အမှန်တရားကို လက်ခံပါ
ကျန်းမာအောင်နေပါ
Credit
Unicode
ကိုယ်စိတ်ကို ပျော်ရွှင်အောင် ထားနိုင်မယ့် ကောင်းမွန်သော နည်းလမ်း (၇) မျိုး
ကိုယ့်ရဲ့ပျော်ရွှင်မှု ဆိုတာလည်း ကိုယ်ကိုယ်တိုင်နဲ့ ပဲ ဆိုင်ပါတယ်။ လူတိုင်းကတော့ ပျော်ပျော်နေချင်ကြတာပါပဲ။ ပျော်စရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားမှပျော်ရွှင်ရတာ မဟုတ်ပါဘူး။
ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ထားတတ်ရင်လည်းပျော်ရွှင် ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ထားနုင်မယ့် ကောင်းမွန်သော နည်းလမ်း(၇)မျိုးကို မျှဝေပေး လိုက်ပါတယ်။
အမှန်တရားကို လက်ခံပါ
တစ်ခါတစ်လေမှာ လူတွေက ဖြစ်နေတဲ့ အမှန်တရားကို လက်မခံနိုင်ပဲ ပူလောင်နေတတ်ကြတယ်။ ကိုယ်ရထားတဲ့ လက်ရှိ အခြေအနေကို လက်မခံနိုင်ဖြစ်ပြီး ဒါကိုပဲ မကျေမနပ် တွေဖြစ်၊ စိတ်ဆင်းရဲနေရင် ကိုယ်ပဲ ပူလောင်နေရမှာပါ။
ဒီတော့ လက်ရှိအခြေအနေကို လက်ခံပြီါ် စိတ်ပျော်အောင်နေပါ။ မကျေနပ်ရင် ပိုကောင်းအောင် ကြိုးစားပြီး ကိုယ်လိုချင်တဲ့ အနေအထားထိ ရောက်လာအောင် လုပ်ဖို့ ကိုယ့်တာဝန် ပါပဲ။
ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ
တစ်ခုခုဖြစ်ရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတိနိုင်ဖြစ်ပြီး စိတ်တိုနေတာမျိုး၊ ကိုယ့်ကိုယ်ကို အပြစ်ပေးတာမျိုး မလုပ်ပါနဲ့။ မှားနေရင် ပြန်ပြင်လို့ရပါတယ်။ ဒိတော့ ပျော်ပျော်နေချင်ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
ကိုယ်ကိုယ်ကိုချစ်ပါ ၊ မမုန်းတီးပါနဲ့
တခြားသူထက် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ ကိုယ့်အတွက် အမြဲတမ်း အကောင်းဆုံးတွေ ဖြစ်အောင် ကြိုးစားနေတိုင်ပါ။
ကိုယ်ံကိုယ်ကို ဘယ်လိုစိတ်ချမ်းသာအောင်၊ ပျော်အောင်ထားရမလဲသာ စဉ်းစားပါ၊ ကိုယ့်ကိုယ်ကို မုန်းတီနေရင် ဘယ်တော့မှ စိတ်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။
ကျန်းမာအောင်နေပါ
ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ကျန်းမာနေမှ ဖြစ်မှာပါ။ ကျန်းမာရေးမကောင်းရင် ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာအောင်နေပါ။
စိတ်ညစ်စရာတွေကို ကြာကြာမတွေးပါနဲ့
ကိုယ့်စိတ်ကို ပျော်အောင်ထားချင်တယ်ဆိုရင် ပျော်စရာတွေပဲ တွေးပါ။ စိတ်ညစ်စရာတွေဆိုရင် ခေါင်းထဲက ြမ်န်မြန်ထုတ်ပြစ်ပါ။ ကြာကြာမတွေးပါနဲ့။ စိတ်ညစ်စရာကို အရမ်းမတွေးတတ်အောင် ကြိုးစားနေပါ။
ဘာသာတရားကိုင်းရှိုင်းပါ
ဘာသာတရား ကိုင်းရှိုင်းပြီး ဘုရားတရားများများလုပ်ရင် စိတ်ချမ်းသာ ပျော်ရွှင်ရတယ်၊ စိတ်အေးချမ်းတည်ငြိမ်တယ် ဆိုတာကို အားလုံးလည်းသိကြမှာပါ။
ကိုယ့အတွက် အဆိပ် ဖြစ်စေတဲ့လူတွေနဲ့ ဝေးဝေးနေပါ
ကိုယ့စိတ်အမြဲ ပျော်ရွှင်ပြီး စိတ်ချမ်းသာနေဖို့ဆိုရင် ကိုယ့်အတွက် စိတ်အနှောက်အယှက် ဖြစ်စေတဲက လူတွေ၊ ကိုယ့်အတွက် အဆိပ်ဖြစ်စေတဲ့ Toxic People တွေနဲ့ ဝေးဝေးမှာ သာနေပါ။
No Comments