခင္ကတည္းက ကြၽန္ေတာ့အေမက (၇) ႏွစ္သားေလာက္ ကြၽန္ေတာ့ အတြက္ ထိုစဥ္အခါက တိုက္ပုံအက်ႌနဲ႔ ပုဆိုးကို ႀကံႀကံဖန္ဖန္ခ်ဳပ္လို႔ ဆုေပးပြဲ ကို သြားတယ္ဆိုရင္ဘဲ
ေက်ာင္းေရာက္ၿပီးဆိုကတည္းက ဆုလာယူၾကတဲ့ အျခားမိဘေတြကိုေရာ၊
ေက်ာင္းက ဆရာမ ေတြကိုေရာ
” ကြၽန္မသားေလးက အိမ္မွာ စာဘယ္လိုႀကိဳးစားတာ
ဘာျဖစ္တာ၊ ညာျဖစ္တာ ” ဆိုၿပီး ေျပာတဲ့အေမ့ကို ထိုအခ်ိန္က ကေလးပီပီျမင္႐ုံ ေလာက္ကလြဲလြဲ႕ အေမ့ကို သိပ္နားမလည္ခဲ့
ကြၽန္ေတာ္ (၁၀)တန္းေအာင္ စာရင္းထြက္ေသာေန႔ …….
အေမ့ကို ကြၽန္ေတာ္ ေအာင္ေၾကာင္း ေျပာၿပီးကတည္းက ကြၽန္ေတာ္ရွာမေတြ႕ေတာ့။
ပုံမွန္အခ်ိန္ဆို ကိုယ့္အိမ္က လြဲၿပီး အိမ္မလည္ တတ္ေသာ ကြၽန္ေတာ့အေမ…..
ေသခ်ာပါတယ္…..
ဒီေန႔ေတာ့ သူမ အရပ္ထဲလွည့္ လမ္းေလွ်ာက္ၿပီး သူမကို ႏႈတ္ဆက္ရာ အိမ္ဝင္ေတာ့မည္။ ၿပီးရင္ေတာ့
“ငါ့သားေလးက (၁၀) တန္းကို ႏွစ္ခ်င္းေပါက္ေအာင္တာ၊
စာကိုလည္း အရမ္းႀကိဳးစားတယ္၊
ဂုဏ္ထူးမပါေပမယ့္ အမွတ္ေတာ့ ေကာင္းမွာပါ ” ဆိုၿပီး ဘယ္သူမွ မေမးလည္း သူမရဲ႕ အက်င့္အတိုင္း ဂုဏ္ယူ ဝမ္းေျမာက္စြာနဲ႔ ေျပာေတာ့မယ္ဆိုတာ……….
ဒီလိုပဲ…..
ကြၽန္ေတာ္ တကၠသိုလ္ တက္တုန္းက မုန႔္ဖိုးေလးေတြ စုၿပီး သူမအတြက္ လုံျခည္၊ အက်ီၤ ပိတ္စ ဝယ္လာတဲ့ အခါ …..
ထိုပိတ္စေတြကို တန္းယူၿပီး အပ္ခ်ဳပ္ဆိုင္ သြားေတာ့ တာပါပဲ…..
ၿပီးေတာ့
ေတာ္ေတာ္နဲ႔ သူမ ျပန္မလာေတာ့…
ေသခ်ာပါတယ္…
” သူမအတြက္ သားက ဘယ္လိုဝယ္လာတာ ဘယ္လိုပုံစံေလး ခ်ဳပ္မယ္၊ ငယ္ငယ္တုန္းကဆို ဘယ္လိုဝတ္လိုက္မွာ” စတာေတြကို အစုံ ေျပာၿပီး အိမ္ကလူေတြ ေမ့ေလာက္တယ္ရွိမွ သူမ ျပန္လာတတ္ တယ္…
မွတ္မွတ္ရရ ကြၽန္ေတာ္ တကၠသိုလ္တက္တုန္းက ကြၽန္ေတာ့အေမက
” သားရယ္ အိမ္မွာ ေယာက်ာ္းေလးထဲမွာ ဘြဲ႕ရ တစ္ေယာက္မွ မရွိေသးဘူး၊ သားက်ရင္ ဘြဲ႕ရမဘဲ ဘြဲ႕လြန္ေတြရေအာင္ ႀကိဳးစားေပးစမ္းပါ” လို႔ ေျပာခဲ့ တာေၾကာင့္ အေမ စိတ္ခ်မ္းသာေအာင္ ႀကိဳးစားခဲ့လို႔ ေအာင္စာရင္းမွာ မဟာတန္း တက္ခြင့္ရေၾကာင္း ထြက္တဲ့ ေန႔က
ကြၽန္ေတာ့အေမ အိမ္မွာကို ရွာမရေတာ့
ကြၽန္ေတာ္တို႔ ေတြးစရာမလို
အေမ အိမ္တကာ လွည့္ေနေလာက္ပါပီေလ
ထိုစဥ္တုန္းက နယ္ၿမိဳ႕မွာလည္းျဖစ္ မိန္းကေလး ေတာင္ ေတာ္႐ုံ ဘြဲရေလာက္ဆို ရပ္တဲ့ေခတ္မွာ ေတာ္ေတာ္မ်ား မ်ားက ဆက္မထားဘို႔ တားတဲ့အခ်ိန္တုန္းကေတာင္
” သူ႔ကုသိုလ္ကံနဲ႔ သူ
ဘယ္ေလာက္ကုန္ကုန္ ထားမယ္” ဆိုတဲ့ သူမအေၾကာင္း ေတြးမိျပန္တယ္
ဒီလိုပဲ……
ရာထူးဝန္စာေမးပြဲေျဖလို႔ ေအာင္တုန္းကလည္း ကြၽန္ေတာ့ အေမ
သူမရဲ႕ အသြင္အျပင္ကို ျပန္ေျပာျပရန္ပင္ ေတာ္ေတာ္ ခက္မည္ထင္မိတယ္
အလုပ္ေလး၊ အကိုင္ေလးနဲ႔ ျဖစ္လာတဲ့အခါ သူမအတြက္ ေက်ာက္ျဖဴ(ရရွားစိန္)နဲ႔ နားကပ္ေလး လုပ္ေပးတုန္းကလည္း
လက္ရွိဝတ္ထားတဲ့ သူမရဲ႕ တန္ဖိုးႀကီးတဲ့ နားကပ္ကိုခြၽတ္လို႔
” ငါ့သားငယ္ေလးကေလ
သူ႔အေမ အတြက္ ဆိုၿပီး လုပ္ေပးတာ” လို႔ ေတြ႕တဲ့ သူတိုင္း ေျပာရတာအေမာ
သၫႅိဳ
သည္လို ျဖစ္ရပ္မ်ားစြာနဲ႔
သူမရဲ႕ ေနာက္ဆုံးအခ်ိန္မွာေတာင္
” ဘယ္သူကိုမွ ေအာက္က်စရာ မလိုဘူး
ငါ့သားေလးကေလ သူ႔အေမအတြက္ ေဆးကုဖို႔ဆိုၿပီး ဆုထားတာ”
ဒါေပမယ့္…
လူနာ လာေမးတဲ့သူတိုင္းကိုေတာ့ သူ႔မေကာင္းတဲ့ က်န္းမာ ေရးထက္
” သားေလးကေလ
သားေလးကေလ……..” ဆိုတဲ့ သူမ
စာဖတ္သူသာ သူမပတ္ဝန္းက်င္က ဆိုရင္ေတာ့
” ဒီမိန္းမႀကီး ေတာ္ေတာ္ႂကြားတတ္တာ” လို႔ ထင္မွာ မလြဲ
တကယ္ေတာ့….. သူမ မႂကြားတတ္ပါ
သူမ သာမက
ကမာၻေပၚမွာရွိတဲ့ အေမေတြအားလုံး သား/သမီးနဲ႔ ပတ္သက္လာရင္ ဘယ္အေမမွ မႂကြားတတ္ပါ
သူမ သာမက
ကမာၻေပၚမွာရွိတဲ့ အေမေတြအားလုံး သား/သမီးနဲ႔ ပတ္သက္လာရင္ ဘယ္အေမမွ မႂကြားတတ္ပါ….
သူမတို႔ သားသမီးေတြရဲ႕
ႀကိဳးစားမြဳ…..
သိတတ္မႈေလးေတြ ရွိတဲ့အခါ ဂုဏ္ယူတတ္က်တာပါလို႔ ဆိုရင္း…..
အေမ မႂကြားတတ္ပါ……..ဗ်ာ
Cover Aung Lin Tun
“အမေ မကြွားတက်ပါဘူး..” မျက်ရည်ကျစေလောက်မဲ့ စာလေးမို့ မျှဝေပေးလိုက်ပါတယ်
“ဆရာ ဧည်သည်တွေ့ချင်လို့” ဆိုပြီး ရုံးက အစ်မ တစ်ယောက်က လာပြောတယ် ဆိုရင်ပဲ
“လွှတ်လိုက်လေ အစ်မ၊ ဘာကိစ္စလို့ပြောတုန်း”
” ဘာမှတော့ မပြောဘူးဆရာ၊ ဆရာ့နာမည်မေးပြီး ဘယ်အခန်းလဲမေးလို့”
“အေး အေး
ဒါဆိုလဲ လွှတ်လိုက်ကွာ” လို့ ပြောလိုက်ပြီး မရှေးမနှောင်း မှာ ခန့်ခန့် ချောချော အမျိုးသမီးကြီးတစ်ဦးနှင့်အတူ အသက် (၃၀) ခန့် အမျိုးသား တစ်ဦး ရုံးခန်းထဲ ဝင်လာ တယ် ဆိုရင်ပဲ ကျွန်တော်က
“အန်တီ ထိုင်ပါ၊ အစ်ကိုရော ထိုင်လေ ဘာကိစ္စရှိလဲဗျ၊ ကျွန်တော် ဘာများလုပ်ပေးရမလဲ” လို့ သူ့ကိုမေးရင်း တစ်ဆက်တည်း
” အစ္မရေ
အန်တီတို့အတွက် ကော်ဖီလေး လုပ်ပေးစမ်းပါ” လို့ ဆိုလိုက်ရင်ပဲ ထိုအန်တီဘက်မှ
” သားရယ်
အန်တီက ………….. ပါ” လို့အစချီရင် အလုပ်ကိစ္စကို
အဲ့တာလေ ….. ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ အနည်းငယ် ပြောပြီးတယ်ဆိုရင်ဘဲ ဘေးနားက အမျိုးသားဘက်ကိုလှည့်လို့
“သားရေ ဒါက အန်တီ့သားလေ” ဆိုပြီး ပြောလိုက်တာ ကျွန်တော်လည်း အလုပ်ကမအား သော်ငြားလည်း ထိုအမျိုးသမီး ပြောသမျှကို ခပ်ပြုံးပြုံးနဲ့သာ နားထောင် နေမိတယ်
ဘေးနားက သားဖြစ်သူကတော့ ကျွန်တော့ကို အားနာနေ ဟန်ရော သူ့မိခင်ရဲ့ ချီးမွှန်းခန်းတွေအတွက် ရှက်နေသ လိုနဲ့ ခေါင်းကုတ်နေပုံကို ကြည့်လို့ ကျွန်တော် လည်း နောက်ဆုံး စကားဖြတ်တဲ့ အနေနဲ့
“ အန္တီ
ကော်ဖီလေး သောက်ထားနှင့်ပါအုံး
ကျွန်တော်လုပ်လက်စ အလုပ်လေး တစ်ခုရှိလို့ ခဏသွားလိုက်ပါအုံးမယ်” ဆိုပြီး ကျွန်တော့ အလုပ်လုပ်လက်စ ရှိရာ သို့ ထွက်ခဲ့တော့တယ်
သိပ္မကြာပါ
ကျွန်တော် အလုပ်လေးပြီးလို့ အလုပ်စားပွဲ ပြန်လာတယ် ဆိုရင်ဘဲ ကျွန်တော့အခန်းက အစ်မကို
” အစ်မ ဟိုသားအမိရော ” လို့ မေးလည်းမေးရော
” ခုနကပဲ ပြန်သွားတယ် ဆရာ” လို့ဖြေရင်း တစ်ဆက်တည်း
” ဆရာကတော့ တော်တော်လေး ဒုက္ခခံနိုင်တာပဲ
အလုပ်ကိစ္စကနည်းနည်း သူ့သားကို ချီးမွှန်းခန်းဖွင့်နေတာ ဆရာမို့ အဲ့လောက် အချိန်ပေးနားထောင်နေတယ်
ကျွန်မဖြင့် ဆရာ့ကိုကြည့်ပြီး ရယ်ချယ်တာ မနည်းထိန်းထားရတယ်” လို့ ပြောတဲ့ အပြောအပေါ် ကျွန်တော်ပြုံးရင်း ကျွန်တော့ ပါးပြင်ပေါ် မျက်ရည်စက် အချို့ အလိုလိုစီးကျလာတာကြောင့် ရုံးစားပွဲအရှေ့ က လုပ်ဖော်ကိုင်ဖက်တွေ မရိပ်မိအောင် ဆုံလည် ကုလားထိုင် ကို နောက်သို့ အလိုက်သင့်လှည့်ရင်း ….
ကျွန်တော် သူမကို စူစူးနစ်နစ် သတိရမိသည် ….
ပြီးတော့ …
ကျွန်တော်ဘာ့ကြောင့် အလုပ်ထက် ဘေးနားက သားတစ် ယောက်ကို ချီးမွှန်းခန်းဖွင့်နေသော အမျိုးသမီး၊
သူမရဲ့ သားအပေါ် ထားရှိသော ဂုဏ်၊
သူမရဲ့ ပြောစကားတွေဟာ သာမာန်အနေနဲ့ ကြည့်မယ် ဆိုရင် ဝေဖန်ချင်စရာဖြစ်ပေမယ့်
မိခင်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်
ဘယ်သား၊ ဘယ်သမီးအပေါ်မဆို နည်းနည်းလေးလောက် ကြိုးစားတာနဲ့ ကြွားဝါချင်သော မိခင်တို့ရဲ့ စိတ်ကို နားလည်သော ကျွန်တော်
သူမရဲ့ စကား အချို့ကို ပြန်လည်ကြားယောင်လို့ ကျွန်တော် နှုတ်က မခေါ်ရတာ ကြာပီဖြစ်သော သူမရဲ့ အမည်နာမကို ခပ်ဖွဖွဆိုရင်း ……
ဒီနေ့
ကျွန်တော် ပထမတန်းမှာ ဒုတိယဆုရသဖြင့် ဆုယူရမည် ဖြစ်သောနေ့
ဆုယူဖို့ မတိုင်ခင်ကတည်းက ကျွန်တော့အမေက (၇) နှစ်သားလောက် ကျွန်တော့ အတွက် ထိုစဉ်အခါက တိုက်ပုံအင်္ကျီနဲ့ ပုဆိုးကို ကြံကြံဖန်ဖန်ချုပ်လို့ ဆုပေးပွဲ ကို သွားတယ်ဆိုရင်ဘဲ
ကျောင်းရောက်ပြီးဆိုကတည်းက ဆုလာယူကြတဲ့ အခြားမိဘတွေကိုရော၊
ကျောင်းက ဆရာမ တွေကိုရော
” ကျွန်မသားလေးက အိမ်မှာ စာဘယ်လိုကြိုးစားတာ
ဘာဖြစ်တာ၊ ညာဖြစ်တာ ” ဆိုပြီး ပြောတဲ့အမေ့ကို ထိုအချိန်က ကလေးပီပီမြင်ရုံ လောက်ကလွဲလွဲ့ အမေ့ကို သိပ်နားမလည်ခဲ့
ကျွန်တော် (၁၀)တန်းအောင် စာရင်းထွက်သောနေ့ …….
အမေ့ကို ကျွန်တော် အောင်ကြောင်း ပြောပြီးကတည်းက ကျွန်တော်ရှာမတွေ့တော့။
ပုံမှန်အချိန်ဆို ကိုယ့်အိမ်က လွဲပြီး အိမ်မလည် တတ်သော ကျွန်တော့အမေ…..
သေချာပါတယ်…..
ဒီနေ့တော့ သူမ အရပ်ထဲလှည့် လမ်းလျှောက်ပြီး သူမကို နှုတ်ဆက်ရာ အိမ်ဝင်တော့မည်။ ပြီးရင်တော့
“ငါ့သားလေးက (၁၀) တန်းကို နှစ်ချင်းပေါက်အောင်တာ၊
စာကိုလည်း အရမ်းကြိုးစားတယ်၊
ဂုဏ်ထူးမပါပေမယ့် အမှတ်တော့ ကောင်းမှာပါ ” ဆိုပြီး ဘယ်သူမှ မမေးလည်း သူမရဲ့ အကျင့်အတိုင်း ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ပြောတော့မယ်ဆိုတာ……….
ဒီလိုပဲ…..
ကျွန်တော် တက္ကသိုလ် တက်တုန်းက မုန့်ဖိုးလေးတွေ စုပြီး သူမအတွက် လုံခြည်၊ အကျီၤ ပိတ်စ ဝယ်လာတဲ့ အခါ …..
ထိုပိတ်စတွေကို တန်းယူပြီး အပ်ချုပ်ဆိုင် သွားတော့ တာပါပဲ…..
ပြီးတော့
တော်တော်နဲ့ သူမ ပြန်မလာတော့…
သေချာပါတယ်…
” သူမအတွက် သားက ဘယ်လိုဝယ်လာတာ ဘယ်လိုပုံစံလေး ချုပ်မယ်၊ ငယ်ငယ်တုန်းကဆို ဘယ်လိုဝတ်လိုက်မှာ” စတာတွေကို အစုံ ပြောပြီး အိမ်ကလူတွေ မေ့လောက်တယ်ရှိမှ သူမ ပြန်လာတတ် တယ်…
မှတ်မှတ်ရရ ကျွန်တော် တက္ကသိုလ်တက်တုန်းက ကျွန်တော့အမေက
” သားရယ် အိမ်မှာ ယောကျာ်းလေးထဲမှာ ဘွဲ့ရ တစ်ယောက်မှ မရှိသေးဘူး၊ သားကျရင် ဘွဲ့ရမဘဲ ဘွဲ့လွန်တွေရအောင် ကြိုးစားပေးစမ်းပါ” လို့ ပြောခဲ့ တာကြောင့် အမေ စိတ်ချမ်းသာအောင် ကြိုးစားခဲ့လို့ အောင်စာရင်းမှာ မဟာတန်း တက်ခွင့်ရကြောင်း ထွက်တဲ့ နေ့က
ကျွန်တော့အမေ အိမ်မှာကို ရှာမရတော့
ကျွန်တော်တို့ တွေးစရာမလို
အမေ အိမ်တကာ လှည့်နေလောက်ပါပီလေ
ထိုစဉ်တုန်းက နယ်မြို့မှာလည်းဖြစ် မိန်းကလေး တောင် တော်ရုံ ဘွဲရလောက်ဆို ရပ်တဲ့ခေတ်မှာ တော်တော်များ များက ဆက်မထားဘို့ တားတဲ့အချိန်တုန်းကတောင်
” သူ့ကုသိုလ်ကံနဲ့ သူ
ဘယ်လောက်ကုန်ကုန် ထားမယ်” ဆိုတဲ့ သူမအကြောင်း တွေးမိပြန်တယ်
ဒီလိုပဲ……
ရာထူးဝန်စာမေးပွဲဖြေလို့ အောင်တုန်းကလည်း ကျွန်တော့ အမေ
သူမရဲ့ အသွင်အပြင်ကို ပြန်ပြောပြရန်ပင် တော်တော် ခက်မည်ထင်မိတယ်
အလုပ်လေး၊ အကိုင်လေးနဲ့ ဖြစ်လာတဲ့အခါ သူမအတွက် ကျောက်ဖြူ(ရရှားစိန်)နဲ့ နားကပ်လေး လုပ်ပေးတုန်းကလည်း
လက်ရှိဝတ်ထားတဲ့ သူမရဲ့ တန်ဖိုးကြီးတဲ့ နားကပ်ကိုချွတ်လို့
” ငါ့သားငယ်လေးကလေ
သူ့အမေ အတွက် ဆိုပြီး လုပ်ပေးတာ” လို့ တွေ့တဲ့ သူတိုင်း ပြောရတာအမော
သည္လို
သည်လို ဖြစ်ရပ်များစွာနဲ့
သူမရဲ့ နောက်ဆုံးအချိန်မှာတောင်
” ဘယ်သူကိုမှ အောက်ကျစရာ မလိုဘူး
ငါ့သားလေးကလေ သူ့အမေအတွက် ဆေးကုဖို့ဆိုပြီး ဆုထားတာ”
ဒါပေမယ့်…
လူနာ လာမေးတဲ့သူတိုင်းကိုတော့ သူ့မကောင်းတဲ့ ကျန်းမာ ရေးထက်
” သားလေးကလေ
သားလေးကလေ……..” ဆိုတဲ့ သူမ
စာဖတ်သူသာ သူမပတ်ဝန်းကျင်က ဆိုရင်တော့
” ဒီမိန်းမကြီး တော်တော်ကြွားတတ်တာ” လို့ ထင်မှာ မလွဲ
တကယ်တော့….. သူမ မကြွားတတ်ပါ
သူမ သာမက
ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး သား/သမီးနဲ့ ပတ်သက်လာရင် ဘယ်အမေမှ မကြွားတတ်ပါ….
သူမ သာမက
ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး သား/သမီးနဲ့ ပတ်သက်လာရင် ဘယ်အမေမှ မကြွားတတ်ပါ….
သူမတို့ သားသမီးတွေရဲ့
ကြိုးစားမွု…..
သိတတ်မှုလေးတွေ ရှိတဲ့အခါ ဂုဏ်ယူတတ်ကျတာပါလို့ ဆိုရင်း…..
အမေ မကြွားတတ်ပါ……..ဗျာ
Cover Aung Lin Tun
No Comments