
သင္သေဘာက်ေနတဲ့ေကာင္ေလးကို စြဲေဆာင္ႏိုင္မယ့္နည္းလမ္းမ်ား
မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ တစ္ေယာက္ေယာက္ကို တိတ္တိတ္ေလးခ်စ္ေနတတ္ေပမယ့္ ဘယ္လိုဆြဲေဆာင္ ရမလဲ ဆိုတာ မသိၾကပါဘူး။
တကယ္လို႔သင္ဟာ ဒီလိုမိန္းကေလးမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီစာေလးက သင့္အတြက္ အသုံးဝင္မွာပါ။
(၁) ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိပါ
ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ မိန္းကေလးဟာ ဆြဲေဆာင္မႈအရွိဆုံးပါပဲ။ ဒါဟာ ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားက ေျပာေနၾကလို႔ သူတို႔ဆီက တစ္ဆင့္ ျပန္ေျပာျပတာပါ။
႐ြက္ၾကမ္းေရႀကိဳ ႐ုပ္ေလာက္ရွိၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကို အဆိုးပဲျမင္ေနတဲ့ စူပါေမာ္ဒယ္တစ္ေယာက္ထက္ သာပါတယ္။
ဒါေၾကာင့္ ေယာက်ာ္းေလးတစ္ေယာက္ကို ဆြဲေဆာင္ဖို႔ အေရးႀကီးဆုံး ပထမအခ်က္က ကိုယ့္ကိုယ္ကို ယုံၾကည္ဖို႔ပါပဲ။
(၂) အရမ္းမတြယ္ကပ္ပါနဲ႔
သူ႔အခ်စ္ကိုရဖို႔၊ သူ႔အေလးေပးမႈကိုရဖို႔ သူ႔ကို အရမ္းမတြယ္ကပ္ပါနဲ႔။ လုံးဝလည္း ေအာက္မက်ိဳ႕ပါနဲ႔။ လူတစ္ေယာက္က သူခ်စ္တဲ့ သူကို အသည္းအသန္ေႂကြၿပီး အရမ္းတြယ္ကပ္ေနရင္ စိတ္ဝင္စားစရာမေကာင္းေတာ့ပဲ သူတို႔ကို ၿငီးေငြ႕သြားေစပါတယ္။
(၃) သူတို႔ကို အသည္းအသန္မလိုက္ပါနဲ႔
ဒါအေရးႀကီးတဲ့ အခ်က္ျဖစ္တယ္။ သူတို႔နဲ႔ ဆက္သြယ္ႏိုင္ဖို႔ အသည္းအသန္ ဖုန္းနံပါတ္ေတာင္းတာေတြ၊ အသည္းအသန္ Add ခိုင္းတာေတြ မလုပ္ပါနဲ႔။
ေယာက်္ားေလးေတြဟာ လိုက္ဖို႔ အရမ္းခက္ပါတယ္။ လိုက္လို႔လည္းမရပါဘူး။ သူတို႔ရဲ႕ ပင္ကိုယ္အရ သားေကာင္မဟုတ္ပဲ မုဆိုးျဖစ္ေနလို႔ပါ။
ဆိုလိုတာက သူမ်ားမိန္းကေလးေတြလို အတင္းအဖ်င္းေတြ၊ အပုပ္ခ်တဲ့ စကားေတြ လိုက္ေျပာ လိုက္နားေထာင္ ေနမယ့္အစား စာအုပ္တစ္အုပ္ကို ဖတ္ဖို႔ ဒါမွမဟုတ္ ပညာရပ္တစ္ခုခုကို သင္ယူဖို႔ အခ်ိန္ေပးလိုက္ပါ။
စာအုပ္မ်ားမ်ားဖတ္တဲ့ မိန္းကေလးဟာ သို႔မဟုတ္ ပညာရပ္တစ္ခုခုကို အားထုတ္ေလ့လာတဲ့ မိန္းကေလးဟာ အသိပညာ ႂကြယ္ဝတဲ့အျပင္ အတြင္းစိတ္ကပါ ျပည့္ဝတာေၾကာင့္ စိတ္ဝင္စားစရာေကာင္းၿပီး ေယာက်္ားေလးတစ္ေယာက္ကို ပိုဆြဲေဆာင္ႏိုင္ပါတယ္။
(၅) စစ္မွန္ေနပါေစ
ေယာက်္ားေလးေတြဟာ အၿပဳံးတု ဒါမွမဟုတ္ ဟန္ေဆာင္ေနတာ တစ္ခုခုကို ခ်က္ခ်င္းရိပ္မိႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ ဟန္မေဆာင္ပါနဲ႔။ အရွိကိုအရွိအတိုင္း အစကတည္းက ထုတ္ျပလိုက္ပါ။
ေနာက္က်ရင္လည္း သင့္ရဲ႕ အစစ္အမွန္က ေပၚလာမယ့္အတူေတာ့ အစကတည္းက ႐ိုး႐ိုးသားသားေလးထုတ္ျပလိုက္ပါ။ သင့္ဘဝအေၾကာင္း၊ သင့္ရဲ႕ပင္ကိုယ္စ႐ိုက္ စတာေတြကိုပါ။
(၆) ေပ်ာ္ေပ်္ာေနပါ
ေပ်္ာေပ်ာ္ေနတတ္တဲ့ မိန္းကေလးေတြဟာ ဆြဲေဆာင္မႈအရွိဆုံးပါ။ ဒါေၾကာင့္ အရာအားလုံးကို အေကာင္းျမင္ၿပီး ေပ်ာ္ေပ်္ာေနပါ။ ေပါ့ေပါ့ပါးပါးၿပဳံးၿပီး သင့္ရဲ႕ အေပ်ာ္ေတြကို ကူးစက္ေစပါ။
ေယာက်္ားေလးေတြဟာ သူတို႔ကို ေပ်ာ္ေအာင္ လုပ္ေပးႏိုင္ၿပီး အရာရာမွာ အေကာင္းျမင္စိတ္ရွိတဲ့ မိန္းကေလးမ်ိဳးကို လိုခ်င္ၾကတာျဖစ္ပါတယ္။
Credit: Auntymay
Unicode
သင်သဘောကျနေတဲ့ကောင်လေးကို စွဲဆောင်နိုင်မယ့်နည်းလမ်းများ
မိန်းကလေးတော်တော်များများဟာ တစ်ယောက်ယောက်ကို တိတ်တိတ်လေးချစ်နေတတ်ပေမယ့် ဘယ်လိုဆွဲဆောင် ရမလဲ ဆိုတာ မသိကြပါဘူး။
တကယ်လို့သင်ဟာ ဒီလိုမိန်းကလေးမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒီစာလေးက သင့်အတွက် အသုံးဝင်မှာပါ။
(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲ။ ဒါဟာ ယောကျ်ားလေးတော်တော်များများက ပြောနေကြလို့ သူတို့ဆီက တစ်ဆင့် ပြန်ပြောပြတာပါ။
ရွက်ကြမ်းရေကြို ရုပ်လောက်ရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အဆိုးပဲမြင်နေတဲ့ စူပါမော်ဒယ်တစ်ယောက်ထက် သာပါတယ်။
ဒါကြောင့် ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ အရေးကြီးဆုံး ပထမအချက်က ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ပါပဲ။
(၂) အရမ်းမတွယ်ကပ်ပါနဲ့
သူ့အချစ်ကိုရဖို့၊ သူ့အလေးပေးမှုကိုရဖို့ သူ့ကို အရမ်းမတွယ်ကပ်ပါနဲ့။ လုံးဝလည်း အောက်မကျို့ပါနဲ့။ လူတစ်ယောက်က သူချစ်တဲ့ သူကို အသည်းအသန်ကြွေပြီး အရမ်းတွယ်ကပ်နေရင် စိတ်ဝင်စားစရာမကောင်းတော့ပဲ သူတို့ကို ငြီးငွေ့သွားစေပါတယ်။
(၃) သူတို့ကို အသည်းအသန်မလိုက်ပါနဲ့
ဒါအရေးကြီးတဲ့ အချက်ဖြစ်တယ်။ သူတို့နဲ့ ဆက်သွယ်နိုင်ဖို့ အသည်းအသန် ဖုန်းနံပါတ်တောင်းတာတွေ၊ အသည်းအသန် Add ခိုင်းတာတွေ မလုပ်ပါနဲ့။
ယောကျ်ားလေးတွေဟာ လိုက်ဖို့ အရမ်းခက်ပါတယ်။ လိုက်လို့လည်းမရပါဘူး။ သူတို့ရဲ့ ပင်ကိုယ်အရ သားကောင်မဟုတ်ပဲ မုဆိုးဖြစ်နေလို့ပါ။
ဆိုလိုတာက သူများမိန်းကလေးတွေလို အတင်းအဖျင်းတွေ၊ အပုပ်ချတဲ့ စကားတွေ လိုက်ပြော လိုက်နားထောင် နေမယ့်အစား စာအုပ်တစ်အုပ်ကို ဖတ်ဖို့ ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို သင်ယူဖို့ အချိန်ပေးလိုက်ပါ။
စာအုပ်များများဖတ်တဲ့ မိန်းကလေးဟာ သို့မဟုတ် ပညာရပ်တစ်ခုခုကို အားထုတ်လေ့လာတဲ့ မိန်းကလေးဟာ အသိပညာ ကြွယ်ဝတဲ့အပြင် အတွင်းစိတ်ကပါ ပြည့်ဝတာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ယောကျ်ားလေးတစ်ယောက်ကို ပိုဆွဲဆောင်နိုင်ပါတယ်။
(၅) စစ်မှန်နေပါစေ
ယောကျ်ားလေးတွေဟာ အပြုံးတု ဒါမှမဟုတ် ဟန်ဆောင်နေတာ တစ်ခုခုကို ချက်ချင်းရိပ်မိနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဟန်မဆောင်ပါနဲ့။ အရှိကိုအရှိအတိုင်း အစကတည်းက ထုတ်ပြလိုက်ပါ။
နောက်ကျရင်လည်း သင့်ရဲ့ အစစ်အမှန်က ပေါ်လာမယ့်အတူတော့ အစကတည်းက ရိုးရိုးသားသားလေးထုတ်ပြလိုက်ပါ။ သင့်ဘဝအကြောင်း၊ သင့်ရဲ့ပင်ကိုယ်စရိုက် စတာတွေကိုပါ။
(၆) ပျော်ပျေ်ာနေပါ
ပျေ်ာပျော်နေတတ်တဲ့ မိန်းကလေးတွေဟာ ဆွဲဆောင်မှုအရှိဆုံးပါ။ ဒါကြောင့် အရာအားလုံးကို အကောင်းမြင်ပြီး ပျော်ပျေ်ာနေပါ။ ပေါ့ပေါ့ပါးပါးပြုံးပြီး သင့်ရဲ့ အပျော်တွေကို ကူးစက်စေပါ။
ယောကျ်ားလေးတွေဟာ သူတို့ကို ပျော်အောင် လုပ်ပေးနိုင်ပြီး အရာရာမှာ အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတာဖြစ်ပါတယ်။
No Comments