သည္းခံခြင့္လႊတ္တတ္သူေတြဟာ နံု၊အ,တဲ့သူေတြမဟုတ္ၾကပါဘူး၊စိတ္အင္အားေကာင္းလြန္းသူေတြပါ - Amawpyay

သည္းခံခြင့္လႊတ္တတ္သူေတြဟာ နံု၊အ,တဲ့သူေတြမဟုတ္ၾကပါဘူး၊စိတ္အင္အားေကာင္းလြန္းသူေတြပါ

သည္းခံခြင့္လႊတ္တတ္သူေတြဟာ နံု၊အ,တဲ့သူေတြမဟုတ္ၾကပါဘူး၊စိတ္အင္အားေကာင္းလြန္းသူေတြပါ
Knowledge

သည္းခံခြင့္လႊတ္တတ္သူေတြဟာ နံု၊အ,တဲ့သူေတြမဟုတ္ၾကပါဘူး၊စိတ္အင္အားေကာင္းလြန္းသူေတြပါ

သည္းခံခြင့္လႊတ္တယ္ဆိုတာ လြယ္ကူတဲ့အလုပ္မဟုတ္ပါဘူး။ သာမန္လူတစ္ေယာက္က အတိုင္းအတာတစ္ခုအထိေတာ့ သည္းခံနိုင္ ခြင့္လႊတ္နိုင္ေပမယ့္ ကိုယ္သည္းခံနိုင္တဲ့အတိုင္းအတာထက္လြန္သြားရင္ေတာ့ ခြင့္မလႊတ္နိုင္ဘဲ မုန္းသြားတတ္ၾကပါတယ္။

တကယ္ေတာ့ သည္းခံ ခြင့္လႊတ္ နိုင္စြမ္း ရွိတဲ့ သူေတြဟာ နံုအတဲ့ သူေတြ မဟုတ္ၾကပါဘူး၊ ဒီလို စိတ္စြမ္းအားမ်ိုးေတြ ပိုင္ဆိုင္တဲ့သူေတြပါ။

ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိသူေတြ

ကိုယ့္ရဲ႕အရည္အခ်င္းကို အျပည့္အဝ ယံုၾကည္မႈ ရွိတဲ့ သူေတြဟာ ကိုယ့္အေပ ၚစီးပိုးလာတဲ့ သူေတြ၊ မေကာင္းၾကံတာေတြကို လံုးဝမမႈတာေၾကာင့္ ဒါေတြကို သည္းခံနိုင္တယ္။

ဒီလိုလာလုပ္တဲ့သူေတြကိုလည္း လြယ္လြယ္ ခြင့္လႊတ္ေပး လိုက္နိုင္ပ ါတယ္။

သတၱိရွိသူေတြ

ခြင့္လႊတ္တယ္ဆိုတာ သတၱိရွိျခင္းပါ။ ဘာလို႕လဲဆိုေတာ့ ကိုယ့္အေပၚမေကာင္းတဲ့လူေတြကို မေၾကာက္ဘူး၊ ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ ရင္ဆိုင္နိုင္တယ္၊

ကိုယ့္အရည္အခ်င္းကိုပဲယံုတယ္၊ ကိုယ့္အေပၚမေကာင္းတဲ့လူေတြက ခြင့္လႊတ္ျခင္းနဲ႕မထိုက္တန္ရင္ေတာင္ ကိုယ္ကစိတ္ေအးခ်မ္းမႈနဲ႕ထိုက္တန္တယ္လို႕ ယံုတယ္။ ဒါေၾကာင့္ ခြင့္လႊတ္ျခင္းက သတၱိရွိျခင္းလို႕ ေျပာတာပါ။

ကိုယ့္ကိုယ္ကိုေက်နပ္မႈရွိသူေတြ

ကိုယ္ပိုင္ဆိုင္ထားတဲ့ဘဝ၊ ကိုယ့္စိတ္ဓာတ္နဲ႕အရည္အခ်င္းကို ေက်နပ္မႈအျပည့္အဝရွိေနတဲ့အခါ ကိုယ့္အေပၚမေကာင္းတဲ့သူေတြကို လိုက္ျပီးစိတ္မဆိုးေနေတာ့ပါဘူး။

ကိုယ့္ကိုယ္ကို ေက်နပ္မ ႈရွိျခင္းက ခြင့္လႊတ္ျခင္းကိုျဖစ္ေပၚေစပါ တယ္။

ထိန္းခ်ဳပ္နိုင္စြမ္းရွိသူေတြ

သူမ်ားေတြ ကိုယ့္အေပၚမေကာင္းတိုင္း ကိုယ္ကျပန္ျပီးမေကာင္းဘူးဆိုတာ စိတ္ဓာတ္နံုခ်ာတဲ့သူေတြအလုပ္ပါ။ စိတ္ဓာတ္အင္အားရွိတဲ့သူ၊ သေဘာထားျပည့္ဝ တဲ့သူ၊

ကိုယ့္စိတ္ကို ထိန္းခ်ဳပ္ နိုင္သူေတြက မေကာင္းတဲ့ သူေတြနဲ႕ လိုက္တုျပီး ကိုယ့္တန္ဖိုး က်ေအာင္ မလုပ္ပါဘူး။ သည္းခံခြင့္လႊတ္တတ္တဲ့ သူေတြဟာ အမုန္းနဲ႕တံု႕ျပန္ခ်င္တဲ့ ကိုယ့္ရဲ႕စိတ္ကို ထိန္္းခ်ဳပ္ နိုင္တဲ့ သူေတြ ပါ။

ထက္ျမက္သူေတြ

သည္းခံ ခြင့္လႊတ္ တတ္တဲ့ သူေတြကို လူေတြက နံုတယ္၊အ တယ္၊ အနိုင္က်င့္လို႕ရတယ္ဆိုျပီး ေလွ်ာ့တြက္ တတ္ၾက ပါတယ္။

တကယ္ေတာ့ သူတို႕ေတြဟာ မေကာင္းတဲ့ လူေတြနဲ႕တုျပီး ကိုယ့္ကိုယ္ကုိ နိ္မ့္က်ေအာင္ မလုပ္ဖို႕ အသိဉာဏ္နဲ႕ထိန္းနိုင္တဲ့သူေတြ၊ ဉာဏ္ရည္ ထက္ျမက္ သူေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူမ်ားကိုမေကာင္းၾကံတဲ့သူ၊ လိုက္ တိုက္ခိုက္ ေနသူေတြက ဘာမွျဖစ္မလာဘဲ ဒံုရင္းဒံုရင္းျဖစ္ေနခ်ိန္မွာ သည္းခံခြင့္လႊတ္ျပီး

ကိုယ့္အလုပ္ကိုပဲအေကာင္းဆံုးလုပ္တဲ့သူေတြသာ ေအးေအး ခ်မ္းခ်မ္းနဲ႕ ေနာက္ဆံုးမွာ ေအာင္ျမင္သူေတြျဖစ္လာတာပါ။

written by PP

Unicode

သည်းခံခွင့်လွှတ်တတ်သူတွေဟာ နုံ၊အ,တဲ့သူတွေမဟုတ်ကြပါဘူး၊စိတ်အင်အားကောင်းလွန်းသူတွေပါ

သည်းခံခွင့်လွှတ်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်က အတိုင်းအတာတစ်ခုအထိတော့ သည်းခံနိုင် ခွင့်လွှတ်နိုင်ပေမယ့် ကိုယ်သည်းခံနိုင်တဲ့အတိုင်းအတာထက်လွန်သွားရင်တော့ ခွင့်မလွှတ်နိုင်ဘဲ မုန်းသွားတတ်ကြပါတယ်။

တကယ်တော့ သည်းခံ ခွင့်လွှတ် နိုင်စွမ်း ရှိတဲ့ သူတွေဟာ နုံအတဲ့ သူတွေ မဟုတ်ကြပါဘူး၊ ဒီလို စိတ်စွမ်းအားမျိုးတွေ ပိုင်ဆိုင်တဲ့သူတွေပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေ

ကိုယ့်ရဲ့အရည်အချင်းကို အပြည့်အဝ ယုံကြည်မှု ရှိတဲ့ သူတွေဟာ ကိုယ့်အပေ ါ်စီးပိုးလာတဲ့ သူတွေ၊ မကောင်းကြံတာတွေကို လုံးဝမမှုတာကြောင့် ဒါတွေကို သည်းခံနိုင်တယ်။

ဒီလိုလာလုပ်တဲ့သူတွေကိုလည်း လွယ်လွယ် ခွင့်လွှတ်ပေး လိုက်နိုင်ပ ါတယ်။

သတ္တိရှိသူတွေ

ခွင့်လွှတ်တယ်ဆိုတာ သတ္တိရှိခြင်းပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အပေါ်မကောင်းတဲ့လူတွေကို မကြောက်ဘူး၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်၊

ကိုယ့်အရည်အချင်းကိုပဲယုံတယ်၊ ကိုယ့်အပေါ်မကောင်းတဲ့လူတွေက ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ရင်တောင် ကိုယ်ကစိတ်အေးချမ်းမှုနဲ့ထိုက်တန်တယ်လို့ ယုံတယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းက သတ္တိရှိခြင်းလို့ ပြောတာပါ။

ကိုယ့်ကိုယ်ကိုကျေနပ်မှုရှိသူတွေ

ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝ၊ ကိုယ့်စိတ်ဓာတ်နဲ့အရည်အချင်းကို ကျေနပ်မှုအပြည့်အဝရှိနေတဲ့အခါ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို လိုက်ပြီးစိတ်မဆိုးနေတော့ပါဘူး။

ကိုယ့်ကိုယ်ကို ကျေနပ်မ ှုရှိခြင်းက ခွင့်လွှတ်ခြင်းကိုဖြစ်ပေါ်စေပါ တယ်။

ထိန်းချုပ်နိုင်စွမ်းရှိသူတွေ

သူများတွေ ကိုယ့်အပေါ်မကောင်းတိုင်း ကိုယ်ကပြန်ပြီးမကောင်းဘူးဆိုတာ စိတ်ဓာတ်နုံချာတဲ့သူတွေအလုပ်ပါ။ စိတ်ဓာတ်အင်အားရှိတဲ့သူ၊ သဘောထားပြည့်ဝ တဲ့သူ၊

ကိုယ့်စိတ်ကို ထိန်းချုပ် နိုင်သူတွေက မကောင်းတဲ့ သူတွေနဲ့ လိုက်တုပြီး ကိုယ့်တန်ဖိုး ကျအောင် မလုပ်ပါဘူး။ သည်းခံခွင့်လွှတ်တတ်တဲ့ သူတွေဟာ အမုန်းနဲ့တုံ့ပြန်ချင်တဲ့ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ် နိုင်တဲ့ သူတွေ ပါ။

ထက်မြက်သူတွေ

သည်းခံ ခွင့်လွှတ် တတ်တဲ့ သူတွေကို လူတွေက နုံတယ်၊အ တယ်၊ အနိုင်ကျင့်လို့ရတယ်ဆိုပြီး လျှော့တွက် တတ်ကြ ပါတယ်။

တကယ်တော့ သူတို့တွေဟာ မကောင်းတဲ့ လူတွေနဲ့တုပြီး ကိုယ့်ကိုယ်ကို နိမ့်ကျအောင် မလုပ်ဖို့ အသိဉာဏ်နဲ့ထိန်းနိုင်တဲ့သူတွေ၊ ဉာဏ်ရည် ထက်မြက် သူတွေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူများကိုမကောင်းကြံတဲ့သူ၊ လိုက် တိုက်ခိုက် နေသူတွေက ဘာမှဖြစ်မလာဘဲ ဒုံရင်းဒုံရင်းဖြစ်နေချိန်မှာ သည်းခံခွင့်လွှတ်ပြီး

ကိုယ့်အလုပ်ကိုပဲအကောင်းဆုံးလုပ်တဲ့သူတွေသာ အေးအေး ချမ်းချမ်းနဲ့ နောက်ဆုံးမှာ အောင်မြင်သူတွေဖြစ်လာတာပါ။

written by PP

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …