
လက္ရွိဘ၀မွာ မိဘေက်းဇူးကို အေက်ဆပ္တဲ့နည္းေလးပါ
မိဘေက်းဇူးဆပ္ျခင္းနဲ႔ ပတ္သက္တဲ႔ ဘုရား အဆံုးအမကို ေျပာၾကျပီဆိုရင္ ” မိဘေက်းဇူးကို ဘယ္လိုမွ ေက်ေအာင္ မဆပ္နိုင္ဘူး” လို႔ လူအမ်ား ေျပာေလ့ ရွိၾကတယ္။ အမွန္က “ေက်ေအာင္ မဆပ္နိုင္ဘူး”လို႔ ေဟာထားတာ မဟုတ္ပါဘူး။
ေက်ေအာင္ ဆပ္ဖို႔ မလြယ္ဘူး။ လြယ္လြယ္ ဆပ္ရံုနဲ႔ ေက်းဇူးမေက်နိုင္ဘူး။ သာမန္ဆပ္ရံုနဲ႔ ေက်းဇူး မေက် နိင္ဘူး။အထူးဆပ္မွ ေက်းဇူးေက် နိုင္တယ္ လို႔ ဆို လိုပါ တယ္။ ျမတ္စြာ ဘုရားရွင္ရဲ႕ ေဟာၾကားခ်က္ မူရင္းကို နားေထာင္ၾကည့္ပါ။
ခ်စ္သား, ခ်စ္သမီးတို႔ ပုဂၢိဳလ္ႏွစ္ေယာက္ရဲ႕ ေက်းဇူးကို အလြယ္တကူ ဆပ္ရံုနဲ႔ မေက်နိုင္ဘူး။ ေက်ေအာင္ ဆပ္ဖို႔ မလြယ္ဘူးလို႔ ငါဘုရား ေျပာခ်င္တယ္။ ပုဂၢိဳလ္ ႏွစ္ေယာက္ ဆိုတာ ေမြးမိခင္နဲ႔ ေမြးဖခင္ အရင္းအခ်ာကို ေျပာတာပါ။
ခ်စ္သား, ခ်စ္သမီးတို႔ “အေမကို လက္ယာပခံုးမွာတင္ , အေဖကို လက္ဝဲ ပခံုးမွာ တင္ျပီး ရာသက္ပန္ လုပ္ေက်ြး ျပဳစုတယ္။ မိဘနွစ္ပါးကို . . . ေမႊးပ်ံ႕ေနေအာင္ နံ႔သာမ်ိဳးစံုနဲ႔ လိမ္းက်ံ ေပးတယ္။ အေညာင္းေျပေအာင္ ေျခလက္ေတြကို ဆုပ္ႏွယ္ေပးတယ္။
ေအးတဲ႔အခါ ေရေႏြး , ပူတဲ႔အခါ ေရေအးနဲ႔ေရခ်ိဳး သန္႔စင္ေပးတယ္။ ပုခံုးထက္မွာ က်င္ႀကီးက်င္ငယ္ စြန္႔ေစတယ္။ အဲေလာက္ ျပဳစုလုပ္ေက်ြးေပမယ့္ မိဘေက်းဇူး အေက် ဆပ္ျပီးသား မျဖစ္ ေသးဘူး။
ခ်စ္သား, ခ်စ္သမီးတို႔ စကားအကုန္ ေျပာရမယ္ဆိုရင္ စႀကၤဝေတးမင္း ရာထူးမွာ ထားျပီး ေက်းဇူးဆပ္ ဦးေတာ့ မိဘေက်းဇူးကို ေက်ေအာင္ ဆပ္ရာ မေရာက္ေသးဘူး။
ခ်စ္သား , ခ်စ္သမီးတို႔ ဒီေလာက္ေက်းဇူးဆပ္ ရဲ႕သားနဲ႔ ဘာလို႔ ေက်းဇူး မေက် နိုင္ရတာလဲ ? ဆိုရင္မိဘေတြဟာ သားသမီးေတြအေပၚ သိပ္ကို ေက်းဇူး မ်ားၾကလို႔ပဲ။
သားသမီးေတြကို ႀကီးျပင္းရြယ္ေရာက္ လူလာ းေျမာက္ေအာင္ ဂရုတစိုက္ ေစာင့္ေရွာက္ ၾကလို႔။ ႏို႔ခ်ိဳတိုက္ေက်ြး ေမြးျမဴၾကလို႔။ ဒီေလာကႀကီးရဲ႕ အာရံုေကာင္းဆိုး အမ်ိဳးမ်ိဳးကို သိျမင္ေအာင္ ေသခ်ာ ျပသလို႔ ပါပဲ။
ခ်စ္သား , ခ်စ္သမီးတို႔ မိဘေက်းဇူး အေက်ဆပ္နိုင္တ့ဲ နည္းလမ္းေတြကို ငါဘုရား ညႊန္ျပပါရေစ။ သဒၶါတရား မရွိတဲ႔မိဘကို သဒၶါတရားနဲ႔ ျပည့္စံုေအာင္။ သီလမရွိတဲ႔ မိဘကို သီလနဲ႔ ျပည့္စံုေအာင္။
မေပးရက္ , မလွဴရက္ နေျမာဝန္တိုတဲ႔ မိဘကို စြန္႔ႀကဲေပးကမ္း လွဴဒါန္းျခင္းနဲ႔ ျပည့္စံုေအာင္။ ပညာဉာဏ္ မရွိတဲ႔ မိဘကို ပညာဉာဏ္နဲ႔ ျပည့္စံုေအာင္ေကာင္းစြာ နာယူ ေဆာက္တည္ ေစမယ္။
ေလးေလးနက္နက္ သက္ဝင္ေစမယ္။ ခိုင္ခိုင္ခ့ံခ့ံ တည္တံ႔ၿမဲၿမံ ေစမယ္ ဆိုရင္မိဘေက်းဇူးကို အေက် ဆပ္ျပီးသား ျဖစ္သြားပါတယ္။ဒါဟာ ဘုရားေဟာ မူရင္း ပါပဲ။ မိဘေ က်းဇူးဆပ္တဲ ႔ေနရာမွာေလာက နည္းနဲ႔ ဆပ္ျခင္း ဓမၼနည္းနဲ႔ ဆပ္ျခင္းလို႔ ႏွစ္မ်ိဳး ရွိပါတယ္။
