
အခုေခတ္ ေက်ာင္းသား/သူမ်ားအတြက္ ဆရာမတစ္ဦးရဲ့ ထိေရာက္တဲ့ ပညာေပး သင္ခန္းစာ
“သၪၨာဝင့္ေက်ာ္က လွလို႔ျပတာပဲ ဘာျဖစ္လဲ ဆရာမရယ္” “ဆဲတာ သူမ်ား ပစၥည္း ခိုးတာမွ မဟုတ္တာ မရွက္ပါဘူး ဆရာမ” ယေန႔ ကြၽန္မရဲ႕ပညာဒါနက ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ထဲက အေျခခံပညာ အထက္တန္းေက်ာင္းတစ္ေက်ာင္းမွာပါ။ ဆယ္တန္းေက်ာင္းသားေတြကို Physics ပုစာၦ တြက္ျပေနစဥ္မွာ ေနာက္ဘက္တန္း နားက
” ငါ …မသား”လို႔ ပစ္ပစ္ႏွစ္ႏွစ္ ဆဲလိုက္တဲ့ အသံကို ၾကားမိ တယ္။ ျဖတ္ကနဲ လွည့္အၾကည့္ ေက်ာင္းသားခ်င္း စေနာက္ရင္း ဆဲလိုက္တာ ပါတဲ့။ “သားရယ္ မဆဲရဘူး. ဆဲတယ္ ဆိုတာ မိမိ ကိုယ္တိုင္ အတြက္သာမက မိဘေရာ ဆရာကိုပါ သိကၡာ က်ေစ တယ္။ ရွ က္ပါကြယ္”
လို႔ေျပာေတာ့ “မရွက္ပါဘူး ဆရာမရယ္… ဆဲတာ သူမ်ားပစၥည္းခိုးတာမွမဟုတ္ပဲ”တဲ့ “ဟင္… မင္းေျပာပုံက သၪၨာဝင့္ေက်ာ္လိုပါလား “လို႔ ေျပာ လိုက္မိေတာ့ မိန္းကေလး တန္းဘက္က ေက်ာင္းသူ တစ္ေယာက္က “ဆရာမကလဲ သၪၨာက လွလို႔ ျပတာပဲ အႏုပညာေလ”တဲ့။
“NO NO ဒါအႏုပညာ မဟုတ္ပါ။ အႏူမေတာင္ ဒါမ်ိဳး မျပပါဘူးကြယ္”လို႔ ျပန္ေျပာမိေတာ့ “အႏူမက လွမွမလွပဲတဲ.”ေလ။ ကြၽန္မ နားေတြေခါင္းေတြပူတဲ့ အထိ စိတ္ထဲ ေထာင္းခံစား လိုက္ရတယ္ ။
“ေကာင္းၿပီ … အခုေျပာေနတဲ့ သမီးေလးက ၁၆ႏွစ္. သၪၨာဝင့္ေက်ာ္က ၃၀ေက်ာ္ေနျပ သမီးက သူ႔ထက္ ပိုလွတယ္။ သိပ္ကို လွပါတယ္ သမီး။ လာပါ။ ဆရာမေဘး ကိုလာပါ။ လွလို ႔ျပတာပဲ ဆို လာျပပါ”လို႔… ကြၽန္မ သူမမ်က္လုံးကို ေသခ်ာ စိုက္ၾကည့္ၿပီး လွမ္းေခၚ လိုက္တယ္ ။
တစ္တန္းလုံး အပ္က် သံၾကား ရေလာက္ေအာင္ တိတ္ဆိတ္ သြားပါ တယ္။ “လာပါ… ဒီတစ္တန္းလုံးက ေက်ာင္းသူေတြ အကုန္လွ ၾကပါတယ္ ။ လာပါ ။ ျပခ်င္ သလား? ျပရဲ သလား?” ဆိုေတာ့ ရင္ဖုံး အက်ီ္ အၤျဖဴေလးေတြေပၚ လက္ကေလးေတြ ယွက္လို႔ “မျပခ်င္ပါ မျပရဲပါ ဆရာမ”တဲ့။
“မွတ္ထား ေလာကပါလတရားႏွစ္ပါးဆိုတာသိသလား” ဆိုေတာ့ “မသိပါ”တဲ့။”ဟီရိ ၾသတပၸ””မေကာင္းမႈျပဳလုပ္ရန္ ရွက္ျခင္ းေၾကာက္ျခင္း”လို႔ “အသိ စိတ္မ်ားေလ လူ႔အဆင့္အတန္း ျမင့္ေလ။ ”
“ေလာကပါလ တရားကို လိုက္နာေလ မိမိနဲ ႔မိမိဝန္းက်င္ တိုးတက္ေလ။” “ေခြးသားေပါက္ ေလးေတြကို ႏိုူ႔တိုက္ေနတဲ. ေခြးမိခင္ဟာ ႏို႔ႀကီးရွစ္လုံး ဘတ္လတ္ ျပဴးေနေပမယ့္ အဝတ္ဝတ္ ရေကာင္းရယ္ လို႔ သိလည္းမသိ ဝန္းက်င္ ကလည္း ေခြးကို အဝတ္ဝတ္ ထားရမယ္ ပတ္ဝန္းက်င္က သတ္လည္ းမသတ္မွတ္။
သူက တိရစာၦန္level.” “လူျဖစ္ ပါလွ်က္ လွလို႔ျပတာပါ ဆိုၿပီး ဖုံးကြယ္ သင့္တဲ့ အရာေတြကို ျပသေနတာ အႏုပညာမဟုတ္ အရွက္မဲ့တာ”လို႔။ သူတို႔ေလးေတြ အားလုံး အေတြး ကိုယ္စီနဲ ႔က်န္ခဲ့ ၾကတယ္။
အတန္းထဲက အထြက္ ကြၽန္မ ေက်ာင္း႐ုံးခန္းကိုဝင္ၿပီး ေက်ာင္းအုပ္ ဆရာမႀကီးကို အေၾကာင္း စုံေျပာျပလိုက္မိတယ္။
ကိုယ္က်င့္သီလ စာရိတၱကို အထူးျမႇင့္တင္ဖို႔.… ေက်ာင္းသူေက်ာင္းသားေလးေတြရဲ႕ အသိေတြကို အဆုံးအမေတြနဲ႔ ေျပာင္းလဲေပးႏိုင္ဖို႔… ကြၽန္မတို႔ ေဟာေျပာပြဲတစ္ပြဲ လုပ္ျဖစ္ေတာ့ မယ္ရွင့္။ယေန႔ …ရင္ေမာသည္။ မ်က္ရည္ဝဲ သည္။ အိမ္ေရာက္ေတာ့ ကြၽန္မ ငိုမိသည္ ။
ေအးသႏၲာထက္
ေမတၱာလကၤာပညာေရးပရဟိတအသင္း
ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
ယူနီကုတ္
အခုခေတ် ကျောင်းသား/သူများအတွက် ဆရာမတစ်ဦးရဲ့ ထိရောက်တဲ့ ပညာပေး သင်ခန်းစာ
“သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ ဘာဖြစ်လဲ ဆရာမရယ်” “ဆဲတာ သူများ ပစ္စည်း ခိုးတာမှ မဟုတ်တာ မရှက်ပါဘူး ဆရာမ” ယနေ့ ကျွန်မရဲ့ပညာဒါနက ကြည့်မြင်တိုင် မြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှာပါ။ ဆယ်တန်းကျောင်းသားတွေကို Physics ပုစ္ဆာ တွက်ပြနေစဉ်မှာ နောက်ဘက်တန်း နားက
” ငါ …မသား”လို့ ပစ်ပစ်နှစ်နှစ် ဆဲလိုက်တဲ့ အသံကို ကြားမိ တယ်။ ဖြတ်ကနဲ လှည့်အကြည့် ကျောင်းသားချင်း စနောက်ရင်း ဆဲလိုက်တာ ပါတဲ့။ “သားရယ် မဆဲရဘူး. ဆဲတယ် ဆိုတာ မိမိ ကိုယ်တိုင် အတွက်သာမက မိဘရော ဆရာကိုပါ သိက္ခာ ကျစေ တယ်။ ရှ က်ပါကွယ်”
လို့ပြောတော့ “မရှက်ပါဘူး ဆရာမရယ်… ဆဲတာ သူများပစ္စည်းခိုးတာမှမဟုတ်ပဲ”တဲ့ “ဟင်… မင်းပြောပုံက သဉ္ဇာဝင့်ကျော်လိုပါလား “လို့ ပြော လိုက်မိတော့ မိန်းကလေး တန်းဘက်က ကျောင်းသူ တစ်ယောက်က “ဆရာမကလဲ သဉ္ဇာက လှလို့ ပြတာပဲ အနုပညာလေ”တဲ့။
