အရစ်ကြမ်း၊အချစ်ကြမ်းသလို ၊အချစ်လဲ ခံချင်လွန်းကြတဲ့ အိုသွေးလေးများ အကြောင်း - Amawpyay
အရစ်ကြမ်း၊အချစ်ကြမ်းသလို ၊အချစ်လဲ ခံချင်လွန်းကြတဲ့ အိုသွေးလေးများ အကြောင်း
အရစ်ကြမ်း၊အချစ်ကြမ်းသလို ၊အချစ်လဲ ခံချင်လွန်းကြတဲ့ အိုသွေးလေးများ အကြောင်း
Knowledge
အရစ်ကြမ်း၊အချစ်ကြမ်းသလို ၊အချစ်လဲ ခံချင်လွန်းကြတဲ့ အိုသွေးလေးများ အကြောင်း
ခရက်ဒစ်
ယူနီကုတ်
အရစ်ကြမ်း၊အချစ်ကြမ်းသလို ၊အချစ်လဲ ခံံချင်လွန်းကြတဲ့ အိုသွေးလေးများ အကြောင်း
အချစ်ကြမ်းသလို အရစ်ကြမ်းတာ အို သွေး
O သွေးတွေကို ဆူတာ ဟောက်တာ သွားမလုပ်နဲ့ အသေတင် းတာ။ O သွေးတွေက ဒေါသထွက်လာရင် အသားတွေ တစပ်စပ်တုန် ပြီး ဘီလူးတွေထက် ကြောက်စရာ ကောင်းတယ်။ O သွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ် သီချင်းလေးတွေရယ် ရှိရင် ok တယ်။
အခန်းထဲ လှိမ့်အိပ်နေတာ။ O သွေးလား အစွဲအလန်း အသေကြီးတယ် ဒေါသလဲ အရမ်းကြီးတယ် မဟုတ်မခံစိတ် ရှုးရှုးဒိုင်းဒိုင်း ဒေါသပြေမှ ငါပြောတာ လွန်သွားလား ဆိုပြီး အားနာတဲ့ အမျိုး။
O သွေးတွေများ အရမ်း သနားတတ်တယ်။ သနားအောင် သွားမပြောနဲ့ သူတို့နဲ့ ထပ်တူ ခံစားပြီး ဝမ်းနည်းနေရော။ သူ့တို့ရဲ့ အားနည်းချက်က မျက်နှာကျော တင်းတယ် စကားပြော ရင့်တယ် ထင်ရပေမဲ့ တကယ်ပေါင်းကြည့် ငပေါလေးတွေ ဆိုတာ ခင်တဲ့ လူတွေပဲ သိတယ်။
သူတို့မှာ သူငယ်ချင်း များများ စားစားလဲ မရှိဘူး။ သူငယ်ချင်း ရှားတယ်။ ရှိတဲ့ သူငယ်ချင်း အပေါ်လဲ အနစ်နာခံ ပေါင်းတယ်။
O သွေးလေးတွေက အချစ်လည်း ခံချင် ကြတယ်။ ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ။ အချစ်ကြီးတဲ့ O သွေးနား တော်ရုံသူ မကပ် နိုင်ကြဘူး။ သူတို့က အရစ်ကြမ်း တယ်။ ဂျပန်မူလီတောင် အရူံးပေးရမယ်။
သူတို့တွေ ချစ်မိပြီးတဲ့ လူက သူတို့အပေါ် ရက်စက်နေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ နားလည် ခွင့်လွှတ်ပြီး ချစ်တတ်သလို သူတို့ စိတ်ပျက်သွားတဲ့ လူဟာလည်း ဘယ်လောက် ရင်းနှီးပြီး အသက်မက ချစ်နေပါစေ ဘယ်တုန်းကမှ မသိခဲ့တဲ့ လူတွေလို လုပ်ပြစ်ပြီး ပြတ်သားလွန်းကြတယ် သတိထားပါ။
O သွေးတွေက စာနာတတ်တယ် ကူညီတတ်တယ် စိတ်ထားလေးလည် လှတယ်။ သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့ ပျော်မွေ့တတ်ပြီး သီးချင်းဆို ကခုန်တာတွေကို ဝါသနာ ပါကြတာများတယ်။
အများစုက ကမ်းခြေ သွားရတာနှစ်သက်တယ် သူတို့ကို သွားမပြိုင်နဲ့ သင်ပဲ မောသွားမယ် သင့်ကို ဖုတ်လေတဲ့ ငပိရှိတဲ့လို့တောင်ထင်မှာမဟုတ်ဘူး။
သူတို့က စိတ်ထဲရှိသလို နေတာများကြတယ်။ ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိသလို ဘယ်သူ့ကိုမှမလဲ မပြိုင်ဆိုင်တတ်ကြဘူး။ အေးအေးဆေးဆေး နေတတ်ကြတယ်။
အိုသွေး ပိုင်ရှင်များရဲ့ စရိုက် သဘာဝက ထူးခြားပါတယ်… အိုသွေး ပိုင်ရှင် များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်
ကြည့်ရှုစောင့်ရှောက် တတ်ပီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများ ဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်…
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ် လုပ်ငန်းခွင်ကို ရောက်ပြီ ဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့
အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပီ ဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပီ ဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့
အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသိလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့ ရလဒ်ကိုဘဲ ဦးစားပေး သူများလို့လည်း ဆိုနိုင်ပါသတဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်
ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့ ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများ ဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်
ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့ သူများ ဖြစ်ပါတယ်တဲ့ ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်
ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ် အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေး တွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့
အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူး တဲ့
လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့
ဆက်ဆံတတ် ကြပါသတဲ့ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်
အိုသွေး ပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့ တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း
စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့ ဒါပေမယ့် အားလုံး ပီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ
အိုသွေး ပိုင်ရှင်တွေနဲ့ လိုက်ဖက်မယ့်သူတွေကတော့
အို – အေ (၁၀၀%)
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …