မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္ - Amawpyay

မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္

မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္
Knowledge

မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္

အခ်ိဴ႕က ဘဝလက္တြဲေဖာ္ ရတတ္ေပမယ့္ အခ်ိဳ႕ကေတာ့ ကံဆိုးစြာ ဘဝေျခထိုးေဖာ္ ရတတ္ပါတယ္။

အိမ္ေထာင္ျပဳတယ္ ဆိုတာ အိတ္ပိတ္ ကံစမ္း ရသလိုပါပဲ။ အျပင္ပန္းကေတာ့ ေ႐ြးတာပဲ။ အထဲမွာ ပါခ်င္ရာ ပါတတ္တာ။ အခန႔္မသင့္ရင္ ဘယ္ေတာ့မွ မေပါက္မယ့္ ထီလက္မွတ္ေ ဟာင္းႀကီးနဲ႔ လက္ထပ္ ရသလို ျဖစ္ႏိုင္ေသးတယ္။

မ္ေထာင္ေရး သာယာေနရင္ေတာ့ အိမ္ေထာင္က်ရတာ သိပ္ေတာ့ မဆိုးရွာပါဘူး။ အိမ္ေထာင္ေရးမသာယာရင္ေတာ့ စိတ္ဆင္းရဲရတာနဲ႔ သက္တမ္းတိုမယ္။ ႐ုပ္အိုမယ္။

ေငြေၾကး အဆင္ေျပေနရင္ ခံသာေသး။ အိမ္ေထာင္ေရး အဆင္မေျပရ တဲ့ၾကား ေငြေၾကးပါ အဆင္ေျမ….ဒီၾကားထဲ အိမ္ေထာင္ေရး ပါေဖာက္ျပန္လာ ရင္ေတာ့ ဒုကၡနဲ ႔လွလွႀကီးေတြ႕ေတာ့ တာပါပဲ။

အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြ ဘဝ မလြယ္ပါဘူး။

အိမ္ေထာင္သည္ ျဖစ္လာလို႔ ကေလးမယူေသးရင္ ကေလးမရေအာင္ ေဆးထိုးေဆးစား လုပ္ရပါလိမ့္မယ္။ေဆးနဲ႔မတည့္သူဆို အသားေတြ မြဲလာမယ္။ အသားေတြ ပြလာမယ္။ အဆီေတြ တက္လာမယ္။ ဒါမွမဟုတ္ မတရား ပိန္လာမယ္။ ဗိုက္ေခါက္ေတြ ထြက္လာမယ္။

ကိုယ္ဝန္ေဆာင္ၿပီး ကေလးေမြးၿပီး ျပန္ေတာ့လည္း ဗိုက္က ခ်က္ခ်င္း ပိန္မ သြားပါဘူး။ ပူစီေပါင္း ေလေလွ်ာ့လိုက္သလို အသားေတြ တြဲလာမယ္။ အေၾကာျပတ္ ရာေတြနဲ႔ လွခ်င္တိုင္း လွလာႏိုင္ေတာ့မွ ာမဟုတ္ပါ။

ကေလးမ်ား ရလာေတာ့ ပိုေျခခ်ဳပ္ မိပါၿပီ။ ညည ကေလးကငို၊ ေသးကစို အိပ္ေရးကပ်က္ ကိုယ္ခ်င္းစာတရားရွိတဲ့ ေယာက္်ားဆို ေတာ္ေသး။ မဟုတ္ရင္ေတာ့ လူ႐ုပ္ေတာင္ ေပၚမွာ မဟုတ္ဘူး။

မိန္းမျဖစ္ရဘဝ မလြယ္ပါဘူး။ လူမဆန္ ကိုယ္ခ်င္းစာတရား အသိတရား မရွိတဲ့ တခ်ိဳ႕ေယာက်္ားေတြ ယူခါစတုန္းကလို မလွမပျဖစ္ေနတဲ့မိန္းမေတြကို စိတ္ကုန္တယ္ ေလနဲ႔ျဖစ္ရ ျပန္တယ္။

ရွာတဲ့ပိုက္ဆံက ႏွစ္ပဲေျခာက္ျပားနဲ႔ အိမ္က မိန္းမကို စိတ္ကုန္ရ တယ္ေျပာ ထြက္ရဲေသး

ေပးလိုက္ေလ…ပိုက္ဆံမ်ားမ်ား တစ္ကိုယ္လုံး ေပါင္းအထပ္ထပ္ တင္ခိုင္းလိုက္…ဆံပင္ကစလို႔ ေျခမေျခသည္းခြံထိပိုက္ဆံေပးရင္ လွေအာင္ျပင္ လို႔ရတယ္…

