
ရႊတိဂုံေစတီေတာ္၏ အထက္ပစၥယံတြင္္ တည္ရွိသည္႔႔ ဆြမ္္းဦးကပ္မရေသာ ပတၱျမားမ်က္ရွွင္ဘုရား
ဆြြမ္းမဦးေသာ ပတၱျမားမ်က္ရွွင္ဘုရား.
ေရႊတိဂုံ ေစတီေတာ္၏ အထက္ပစၥယံတြင္္ ပတၱျမား မ်က္ရွင္ ဘုရား ရွိပါသည္ ။ တခ်ိဳ႕ကလည္္း တဝဂူ ဆုေတာင္းျပည့္ေစတီဟုု ေခၚၾက ပါသည္ ။
ဤဘုရားသည္ အမ်ိဳးသားမ်ားသာ တက္ေရာက္ ဖူးေမၽွာ္ခြင့္ ရပါသည္ ။ အမ်ိဳးသမီးမ်ား တက္ေရာက္ ဖူးေမၽွာ္ခြင့္ မရနို္င္ေသာ ဘုရားဟု ဆိုလၽွင္ မွားမည္ မဟုတ္ပါ။
တဝဂူ ဆုေတာင္းျပည့္ ဘုရားဟု ေခၚဆိုထိုိက္ ေလာက္ေအာင္ပင္ အလြန္ ဆုေတာင္းျပည့္လြန္း သျဖင့္ လူတိုင္း အလြယ္တကူ မေတြ႕ျမင္နိုင္ေအာင္ လူသူအေရာက္အေပါက္ နည္းပါး သည့္
အထက္ပစၥယံံ ေနရာတြင္္ လၽွို႔ဝွက္ၿပီး တည္ထားခဲ့ သည္ဟု ေျပာစမွတ္ ျပဳၾက သည္။
ေရွးယခင္ ဘုရင္မ်ား လက္ထက္က ေရႊတိဂုံသည္ မြန္တိုိင္းဌာေနတြင္ တည္ရွိေသာေၾကာင့္ မြန္ဘုရင္မ်ား အဆက္ဆက္တြင္ နန္းရပ္ထီးျဖဴ လုယူမွုမ်ား ရွိိၾက ကုန္၏။
ထိုိပုုန္ကန္ျခားနား နန္းလုပြဲမ်ား မွာလည္း မ်ားေသာအားျဖင့္ ေအာင္ျမင္ ၾကသည္သာ မ်ားေလ၏ ။
အေၾကာင္းရင္းကို ရွာေသာ္္မြြန္ မင္းသားငယ္မ်ားသည္ နန္းလုပြဲ ေအာင္ျမင္ရန္ ထူးဆန္းေသာ အစီအရင္မ်ားျဖင့္ အထက္ပစၥယံမွွပတၱျမားမ်က္ရွင္ဘုရား အထံေတာ္၌ သစၥာျပဳကာ တိုိင္တည္ ဆုေတာင္းၾကေ လကုန္၏ ။
ထိုိေသာအခါ အစီအရင္တိုင္း ေအာင္ျမင္ ေလကုန္၏ ။ ထိုအေၾကာင္းကို သိေလေသာ အခါ ဘုရင့္အမိန္႔ျဖင့္ ပတၱျမားမ်က္ရွွင္ဘုရားေပၚသိုိ႔ နန္းတြင္းမွ
မင္းညီမင္းသားမ်ာ းအား တက္ေရာက္ ဖူးေမၽွာ္ခြင့္ကို ပိိတ္ပင္ လိုက္ေလ၏ ။ ဤမၽွ ဆုေတာင္းျပည့္ ေလ၏ ။
ပတၱျမား မ်က္ရွင္ ဘုရား၏ အံ့ဖြယ္ျဖစ္ရပ္္ တစ္ခုုမွာကား ဆြမ္းမဦးျခင္း ျဖစ္ေလ၏ ။ ျမန္မာနိူိင္ငံ အရပ္ရပ္က ဘုရားမ်ားတြင္လည္း ဆြမ္းမဦးေသာ ဘုရားမ်ား ရွိၾက ပါ၏ ။
ပတၱျမားမ်က္ရွွင္ဘုုရား ဆြမ္းမဦး ပုံကိုိ သုုေတသီျမင့္ထြန္း၏ ေရႊတိဂုံေစတီမွ အံဖြယ္မ်ား စာအုုပ္မွာ ဤသို ႔ေရးထားေလ၏ ။
