
(၄)နာရီထက္ပုိၾကာတဲ့ ထမင္းၾကမ္းကို စားျခင္းက အဆိပ္သင့္မႈကုိျဖစ္ေစႏုိင္ဟုဆုိ
ထမင္းေၾကာ္ စားျခင္းဟာ အာရွ ႏုိင္ငံေတာ္ေတာ္ မ်ားမ်ားရဲ႕ အမူအက်င့္ ျဖစ္ပါတယ္။ တခ်ိဳ႕ေသာသူေတြက မနက္ပုိင္း ထမင္းေၾကာ္ ပူပူေလးစားၿပီးမွ အလုပ္သြား ရတာ ေနသာ ထုိုင္သာ ရွိပါ သ တဲ့ ။
ထမင္းေၾကာ္ေတာ္ေတာ္မ်ားမ်ားဟာ ထမင္းအေႏြးကုိ ေၾကာ္တာထက္၊ ထမင္းအၾကမ္းကုိ ေၾကာ္တာက ပုိၿပီး အရသာ ရွိ ပါ တယ္ ။
အေၾကာင္းကေတာ့ ထမင္းေႏြးကို ေၾကာ္တဲ့အခါ ထမင္းက ဖြယ္တယ္တယ္ ျဖစ္သြားတဲ့အတြက္ အရသာမွာလည္း သက္ေရာက္မႈေတြ ရွိသြားပါတယ္ ။
ထမင္းၾကမ္းကေတာ့ ေၾကာ္တဲ့အခါ ဆီအပူေၾကာင့္ ထမင္းက ပုိမာသြားၿပီး၊ ဆီေျပာင္ေျပာင္နဲ႔ဆုိ ပုိၿပီးစားလုိ႔ေကာင္းတယ္လုိ႔ ဆုိရ မွာပါ ။
ဘယ္လုိပဲျဖစ္ျဖစ္ အခ်ိန္(၄)နာရီထက္ ပုိၾကာတဲ့ ထမင္းၾကမ္းေတြကို ေၾကာ္စားျခင္းက ဒါမွမဟုတ္ အပူျပန္ေပးၿပီး စားျခင္းက က်န္းမာေရးကို ထိခိုက္ေစႏုိင္တယ္လုိ႔ သိရပါတယ္ … ။
ဒီသတိေပးမႈကို မေလးရွားႏုိင္ငံ၊ က်န္းမာေရးဝန္ႀကီးဌာန KKM Putrajaya (Ministry of health Malaysia)က ထုတ္ျပန္ ခဲ့တာပါ ။
ေတာ္ေတာ္ မ်ားမ်ားေသာ အိမ္ေထာင္စုေတြဟာ ထမင္းၾကမ္းကို ေၾကာ္ၿပီး၊ ဒါမွမဟုတ္ ျပန္အ ပူေပးၿပီး စားတဲ့အေလ့အက်င့္ ရွိၾကၿပီး၊ အခ်ိန္(၄)နာရီ ထက္ ပုိၾကာေအာင္
သာမန္အခန္းအပူခ်ိန္အတြင္းမွာ သိမ္းဆည္းထားတဲ့ ထမင္းၾကမ္းေတြဟာ အဆိပ္သင့္ မႈကို ျဖစ္ေစႏုိင္တယ္လုိ္႔ ယင္းဝန္ႀကီးဌာနရဲ႕ တြစ္တာမွာ ေၾကညာခဲ့ပါတယ္ ။
အေၾကာင္းကေတာ့ အခ်ိန္ၾကာျမင့္စြာ သိမ္းထားတဲ့ ထမင္းၾကမ္ းေတြဟာ မႈိတက္ျခင္း(သုိ႔မဟုတ္) မႈိျဖစ္ ေစမယ့္ ဘက္တီးရီးယားေတြကို ျဖစ္ေစႏုိင္ပါတယ္ ။
ဒီလုိ အေျခအေန ကေနကေန အစာအဆိပ္ သင့္ျခင္းကို ပုိၿပီး အလားအလာ မ်ားေစေၾကာင္း KKM က သတိေပး ခဲ့တာပဲ ျဖစ္ပါ တယ္ ။
လင္းသူရိန္
Unicode
(၄)နာရီထက်ပိုကြာတဲ့ ထမင်းကြမ်းကို စားခြင်းက အဆိပ်သင့်မှုကိုဖြစ်စေနိုင်ဟုဆို
ထမင်းကြော် စားခြင်းဟာ အာရှ နိုင်ငံတော်တော် များများရဲ့ အမူအကျင့် ဖြစ်ပါတယ်။ တချို့သောသူတွေက မနက်ပိုင်း ထမင်းကြော် ပူပူလေးစားပြီးမှ အလုပ်သွား ရတာ နေသာ ထိုင်သာ ရှိပါ သ တဲ့ ။
ထမင်းကြော်တော်တော်များများဟာ ထမင်းအနွေးကို ကြော်တာထက်၊ ထမင်းအကြမ်းကို ကြော်တာက ပိုပြီး အရသာ ရှိ ပါ တယ် ။
အကြောင်းကတော့ ထမင်းနွေးကို ကြော်တဲ့အခါ ထမင်းက ဖွယ်တယ်တယ် ဖြစ်သွားတဲ့အတွက် အရသာမှာလည်း သက်ရောက်မှုတွေ ရှိသွားပါတယ် ။
ထမင်းကြမ်းကတော့ ကြော်တဲ့အခါ ဆီအပူကြောင့် ထမင်းက ပိုမာသွားပြီး၊ ဆီပြောင်ပြောင်နဲ့ဆို ပိုပြီးစားလို့ကောင်းတယ်လို့ ဆိုရ မှာပါ ။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်(၄)နာရီထက် ပိုကြာတဲ့ ထမင်းကြမ်းတွေကို ကြော်စားခြင်းက ဒါမှမဟုတ် အပူပြန်ပေးပြီး စားခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ် … ။
ဒီသတိပေးမှုကို မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန KKM Putrajaya (Ministry of health Malaysia)က ထုတ်ပြန် ခဲ့တာပါ ။
တော်တော် များများသော အိမ်ထောင်စုတွေဟာ ထမင်းကြမ်းကို ကြော်ပြီး၊ ဒါမှမဟုတ် ပြန်အ ပူပေးပြီး စားတဲ့အလေ့အကျင့် ရှိကြပြီး၊ အချိန်(၄)နာရီ ထက် ပိုကြာအောင်
သာမန်အခန်းအပူချိန်အတွင်းမှာ သိမ်းဆည်းထားတဲ့ ထမင်းကြမ်းတွေဟာ အဆိပ်သင့် မှုကို ဖြစ်စေနိုင်တယ်လို့် ယင်းဝန်ကြီးဌာနရဲ့ တွစ်တာမှာ ကြေညာခဲ့ပါတယ် ။
အကြောင်းကတော့ အချိန်ကြာမြင့်စွာ သိမ်းထားတဲ့ ထမင်းကြမ် းတွေဟာ မှိုတက်ခြင်း(သို့မဟုတ်) မှိုဖြစ် စေမယ့် ဘက်တီးရီးယားတွေကို ဖြစ်စေနိုင်ပါတယ် ။
ဒီလို အခြေအနေ ကနေကနေ အစာအဆိပ် သင့်ခြင်းကို ပိုပြီး အလားအလာ များစေကြောင်း KKM က သတိပေး ခဲ့တာပဲ ဖြစ်ပါ တယ် ။
လင်းသူရိန်
No Comments