မိဘအတြက္ အစားအေသာက္ , အဝတ္အထည္ , ေနအိမ္တိုက္တာ , ကားရထား စတဲ႔ လူမႈ အသံုးအေဆာင္ ပစၥည္းေတြ ျပည့္စံုေအာင္ စီမံ ဖန္တီးေပးတာကို ေလာကနည္းနဲ႔ ေက်းဇူး ဆပ္တယ္လို႔ ေခၚပါတယ္။
စိတ္ထား မတတ္တဲ ႔မိဘ စိတ္ထားတတ္ေအာင္..ကုသိုလ္ နည္းပါးတဲ႔ မိဘ ကုသိုလ္ တိုးပြားေအာင္ ကူညီပ့ံပိးေပးတာကို ဓမၼနည္းနဲ႔ ေက်းဇူး ဆပ္တယ္လို႔ ေခၚပါတယ္။
တကယ္ေတာ့လည္း ရွည္လ်ားလြန္းလွတဲ႔ အစမထင္ သံသရာမွာသူက မိဘျဖစ္လိုက္ , ကိုယ္က မိဘျဖစ္လိုက္နဲ႔ အျပန္ျပန္ အလွန္လွန္ က်င္လည္ေနၾကရတာမို႔
ဘယ္သူ႔ေက်းဇူးကို ဘယ္သူက ေက်ေအာင္ ဆပ္ျပီးျပီ ဆိုတာ ပုထုဇဥ္ေလာကမွာ လံုးဝ မရွိႏိုင္ဘူး။ ဒါေၾကာင့္ … ေက်းဇူးေက်တာ , မေက်တာကို အဓိက မထားဘဲ ” ေက်းဇူးဆပ္ေနဖို႔ အဓိက” လို႔ ႏွလံုးသြင္းျပီး ေလာကနည္းနဲ႔ေရာ ဓမၼနည္းနဲ႔ပါ မိဘကို အျမဲ ေက်းဇူး ဆပ္ေနဖို႔ပဲ အေရးႀကီးပါတယ္။
မိဘကို ရုပ္ပိုင္းဆိုင္ရာေရာ , စိတ္ပိုင္းဆိုင္ရာပါ။ အဆင့္အတန္းျမင့္ေအာင္ ေက်းဇူးဆပ္ေနတဲ႔ သားေကာင္း , သမီးေကာင္းရဲ႕ ထံေမွာက္ကို …ကံေကာင္းျခင္း
လက္ေဆာင္ေတြ ” ဝင္လာမစဲ တသဲသဲ ” ဆိုသလို အလံုးအရင္းနဲ႔ ဝင္လာမွာကေတာ့ ေသခ်ာေပါက္ပါပဲ..။
ဆရာေတာ္ အရွင္ဆႏၵာဓိက ( ေရႊပါရမီေတာရ )
ယူနီကုတ္
လက်ရှိဘဝမှာ မိဘကျေးဇူးကို အကျေဆပ်တဲ့နည်းလေးပါ
မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရား အဆုံးအမကို ပြောကြပြီဆိုရင် ” မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူး” လို့ လူအများ ပြောလေ့ ရှိကြတယ်။ အမှန်က “ကျေအောင် မဆပ်နိုင်ဘူး”လို့ ဟောထားတာ မဟုတ်ပါဘူး။
ကျေအောင် ဆပ်ဖို့ မလွယ်ဘူး။ လွယ်လွယ် ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ သာမန်ဆပ်ရုံနဲ့ ကျေးဇူး မကျေ နိင်ဘူး။အထူးဆပ်မှ ကျေးဇူးကျေ နိုင်တယ် လို့ ဆို လိုပါ တယ်။ မြတ်စွာ ဘုရားရှင်ရဲ့ ဟောကြားချက် မူရင်းကို နားထောင်ကြည့်ပါ။
ချစ်သား, ချစ်သမီးတို့ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင် ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရား ပြောချင်တယ်။ ပုဂ္ဂိုလ် နှစ်ယောက် ဆိုတာ မွေးမိခင်နဲ့ မွေးဖခင် အရင်းအချာကို ပြောတာပါ။
ချစ်သား, ချစ်သမီးတို့ “အမေကို လက်ယာပခုံးမှာတင် , အဖေကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန် လုပ်ကျွေး ပြုစုတယ်။ မိဘနှစ်ပါးကို . . . မွှေးပျံ့နေအောင် နံ့သာမျိုးစုံနဲ့ လိမ်းကျံ ပေးတယ်။ အညောင်းပြေအောင် ခြေလက်တွေကို ဆုပ်နှယ်ပေးတယ်။
အေးတဲ့အခါ ရေနွေး , ပူတဲ့အခါ ရေအေးနဲ့ရေချိုး သန့်စင်ပေးတယ်။ ပုခုံးထက်မှာ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။ အဲလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူး အကျေ ဆပ်ပြီးသား မဖြစ် သေးဘူး။
ချစ်သား, ချစ်သမီးတို့ စကားအကုန် ပြောရမယ်ဆိုရင် စင်္ကဝြတေးမင်း ရာထူးမှာ ထားပြီး ကျေးဇူးဆပ် ဦးတော့ မိဘကျေးဇူးကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။
ချစ်သား , ချစ်သမီးတို့ ဒီလောက်ကျေးဇူးဆပ် ရဲ့သားနဲ့ ဘာလို့ ကျေးဇူး မကျေ နိုင်ရတာလဲ ? ဆိုရင်မိဘတွေဟာ သားသမီးတွေအပေါ် သိပ်ကို ကျေးဇူး များကြလို့ပဲ။
သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလာ းမြောက်အောင် ဂရုတစိုက် စောင့်ရှောက် ကြလို့။ နို့ချိုတိုက်ကျွေး မွေးမြူကြလို့။ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာ ပြသလို့ ပါပဲ။
ချစ်သား , ချစ်သမီးတို့ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရား ညွှန်ပြပါရစေ။ သဒ္ဓါတရား မရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်။ သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်။
မပေးရက် , မလှူရက် နမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်။ ပညာဉာဏ် မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင်ကောင်းစွာ နာယူ ဆောက်တည် စေမယ်။
လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံ စေမယ် ဆိုရင်မိဘကျေးဇူးကို အကျေ ဆပ်ပြီးသား ဖြစ်သွားပါတယ်။ဒါဟာ ဘုရားဟော မူရင်း ပါပဲ။ မိဘေ ကျးဇူးဆပ်တဲ့နေရာမှာလောက နည်းနဲ့ ဆပ်ခြင်း ဓမ္မနည်းနဲ့ ဆပ်ခြင်းလို့ နှစ်မျိုး ရှိပါတယ်။
မိဘအတွက် အစားအသောက် , အဝတ်အထည် , နေအိမ်တိုက်တာ , ကားရထား စတဲ့ လူမှု အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံ ဖန်တီးပေးတာကို လောကနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။
စိတ်ထား မတတ်တဲ့မိဘ စိတ်ထားတတ်အောင်..ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီပံ့ပိးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။
တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာသူက မိဘဖြစ်လိုက် , ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့
ဘယ်သူ့ကျေးဇူးကို ဘယ်သူက ကျေအောင် ဆပ်ပြီးပြီ ဆိုတာ ပုထုဇဉ်လောကမှာ လုံးဝ မရှိနိုင်ဘူး။ ဒါကြောင့် … ကျေးဇူးကျေတာ , မကျေတာကို အဓိက မထားဘဲ ” ကျေးဇူးဆပ်နေဖို့ အဓိက” လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော , စိတ်ပိုင်းဆိုင်ရာပါ။ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်း , သမီးကောင်းရဲ့ ထံမှောက်ကို …ကံကောင်းခြင်း
လက်ဆောင်တွေ ” ဝင်လာမစဲ တသဲသဲ ” ဆိုသလို အလုံးအရင်းနဲ့ ဝင်လာမှာကတော့ သေချာပေါက်ပါပဲ..။
ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
No Comments