ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ - Amawpyay

ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ

ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ
Knowledge

ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ

ေဆးလိပ္ေသာက္ရင္ က်န္းမာေရးကို ထိခိုက္မယ္၊ အထူးသျဖင့္ အဆုတ္က်န္းမာေရးကို ဆိုးဆိုးဝါးဝါးထိခိုက္ေစမယ္ဆိုတာကိုေတာ့ ေဆးလိပ္ေသာက္တဲ့သူေတြကိုယ္တိုင္လည္း သိၾကပါတယ္။ ဒါေပမဲ့ မေကာင္းမွန္းသိလ်က္နဲ႔ကို မျဖတ္နိုင္ၾကတာပါ ။

မေရွာင္နိုင္ရင္၊ မကာကြယ္ နိုင္ရင္ေတာ့ ကုသရပါမယ္။ ဟုတ္ပါတယ္ က်ေနာ္တို႔ အေနနဲ႔ စားရင္းေသာက္ရင္းနဲ႔ပဲ အဆုတ္ကို ျပန္လည္သန႔္စင္ ကုသလို႔ ရပါတယ္။ အဆုတ္ကို သန႔္စင္ေပးတဲ့ ေနရာမွာ နာမည္ႀကီးလွတဲ့ စူပါအစားအစာ ၅ မ်ိဳးကို ေဖာ္ျပေပးသြာ းပါ့မယ္ေနာ္

(1) ၾကက္သြန္

ၾကက္သြန္ ဆိုရာမွာ အျဖဴ ႏွင့္ အနီ ႏွစ္မ်ိဳးစလုံး ပါဝင္ ပါတယ္ ။ ၾကက္သြန္က အဆုတ္ကို သန႔္စင္ေပးနိုင္တဲ့ အစြမ္းအာနိသင္ရွိပါတယ္ ။ အသက္ရႉ လမ္းေၾကာင္း မွာ ရွိေနတတ္တဲ့ ခၽြဲသလိပ္ ၊ အညစ္အေၾကးေတြကိုလည္း ဖယ္ ထုတ္ေပးနိုင္ၿပီး အဆုတ္ကိုလည္း က်န္းမာ သြက္လက္ ေစပါတယ္ ။

(2) င႐ုတ္သီး

ေန႔စဥ္ သင္စားေနတဲ့ အစားအေသာက္ ထဲမွာ င႐ုတ္သီးကို ထည့္စားေပးပါ ။င႐ုတ္သီး မွာပါဝင္တဲ့ ဓါတ္တစ္မ်ိဳးက အဆုတ္မွာ ကပ္ၿငိေနတတ္တဲ့ မေကာင္းအေသာ အခၽြဲအက်ိေတြကို ဖယ္ရွားေပးနိုင္ပါတယ္ ။

ထို႔အျပင္ င႐ုတ္သီးမွာ Carotene ႏွင့္ Vitamin C ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ အဆုတ္ကို က်န္းမာေစၿပီး ေရာဂါပိုးေတြ မဝင္နိုင္ေအာင္လည္း တားဆီး ေပးပါတယ္ ။

(3) ပန္းေဂၚဖီစိမ္း

Broccoli လို႔ေခၚတဲ့ ပန္းေဂၚဖီစိမ္းမွာ ပါဝင္တဲ့ Sulphoraphane ေခၚ compound တစ္မ်ိဳးဟာ ေသြးျဖဴဆဲလ္ေတြကို ေကာင္းမြန္ေစၿပီး အဆုတ္မွာ ရွိတတ္တဲ့ အႏၲရာယ္ရွိ ပိုးမႊားမ်ားနဲ႔ အျခား အပ်က္အစီးမ်ားကို ဖယ္ရွားေပးနိုင္ပါတယ္ ။

အဆုတ္ရဲ့ လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစၿပီး လူအမ်ားစုမွာ မၾကာခဏျဖစ္တတ္တဲ့ အဆုတ္နဲ႔ပတ္သတ္တဲ့ ေရာဂါပိုး ကူးစက္ျခင္းတို႔ကိုလည္း ေလ်ာ့နည္းေစပါတယ္ …။

(4) ဂ်င္း

ဂ်င္းက က်န္းမာေရးျပႆနာေတြ ေတာ္ေတာ္မ်ားမ်ားမွာ အသုံးဝင္တဲ့ အရာတစ္မ်ိဳးပါ ။ ဂ်င္းသည္လည္း အဆုတ္မွာတြယ္ကပ္ေနတတ္တဲ့ အခၽြဲအက်ိေတြကို ဖယ္ရွားေပးနိုင္ၿပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ႂကြက္သားေတြကိုလည္း က်န္းမာေစပါတယ္ ။

(5) သလဲသီး

ဓါတ္တိုးဆန႔္က်င္မႈေတြ ႂကြယ္ဝတဲ့ သလဲသီးဟာ အဆုတ္အတြက္ အထူးေကာင္းမြန္ၿပီး ကင္ဆာဆဲလ္ေတြကိုလည္း တိုက္ထုတ္ ေပးနိုင္ပါတယ္ ။

ေသြးလည္ပတ္မႈလည္း ေကာင္းမြန္ေစၿပီး အဆိပ္အေတာက္ေတြ ဖယ္ရွားဖို ႔အတြက္ကိုလည္း ကူညီေပးပါတယ္။ က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ သလဲသီး ကိုလည္း စားသုံးဖို႔ ၊ ေသာက္သုံးဖို႔အတြက္ တိုက္တြန္းခ်င္ပါတယ္ ။

ေျပာရမယ္ဆိုရင္ ေဆးလိပ္ေသာက္ တတ္သူေတြသာ မဟုတ္ပါဘူး ပတ္ဝန္းက်င္ ေလထုညစ္ညမ္းမႈကလည္း အဆုတ္က်န္းမာေရးကို ထိခိုက္ေစနိုင္ပါတယ္ ။ အဆုတ္က်န္းမာေရးကို ေဆးလိပ္ေသာက္သူေတြသာမကဘဲ ေန႔စဥ္ ပတ္ဝန္းက်င္မွာ ညစ္ညမ္းေနတဲ့ ေလထုကို ရႉသြင္း ရႉထုတ္လုပ္ရတဲ့ လူသားတိုင္း အေနနဲ႔လည္း ဂ႐ုစိုက္သင့္တဲ့ အရာပါ ။

ဒါေၾကာင့္ ေဆးလိပ္ေသာက္ တတ္ရင္ ဒီ အစားအစာ ၅ မ်ိဳးကိုေတာ့ မေရွာင္မလႊဲဘဲ စားျဖစ္ေအာင္ စားၾကဖို႔ တိုက္တြန္း လိုက္ရ ပါတယ္ ။ ကိုယ့္ ပတ္ဝန္းက်င္မွာ ေဆးလိပ္ေသာက္တတ္တဲ့ သူရွိရင္လည္း ေဝမၽွေပးလိုက္ပါဦးေနာ္ ။

Credit

Unicode

ဆေးလိပ်သောက်တက်ရင် မဖြစ်မနေ ဒီအစားစာ (၅) မျိုးစားပေးပါ

ဆေးလိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်မယ်၊ အထူးသဖြင့် အဆုတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေမယ်ဆိုတာကိုတော့ ဆေးလိပ်သောက်တဲ့သူတွေကိုယ်တိုင်လည်း သိကြပါတယ်။ ဒါပေမဲ့ မကောင်းမှန်းသိလျက်နဲ့ကို မဖြတ်နိုင်ကြတာပါ ။

မရှောင်နိုင်ရင်၊ မကာကွယ် နိုင်ရင်တော့ ကုသရပါမယ်။ ဟုတ်ပါတယ် ကျနော်တို့ အနေနဲ့ စားရင်းသောက်ရင်းနဲ့ပဲ အဆုတ်ကို ပြန်လည်သန့်စင် ကုသလို့ ရပါတယ်။ အဆုတ်ကို သန့်စင်ပေးတဲ့ နေရာမှာ နာမည်ကြီးလှတဲ့ စူပါအစားအစာ ၅ မျိုးကို ဖော်ပြပေးသွာ းပါ့မယ်နော်

(1) ကြက်သွန်

ကြက်သွန် ဆိုရာမှာ အဖြူ နှင့် အနီ နှစ်မျိုးစလုံး ပါဝင် ပါတယ် ။ ကြက်သွန်က အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ် ။ အသက်ရှူ လမ်းကြောင်း မှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊ အညစ်အကြေးတွေကိုလည်း ဖယ် ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာ သွက်လက် စေပါတယ် ။

(2) ငရုတ်သီး

နေ့စဉ် သင်စားနေတဲ့ အစားအသောက် ထဲမှာ ငရုတ်သီးကို ထည့်စားပေးပါ ။ငရုတ်သီး မှာပါဝင်တဲ့ ဓါတ်တစ်မျိုးက အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းအသော အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။

ထို့အပြင် ငရုတ်သီးမှာ Carotene နှင့် Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆုတ်ကို ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တားဆီး ပေးပါတယ် ။

(3) ပန်းဂေါ်ဖီစိမ်း

Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ Sulphoraphane ခေါ် compound တစ်မျိုးဟာ သွေးဖြူဆဲလ်တွေကို ကောင်းမွန်စေပြီး အဆုတ်မှာ ရှိတတ်တဲ့ အန္တရာယ်ရှိ ပိုးမွှားများနဲ့ အခြား အပျက်အစီးများကို ဖယ်ရှားပေးနိုင်ပါတယ် ။

အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ် …။

(4) ဂျင်း

ဂျင်းက ကျန်းမာရေးပြဿနာတွေ တော်တော်များများမှာ အသုံးဝင်တဲ့ အရာတစ်မျိုးပါ ။ ဂျင်းသည်လည်း အဆုတ်မှာတွယ်ကပ်နေတတ်တဲ့ အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ် ။

(5) သလဲသီး

ဓါတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝတဲ့ သလဲသီးဟာ အဆုတ်အတွက် အထူးကောင်းမွန်ပြီး ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ် ။

သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပြီး အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက်ကိုလည်း ကူညီပေးပါတယ်။ ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ သလဲသီး ကိုလည်း စားသုံးဖို့ ၊ သောက်သုံးဖို့အတွက် တိုက်တွန်းချင်ပါတယ် ။

ပြောရမယ်ဆိုရင် ဆေးလိပ်သောက် တတ်သူတွေသာ မဟုတ်ပါဘူး ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကလည်း အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ အဆုတ်ကျန်းမာရေးကို ဆေးလိပ်သောက်သူတွေသာမကဘဲ နေ့စဉ် ပတ်ဝန်းကျင်မှာ ညစ်ညမ်းနေတဲ့ လေထုကို ရှူသွင်း ရှူထုတ်လုပ်ရတဲ့ လူသားတိုင်း အနေနဲ့လည်း ဂရုစိုက်သင့်တဲ့ အရာပါ ။

ဒါကြောင့် ဆေးလိပ်သောက် တတ်ရင် ဒီ အစားအစာ ၅ မျိုးကိုတော့ မရှောင်မလွှဲဘဲ စားဖြစ်အောင် စားကြဖို့ တိုက်တွန်း လိုက်ရ ပါတယ် ။ ကိုယ့် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်တဲ့ သူရှိရင်လည်း ဝေမျှပေးလိုက်ပါဦးနော် ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …