
ဆီးပူ၊ဆီးခ်ဳပ္၊ ေသြးျမင္း သ႐ိုက္ႏွင့္ လူပ်ိဳနာအျပင္ အလြန္ေဆးဖက္ဝင္ေသာ ႐ြက္က်ပင္ေပါက္
“႐ြက္က်ပင္ေပါက္”
အခ်ိဳ႕ကပန္းအိုးတို႔ျဖင့္္ အလွစိုက္ပ်ိဳးေသာ ႐ြက္က်ပင္ ေပါက္တြင္
ေဆးအစြမ္းမ်ားစြာရွိပါ၏။ အိမ္တြင္ ရွိေနပါက ေဆးအသုံး သိေစရန္ ျပန္လည္မွ်ေဝ လိုက္ပါသည္။
ယင္းေဆးပင္သည္နတ္ေဆး သဖြယ္ျဖစ္ ၏။ ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန႔္ထိန္းခ်ဳပ္ေသာေနရာ၌္ အလြန္အစြမ္းႀကီးေၾကာင္းေဆးက်မ္းတြင္ဆိုပါသည္။
႐ုကၡေဗဒ အမည္မွာ( Bryophyllum calycinum Salisb)ျဖစ္သည္။ အရည္႐ြမ္းေသာ ႏွစ္ရွည္ခံပင္ငယ္သက္ျပင္း မ်ိဳးျဖစ္သည္။ ထူးျခားသည္မွာ ႐ြက္ဖ်ားပ တ္ပတ္လည္ အ႐ြက္ ပိုေလးမ်ားသည္ ေျမသို႔က်ရာမွ မ်ိဳးေစ့သဖြယ္အပင္ျပန္ေပါက္၍ ႐ြက္က်ပင္ ေပါက္ဟု ေခၚဟန္ရွိ၏။
အသုံးျပဳပံုံမွာ
(၁) ထိခိုက္ရွနာႏွင့္ ေသြးစိမ္းထြက္ေသာ အနာမ်ားကို ႐ြက္က်ပင္ ေပါက္႐ြက္ ကို မီးကင္း၍ ကပ္ေပးပါက ေသြးမ်ားရပ္စဲ၍ အနာက် က္လြယ္၏။
(၂) အ႐ြက္ကို ႀကိတ္ညစ္ ၍ရေသာ အရည္ျဖင့္ အနာစက္၊ အနာမီး လွ်ံႏွင့္ေမြးကြၽတ္ နာမ်ားတြင္လိမ္းေပးက ေပ်ာက္ကင္း၏။
(၃) ႐ြက္က်ပင္ေပါက္ကို အ႐ြက္ကို မီးကင္ၿပီး ထိခိုက္ ေရာင္ရမ္းေသာ ဒဏ္ရာမ်ား ကို ကပ္ေပးပါကေရာင္ရမ္းျခင္းက်ဆင္းၿပီး ဒဏ္ရာမ်ား သက္သာ ေပ်ာက္ကင္း၏။
(၄)႐ြက္က်ပင္ေပါက္႐ြက္(၁)႐ြက္(၂)႐ြက္ကို င႐ုတ္ေကာင္းအနည္းငယ္ ထည့္၍ ညက္ေအာင္ႀကိတ္ၿပီး ေသာက္သုံးပါက ဆီးပူ၊ဆီးခ်ဳပ္၊ ေသြးျမင္း သ႐ိုက္ႏွင့္ လူပ်ိဳနာေၾကာင့္ ျဖစ္ေသာအနာ မ်ားေပ်ာက္ကင္း၏။
(၅) အ႐ြက္ကိုႀကိတ္၍ အရည္ကိုေသာက္ပါက ကာလဝမ္းေရာဂါ ေပ်ာက္၏အ႐ြက္ရည္ကို အဆစ္လြဲ၊အေၾကာထုံးေနရာမ်ားႏွင့္ မီးေလာင္နာတို႔ တြင္လိမ္းေပ းပါက ေပ်ာက္ကင္း ၏။
(၆) အ႐ြက္ကိုညက္စြာႀကိတ္၍လည္းေကာင္း၊ အေအးလြန္၍ျဖစ္ေသာ မ်က္စိ နာအတြက္ အ႐ြက္ကိုႀကိတ္ၿပီး နႏြင္းစစ္စစ္ အနည္းငယ္ ထည့္ကာ ခပ္ေႏြးေႏြးအုံ ေပးပါက မ်က္စိနာေပ်ာက္၏။
(၇) အနာမ်ားမေပါက္ဘဲ အေညႇာ္မိ၊ငန္းမန္း၊လိုက္၍ ေရာင္တင္းလာပါက အ႐ြက္ ကိုႀကိတ္၍ အုံေပးပါက အေညႇာ္မ်ားက်ဆင္းၿပီး အနာႏုလွ်င္ပိန္၍ ရင့္လွ်င္ေပါက္သြား ေစသည္။
(၈)အ႐ြက္ရည္ကိုသၾကားျဖင့္ေရာေသာက္ပါကဆီး၌ ေသြးပါျခင္း ႏွင့္ ေသြးဝမ္း သြားျခင္း ကိုေပ်ာက္ကင္း၏
(၉) အ႐ြက္ကို မီးကင္၍ ေဖါေရာင္ေသ ာေနရာ မ်ားကို ကပ္ေပ းပါက အေဖါက်၏။ အ႐ြက္ကို ဆားျဖင့္ႀကိတ္ၿပီး ကင္းကိုက္ေသာ ေန ရာ သို႔ သိပ္ေပ းပါက ကင္းဆိပ္ ေျပ သည္။
က်မ္းကိုး။ ျမန္မာ့ေဆးဝါးပင္မ်ား
လိုသူယူသုံးေစတနာအၿပဳံးျဖင့္
Crd by ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
Unicode
ဆီးပူ၊ဆီးချုပ်၊ သွေးမြင်း သရိုက်နှင့် လူပျိုနာအပြင် အလွန်ဆေးဖက်ဝင်သော ရွက်ကျပင်ပေါက်
“ရွက်ကျပင်ပေါက်”
အချို့ကပန်းအိုးတို့ဖြင့်် အလှစိုက်ပျိုးသော ရွက်ကျပင် ပေါက်တွင်
ဆေးအစွမ်းများစွာရှိပါ၏။ အိမ်တွင် ရှိနေပါက ဆေးအသုံး သိစေရန် ပြန်လည်မျှဝေ လိုက်ပါသည်။
ယင်းဆေးပင်သည်နတ်ဆေး သဖွယ်ဖြစ် ၏။ သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌် အလွန်အစွမ်းကြီးကြောင်းဆေးကျမ်းတွင်ဆိုပါသည်။
ရုက္ခဗေဒ အမည်မှာ( Bryophyllum calycinum Salisb)ဖြစ်သည်။ အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်း မျိုးဖြစ်သည်။ ထူးခြားသည်မှာ ရွက်ဖျားပ တ်ပတ်လည် အရွက် ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ရွက်ကျပင် ပေါက်ဟု ခေါ်ဟန်ရှိ၏။
အသုံးပြုပံုံမှာ
(၁) ထိခိုက်ရှနာနှင့် သွေးစိမ်းထွက်သော အနာများကို ရွက်ကျပင် ပေါက်ရွက် ကို မီးကင်း၍ ကပ်ပေးပါက သွေးများရပ်စဲ၍ အနာကျ က်လွယ်၏။
(၂) အရွက်ကို ကြိတ်ညစ် ၍ရသော အရည်ဖြင့် အနာစက်၊ အနာမီး လျှံနှင့်မွေးကျွတ် နာများတွင်လိမ်းပေးက ပျောက်ကင်း၏။
(၃) ရွက်ကျပင်ပေါက်ကို အရွက်ကို မီးကင်ပြီး ထိခိုက် ရောင်ရမ်းသော ဒဏ်ရာများ ကို ကပ်ပေးပါကရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများ သက်သာ ပျောက်ကင်း၏။
(၄)ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ဆီးချုပ်၊ သွေးမြင်း သရိုက်နှင့် လူပျိုနာကြောင့် ဖြစ်သောအနာ များပျောက်ကင်း၏။
(၅) အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလဝမ်းရောဂါ ပျောက်၏အရွက်ရည်ကို အဆစ်လွဲ၊အကြောထုံးနေရာများနှင့် မီးလောင်နာတို့ တွင်လိမ်းပေ းပါက ပျောက်ကင်း ၏။
(၆) အရွက်ကိုညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော မျက်စိ နာအတွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေးအုံ ပေးပါက မျက်စိနာပျောက်၏။
(၇) အနာများမပေါက်ဘဲ အညှော်မိ၊ငန်းမန်း၊လိုက်၍ ရောင်တင်းလာပါက အရွက် ကိုကြိတ်၍ အုံပေးပါက အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွား စေသည်။
(၈)အရွက်ရည်ကိုသကြားဖြင့်ရောသောက်ပါကဆီး၌ သွေးပါခြင်း နှင့် သွေးဝမ်း သွားခြင်း ကိုပျောက်ကင်း၏
(၉) အရွက်ကို မီးကင်၍ ဖေါရောင်သေ ာနေရာ များကို ကပ်ပေ းပါက အဖေါကျ၏။ အရွက်ကို ဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သော နေ ရာ သို့ သိပ်ပေ းပါက ကင်းဆိပ် ပြေ သည်။
ကျမ်းကိုး။ မြန်မာ့ဆေးဝါးပင်များ
လိုသူယူသုံးစေတနာအပြုံးဖြင့်
Crd by ရဲမျိုးသူ(ဗောဓိမြိုင်)
Unicode
No Comments