ကၽြန္ု္ပ္သည္ လြန္ခဲ့ေသာ အႏွစ္ ၂၀ ေက်ာ္က ရန္ကုန္ၿမိဳ႕ေန ဓမၼမိတ္ေဆြႀကီး ဦးကိုကိုေလးႏွင့္္ ေရႊတိဂုံေစတီေတာ္ႀကီးမွ ထူးျခားဖြယ္မ်ားကိုိ စကားစပ္မိိ ၾကေလ၏ ။
ဦးကိုိကိုေလးက ( ေရႊတိဂုံေစတီ အထက္္ ပစၥယံံမွာရွိတဲ့ ပတၱျမားမ်က္ရွင္ဘုရားနဲ႔ ပက္သက္လို႔ ကိုိယ္ေတြ႕တစ္ခု ရွိတယ္ဗ် ။ )
( တခ်ိိန္က အဂၤလိပ္လက္ထက္္ ကၽြန္ေတာ္က စိန္ဂၽြန္းေက်ာင္းမွာ ၉ တန္္းေက်ာင္းသားေပါ့ဗ်ာ… ကၽြန္ေတာ္တို႔ စိိန္ဂၽြန္းေက်ာင္းသားေတြဟာ တန္ေဆာင္မုန္း
လျပည့္ေန႔တိုိင္း ေရႊတိဂုံ ရင္ျပင္ေတာ္ ရာဟုေထာင့္ သံတန္ေဆာင္း အတြင္းက ဘုရားႀကီးမွာ ဆြမ္းေတာ္တင္ေလ့ ရွိပါတယ္။
ဒီီေနရာမွာ ကၽြန္ေတာ္ငယ္ငယ္ကတည္းက မိိဘမ်ားနဲ႔ ေရွးလူႀကီးသူမမ်ား ေျပာစကားအရ ေရႊတိိဂုံေစတီ ပတၱျမားမ်က္ရွင္ဘုရား ဆြမ္းဦးတယ္္ ဆိုတဲ့ စကားၾကား ဖူးေနေတာ့
ကၽြန္ေတာ္တိုိ႔ စိန္ဂၽြန္းေက်ာင္းသားေတြဟာ သူငယ္ခ်င္းတစ္စု တိုင္ပင္ၿပီး ပတၱျမားမ်က္ရွင္္ တဝဂူ ဆုေတာင္းျပည့္ဘုရားကို ဆြမ္းဦးေအာင္္
ကပ္ၾကမယ္လိုိ႔ စီစဥ္ကာ ခ်က္ျပဳတ္ဖို႔ ေလမီးဖိုနဲ႔ ဆြမ္းဆန္စိိမ္း သစ္သီးဝလံ မုန္႔မ်ား ယူၿပီး တစ္ညလုံး မအိပ္ဘဲ ေရႊတိဂုံကုန္းေတာ္မွာ ေစာင့္ခဲ့ၾကတယ္။ )
ဒါနဲ႔ ဘယ္လိုျဖစ္သလည္းဗ်ာ ။
( အင္း…ညဥ့္နက္ေက်ာ္လာလို႔ မနက္ ၃နာရီမွာ ေလမီးဖိုနဲ႔ ဆြမ္းထခ်က္ၿပီး သစ္သီးဝလံေတြ ခြဲစိိတ္ ေရေဆးၿပီး နံံနက္အ႐ုဏ္မတက္ခင္ ၄ နာရီမထိုးခင္ ပတၱျမား မ်က္ရွင္ဘုရားကို သူငယ္ခ်င္း တစ္စုနဲ႔ ဦးဦးဖ်ားဖ်ား ဆြမ္းတက္ ကပ္ၾကပါတယ္ ။)
ဦးကိုကိုေလးက ဆက္ၿပီး
( အဲဒီတုန္းက အထက္ပစၥယံကိုိ ခုုလို လြယ္လြယ္ကူကူ တက္နိူင္ဖို႔ ေလွခါးမရွိေသးဘူး ၊ ဘုရားရဲ့ ပစၥယံေတြကေန တြယ္ၿပီးတက္မွ အထက္ပစၥယံကို္ ေရာက္နိူင္ ပါတယ္။
ကၽြန္ေတာ္တို႔ သူငယ္ခ်င္း တစ္စုလည္း ဆြမ္းဦးခ်င္တဲ့ စိိတ္နဲ႔ တြယ္တက္ၿပီး ဆြမ္းတက္ကပ္ေတာ့ လားလားကၽြန္ေတာ္တို႔ထက္္ ဦးၿပီး ဆြမ္းကပ္ သြားၿပီးၿပီ ဗ် ။ )
ဘယ္လို ျဖစ္ရတာ တုန္းဗ်။
ဦးကိုကိုေလးက….
( ဟုတ္တယ္ဗ်…ကၽြန္ေတာ္တို႔ ကပ္တဲ့ ဆြမ္းက ေႂကြြပန္းကန္ျပားနဲ႔ဗ် ။ ကၽြန္ေတာ္တို႔ထက္ ဦးၿပီး ကပ္သြားတဲ့ ဆြမ္းက ငွက္ေပ်ာဖက္ကို
ကန္္ေတာ့ထိုးၿပီး ဆြမ္းခ်ည္းသက္သက္္ အေငြ႕တေထာင္းေထာင္းနဲ႔ ဘယ္လိုိ ပုဂၢိဳိလ္မ်ိဳးက တက္ၿပီး ကပ္သြားသလည္းေတာ့ မေျပာတတ္ေတာ့ပါဘူး ။
အထက္ပစၥယံံ တစ္ဝိုက္မွာ ရွာၾကည့္ေတာ့လည္း တစ္စုံတစ္ေယာက္မွ မေတြ႕ရဘူး မဆန္းေပ ဘူးလားဗ်ာ ။)
( ဤကား သုေတသီျမင့္ထြန္း၏ ေရႊတိဂုံေစတီမွ အံ့ဖြယ္ျဖစ္ရပ္ မ်ား စာအုပ္မွ ကိုးကား ပါသည္ ။)
ေရႊတိိဂုံေစတီမွ အထက္ပစၥယံရွိ ပတၱျမားမ်က္ရွင္ တဝဂူ ဆုေတာင္းျပည့္ ဘုရားႏွင့္ ပတ္သက္၍ ကံအေၾကာင္းတရား အပ္စပ္၍ အမ်ိဳးမ်ိဳးေသာ ဆန္းၾကယ္မွု မ်ားကို ကို္ယ္ေတြ႕ၾကဳံဖူး သူမ်ား ရွိၾကမည္ ျဖစ္ပါသည္ ။
ဤ စာစုအား ဖတ္ၿပီးၾကေသာ အမ်ိဳးေကာင္းသား အေပါင္းတို႔ိ၏ ကိုယ္ေတြ႕ထူးျခားျဖစ္စဥ္ မ်ားကိုိ ေအာက္မွာ ေႏွာင္းလူမ်ား သိရွိိ အံဩၾကေစရန္ ဓမၼဒါန အျဖစ္ ေရးသားေပးၾက ပါရန္ ေတာင္းဆို လိုက္ရ ပါသည္ ။
ၾကည္ညိဳဖြယ္ရာေစတီပုထိုးမ်ား
Unicode
ရွှတိဂုံစေတီတော်၏ အထက်ပစ္စယံတွင် တည်ရှိသည့့် ဆွမ်းဦးကပ်မရသော ပတ္တမြားမျက်ရှင်ဘုရား
ဆွမ်းမဦးသော ပတ္တမြားမျက်ရှင်ဘုရား.
