မွီခိုေတာ႔႔မွီခိုပါ ဒါေပမဲ႔ ေန႔တိုုင္္း မိသားစုုထမင္း၀ိုုင္းအတြက္ စီမံလုုပ္ကိုုင္ေပးေနတဲ႕ ဘ၀မ်ိဳးမွာ လူတိုုိင္းေနႏိုုင္ရဲ႕လား - Amawpyay

မွီခိုေတာ႔႔မွီခိုပါ ဒါေပမဲ႔ ေန႔တိုုင္္း မိသားစုုထမင္း၀ိုုင္းအတြက္ စီမံလုုပ္ကိုုင္ေပးေနတဲ႕ ဘ၀မ်ိဳးမွာ လူတိုုိင္းေနႏိုုင္ရဲ႕လား

မွီခိုေတာ႔႔မွီခိုပါ ဒါေပမဲ႔ ေန႔တိုုင္္း မိသားစုုထမင္း၀ိုုင္းအတြက္ စီမံလုုပ္ကိုုင္ေပးေနတဲ႕ ဘ၀မ်ိဳးမွာ လူတိုုိင္းေနႏိုုင္ရဲ႕လား
Knowledge

မွီခိုေတာ႔႔မွီခိုပါ ဒါေပမဲ႔ ေန႔တိုုင္္း မိသားစုုထမင္း၀ိုုင္းအတြက္ စီမံလုုပ္ကိုုင္ေပးေနတဲ႕ ဘ၀မ်ိဳးမွာ လူတိုုိင္းေနႏိုုင္ရဲ႕လား

မွီီခိုုပါရွင္၊ဒါေပမဲ႕

မိိသားစုုအလုုပ္ေတြကိုုပဲေန႔ေန႕ညည လုုပ္ကိုုိင္ေပးရင္း ရွွင္သန္ေနတဲ႕အိိမ္ရွင္မ အမ်ိဳးသမီးေတြကိုု က်မ အံ႕ၾသမိပါတယ္။ အိိမ္ရွင္မရဲ႕ ပထမဦးစားေပးဟာ အတူေနမိဘရွိရင္ မိဘ၊ မိဘမရွိရင္ အိိမ္ေထာင္ဦးစီး ျဖစ္တဲ႕ခင္ပြန္းပဲ ျဖစ္ၾက ပါတယ္။

ဒုုတိယ ဦးစားေပးဟာ ပညာသင္ၾကားေနဆဲ သားသမီးငယ္ေတြ၊ တတိိယ ဦးစားေပးဟာ အရြယ္ေရာက္ေနတဲ႕ သားသမီးေတြ၊ၿပီးေတာ႕အိမ္ေမြး တိရိစၦာန္ေတြ၊ ၿပီးေတာ႕ ေဆြမ်ိဳးသားခ်င္းနဲ႕ဧည္႔သည္ေတြ စသျဖင္႔စီမံခန္႔ခြဲရင္းသူ႕အတြက္ဆိုုတာ ေနာက္ဆံုုးမွာ ထားရတာပါ။

အဲဒီလိုုိ ကိုုယ္႔ကိုုယ္ကိုု ေမ႕ထားရတဲ႕ ဘ၀မ်ိဳး လူတိုုိင္း လုုပ္ႏိုုင္ရဲ႕လား။

“မင္း တိုုိ႕ကိုု ရွာေကၽြးေနတဲ႕ငါ႕ကိုုေတာင္္ မသထာဘူးလား” ဆိုုတဲ႕စကားမ်ိဳး ခင္ပြြန္းဆီက ဟင္းမေကာင္းရင္ ၾကားရ တတ္ပါ တယ္။

“ အေမ…က်ေနာ္႕ အက်ၤာီေတြ မေလ ွ်ာ္ရေသးဘူးလား” ဆိုုတဲ႕ စကား သားသမီးေတြဆီကလည္း ၾကားရတတ္တယ္။

“ အေမကေတာ႕လုုပ္ခ် လိုုက္ၿပီ၊ ထမင္း ခ်ိဳင္႔ခုုထိိ အဆင္သင္႔ မျဖစ္ေသးဘူး ေနာက္က်ေတာ႕မွာ” ဆိုုတဲ႕စကား။အဲဒီလိုုိ လုုပ္ေပးေနရင္းနဲ႕အျပစ္တင္ ခံရတဲ႕အလုုပ္မ်ိဳးနဲ႕ ေန႕တိုုင္း ရွင္သန္ရတဲ႕ဘ၀မ်ိဳးမွာ လူတိုုင္း ေနႏိုုင္ရဲ႕လား။

မင္းဘာသိလဲ၊ မင္း ဘာမွ မသိဘဲနဲ႕… ဆိုုတဲ႕စကားနဲ႕ ႏိွိပ္ကြက္တတ္တဲ႕ခင္ပြန္း၊

အေမ…သိိတာလဲ မဟုုတ္ဘဲနဲ႕အဲဒီလိုု လုုပ္လိုု႕မရပါဘူးဆိုု…လိုု႕ ဆိုုတဲ႕စကားနဲ႕မေလးမစား ဆက္ဆံတတ္တဲ႕သားသမီး၊ က်မတုုိ႔႕ ခ်ည္းပဲဆိုုရင္ အဆင္ေျပတယ္၊ ရွင္႔အေမေၾကာင္႕ ခက္ေနတာ…လိုု႕

ဆိုုတတ္တဲ႕ ေခၽြးမရဲ႕ မထီမဲ႔ျမင္ျပဳမႈ အဲဒီလိုု ဘ၀နဲ႕ရွင္သန္ရရင္ေတာင္မွ မိသားစုုထမင္း၀ိုုင္းအတြက္ စီမံလုုပ္ကိုုင္ေပးေနတဲ႕ ဘ၀မ်ိဳးမွာ လူတိုုင္းေနႏိုုင္ရဲ႕လား။

အိမ္အကူနဲ႕အတူတူ အလုုပ္လုုပ္ရင္း ခင္ပြန္း၊ သားသမီး၊ ေျမးအဆံုုး အိမ္ေမြးတိရိစၳာန္ပါ မက်န္ေအာင္ ေန႔စဥ္နဲ႕အမ ွ် စား၀တ္ေနေရးသာမက၊ အိပ္ရာ၀င္ပံုုျပင္အဆံုုး မ်က္စိႏွစ္လံုုး ပိတ္အိပ္ရတဲ႕အခ်ိန္ထိ မိသားစုုလိုုအပ္တာ အရိပ္တၾကည္႔ၾကည္႔ ျဖည္႔ဆည္းေပးေနတဲ႕ဘ၀ လူတိုုင္းလုုပ္ႏိုုင္ရဲ႕လား။

လက္ထဲ ရွိတဲ႕ပိုုက္ဆံနဲ႕ မိသားစုုတစ္လတာ အသံုုးစရိတ္ကစ တစ္အိမ္လံုုးရဲ႕ က်န္းမာေရးစရိတ္အဆံုုး စီမံခန္႔ခြဲေပးေနေပမဲ႕ ေငြတြင္းနက္တယ္လိုု႕အေျပာခံရတဲ႕အခါ၊ ပိုုက္ဆံေတြ ကုုန္ၿပီလားလိုု႕အေမးခံရတဲ႕အခါ၊

ဘာေတြ သံုုးလိုုက္တာလဲ လိုု႕ အၾကည္႔ခံရတဲ႕အခါ မ်က္ရည္၀ဲၿပီး ေျပာမျပတတ္တဲ႕ေ၀ဒနာဆိုုတာ အိမ္ရွင္မ အခ်င္းခ်င္းသာ သိၾကရတယ္။ အဲဒီလိုု ဘ၀မ်ိဳး လူတိုုင္းေနေပ်ာ္ရဲ႕လား။

ေပးဆပ္ႏိုုိင္တဲ႕၊ ေပးဆပ္ရဲ႕တဲ႕ ႏွလံုုးသားမ်ိဳးသာ မရွိဘူးဆိုုိရင္ သူတိုု႔ဟာ တစ္မိသားစုုလံုုးရဲ႕အလုုပ္ေတြကိုု ေန႔ေန႕ညည၊ အလုုပ္ခ်ိန္သတ္မွတ္ခ်က္ မရွိ၊နားရက္မရွိ၊ ကိုုယ္ပိုု္င္ေငြ ရယ္လိုု႕မရွိ၊

ကိုုယ္ပိုုင္ အခြင္႔အေရးဆိုုတာ မိသားစုု၀င္ေတြရဲ႕အေရးေတြေအာက္မွာ အေပ်ာက္ဆံုုးခံၿပီး ရွင္သန္ေနရတဲ႕ဘ၀၊ လူတိုုင္း ရွင္သန္ေက်နပ္ ႏိုုင္ရဲ႕လား။

အိိမ္ရွင္မအလုုပ္ကိုုိ လုုပ္ေနတဲ႕ အမ်ိဳးသမီးတိုုင္းဟာ မိသားစုု၀င္ေတြအတြက္ ကိုုယ္႔အတၱ၊ ကိုုယ္ပိုုင္ဘ၀နဲ႕အနာဂတ္ကိုု ကိုုယ္႔ခင္ပြန္း၊ကိုုယ္႔သားသမီးနဲ႕ကိုုယ္႔ေျမးျမစ္ေတြထိ ေမတၱာအေျခခံတဲ႕စိတ္နဲ႔ ေပးဆပ္ေနတဲ႕ မိန္းမေတြဟာ အိမ္ရွင္မပါ။

အလုုပ္အကိုုိင္ မွီခိုုိလိုု႔သာ ျဖည္႔ရေပမဲ႕ တကယ္ပဲမွီခိုုရသလား ဆိုုတာ စဥ္းစားစရာပါ။

က်မ အျမင္မွာေတာ႕ မွီခိုုလိုု႕ ဆိုုၾကတဲ႕ အိမ္ရွင္မတိုုင္းဟာ၊ မွီခိုုေတာ႕ဟုုတ္ပါတယ္။ ဒါေပမဲ႕ သူတုုိ႕ကိုုသာ တစ္အိမ္လံုုးက မွီခုုိေနၾကရတာပါ။

ကိုယ္မလုပ္ႏိိုင္တဲ့အလုပ္၊ ကိုိယ့္အတြက္ လိုိအပ္တဲ့ အလုပ္ေတြကို လုပ္ေပးေနသူေတြပါ။

အဲဒီထဲမွာ ကိုုိယ္႔အေမ ပါရင္ သူ႕ေမတၱာနဲ႕ေပးဆပ္မႈအတြက္ ေလးစားတန္ဖိုုးထားၿပီး ဆက္ဆံံေပးပါ။

အဲဒီထဲမွာ ကိုုယ္႕ဇနီးပါရင္္ သူ႕ေမတၱာနဲ႕ေပးဆပ္မႈအတြက္္ ေလးစား တန္ဖိုုး ထားၿပီး ဆက္ဆံေပးပါ။ ကိုုယ္႔က သူတုုိ႕ကိုု မွီခိုုိေနရတယ္ဆိုုတာ သူတိုု႕မရွိမွပဲ သိရမဲ႕အခ်ိိန္ကိုု ေစာင္႔မေန ပါနဲ႕ေနာ္။

ေက်းဇူးတင္ပါတယ္။

ေမသၾကၤန္ဟိ္န္း(ျမစ္မခ)

Unicode

မှီခိုတော့မှီခိုပါ ဒါပေမဲ့ နေ့တိုင်း မိသားစုထမင်းဝိုင်းအတွက် စီမံလုပ်ကိုင်ပေးနေတဲ့ ဘဝမျိုးမှာ လူတိုင်းနေနိုင်ရဲ့လား

မှီခိုပါရှင်၊ဒါပေမဲ့

မိသားစုအလုပ်တွေကိုပဲနေ့နေ့ညည လုပ်ကိုင်ပေးရင်း ရှင်သန်နေတဲ့အိမ်ရှင်မ အမျိုးသမီးတွေကို ကျမ အံ့သြမိပါတယ်။ အိမ်ရှင်မရဲ့ ပထမဦးစားပေးဟာ အတူနေမိဘရှိရင် မိဘ၊ မိဘမရှိရင် အိမ်ထောင်ဦးစီး ဖြစ်တဲ့ခင်ပွန်းပဲ ဖြစ်ကြ ပါတယ်။

