
ေယာက်ာ္းေတြ မျငင္းဆန္နိုင္တဲ့ မိန္းမမာယာ ( ၁၂ ) မ်ိဳး
မိန္းမျဖစ္ၿပီး မိန္းမမာယာကို မသိျဖစ္ေနပါသလား။ စိတ္မပူပါနဲ႔။ ေဟာဒီက မမ ရွင္းျပေပးမွာေပါ့။ အမွန္ကေလ မိန္းကေလးဆိုတာ ေမြးကတည္းက မာယာဆိုတာ ကပ္ပါၿပီးသား။
မသိေသးလို႔ မေဖာ္ထုတ္တတ္ေသးတာ။ မာယာဆိုတဲ့ အဓိပၸါယ္က ဆြဲေဆာင္ျခင္းေပါ့ကြယ္။ တကယ္က တမင္တကာႀကီး သိသိသာသာ ဆြဲေဆာင္တာမ်ိဳး မဟုတ္ပါဘူး။
မသိမသာေလးနဲ႔ ဆြဲေဆာင္လို႔ ဆြဲေဆာင္မွန္းမသိေအာင္ ျပဳမူေနထိုင္တာမ််ိဳးကို ေခၚတယ္။ ကဲ…ဘာေတြလည္းဆိုတာ ဖတ္ၾကည့္ပါအံုးေနာ္…
(၁) အမ်ိဳးသားေတြအတြက္ ဒိုင္လူႀကီးမလိုအပ္ပါဘူး
ေျပာလိုက္တဲ့စကားတိုင္းကိုဆုံးျဖတ္ေပးတာကို မႀကိဳက္ပါဘူး။အမွန္ပါပဲ နားေထာင္ေကာင္းသူ တစ္ေယာက္ျဖစ္ေအာင္ပဲ ႀကိဳးစားေစခ်င္တယ္ ေယာင္းတို႔ေရ။
ကိစၥတိုင္းက သူတို႔ဦးေဆာင္မွ ၿပီးမွပုုံစံက အေကာင္းဆုံးပါပဲ။ စိတ္မဝင္စားဘဲ နဲ႔လည္း စိတ္ဝင္စားခ်င္ေယာင္ မေဆာင္သင့္ျပန္ပါဘူး …။
(၂) အေသးအဖြဲ႕ေတြကို ဟန္မေဆာင္ပါႏွင့္
ရိုးသားပြင့္လင္းတဲ့ရယ္ေမာသံေတြဟာ အမ်ိဳးသားေတြ အတြက္ဆြဲေဆာင္မႈတစ္ခုပါပဲ …။
(၃) ခ်စ္စရာအျငင္းပြားဟန္ျပဳပါ
ေယာက်္ားအမ်ားစုဟာ အ႐ူံးမေပးတတ္တဲ့စိတ္ကိုသေဘာက်တတ္ပါတယ္။စကားနိုင္လုတတ္တဲ့ မိန္းကေလးကို စိတ္ဝင္စားမႈပိုလို႔ရွိပါေသးတယ္ …။
(၄) ေပ်ာ္စရာမိန္းကေလးလို ျပဳမူေနထိုင္ပါ
ေျပာင္တတ္စေနာက္တတ္ပါေစ။သူကခ်ည္း စေနရင္လည္း ပ်င္းစရာေကာင္းတာေပါ့ ေယာင္းတို႔ရာ …။
(၅) လြယ္လြယ္အခြင့္အေရးမေပးရန္ လိုအပ္တယ္
ခ်က္ခ်င္းအေျဖမေပးနဲ႔။လြယ္လြယ္ရတဲ့ အရာကို ေယာက်္ားေလးမွ မဟုတ္ဘူး ဘယ္သူမွ တန္ဖိုးမထားခ်င္ပါဘူး …။
(၆) ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိရန္ အလွျပင္ပါ
အေကာင္းဆုံးျပင္ဆင္ထားတဲ့ မိန္းမနဲ႔ တူတူထိုင္ရင္ ကိုယ့္ကိုယ္ကိုယ္ျပန္အထင္ႀကီးတတ္ၾကတာ ေယာက်္ားတို႔ သဘာဝပါ …။
(၇) ေရေမႊးသုံးဖို႔ လိုအပ္ပါတယ္
မိန္းကေလးမွာ အနံ့တစ္မ်ိဳးမ်ိဳးရွိတာကိုသေဘာက်တာလည္း သူတို႔ပါဘဲ။(သဲ ကိုယ္သင္းနံ႔ေလးက ေမႊးေနတာပဲ ဆိုတာေတာ့ သူေျပာဖူးလားေတာ့ မသိဘူး) …။
(၈) ကိုယ္ဟာ ၾကင္နာသူ တစ္ဦးျဖစ္ပါေစ
အေအးေသာက္ေနတုန္း အလႉခံ လာရင္ မျငင္ းပါႏွင့္။ မိန္းကေလးေပမဲ့ အရာရာကို မႏွေျမာတတ္ေၾကာင္း ျပတဲ့သေဘာပါပဲ။ အမ်ိဳးသားေတြ ဝမ္းနည္းစရ ာေျပာလာတဲ့ အခါ အရမ္းသနားတတ္တဲ့ ပုံ ခံစားေပးပါ။ ဒါလည္း မာယာတစ္ခုပါပဲ …။
(၉) ပြင့္လင္းတက္ႂကြစြာ ေနပါ
အမ်ိဳးသားမိတ္ေဆြနဲ႔ မိတ္ေဆြႏွင့္ မိတ္ဆက္ေပးရင္ ရွက္ရြံ႕မေနပါႏွင့္။ လူေတာ တိုးတယ္ ဆိုတဲ့ စကားၾကားဖူး တယ္မလား။ ရွက္သင့္တဲ့ ေနရာမွာပဲ ရွက္ပါေနာ္ …။
(၁၀) အၿပိဳင္အဆိုင္ေတြရွိတယ္ဆိုတာ နားလည္ပါေစ
ၿပိဳင္ဆိုင္မႈနဲ႔ရတဲ့မိန္းကေလးကို ပိုၿပီးတန္ဖိုးထား တတ္ၾကပါတယ္။ လာႏူတ္ဆက္တဲ့ ေကာင္ေလးရွိရင္ ရင္းရင္းႏွီးႏွီးေျပာပါ(သဝန္တိုေအာင္ လို႔ပါ) …။
(၁၁) အသုံးခ်မယ့္အျပဳအမူေတြ မျပဳလုပ္ပါနဲ႔
သေဘာက်ခံရတဲ့ အဆင့္ပဲ ရွိေသးသည္ျဖစ္ေစ ဘယ္ေတာ့မွ မခိုင္းပါႏွင့္(ပစၥည္းေတြ ၊စကားမွာတာေတြ)။ သူခိုင္းတာလုပ္ေပးေနတာပဲ ငါေမၽွာ္လင့္ခ်က္ ရွိေသးတယ္ ဆိုၿပီး သူတို ႔စိတ္ထဲဝင္ သြားႏိုင္ပါတယ္ …။
(၁၂) အမွတ္ရစရာ အျပဳအမူေတြျဖစ္ပါေစ
သူနဲ႔ခ်ိန္းမွ မိုးရြာရင္ ထီးမပါတာမ်ိဳးေပါ့။ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ အမွတ္တရေလးေတြ ဖန္တီးေပးပါ …။
ေယာင္းအေပါင္းတို႔ ..မိန္းမမာယာဆိုတာ ဒါမ်ိဳးေတြေပါ့ကြယ္။ ပုရိသေတြက ဒါေတြ မသိဘူးမ်ား ထင္ေနလား။ သိပ္သိပ။ သိေပမယ့္လည္း သူတို႔ ျငင္းဆန္ မရတာကိုက မိန္းမမာယာ လို႔ ေခၚသတဲ့ကြယ္ …။ ။
Credit:မူရင္း
Unicode
ယောကျာ်းတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ ( ၁၂ ) မျိုး
မိန်းမဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဟောဒီက မမ ရှင်းပြပေးမှာပေါ့။ အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။
မသိသေးလို့ မဖော်ထုတ်တတ်သေးတာ။ မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။ တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။
မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျျိုးကို ခေါ်တယ်။ ကဲ…ဘာတွေလည်းဆိုတာ ဖတ်ကြည့်ပါအုံးနော်…
(၁) အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး
ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစေချင်တယ် ယောင်းတို့ရေ။
ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံးပါပဲ။ စိတ်မဝင်စားဘဲ နဲ့လည်း စိတ်ဝင်စားချင်ယောင် မဆောင်သင့်ပြန်ပါဘူး …။
(၂) အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်
ရိုးသားပွင့်လင်းတဲ့ရယ်မောသံတွေဟာ အမျိုးသားတွေ အတွက်ဆွဲဆောင်မှုတစ်ခုပါပဲ …။
(၃) ချစ်စရာအငြင်းပွားဟန်ပြုပါ
ယောကျ်ားအများစုဟာ အရူံးမပေးတတ်တဲ့စိတ်ကိုသဘောကျတတ်ပါတယ်။စကားနိုင်လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှုပိုလို့ရှိပါသေးတယ် …။
(၄) ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ
ပြောင်တတ်စနောက်တတ်ပါစေ။သူကချည်း စနေရင်လည်း ပျင်းစရာကောင်းတာပေါ့ ယောင်းတို့ရာ …။
(၅) လွယ်လွယ်အခွင့်အရေးမပေးရန် လိုအပ်တယ်
ချက်ချင်းအဖြေမပေးနဲ့။လွယ်လွယ်ရတဲ့ အရာကို ယောကျ်ားလေးမှ မဟုတ်ဘူး ဘယ်သူမှ တန်ဖိုးမထားချင်ပါဘူး …။
(၆) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရန် အလှပြင်ပါ
အကောင်းဆုံးပြင်ဆင်ထားတဲ့ မိန်းမနဲ့ တူတူထိုင်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်အထင်ကြီးတတ်ကြတာ ယောကျ်ားတို့ သဘာဝပါ …။
(၇) ရေမွှေးသုံးဖို့ လိုအပ်ပါတယ်
မိန်းကလေးမှာ အနံ့တစ်မျိုးမျိုးရှိတာကိုသဘောကျတာလည်း သူတို့ပါဘဲ။(သဲ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ ဆိုတာတော့ သူပြောဖူးလားတော့ မသိဘူး) …။
(၈) ကိုယ်ဟာ ကြင်နာသူ တစ်ဦးဖြစ်ပါစေ
အအေးသောက်နေတုန်း အလှူခံ လာရင် မငြင် းပါနှင့်။ မိန်းကလေးပေမဲ့ အရာရာကို မနှမြောတတ်ကြောင်း ပြတဲ့သဘောပါပဲ။ အမျိုးသားတွေ ဝမ်းနည်းစရ ာပြောလာတဲ့ အခါ အရမ်းသနားတတ်တဲ့ ပုံ ခံစားပေးပါ။ ဒါလည်း မာယာတစ်ခုပါပဲ …။
(၉) ပွင့်လင်းတက်ကြွစွာ နေပါ
အမျိုးသားမိတ်ဆွေနဲ့ မိတ်ဆွေနှင့် မိတ်ဆက်ပေးရင် ရှက်ရွံ့မနေပါနှင့်။ လူတော တိုးတယ် ဆိုတဲ့ စကားကြားဖူး တယ်မလား။ ရှက်သင့်တဲ့ နေရာမှာပဲ ရှက်ပါနော် …။
(၁၀) အပြိုင်အဆိုင်တွေရှိတယ်ဆိုတာ နားလည်ပါစေ
ပြိုင်ဆိုင်မှုနဲ့ရတဲ့မိန်းကလေးကို ပိုပြီးတန်ဖိုးထား တတ်ကြပါတယ်။ လာနူတ်ဆက်တဲ့ ကောင်လေးရှိရင် ရင်းရင်းနှီးနှီးပြောပါ(သဝန်တိုအောင် လို့ပါ) …။
(၁၁) အသုံးချမယ့်အပြုအမူတွေ မပြုလုပ်ပါနဲ့
သဘောကျခံရတဲ့ အဆင့်ပဲ ရှိသေးသည်ဖြစ်စေ ဘယ်တော့မှ မခိုင်းပါနှင့်(ပစ္စည်းတွေ ၊စကားမှာတာတွေ)။ သူခိုင်းတာလုပ်ပေးနေတာပဲ ငါမျှော်လင့်ချက် ရှိသေးတယ် ဆိုပြီး သူတို့စိတ်ထဲဝင် သွားနိုင်ပါတယ် …။
(၁၂) အမှတ်ရစရာ အပြုအမူတွေဖြစ်ပါစေ
သူနဲ့ချိန်းမှ မိုးရွာရင် ထီးမပါတာမျိုးပေါ့။ဆွတ်ပျံ့ကြည်နူးဖွယ် အမှတ်တရလေးတွေ ဖန်တီးပေးပါ …။
ယောင်းအပေါင်းတို့ ..မိန်းမမာယာဆိုတာ ဒါမျိုးတွေပေါ့ကွယ်။ ပုရိသတွေက ဒါတွေ မသိဘူးများ ထင်နေလား။ သိပ်သိပ။ သိပေမယ့်လည်း သူတို့ ငြင်းဆန် မရတာကိုက မိန်းမမာယာ လို့ ခေါ်သတဲ့ကွယ် …။ ။
Credit:မူရင်း
No Comments