(၁) မိနစ် ဒေါသထွက်တိုင်း စက္ကန့် (၆ဝ) စာပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့ - Amawpyay
Knowledge
Credit
Unicode
(၁) မိနစ် ဒေါသထွက်တိုင်း စက္ကန့် (၆ဝ) စာပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့
လူဘဝကြီးက တိုတောင်းလွန်း လှပါတယ် မိတ်ဆွေ။ လူဖြစ် လာရတဲ့ ဘဝမှာ ဒေါသတွေ မောဟတွေနဲ့ နေရတာ ပူလောင်လွန်းလှပါတယ်..ဒါကြောင့် မောဟတွေ ဒေါသတွေ ရန်လိုမ ှုတွေကို အဝေးမှာ ထားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် နေကြရအောင်လား…။
၁။ စိတ်ကောင်းထားပါ…… စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။ ဘာမှမပိုင်ရင်တောင် …… ဒီတခုကိုတော့ ပိုင်အောင် လုပ်သင့်တယ် ။
၂။ ဒေါသနဲ့ ဝေးဝေးနေပါ..။ ဒေါသက နာကျင် မှု့တွေပေးလို့ပါ။ သင့် ကိုယ် တိုင် ကိုရော ပတ်ဝန်းကျင် ကိုရောပေါ့။
၃။ ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေ စရာ မလိုပါ ။ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်……ဆိုရင်လည်း ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်……မရှိတာကို နားလည် လိုက်ပါ ။
၄။ မိသားစု ဝင်တွေအပေါ် သည်းခံခြင်းဟာ……ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်…။ ကိုယ့်ကိုယ်ကို သည်းခံ နိုင်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု ရှိတာကို ဖော်ညွှန်းတယ်…။ အခြေအနေတွေ ကို အလိုက်သင့် သည်းခံခြင်းဟာ…ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေး အရည်အချင်းကို ဖော်ညွှန် းတယ် ။
၅။ အတိတ်အကြောင်းကို သိပ်မတွေ းပါနဲ့ ။ မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…။
အနာဂ္ဂါတ်အကြောင်းကို သိပ်မတွေးပါနဲ့ ။ စိုးရိမ်ကြောက်ရွံ့မ ှုတွေနဲ့ အားငယ်မှုတွေက သင့်ကို နှိပ်စက် လာလိ မ့်မယ်။ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံး စိတ်ထား အကောင်းဆုံး အလုပ်တွေနဲ့ နေထိုင်ပါ ။
၆။ ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ပိုမိုကောင်းမွန် လာစေသလို ပိုပြီးခါးသီး သွားစေ နိုင်တာလည်း ရှိတတ်တာကို မေ့မထားပါနဲဲ့ ။ ဒူးထောက်မလား ၊ ဆက်လျှောက်မလား……ဆိုတာကတော့……သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။
၇။လှတဲ့ အရာတိုင်းဟာ အမြဲတမ်းမကောင်း နိုင်ပေမယ့် ကောင်းတဲ့ အရာတိုင်းကတော့ အမြဲတမ်း လှနေပါတယ်…။ပြောရရင် လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ။
၈။ ပျော်ရွှင်မှုဟာ သင့်ကိုချစ်ဖွယ်သော……အရာတွေကို ယူဆောင်ပေးတယ်။ဒါကြောင့် ..အမြဲပျော်ရွှင်နေရအောင်……တတ်နိုင်သမျှ ကြိုးစားသင့်တယ်…။အနည်းဆုံးတော့……ပြုံးလိုက်ပါ
အ ဆုံး ထိ ဖတ် ရှု ပေး တဲ့ ပ ရိတ် သတ် မျာ းကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည် ။
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ
Knowledge
ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ
ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ ကိုယ်ချင်းစာ တရားဆိုတာ ဦးနှောက်က လာတာ မဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာ စိတ်လေးမွေးမြူ တတ် ပါစေ အကောင်းမြင် စိတ်ဆိုတာ တော်ရုံလူမှာ မရှိနိုင်ဘူး စာနာ တတ်တဲ့ လူမှာပဲ ရှိတယ် အကောင်းမြင်စိတ်လေးမွေးမြူ နိုင်ပါစေ အချစ်ဆိုတာ ဦးနှောက်ကနေ ဖြစ်တည် တာ မဟုတ်ဘူး နှလုံးသား ကနေ ပေါက်ဖွား လာတာ ဘဝအတွက် ဆိုရင်တော့ နှလုံးသားနဲ့ ဦးနှောက် ဆတူ စဉ်းစားဆုံးဖြတ် တတ်ပါစေ မနာလိုစိတ် ဆိုတာ ကိုယ့်ထက်သူ သာနေလို့ ဖြစ် တာ ကိုယ့်ထက်သူ တော်နေလို …
"ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်''
Knowledge
“ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်”
“ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်” ဒီဗျူဟာလေးက အရမ်းကောင်းလို့ မျှဝေ ပါတယ် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ် ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီး ပါတယ်။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူ တတ်ကြ တယ်။ ဒါက အ ဓိ က မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေ တဲ့ အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲ ဆိုတာအချက်ကျကျတင်ပြချင်ပါတယ်။ (1)သုံးပြီးမှ မစုလေနဲ့။ …
ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့”
Knowledge
ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့”
ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့” ဘာဖြစ်လို့လဲ? စကားကောင်း မထွက် ဘူး ဒါဆို ဘယ်လိုပြော ရမလဲ? စကား အပြော အဆိုနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဘုရားက ဟောကြားပေး ထားတာ ရှိတယ် စကားပြောတဲ့ အခါမှာ ၁။ ပြောသင့်တဲ့ အချိန်မှာ ပြောမယ် မပြောသင့်တဲ့ အချိန်မှာ မပြောဘူး.. ၂။ မှန်တာကိုပဲ ပြောမယ်.. မမှန်တာ ကို မပြောဘူး ၃။ ပြောမယ် ဆိုရင် လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ ပြောမယ် ၄။ ပြောတဲ့အခါမှာ အကျိုး ရှိတဲ့ စကားကို …