
စိတ္္ညစ္လာတဲ႔ အခါ ဘာေတြလုပ္ရမလဲဲ
“စိတ္ညစ္ရင္္….ဘာလုပ္မလဲ”
စိိတ္ညစ္ရင္ခါးကို ေျဖာင့္ေျဖာင့္ထား၊ မ်က္လံုးေလးမွိတ္၊ လက္အုပ္ ကေလးခ်ီျပီး ငါးပါးသီလကို ယူလိုက္ပါ။
တစ္ဆက္တည္းပဲ “ျမတ္စြာဘုရား၊ ဘုရားတပည့္ေတာ္္ ခႏၶာကိုယ္ထဲကို သီတင္းသံုးေတာ္မူပါဘုရား”လို႔ ပင့္လိုက္ပါ။ ကိုယ္က အမ်ိဳးသမီး ျဖစ္ေနလို႔ ပင့္ရမွာ အားနာ ေနရင္လည္း ဦးေခါင္းထက္ကိုပင့္လိုက္ပါ။
စိတ္ထဲမွာလည္း ျမတ္စြာဘုရား ကိုယ့္ခႏၶာကိုယ္ထဲ၊ ကိုယ့္ဦးေခါင္းထက္မွာ ရွိေနတယ္လို႔ ႏွလံုးသြင္းထားပါ။
ျမတ္စြာဘုရား ကေတာ့ ပရိနိဗၺာန္ စံျပီးျပီဆိုေတာ့ တကယ္ေတာ့ ဘယ္ၾကြလာမွာလဲ။စိတ္ဓာတ္ အင္အားကို ယူတာပါ။ စိတ္ထဲမွာ ျမတ္စြာဘုရား တကယ္ၾကြလာတယ္လို႔ ႏွလံုးသြင္း ထားရမွာပါ။
အားလံုးျပီးရင္္ လက္အုပ္ခ်ီ ထားတာေလးခ်ျပီး အရဟံ ဂုဏ္ေတာ္ကို ငါးမိနစ္၊ ေမတၱာကို ငါးမိနစ္၊ ၀ိပႆနာကို ငါးမိနစ္ ပြားေနလိုက္ပါ။ ဒါဆိုရင္ စိတ္ခ်မ္းသာ လာပါ လိမ့္မယ္။ မယံုရင္စမ္းၾကည့္ပါ။
စာေရးသူလည္း စိတ္ညစ္လာရင္ ဒီနည္းအတိုင္းပဲလုပ္တာပါ။ ဒါဆို စိတ္ညစ္တာ ေပ်ာက္သြားတာ မ်ားပါတယ္။
ကိေလသာ မကင္းသေရြ႕ေတာ့ စိတ္ေတြက အခါအားေလွ်ာ္စြာ ညစ္ေနရဦးမွာပါ။ စိတ္ညစ္တာကို ညစ္တဲ့ အတိုင္းမထားဘဲ ကိုယ္ႏွစ္သက္တဲ့ နည္းတစ္ခုခုနဲ႔ ပယ္ပစ ္လိုက္ႏိုင္ဖို႔ပါ။
ဒီနည္းေလးကို ကိုယ္က အထံုအက်င့္ေလးတစ္ခုလုပ္ထား လိုက္ဖို႔ပါ။ ဂုဏ္ေတာ္ ေမတၱာေလး ပြားလိုက္ ၊ စိတ္ညစ္လာတာနဲ႔ဂုဏ္ေတာ္ ေမတၱာေလး ပြားလိုက္” နဲ႔က်င့္ပါမ်ား သြားရင္ အထံု ျဖစ္သြားပါလိမ့္မယ္။
အထံုျဖစ္သြားရင္ စြဲသြားတာ မ်ားပါတယ္။ ေကာင္းတဲ့ အထံု ေလးေတြဆို စြဲေနေအာင္ လုပ္ထားရပါတယ္။အဲဒီလိုမွ မဟုတ္ဘဲ စိတ္ညစ္လာရင္ ထြက္ေပါက္ အေနနဲ႔ အကုသိုလ္ မကင္းတဲ့ တျခားတစ္ခုခုကို
သြားလုပ္မယ္ ဆိုရင္ေတာ့ ကိုယ္ျပဳတဲ့ အျပဳအမူက စြဲသြားတတ္ ပါတယ္။
မေကာင္းတာ စြဲသြားရင္ ျဖတ္ရတာ ခက္ပါတယ္။ စိတ္ညစ္တာကို အေၾကာင္းျပဳျပီး အကုသိုလ္ မကင္းတဲ့ အျပဳအမူေတြ စြဲသြားတဲ့ သူေတြအမ်ားၾကီးပါ။ ေတြ႔ဖူး ျမင္ဖူးၾကမွာပါ။
တခ်ိဳ႕က်ေတာ့ စိတ္ညစ္လာရင္ တစ္ေယာက္ေယာက္ဆီကို ဖုန္းဆက္ ေျပာေလ့ရွိပါတယ္။ ကိုယ္ဖုန္းဆက္ ေျပာတဲ့သူက ေကာင္းျမတ္တဲ့ အၾကံေပးရင္ ေတာ္ပါရဲ့။
“ဘယ္လို ကဲလိုက္ပါလား၊ ဘယ္လိုလုပ္လိုက္ ပါလား” စသည္ျဖင့္ အကုသိုလ္ မကင္းတဲ့အၾကံေတြ ေပးလိုက္ရင္ ကိုယ့္အတြက္ အမ်ားၾကီးနစ္နာ သြားႏိုင္ပါတယ္။
ကဲထားပါေတာ့။ တစ္ေယာက္ေယာက္ဆီ ဖုန္းဆက္္ အၾကံဉာဏ္ေတာင္း လို႔ ကိုယ္ အၾကံေတာင္းတဲ့ သူက“လာခဲ့၊ ဘယ္ဆိုင္မွာ ဘယ္ကလပ္မွာ သြားကဲရေအာင္၊ လံုး၀ လန္းသြားေစရမယ္”ဆိုျပီး လွမ္းေခၚပါျပီတဲ့။
ေခၚတဲ့အတိုင္း ေနရာတစ္ခုုခု မွာ ကဲပါျပီတဲ့၊ကဲေနတုန္းမွာ လန္းတယ္လို႔ ထင္ရေပမယ့္ ကဲျပီးေတာ့လည္း ညစ္လက္စ စိတ္က ျပန္ညစ္ ရဦးမွာပါ။ ေနာက္ဆံုး ကိုယ့္မွာ အကုသိုလ္ အပိုျဖစ္ရတာပဲ အဖတ္တင္တာပါ။
စိတ္ညစ္တဲ့အခါ ထြက္ေပါက္ မ်ိဳးစံုေတာ့ ရွိေနၾကမွာပါ။ အဲဒီအထဲကမွာ ေကာင္းတဲ့ ထြက္ေပါက္ လည္းျဖစ္၊ ကိုယ္နဲ႔ သပၸါယသင့္တဲ့ ထြက္ေပါက္လည္း ျဖစ္တဲ့ ထြက္ေပါက္ တစ္ခုကို အေလ့အက်င့္ လုပ္ထား လိုက္ဖို႔ပါ။
စိတ္ညစ္ရင္ အျခား တစ္ဖက္မွာ ဆိုးက်ိဳးေတြ ရွိေနတဲ့အတြက္္ ေကာင္းတဲ့ ထြက္ေပါက္ ေလးေတြကို အထံုတစ္ခု အေနနဲ႔ စြဲေနေအာင္ ေလ့က်င့္ ထားႏိုင္ရပါမယ္။
တကယ္ေတာ့လည္္း တရား သေဘာအရ ဘယ္အရာမွ မျမဲပါဘူး။ စိတ္ညစ္ တာလည္း အျမဲ တည္မေနႏိုင္ပါဘူး။ ကာလတစ္ခုပါပဲ။
ကိုယ္က မျမဲတဲ့ သေဘာ တရားေလးကို ေသခ်ာ သေဘာေပါက္ျပီး စိတ္ညစ္ တာကို အေၾကာင္း ျပဳျပီး ထြက္ေပါက္ အေနနဲ႔ အကုသိုလ္ မျပဳလိုက္မိဖို႔ပါ။
စိတ္ညစ္ေနတဲ့ ကာလတိုေလးမွာ ကုသိုလ္ေတြက္ိို လုပ္ခ်င္သည္ ျဖစ္ေစ၊ မလုပ္ခ်င္သည္ ျဖစ္ေစ ေပေတလုပ္ ေနလိုက္ပါ။
ဘုရား ပန္းအိုးလဲတာ ဘုရား ေသာက္ေတာ္ ေရလဲတာ၊ ကိုယ္ၾကိဳက္တဲ့ အစားအစာေလး ေတြကို ျမတ္စြာဘုရားကိုကပ္တာ စသည္ျဖင့္ လုပ္လို႔လည္း ရပါေသးတယ္။
စိတ္ညစ္တာကို အမွီျပဳျပီး ကုသိုလ္ အျမတ္ထြက္္ ေအာင္လုပ္ပစ္ ရမွာပါ။ ကာလ တစ္ခုၾကာလို႔ စိတ္ညစ္တာလည္း ေပ်ာက္သြားေရာ၊ ကိုယ့္ရင္ထဲကို ျပန္ၾကည့္ လိုက္တဲ့ အခါ ကုသိုလ္ေတြ တစ္ေလွၾကီး ျဖစ္ေနေတာ့တာပါ။
ဒီ ကုသိုလ္ေတြဟာ ေနာက္ဘ၀အထိ အထံုဓာတ္္ ေတြအေနနဲ ့ ပါသြားေတာ့ မွာပါ။ အထံု၀ါသနာဆိုတာေနာက္ဘ၀အထိ လိုက္တတ္တာဆိုေတာ့ ေနာက္ဘ၀မွာလည္း ကုသိုလ္ ပါရမီေတြ ျပဳျဖစ္ ေနဦးမွာပါ။ ဒါဆိုရင္ နိဗၺာန္နဲ႔လည္း တျဖည္းျဖည္း နီးသြား ေတာ့မွာပါ။
အဓိကကေတာ့ ဘယ္လိုိအာရံုပဲ ၾကံဳလာၾကံဳလာ၊ ၾကံဳလာတဲ့ အာရံုကို အေၾကာင္းျပဳျပီး ကုသိုလ္ ျဖစ္သြား ဖို႔ပါ။ ဒါကို ကိုယ္က အေလ့အက်င့္ ျဖစ္ေအာင္ ေလ့က်င့္၊ ေလ့က်င့္ ထားဖို႔ပါ။
ေလ့က်င့္ ထားရင္ စြဲသြား တတ္ပါတယ္။ ေနာင္ဆိုရင္ အထူး ေၾကာင့္ၾက စိုက္စရာ မလို ေတာ့ပါဘူး။ ဘာပဲေျပာေျပာ ဒါဆိုရင္ စိတ္ခ်မ္းသာ လာပါလိမ့္မယ္။
အရွင္ရာဇိႏၵ (ရေ၀ႏြယ္- အင္းမ)
(အလင္းတန္းဂ်ာနယ္)
Unicode
စိတ်ညစ်လာတဲ့ အခါ ဘာတွေလုပ်ရမလဲ
“စိတ်ညစ်ရင်….ဘာလုပ်မလဲ”
စိတ်ညစ်ရင်ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ် ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။
တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာ နေရင်လည်း ဦးခေါင်းထက်ကိုပင့်လိုက်ပါ။
စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။
မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။
အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။
စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲလုပ်တာပါ။ ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။
ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ ်လိုက်နိုင်ဖို့ပါ။
ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ ဂုဏ်တော် မေတ္တာလေး ပွားလိုက် ၊ စိတ်ညစ်လာတာနဲ့ဂုဏ်တော် မေတ္တာလေး ပွားလိုက်” နဲ့ကျင့်ပါများ သွားရင် အထုံ ဖြစ်သွားပါလိမ့်မယ်။
အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံ လေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ်။အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို
သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။
မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။
တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။
ကဲထားပါတော့။ တစ်ယောက်ယောက်ဆီ ဖုန်းဆက် အကြံဉာဏ်တောင်း လို့ ကိုယ် အကြံတောင်းတဲ့ သူက“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံး၀ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။
စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။
စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ်။
တကယ်တော့လည်း တရား သဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ် တာလည်း အမြဲ တည်မနေနိုင်ပါဘူး။ ကာလတစ်ခုပါပဲ။
ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။
စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။
ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကိုကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။
စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ် ရမှာပါ။ ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့် လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။
ဒီ ကုသိုလ်တွေဟာ နောက်ဘဝအထိ အထုံဓာတ် တွေအနေနဲ့ ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာနောက်ဘဝအထိ လိုက်တတ်တာဆိုတော့ နောက်ဘဝမှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ် နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွား တော့မှာပါ။
အဓိကကတော့ ဘယ်လိုအာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့် ထားဖို့ပါ။
လေ့ကျင့် ထားရင် စွဲသွား တတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြ စိုက်စရာ မလို တော့ပါဘူး။ ဘာပဲပြောပြော ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
(အလင်းတန်းဂျာနယ်)
Unicode
No Comments