ရွှေတိဂုံ စေတီတော်၏ အထက်ပစ္စယံတွင် ပတ္တမြား မျက်ရှင် ဘုရား ရှိပါသည် ။ တချို့ကလည်း တဝဂူ ဆုတောင်းပြည့်စေတီဟု ခေါ်ကြ ပါသည် ။
ဤဘုရားသည် အမျိုးသားများသာ တက်ရောက် ဖူးမျှော်ခွင့် ရပါသည် ။ အမျိုးသမီးများ တက်ရောက် ဖူးမျှော်ခွင့် မရနိုင်သော ဘုရားဟု ဆိုလျှင် မှားမည် မဟုတ်ပါ။
တဝဂူ ဆုတောင်းပြည့် ဘုရားဟု ခေါ်ဆိုထိုက် လောက်အောင်ပင် အလွန် ဆုတောင်းပြည့်လွန်း သဖြင့် လူတိုင်း အလွယ်တကူ မတွေ့မြင်နိုင်အောင် လူသူအရောက်အပေါက် နည်းပါး သည့်
အထက်ပစ္စယံံ နေရာတွင် လျှို့ဝှက်ပြီး တည်ထားခဲ့ သည်ဟု ပြောစမှတ် ပြုကြ သည်။
ရှေးယခင် ဘုရင်များ လက်ထက်က ရွှေတိဂုံသည် မွန်တိုင်းဌာနေတွင် တည်ရှိသောကြောင့် မွန်ဘုရင်များ အဆက်ဆက်တွင် နန်းရပ်ထီးဖြူ လုယူမှုများ ရှိကြ ကုန်၏။
ထိုပုန်ကန်ခြားနား နန်းလုပွဲများ မှာလည်း များသောအားဖြင့် အောင်မြင် ကြသည်သာ များလေ၏ ။
အကြောင်းရင်းကို ရှာသော်မွန် မင်းသားငယ်များသည် နန်းလုပွဲ အောင်မြင်ရန် ထူးဆန်းသော အစီအရင်များဖြင့် အထက်ပစ္စယံမှပတ္တမြားမျက်ရှင်ဘုရား အထံတော်၌ သစ္စာပြုကာ တိုင်တည် ဆုတောင်းကြေ လကုန်၏ ။
ထိုသောအခါ အစီအရင်တိုင်း အောင်မြင် လေကုန်၏ ။ ထိုအကြောင်းကို သိလေသော အခါ ဘုရင့်အမိန့်ဖြင့် ပတ္တမြားမျက်ရှင်ဘုရားပေါ်သို့ နန်းတွင်းမှ
မင်းညီမင်းသားမျာ းအား တက်ရောက် ဖူးမျှော်ခွင့်ကို ပိတ်ပင် လိုက်လေ၏ ။ ဤမျှ ဆုတောင်းပြည့် လေ၏ ။
ပတ္တမြား မျက်ရှင် ဘုရား၏ အံ့ဖွယ်ဖြစ်ရပ် တစ်ခုမှာကား ဆွမ်းမဦးခြင်း ဖြစ်လေ၏ ။ မြန်မာနိူင်ငံ အရပ်ရပ်က ဘုရားများတွင်လည်း ဆွမ်းမဦးသော ဘုရားများ ရှိကြ ပါ၏ ။
ပတ္တမြားမျက်ရှင်ဘုရား ဆွမ်းမဦး ပုံကို သုတေသီမြင့်ထွန်း၏ ရွှေတိဂုံစေတီမှ အံဖွယ်များ စာအုပ်မှာ ဤသို့ရေးထားလေ၏ ။
ကျွန်ု်ပ်သည် လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရန်ကုန်မြို့နေ ဓမ္မမိတ်ဆွေကြီး ဦးကိုကိုလေးနှင့် ရွှေတိဂုံစေတီတော်ကြီးမှ ထူးခြားဖွယ်များကို စကားစပ်မိ ကြလေ၏ ။
ဦးကိုကိုလေးက ( ရွှေတိဂုံစေတီ အထက် ပစ္စယံံမှာရှိတဲ့ ပတ္တမြားမျက်ရှင်ဘုရားနဲ့ ပက်သက်လို့ ကိုယ်တွေ့တစ်ခု ရှိတယ်ဗျ ။ )
( တချိန်က အင်္ဂလိပ်လက်ထက် ကျွန်တော်က စိန်ဂျွန်းကျောင်းမှာ ၉ တန်းကျောင်းသားပေါ့ဗျာ… ကျွန်တော်တို့ စိန်ဂျွန်းကျောင်းသားတွေဟာ တန်ဆောင်မုန်း
လပြည့်နေ့တိုင်း ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်း အတွင်းက ဘုရားကြီးမှာ ဆွမ်းတော်တင်လေ့ ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်ငယ်ငယ်ကတည်းက မိဘများနဲ့ ရှေးလူကြီးသူမများ ပြောစကားအရ ရွှေတိဂုံစေတီ ပတ္တမြားမျက်ရှင်ဘုရား ဆွမ်းဦးတယ် ဆိုတဲ့ စကားကြား ဖူးနေတော့
ကျွန်တော်တို့ စိန်ဂျွန်းကျောင်းသားတွေဟာ သူငယ်ချင်းတစ်စု တိုင်ပင်ပြီး ပတ္တမြားမျက်ရှင် တဝဂူ ဆုတောင်းပြည့်ဘုရားကို ဆွမ်းဦးအောင်
ကပ်ကြမယ်လို့ စီစဉ်ကာ ချက်ပြုတ်ဖို့ လေမီးဖိုနဲ့ ဆွမ်းဆန်စိမ်း သစ်သီးဝလံ မုန့်များ ယူပြီး တစ်ညလုံး မအိပ်ဘဲ ရွှေတိဂုံကုန်းတော်မှာ စောင့်ခဲ့ကြတယ်။ )
ဒါနဲ့ ဘယ်လိုဖြစ်သလည်းဗျာ ။
( အင်း…ညဉ့်နက်ကျော်လာလို့ မနက် ၃နာရီမှာ လေမီးဖိုနဲ့ ဆွမ်းထချက်ပြီး သစ်သီးဝလံတွေ ခွဲစိတ် ရေဆေးပြီး နံံနက်အရုဏ်မတက်ခင် ၄ နာရီမထိုးခင် ပတ္တမြား မျက်ရှင်ဘုရားကို သူငယ်ချင်း တစ်စုနဲ့ ဦးဦးဖျားဖျား ဆွမ်းတက် ကပ်ကြပါတယ် ။)
ဦးကိုကိုလေးက ဆက်ပြီး
( အဲဒီတုန်းက အထက်ပစ္စယံကို ခုလို လွယ်လွယ်ကူကူ တက်နိူင်ဖို့ လှေခါးမရှိသေးဘူး ၊ ဘုရားရဲ့ ပစ္စယံတွေကနေ တွယ်ပြီးတက်မှ အထက်ပစ္စယံကို ရောက်နိူင် ပါတယ်။
ကျွန်တော်တို့ သူငယ်ချင်း တစ်စုလည်း ဆွမ်းဦးချင်တဲ့ စိတ်နဲ့ တွယ်တက်ပြီး ဆွမ်းတက်ကပ်တော့ လားလားကျွန်တော်တို့ထက် ဦးပြီး ဆွမ်းကပ် သွားပြီးပြီ ဗျ ။ )
ဘယ်လို ဖြစ်ရတာ တုန်းဗျ။
ဦးကိုကိုလေးက….
( ဟုတ်တယ်ဗျ…ကျွန်တော်တို့ ကပ်တဲ့ ဆွမ်းက ကြွေပန်းကန်ပြားနဲ့ဗျ ။ ကျွန်တော်တို့ထက် ဦးပြီး ကပ်သွားတဲ့ ဆွမ်းက ငှက်ပျောဖက်ကို
ကန်တော့ထိုးပြီး ဆွမ်းချည်းသက်သက် အငွေ့တထောင်းထောင်းနဲ့ ဘယ်လို ပုဂ္ဂိုလ်မျိုးက တက်ပြီး ကပ်သွားသလည်းတော့ မပြောတတ်တော့ပါဘူး ။
အထက်ပစ္စယံံ တစ်ဝိုက်မှာ ရှာကြည့်တော့လည်း တစ်စုံတစ်ယောက်မှ မတွေ့ရဘူး မဆန်းပေ ဘူးလားဗျာ ။)
( ဤကား သုတေသီမြင့်ထွန်း၏ ရွှေတိဂုံစေတီမှ အံ့ဖွယ်ဖြစ်ရပ် များ စာအုပ်မှ ကိုးကား ပါသည် ။)
ရွှေတိဂုံစေတီမှ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် တဝဂူ ဆုတောင်းပြည့် ဘုရားနှင့် ပတ်သက်၍ ကံအကြောင်းတရား အပ်စပ်၍ အမျိုးမျိုးသော ဆန်းကြယ်မှု များကို ကိုယ်တွေ့ကြုံဖူး သူများ ရှိကြမည် ဖြစ်ပါသည် ။
ဤ စာစုအား ဖတ်ပြီးကြသော အမျိုးကောင်းသား အပေါင်းတို့ိ၏ ကိုယ်တွေ့ထူးခြားဖြစ်စဉ် များကို အောက်မှာ နှောင်းလူများ သိရှိ အံဩကြစေရန် ဓမ္မဒါန အဖြစ် ရေးသားပေးကြ ပါရန် တောင်းဆို လိုက်ရ ပါသည် ။
ကြည်ညိုဖွယ်ရာစေတီပုထိုးများ
No Comments