“NO NO ဒါအနုပညာ မဟုတ်ပါ။ အနူမတောင် ဒါမျိုး မပြပါဘူးကွယ်”လို့ ပြန်ပြောမိတော့ “အနူမက လှမှမလှပဲတဲ.”လေ။ ကျွန်မ နားတွေခေါင်းတွေပူတဲ့ အထိ စိတ်ထဲ ထောင်းခံစား လိုက်ရတယ် ။
“ကောင်းပြီ … အခုပြောနေတဲ့ သမီးလေးက ၁၆နှစ်. သဉ္ဇာဝင့်ကျော်က ၃၀ကျော်နေပြ သမီးက သူ့ထက် ပိုလှတယ်။ သိပ်ကို လှပါတယ် သမီး။ လာပါ။ ဆရာမဘေး ကိုလာပါ။ လှလို့ပြတာပဲ ဆို လာပြပါ”လို့… ကျွန်မ သူမမျက်လုံးကို သေချာ စိုက်ကြည့်ပြီး လှမ်းခေါ် လိုက်တယ် ။
တစ်တန်းလုံး အပ်ကျ သံကြား ရလောက်အောင် တိတ်ဆိတ် သွားပါ တယ်။ “လာပါ… ဒီတစ်တန်းလုံးက ကျောင်းသူတွေ အကုန်လှ ကြပါတယ် ။ လာပါ ။ ပြချင် သလား? ပြရဲ သလား?” ဆိုတော့ ရင်ဖုံး အကျီ် င်္အဖြူလေးတွေပေါ် လက်ကလေးတွေ ယှက်လို့ “မပြချင်ပါ မပြရဲပါ ဆရာမ”တဲ့။
“မှတ်ထား လောကပါလတရားနှစ်ပါးဆိုတာသိသလား” ဆိုတော့ “မသိပါ”တဲ့။”ဟီရိ သြတပ္ပ””မကောင်းမှုပြုလုပ်ရန် ရှက်ခြင် းကြောက်ခြင်း”လို့ “အသိ စိတ်များလေ လူ့အဆင့်အတန်း မြင့်လေ။ ”
“လောကပါလ တရားကို လိုက်နာလေ မိမိနဲ့မိမိဝန်းကျင် တိုးတက်လေ။” “ခွေးသားပေါက် လေးတွေကို နိုူ့တိုက်နေတဲ. ခွေးမိခင်ဟာ နို့ကြီးရှစ်လုံး ဘတ်လတ် ပြူးနေပေမယ့် အဝတ်ဝတ် ရကောင်းရယ် လို့ သိလည်းမသိ ဝန်းကျင် ကလည်း ခွေးကို အဝတ်ဝတ် ထားရမယ် ပတ်ဝန်းကျင်က သတ်လည် းမသတ်မှတ်။
သူက တိရစ္ဆာန်level.” “လူဖြစ် ပါလျှက် လှလို့ပြတာပါ ဆိုပြီး ဖုံးကွယ် သင့်တဲ့ အရာတွေကို ပြသနေတာ အနုပညာမဟုတ် အရှက်မဲ့တာ”လို့။ သူတို့လေးတွေ အားလုံး အတွေး ကိုယ်စီနဲ့ကျန်ခဲ့ ကြတယ်။
အတန်းထဲက အထွက် ကျွန်မ ကျောင်းရုံးခန်းကိုဝင်ပြီး ကျောင်းအုပ် ဆရာမကြီးကို အကြောင်း စုံပြောပြလိုက်မိတယ်။
ကိုယ်ကျင့်သီလ စာရိတ္တကို အထူးမြှင့်တင်ဖို့.… ကျောင်းသူကျောင်းသားလေးတွေရဲ့ အသိတွေကို အဆုံးအမတွေနဲ့ ပြောင်းလဲပေးနိုင်ဖို့… ကျွန်မတို့ ဟောပြောပွဲတစ်ပွဲ လုပ်ဖြစ်တော့ မယ်ရှင့်။ယနေ့ …ရင်မောသည်။ မျက်ရည်ဝဲ သည်။ အိမ်ရောက်တော့ ကျွန်မ ငိုမိသည် ။
အေးသန္တာထက်
မေတ္တာလင်္ကာပညာရေးပရဟိတအသင်း
လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
No Comments