ညီညီေမာင္(စမ္းေခ်ာင္း)ကေနကြင္းသုသုလို ႂကြႂကြ႐ြ႐ြ ျဖစ္ႏိုင္ တဲ့ေခတ္မွာ ကိုယ့္မိန္းမကိုယ္ ေငြပုံေပးၿပီးအလွျပင္ခိုင္းလိုက္ေလ…

တစ္ခ်ိဳ႕ေယာက္်ားေတြ ကိုယ္တိုင္က အသုံးမက်ဘဲ ကိုယ့္မိန္းမ မလွႏိုင္တာကို အျပစ္တင္ေနတတတ္ၾကတယ္

မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္…

မိန္းမေတြမ်ားစုက အိမ္ေထာင္က် ကေလးေတြရလာၿပီဆိုရင္ သူတို႔စိတ္နဲ႔ ခႏၶာက လင္ေယာက်္ားနဲ႔သားသမီးအတြက္ပဲ အစစရာရာ ဦးစားေပး စဥ္းစား တတ္ၾကတယ္ သူ႔တို႔အတြက္ကို သူတို႔ အခ်ိန္ေပးဖို႔ေမ့သြားတတ္ၾကတယ္။

သူတို႔ကိုယ္သူတို႔ အရင္ကလို လွလွပပ မေနေတာ့ပဲ ဖိုတီဖတ္သပ္ ျဖစ္ေနရျခင္းက သူတို႔ရဲ႕ရင္ေသြးေလေတြအတြက္ ပိုက္ဆံေတြစုၿပီး ေကာင္းေကာင္း ျပဳစု ပ်ိဳးေထာင္ႏိုင္ဖို႔ အတြက္ပါ။

ကိုယ့္အတြက္ ဘဝတစ္ခုလုံ းပုံအပ္ ထားတဲ့ မိန္းမကို အလွတစ္ခုထဲကို ၾကည့္ၿပီး စိတ္ပ်က္စရာလို႔ျမင္ရင္…..အခ်ိန္ကိုၾကည့္…..အ႐ြယ္ကိုၾကည့္……ေတြးရေျပာရ ထိန္းခ်ဳပ္ ရတဲ့ အရာေတြ ကိုၾကည့္ေလ..

၁၈ႏွစ္နဲ႔၃၈ႏွစ္ မတူႏိုင္သလို ၁၈ႏွစ္အေတြးနဲ ႔၃၈ႏွစ္အေတြး ကြာဟမယ္ေလ…အိမ္ေထာင္ရွင္ဇနီးတာဝန္ဝတၱရားေတြႀကီးလာေလ သူတို႔ရဲ႕႐ုပ္ခႏၶာကိုယ္ေတ ပ် က္စီးယိုယြင္း လာေလပါပဲ။

လူပဲဘာသားနဲ႔ထုထားတာမို႔လဲ အေသြးသားနဲ႔တည္ေဆာက္ထားတာေလေနာ္။ယူထားတုန္းကေတာ့ ဆယ္ေက်ာ္သက္/ႏွစ္ဆယ္ေက်ာ္ေလး ငယ္ရွိန္နဲ႔လွပႏုပ်ိဳခ်ိန္…အဲဒီလိုႏုပ်ိဴျမစ္ျခင္းေတြစားသုံးၿပီး….အ႐ြယ္ေတြက်လာ သားသမီးေတြေမြးေပး

ကိုယ့္လက္ထဲ ေရာက္လာမွ အခ်ိန္ၾကာလာတာနဲ႔ အမွ်အရင္ကလို မလွမပျဖစ္လာတာ ကိုယ့္ပေရာဂေၾကာင့္လားဆိုတာလည္းထည့္ စဥ္းစား တတ္ရ ပါမယ္။

ကိုယ္ယူထားတဲ့ ဇနီးမယား အေပၚ ဘယ္ေလာက္ တာဝန္ ေက်ခဲ့လဲ…..အပ်ိဳဘဝမွာ ေနခ်င္သလိုေန စားခ်င္သလိုစား လွလွပပျဖစ္ေနတဲ့ မိန္းမတစ္ေယာက္ အခုသူမ ဘာေၾကာင့္ မလွမပျဖစ္ေနရလဲ…. သူမလွပေအာင္ သင္ဘယ္ေလာက္ ပံ့ပိုးေပးႏို င္ခဲ့လဲ

သူမအရင္ကလို မလွပႏိုင္ေတာ့တာ ဘာေၾကာင့္လဲ ..အရင္ကအရမ္း စိတ္သေဘာ ထားေကာင္းတဲ့မိန္းမ တစ္ေယာက္က အခုမွ စိတ္မၾကည္မ႐ႊင္ စိတ္ဆိုး စိတ္ေကာက္ျဖစ္ေနရတာ သင္ကိုယ္တိုင္ မိသားစုအေပၚ တာဝန္ေက်ခဲ့ရဲ႕လား အိမ္ေထာင္ရွင္အမ်ိဳးသားမ်ား တရားမွ်တစြာ ေတြးတတ္ၾကပါေစ။

သင္ယူထားတဲ့မိန္းမ သင့္အတြက္ အခ်ိန္မေပးေတာ့ပဲ ကိုယ့္ဟာကိုယ္ အခ်ိန္ျပန္ေပးတဲ့ အခ်ိန္ၾကရင္ အရင္ကထက္ အဆတစ္ရာ ျပန္လွလ ာႏိုင္တ ယ္ဆိုတာ သင္မေမ့ပါနဲ႔…..

Credit း ✍️

Myanmar Ma Lay

ေလးစားလွ်က္ _ျပန္လည္မွ်ေဝပါသည္

Photo Crd

Unicode

မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး… အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိတယ်

အချိူ့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော် ရတတ်ပါတယ်။

အိမ်ထောင်ပြုတယ် ဆိုတာ အိတ်ပိတ် ကံစမ်း ရသလိုပါပဲ။ အပြင်ပန်းကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာ ပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ေ ဟာင်းကြီးနဲ့ လက်ထပ် ရသလို ဖြစ်နိုင်သေးတယ်။

မ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေးမသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။

ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရ တဲ့ကြား ငွေကြေးပါ အဆင်မြေ….ဒီကြားထဲ အိမ်ထောင်ရေး ပါဖောက်ပြန်လာ ရင်တော့ ဒုက္ခနဲ့လှလှကြီးတွေ့တော့ တာပါပဲ။

အိမ်ထောင်ရှင် အမျိုးသမီးတွေ ဘဝ မလွယ်ပါဘူး။

အိမ်ထောင်သည် ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရပါလိမ့်မယ်။ဆေးနဲ့မတည့်သူဆို အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။ ဗိုက်ခေါက်တွေ ထွက်လာမယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး ပြန်တော့လည်း ဗိုက်က ချက်ချင်း ပိန်မ သွားပါဘူး။ ပူစီပေါင်း လေလျှော့လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ် ရာတွေနဲ့ လှချင်တိုင်း လှလာနိုင်တော့မှ ာမဟုတ်ပါ။

ကလေးများ ရလာတော့ ပိုခြေချုပ် မိပါပြီ။ ညည ကလေးကငို၊ သေးကစို အိပ်ရေးကပျက် ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားဆို တော်သေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး။

မိန်းမဖြစ်ရဘဝ မလွယ်ပါဘူး။ လူမဆန် ကိုယ်ချင်းစာတရား အသိတရား မရှိတဲ့ တချို့ယောကျ်ားတွေ ယူခါစတုန်းကလို မလှမပဖြစ်နေတဲ့မိန်းမတွေကို စိတ်ကုန်တယ် လေနဲ့ဖြစ်ရ ပြန်တယ်။

ရှာတဲ့ပိုက်ဆံက နှစ်ပဲခြောက်ပြားနဲ့ အိမ်က မိန်းမကို စိတ်ကုန်ရ တယ်ပြော ထွက်ရဲသေး

ပေးလိုက်လေ…ပိုက်ဆံများများ တစ်ကိုယ်လုံး ပေါင်းအထပ်ထပ် တင်ခိုင်းလိုက်…ဆံပင်ကစလို့ ခြေမခြေသည်းခွံထိပိုက်ဆံပေးရင် လှအောင်ပြင် လို့ရတယ်…

ညီညီမောင်(စမ်းချောင်း)ကနေကွင်းသုသုလို ကြွကြွရွရွ ဖြစ်နိုင် တဲ့ခေတ်မှာ ကိုယ့်မိန်းမကိုယ် ငွေပုံပေးပြီးအလှပြင်ခိုင်းလိုက်လေ…

တစ်ချို့ယောက်ျားတွေ ကိုယ်တိုင်က အသုံးမကျဘဲ ကိုယ့်မိန်းမ မလှနိုင်တာကို အပြစ်တင်နေတတတ်ကြတယ်

မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး… အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိတယ်…

မိန်းမတွေများစုက အိမ်ထောင်ကျ ကလေးတွေရလာပြီဆိုရင် သူတို့စိတ်နဲ့ ခန္ဓာက လင်ယောကျ်ားနဲ့သားသမီးအတွက်ပဲ အစစရာရာ ဦးစားပေး စဉ်းစား တတ်ကြတယ် သူ့တို့အတွက်ကို သူတို့ အချိန်ပေးဖို့မေ့သွားတတ်ကြတယ်။

သူတို့ကိုယ်သူတို့ အရင်ကလို လှလှပပ မနေတော့ပဲ ဖိုတီဖတ်သပ် ဖြစ်နေရခြင်းက သူတို့ရဲ့ရင်သွေးလေတွေအတွက် ပိုက်ဆံတွေစုပြီး ကောင်းကောင်း ပြုစု ပျိုးထောင်နိုင်ဖို့ အတွက်ပါ။

ကိုယ့်အတွက် ဘဝတစ်ခုလုံ းပုံအပ် ထားတဲ့ မိန်းမကို အလှတစ်ခုထဲကို ကြည့်ပြီး စိတ်ပျက်စရာလို့မြင်ရင်…..အချိန်ကိုကြည့်…..အရွယ်ကိုကြည့်……တွေးရပြောရ ထိန်းချုပ် ရတဲ့ အရာတွေ ကိုကြည့်လေ..

၁၈နှစ်နဲ့၃၈နှစ် မတူနိုင်သလို ၁၈နှစ်အတွေးနဲ့၃၈နှစ်အတွေး ကွာဟမယ်လေ…အိမ်ထောင်ရှင်ဇနီးတာဝန်ဝတ္တရားတွေကြီးလာလေ သူတို့ရဲ့ရုပ်ခန္ဓာကိုယ်တေ ပျ က်စီးယိုယွင်း လာလေပါပဲ။

လူပဲဘာသားနဲ့ထုထားတာမို့လဲ အသွေးသားနဲ့တည်ဆောက်ထားတာလေနော်။ယူထားတုန်းကတော့ ဆယ်ကျော်သက်/နှစ်ဆယ်ကျော်လေး ငယ်ရှိန်နဲ့လှပနုပျိုချိန်…အဲဒီလိုနုပျိူမြစ်ခြင်းတွေစားသုံးပြီး….အရွယ်တွေကျလာ သားသမီးတွေမွေးပေး

ကိုယ့်လက်ထဲ ရောက်လာမှ အချိန်ကြာလာတာနဲ့ အမျှအရင်ကလို မလှမပဖြစ်လာတာ ကိုယ့်ပရောဂကြောင့်လားဆိုတာလည်းထည့် စဉ်းစား တတ်ရ ပါမယ်။

ကိုယ်ယူထားတဲ့ ဇနီးမယား အပေါ် ဘယ်လောက် တာဝန် ကျေခဲ့လဲ…..အပျိုဘဝမှာ နေချင်သလိုနေ စားချင်သလိုစား လှလှပပဖြစ်နေတဲ့ မိန်းမတစ်ယောက် အခုသူမ ဘာကြောင့် မလှမပဖြစ်နေရလဲ…. သူမလှပအောင် သင်ဘယ်လောက် ပံ့ပိုးပေးနို င်ခဲ့လဲ

သူမအရင်ကလို မလှပနိုင်တော့တာ ဘာကြောင့်လဲ ..အရင်ကအရမ်း စိတ်သဘော ထားကောင်းတဲ့မိန်းမ တစ်ယောက်က အခုမှ စိတ်မကြည်မရွှင် စိတ်ဆိုး စိတ်ကောက်ဖြစ်နေရတာ သင်ကိုယ်တိုင် မိသားစုအပေါ် တာဝန်ကျေခဲ့ရဲ့လား အိမ်ထောင်ရှင်အမျိုးသားများ တရားမျှတစွာ တွေးတတ်ကြပါစေ။

သင်ယူထားတဲ့မိန်းမ သင့်အတွက် အချိန်မပေးတော့ပဲ ကိုယ့်ဟာကိုယ် အချိန်ပြန်ပေးတဲ့ အချိန်ကြရင် အရင်ကထက် အဆတစ်ရာ ပြန်လှလ ာနိုင်တ ယ်ဆိုတာ သင်မမေ့ပါနဲ့…..

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …