
အပါယ္က်ေစေသာ အလွဴ (၁၀) မ်ိဳး
၁။ သမဇၨဒါန-ကေခ်အလွဴ ( အျငိမ့္ဇာတ္ပြဲ )။
၂။ မဇၨဒါန -ေသရည္ေသရက္အလွဴ။
၃။ ဣတၳိဒါန – မိန္းမအလွဴ။
၄။ ဥသဘဒါန -ႏြားလား၊ ျမင္းလား အလွဴ။
၅။ စိတၱကမၼဒါန – ကာမဂုဏ္ကို ႏိုးၾကြေစေသာ ပန္ခ်ီေဆးေရး အလွဴ။
၆။ သတၳဒါန – လက္နက္ ခဲယမ္းမီးေက်ာက္ အလွဴ။
၇။ ၀ိသဒါန – အဆိပ္အလွဴ။
၈။ သခၤလိကဒါန – လက္ထိတ္ သံေျခခ်င္း ေႏွာင္ႀကိဳးအလွဴ။
၉။ ကုကၠဳရ သူကရ ဒါန-ၾကက္ ၀က္ သားေကာင္အလွဴ။
၁၀။ တုလာကူဋ မာနကူဋ – ခ်ိန္စဥ္းလဲ၊ တင္းစဥ္းလဲအလွဴ။ တုိ့ျဖစ္ပါတယ္။
(၁) – သမဇၨဒါန လုိ့ေခၚတဲ့ ကေခ်အလွဴ (အျငိမ့္ဇာတ္ပြဲ)ကေတာ့ ယခုေခတ္ ရွင္ျပဳ ရဟန္းခံ ပြဲေတြမွာ မ်ားစြာမွေတြ့ရပါတယ္။ ဆုိင္းဝိုင္းေတြ ဇာတ္ပြဲေတြ ထည့္သြင္းျပီး က်င္းပၾကပါတယ္။
ရင္းႏွီးသူအခ်င္းခ်င္းလည္း “သူငယ္ခ်င္း’ မင္းရဲ့ ရွင္ျပဳ ရဟန္းခံ ပြဲမွာ ငါလည္း ကုသိုလ္ျဖစ္ေစဖုိ့ ဇာတ္ပြဲေလး ဆုိင္းေလးေတာ့ ထည့္ဝင္ လွဴဒါန္းပါရေစ ဆုိျပီး” အျပစ္ကင္းတဲ့ အလွဴဟု ထင္မွတ္ျပီး အျပစ္မကင္းေသာ အပၸါယ္ေလးပါး ေရာက္ေစတတ္ေသာ မေကာင္းေသာ အလွဴကုိ ေပးလွဴတတ္ၾကပါတယ္။
အဲဒီအလွဴဒါနသည္ ကုသုိလ္ မရသည့္အျပင္ အပၸါယ္ေလးပါးကုိ ေရာက္ေစတတ္ပါေသာေၾကာင့္ ထုိထုိေသာ အလွဴကုိ မေပးလွဴမိဖုိ့ တုိက္တြန္းအပ္ပါတယ္။
(၂) မဇၨဒါန– ေသရည္ ေသရက္အလွဴ (ဘီယာ ထန္းရည္ ေဆးေျခာက္ စသည္)လုိ့ ေခၚတဲ့ မဇၨဒါနပါ။ အဲဒီအလွဴကုိလည္း ယခုေခတ္မွာ အမ်ားၾကီး ေတြ့ရတတ္ပါတယ္။
မိမိရဲ့ေမြးေန့မွာ ေသာ္လည္းေကာင္း အလုပ္အကုိင္ အဆင္ေျပလုိ့ ေသာ္လည္း သူငယ္ခ်င္း မိတ္ေဆြ မ်ားကုိ ၊ ဖိတ္ျပီး ေသရည္ ေသရက္ ဘီယာစသျဖင့္ ျပဳလုပ္ေကာင္း လွဴဒါန္းေကာင္း အျပစ္ကင္းသည္ဟု ထင္မွတ္ျပီး ဒါနျပဳ ေက်ြးေမြးတဲ့အလွဴဒါနကုိ ေျပာလုိတာပါ။
တကယ္ေတာ့ အဲဒီဒါနဟာလည္း အျပစ္မကင္းတဲ့ဒါန ကုသုိလ္မရတဲ့ဒါန အကုသုိလ္ျဖစ္တဲ့ဒါန အပၸါယ္ေလးပါးေရာက္ေစတတ္တဲ့ ဒါနပါ။ ဒါေၾကာင့္ ထုိထုိေသာ ဒါနကုိလည္း မေပးလွဴမိဖုိ႔ တုိက္တြန္းအပ္ပါတယ္။
(၃) – ဣတၳိဒါန မရုိေသစကား ယခုေခတ္ အတုိင္းတာနဲ့ ေျပာရမယ္ဆုိရင္ မိမိ၏ မိတ္ေဆြသူငယ္ခ်င္း ညီအစ္ကုိမ်ား ကာမဂုဏ္ ေပ်ာ္ပါးေစဖုိ့အတြက္ မိမိက အခေၾကးေငြ အကုန္က်ခံျပီး ငွားရမ္းေပးတဲ့ (prostitute) အလွဴဒါန ကုိ ေျပာလုိျခင္း ျဖစ္ပါတယ္။
အဲဒီလုိ အခေၾကးေငြ အကုန္က်ခံျပီး လုပ္လုိက္တဲ့ အလွဴဟာလည္း အျပစ္မကင္း ကုသုိလ္မရ အပၸါယ္ေလးပါး ေရာက္ေစတတ္တဲ့ ဒါနျဖစ္လုိ့ ထုိထုိေသာ အလွဴဒါနမ်ဳိးကုိ မေပးလွဴမိဖုိ့ တုိက္တြန္းပါတယ္။
(၄) – ဥသဘဒါန ကေတာ့ ႏြားတုိ့မွာ ဦးေဆာင္ႏြားလား.. ျမင္းတုိ့မွာလည္း ဦးေဆာင္ျမင္းလား တုိ့ကုိ ေပးလွဴတဲ့ အလွဴဒါနပါ။ ယခုေခတ္မွာ အနည္းငယ္ ရွားပါးပါတယ္။
၅။ စိတၱကမၼဒါန –ကာမဂုဏ္ကို ႏိုးၾကြေစေသာ ပန္ခ်ီေဆးေရး အလွဴ။ ဆုိတာက မိမိမိတ္ေဆြ အေပါင္းသင္းနဲ႔ ဘုန္းေတာ္ၾကီးေက်ာင္းမ်ားသုိ့ ကာမဂုဏ္ စိတ္ကာမရာဂ စိတ္ေတြ ျဖစ္ေပၚေစတတ္ေသာ အမ်ဳိးသမီးဓာတ္ပုံမ်ား ။ျပကၡဒိန္မ်ား။ ပန္းခ်ီရုပ္မ်ားကုိ ေပးလွဴတဲ့ အလွဴဒါနကုိ ဆုိလုိျခင္းျဖစ္ပါတယ္။
ထုိထုိ အလွဴသည္လည္း အျပစ္မကင္းေသာ ကုသုိလ္မရေသာ အပၸါယ္ေလးပါး ေရာက္ေစတတ္ေသာ အလွဴဒါန ျဖစ္သည့္အတြက္ ထုိအလွဴဒါနကုိလည္း မေပးလွဴမိဖုိ႔ တုိက္တြန္းပါတယ္။
၆။ သတၳဒါန –လက္နက္ ခဲယမ္းမီးေက်ာက္ အလွဴ။ လူတစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ အုပ္စုတစ္စု ဒါမွမဟုတ္ အဖြဲ႔တစ္ဖြဲ႔ စသည္ျဖင့္ေပါ့ေလ သတ္ျဖတ္ဖုိ႔အတြက္ ေသေစနုိင္ေသာ လက္နက္မ်ားကုိ အခမဲ့ လုပ္ေပးျခင္း ေပးလွဴျခင္း အလွဴဒါနကုိ ေျပာျခင္းျဖစ္ပါတယ္။
၇။ ၀ိသဒါန – အဆိပ္အလွဴ။ ဆုိတာက တစ္ဦးတစ္ေယာက္ကုိ ေသေစလုိေသာ ေစတနာျဖင့္ ေသေစနုိင္ေသာ အဆိပ္ ေဆးမ်ားကုိ ေပးလွဴတဲ့ဒါနကုိ ေခၚဆုိျခင္း ျဖစ္ပါတယ္။
၈။ သခၤလိကဒါန – လက္ထိတ္ သံေျခခ်င္း ေႏွာင္ႀကိဳးအလွဴ။ ဆုိတာက တစ္ဦးတစ္ေယာက္ကုိ ခ်ဳပ္ေႏွာင္ဖုိ႔ ဒုကၡျဖစ္ေစဖုိ႔ ဆင္းရဲေစဖုိ႔အတြက္ လွဴဒါန္းတဲ့အလွဴဒါနကုိဆုိလုိျခင္းျဖစ္ပါတယ္။
၉။ ကုကၠဳရ သူကရ ဒါန- ၾကက္ ၀က္ သားေကာင္ အလွဴဆုိတာက သူတစ္ပါးအား အသက္ရွင္လ်က္ရွိေသာ ျကက္ ဝက္ မ်ားကုိ ကုိယ္တုိင္ သတ္ျပီးေတာ့၄င္း သူတစ္ပါးအား သတ္ေစျပီး ခ်က္ျပဳတ္ စားေသာက္ရန္အလုိ့ငွာ လွဴဒါန္းတဲ့ အလွဴဒါနကုိ ေခၚဆုိျခင္းျဖစ္ပါတယ္။
၁၀။ တုလာကူဋ မာနကူဋ – ခ်ိန္စဥ္းလဲ၊ တင္းစဥ္းလဲ အလွဴဆုိတာက ေရာင္းတဲ့(အေလး) တစ္မ်ဳိး။ ဝယ္တဲ့(အေလး)က တစ္မ်ဳိး။ (ခ်ိန္ခြင္နဲ့ေစ်းေရာင္းသူ) ထုိ့ျပင္ ေရာင္းတဲ့(ျပည္ေတာင္း)က တစ္မ်ဳိး။
ဝယ္တဲ့ (ျပည္ေတာင္း)က တစ္မ်ဳိး (ဆန္ေရာင္းသူမ်ား) ျဖစ္ေစဖုိ႔အတြက္ အေလးခ်ိန္ခြင္ ျပည္ေတာင္းမ်ားကုိ ထုတ္လုပ္ ေရာင္းခ်ျခင္း။ ဒါမွမဟုတ္ ေပးလွဴျခင္း စတဲ့ အလွဴဒါနမ်ဳိးကုိ ဆုိလုိျခင္းျဖစ္ပါတယ္။
ယခုေဖာ္ျပျပီး တဲ့ မေပးလွဴေကာင္းေသာ အျပစ္မကင္းေသာ အပၸါယ္ေလးပါးကုိ ေရာက္ေစတတ္ေသာ အလွဴဒါနမ်ားကုိ အျပစ္ကင္းေသာ ကုသုိလ္ရေသာ အလွဴဒါနဟု ထင္မွတ္ျပီး ျပဳလုပ္ခဲ့မိရင္လည္း ေနာင္တေတြ စိတ္မခ်မ္းသာမွဳေတြ မျဖစ္ၾကပဲ ။ေနာင္တစ္ၾကိမ္ မေပးလွဴမိေအာင္ မျပဳလုပ္မိေအာင္ ဆင္ျခင္ၾကေစဖုိ့ အထူးတုိက္တြန္း လုိပါတယ္။
ထုိထုိသုိ့ေသာ အလွဴမ်ားသည္ ဆုိခဲ့ျပီးသည့္အတုိင္း ကုသုိလ္မရသည့္ အျပင္ အပၸါယ္ေလးပါးကုိ ေရာက္ေစတတ္တာေၾကာင့္ အထူးေရွာင္ၾကဥ္ျပီး အျပစ္ကင္းေသာ ကုသုိလ္ျဖစ္ေသာ ဒါနေကာင္းမွဳ မ်ားစြာကုိ အားထုတ္ျကျပီး သီလ ဘာဝနာ ဝိပႆနာ တရားမ်ားကုိပါ အခ်ိန္ရသေလာက္ ေစာင့္ထိန္း ပြားမ်ားနုိင္ျပီး စိတ္ခ်မ္းသာ ကုိယ္က်န္းမာစြာျဖင့္ အသက္ထက္ဆုံး သာသနာျပဳနုိင္ေသာ ပုဂၢဳိလ္မ်ား ျဖစ္ပါေစဟု ဆႏၵျပဳ ဆုေတာင္းလုိက္ရပါသည္ ။
သာယာခ်မ္းေျမ႕ၾကပါေစ။
Credit :အရွင္ဝိမလဝံသ
Unicode
အပါယ်ကျစေသော အလှူ (၁၀) မျိုး
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန – မိန်းမအလှူ။
၄။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန – ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန – လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ဝိသဒါန – အဆိပ်အလှူ။
၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲအလှူ။ တို့ဖြစ်ပါတယ်။
(၁) – သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေ ထည့်သွင်းပြီး ကျင်းပကြပါတယ်။
ရင်းနှီးသူအချင်းချင်းလည်း “သူငယ်ချင်း’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ ထည့်ဝင် လှူဒါန်းပါရစေ ဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါး ရောက်စေတတ်သော မကောင်းသော အလှူကို ပေးလှူတတ်ကြပါတယ်။
အဲဒီအလှူဒါနသည် ကုသိုလ် မရသည့်အပြင် အပ္ပါယ်လေးပါးကို ရောက်စေတတ်ပါသောကြောင့် ထိုထိုသော အလှူကို မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။
(၂) မဇ္ဇဒါန– သေရည် သေရက်အလှူ (ဘီယာ ထန်းရည် ဆေးခြောက် စသည်)လို့ ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီး တွေ့ရတတ်ပါတယ်။
မိမိရဲ့မွေးနေ့မှာ သော်လည်းကောင်း အလုပ်အကိုင် အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ၊ ဖိတ်ပြီး သေရည် သေရက် ဘီယာစသဖြင့် ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟု ထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကို ပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ ဒါနပါ။ ဒါကြောင့် ထိုထိုသော ဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။
(၃) – ဣတ္ထိဒါန မရိုသေစကား ယခုခေတ် အတိုင်းတာနဲ့ ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ် ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေ အကုန်ကျခံပြီး ငှားရမ်းပေးတဲ့ (prostitute) အလှူဒါန ကို ပြောလိုခြင်း ဖြစ်ပါတယ်။
အဲဒီလို အခကြေးငွေ အကုန်ကျခံပြီး လုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါး ရောက်စေတတ်တဲ့ ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။
(၄) – ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား.. မြင်းတို့မှာလည်း ဦးဆောင်မြင်းလား တို့ကို ပေးလှူတဲ့ အလှူဒါနပါ။ ယခုခေတ်မှာ အနည်းငယ် ရှားပါးပါတယ်။
၅။ စိတ္တကမ္မဒါန –ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ် စိတ်ကာမရာဂ စိတ်တွေ ဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကို ပေးလှူတဲ့ အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။
ထိုထို အလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါး ရောက်စေတတ်သော အလှူဒါန ဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။
၆။ သတ္ထဒါန –လက်နက် ခဲယမ်းမီးကျောက် အလှူ။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကို ပြောခြင်းဖြစ်ပါတယ်။
၇။ ဝိသဒါန – အဆိပ်အလှူ။ ဆိုတာက တစ်ဦးတစ်ယောက်ကို သေစေလိုသော စေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကို ပေးလှူတဲ့ဒါနကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။ ဆိုတာက တစ်ဦးတစ်ယောက်ကို ချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ဝက် သားကောင် အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင် သတ်ပြီးတော့၎င်း သူတစ်ပါးအား သတ်စေပြီး ချက်ပြုတ် စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့ အလှူဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး) တစ်မျိုး။ ဝယ်တဲ့(အလေး)က တစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ) ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)က တစ်မျိုး။
ဝယ်တဲ့ (ပြည်တောင်း)က တစ်မျိုး (ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကို ထုတ်လုပ် ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့ အလှူဒါနမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ယခုဖော်ပြပြီး တဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကို ရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသော အလှူဒါနဟု ထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ ။နောင်တစ်ကြိမ် မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်း လိုပါတယ်။
ထိုထိုသို့သော အလှူများသည် ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကို ရောက်စေတတ်တာကြောင့် အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာ တရားများကိုပါ အချိန်ရသလောက် စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါစေဟု ဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။
သာယာချမ်းမြေ့ကြပါစေ။
Credit :အရှင်ဝိမလဝံသ
No Comments