ဒုတိယ ဦးစားပေးဟာ ပညာသင်ကြားနေဆဲ သားသမီးငယ်တွေ၊ တတိယ ဦးစားပေးဟာ အရွယ်ရောက်နေတဲ့ သားသမီးတွေ၊ပြီးတော့အိမ်မွေး တိရိစ္ဆာန်တွေ၊ ပြီးတော့ ဆွေမျိုးသားချင်းနဲ့ဧည့်သည်တွေ စသဖြင့်စီမံခန့်ခွဲရင်းသူ့အတွက်ဆိုတာ နောက်ဆုံးမှာ ထားရတာပါ။

အဲဒီလို ကိုယ့်ကိုယ်ကို မေ့ထားရတဲ့ ဘဝမျိုး လူတိုင်း လုပ်နိုင်ရဲ့လား။

“မင်း တို့ကို ရှာကျွေးနေတဲ့ငါ့ကိုတောင် မသထာဘူးလား” ဆိုတဲ့စကားမျိုး ခင်ပွန်းဆီက ဟင်းမကောင်းရင် ကြားရ တတ်ပါ တယ်။

“ အမေ…ကျနော့် အင်္ကျာီတွေ မလေ ျှာ်ရသေးဘူးလား” ဆိုတဲ့ စကား သားသမီးတွေဆီကလည်း ကြားရတတ်တယ်။

“ အမေကတော့လုပ်ချ လိုက်ပြီ၊ ထမင်း ချိုင့်ခုထိ အဆင်သင့် မဖြစ်သေးဘူး နောက်ကျတော့မှာ” ဆိုတဲ့စကား။အဲဒီလို လုပ်ပေးနေရင်းနဲ့အပြစ်တင် ခံရတဲ့အလုပ်မျိုးနဲ့ နေ့တိုင်း ရှင်သန်ရတဲ့ဘဝမျိုးမှာ လူတိုင်း နေနိုင်ရဲ့လား။

မင်းဘာသိလဲ၊ မင်း ဘာမှ မသိဘဲနဲ့… ဆိုတဲ့စကားနဲ့ နှိပ်ကွက်တတ်တဲ့ခင်ပွန်း၊

အမေ…သိတာလဲ မဟုတ်ဘဲနဲ့အဲဒီလို လုပ်လို့မရပါဘူးဆို…လို့ ဆိုတဲ့စကားနဲ့မလေးမစား ဆက်ဆံတတ်တဲ့သားသမီး၊ ကျမတို့ ချည်းပဲဆိုရင် အဆင်ပြေတယ်၊ ရှင့်အမေကြောင့် ခက်နေတာ…လို့

ဆိုတတ်တဲ့ ချွေးမရဲ့ မထီမဲ့မြင်ပြုမှု အဲဒီလို ဘဝနဲ့ရှင်သန်ရရင်တောင်မှ မိသားစုထမင်းဝိုင်းအတွက် စီမံလုပ်ကိုင်ပေးနေတဲ့ ဘဝမျိုးမှာ လူတိုင်းနေနိုင်ရဲ့လား။

အိမ်အကူနဲ့အတူတူ အလုပ်လုပ်ရင်း ခင်ပွန်း၊ သားသမီး၊ မြေးအဆုံး အိမ်မွေးတိရိစ္ထာန်ပါ မကျန်အောင် နေ့စဉ်နဲ့အမ ျှ စားဝတ်နေရေးသာမက၊ အိပ်ရာဝင်ပုံပြင်အဆုံး မျက်စိနှစ်လုံး ပိတ်အိပ်ရတဲ့အချိန်ထိ မိသားစုလိုအပ်တာ အရိပ်တကြည့်ကြည့် ဖြည့်ဆည်းပေးနေတဲ့ဘ၀ လူတိုင်းလုပ်နိုင်ရဲ့လား။

လက်ထဲ ရှိတဲ့ပိုက်ဆံနဲ့ မိသားစုတစ်လတာ အသုံးစရိတ်ကစ တစ်အိမ်လုံးရဲ့ ကျန်းမာရေးစရိတ်အဆုံး စီမံခန့်ခွဲပေးနေပေမဲ့ ငွေတွင်းနက်တယ်လို့အပြောခံရတဲ့အခါ၊ ပိုက်ဆံတွေ ကုန်ပြီလားလို့အမေးခံရတဲ့အခါ၊

ဘာတွေ သုံးလိုက်တာလဲ လို့ အကြည့်ခံရတဲ့အခါ မျက်ရည်ဝဲပြီး ပြောမပြတတ်တဲ့ဝေဒနာဆိုတာ အိမ်ရှင်မ အချင်းချင်းသာ သိကြရတယ်။ အဲဒီလို ဘဝမျိုး လူတိုင်းနေပျော်ရဲ့လား။

ပေးဆပ်နိုင်တဲ့၊ ပေးဆပ်ရဲ့တဲ့ နှလုံးသားမျိုးသာ မရှိဘူးဆိုရင် သူတို့ဟာ တစ်မိသားစုလုံးရဲ့အလုပ်တွေကို နေ့နေ့ညည၊ အလုပ်ချိန်သတ်မှတ်ချက် မရှိ၊နားရက်မရှိ၊ ကိုယ်ပိုင်ငွေ ရယ်လို့မရှိ၊

ကိုယ်ပိုင် အခွင့်အရေးဆိုတာ မိသားစုဝင်တွေရဲ့အရေးတွေအောက်မှာ အပျောက်ဆုံးခံပြီး ရှင်သန်နေရတဲ့ဘဝ၊ လူတိုင်း ရှင်သန်ကျေနပ် နိုင်ရဲ့လား။

အိမ်ရှင်မအလုပ်ကို လုပ်နေတဲ့ အမျိုးသမီးတိုင်းဟာ မိသားစုဝင်တွေအတွက် ကိုယ့်အတ္တ၊ ကိုယ်ပိုင်ဘဝနဲ့အနာဂတ်ကို ကိုယ့်ခင်ပွန်း၊ကိုယ့်သားသမီးနဲ့ကိုယ့်မြေးမြစ်တွေထိ မေတ္တာအခြေခံတဲ့စိတ်နဲ့ ပေးဆပ်နေတဲ့ မိန်းမတွေဟာ အိမ်ရှင်မပါ။

အလုပ်အကိုင် မှီခိုလို့သာ ဖြည့်ရပေမဲ့ တကယ်ပဲမှီခိုရသလား ဆိုတာ စဉ်းစားစရာပါ။

ကျမ အမြင်မှာတော့ မှီခိုလို့ ဆိုကြတဲ့ အိမ်ရှင်မတိုင်းဟာ၊ မှီခိုတော့ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုသာ တစ်အိမ်လုံးက မှီခိုနေကြရတာပါ။

ကိုယ်မလုပ်နိုင်တဲ့အလုပ်၊ ကိုယ့်အတွက် လိုအပ်တဲ့ အလုပ်တွေကို လုပ်ပေးနေသူတွေပါ။

အဲဒီထဲမှာ ကိုယ့်အမေ ပါရင် သူ့မေတ္တာနဲ့ပေးဆပ်မှုအတွက် လေးစားတန်ဖိုးထားပြီး ဆက်ဆံံပေးပါ။

အဲဒီထဲမှာ ကိုယ့်ဇနီးပါရင် သူ့မေတ္တာနဲ့ပေးဆပ်မှုအတွက် လေးစား တန်ဖိုး ထားပြီး ဆက်ဆံပေးပါ။ ကိုယ့်က သူတို့ကို မှီခိုနေရတယ်ဆိုတာ သူတို့မရှိမှပဲ သိရမဲ့အချိန်ကို စောင့်မနေ ပါနဲ့နော်။

ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန်း(မြစ်မခ)

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …