
သင္ဘယ္ေလာက္ဆိုးဆိုး သင့္ေဘးကထြက္ခြာမသြားမယ့္ခ်စ္သူမ်ိဳးဆိုတာ ဒီလုိပါ
ခ်စ္တတ္တဲ့ ေယာက္်ားေလးေတြမရွားေပမယ့္မိန္းကေလးတစ္ေယာက္ကို တစ္ဘ၀လံုးစာအတြက္ရည္ရြယ္ၿပီး ထာ၀ရခ်စ္သြားမယ့္ ေယာက္်ားေလးမ်ိဳးကေတာ့ရွိေတာ့ရွိတယ္၊ ရွားမယ္ထင္ပါတယ္။
အခု Auntymay ပရိသတ္ႀကီးကို အဲ့ဒီလို ခပ္ရွားရွားေယာက္်ားေလးေတြရဲ႕အမူအက်င့္ေတြနဲ႔သူတို႔မွာ ေလးစားစရာေကာင္းတဲ့ဘယ္လိုအခ်က္ေလးေတြရွိေန တယ္ဆိုတာ ပ်ိဳေမေလးေတြသိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …. ။
(၁) ျပႆနာကို ေခါင္းမေရွာင္တတ္ဘူး
မိန္းကေလးတစ္ေယာက္ကိုတစ္ဘ၀လံုးစာရည္ရြယ္ထားတဲ့ ေယာက္်ားတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ အခက္အခဲေတြနဲ႔ႀကံဳပါေစ ေရွာင္ေျပးမသြားပါဘူး။
မထူးဇာတ္ခင္းၿပီး အရက္နဲ႔ ခံစားခ်က္ေတြကို ေျဖသိမ့္ေနမယ့္ သူမ်ိဳးလည္း မဟုတ္ပါဘူး။ သူ႔အတြက္ တခါတေလ ၿငီးေငြ႕စရာေကာင္းခဲ့မယ္ ဆိုရင္ေတာင္ ဂရုစိုက္မႈ၊အေလးထားမႈေတြနဲ႔ သူ႔ရဲ႕လက္တြဲေဖာ္ကို သက္ေတာင့္သက္သာျဖစ္ေစမွာပါ။
(၂) သင့္ဘက္ကိုအျမဲစဥ္းစားေပးတယ္
ေယာက္်ားတစ္ေယာက္ဥာဏ္ပညာႀကီးတာဟာ သူဘယ္ေလာက္ထိ စမတ္က်တယ္၊ ထူးခၽြန္ထက္ျမက္သလဲဆိုတဲ့ အေပၚမွာမမူတည္ဘဲ ႀကံဳေတြ႕လာတဲ့ အခက္အခဲ အေျခအေနေ ပၚမူတည္ၿပီး အေကာင္းဆံု းအႀကံျပဳခ်က္ေတြ ဘယ္ေလာက္ေပးႏိုင္သလဲ၊ရႈေထာင့္ေပါင္းစံုရဲ႕အျမင္ေတြကိုထည့္သြင္းစဥ္းစားႏိုင္သလဲဆိုတဲ့အေပၚမွာပဲမူတည္ပါတယ္။
အဲဒီလိုခ်စ္သူမ်ိဳးကိုပိုင္ဆိုင္ထားရင္ေတာ့ သင္နဲ႔ပတ္သက္ၿပီးအဆင္မေျပစရာေတြႀကံဳလာခဲ့ရင္ေတာင္ ဘယ္လိုေျဖရွင္း ရမလဲဆိုတာသိလို႔ သင့္ကိုထားသြားဖို႔မရွိႏိုင္ေတာ့ပါဘူး။
(၃) သင့္အမွားေတြကို လက္ခံႏိုင္မယ္
ဒီအခ်က္ေၾကာင့္ သင့္ကိုခြင့္မလႊတ္ႏိုင္တဲ့အမွားမ်ိဳးက်ဴးလြန္ဖို႔ဆိုလိုတာမဟုတ္ပါဘူး။လူတိုင္းကအမွားနဲ႔မကင္းႏိုင္ၾကဘူး ဆိုတာကိုေတာ့သူေကာင္းေကာင္းနားလည္ထားပါတယ္။
သင့္ရဲ႕မွားယြင္းေနတဲ့အယူအဆ၊ လုပ္ရပ္ေတြ အတြက္လည္း သူ႔ဘက္က အေကာင္းဆံုးလမ္းျပေပးႏိုင္မွာပါ။သင့္ရဲ႕အမွားေတြနဲ႔သင့္ကိုျပန္ၿပီးနာက်င္ေစမွာမဟုတ္ပါဘူး။
(၄) သူ႔အမွားကိုတာ၀န္ယူတယ္
သင့္ကို တစ္သက္လံုးလက္တြဲသြားမယ့္ ေယာက္်ား တ စ္ေယာက္ဟာ သူ႔အမွား အတြက္ ဘယ္ေတာ့မွ သင့္ကို နာက်င္ေစမွာ မဟုတ္ဘူး။
သူ႔အမွားကိုလည္း ဘယ္ေတာ့မွ လ်စ္လ်ဴရႈဖံု းကြယ္ လိုက္တာမ်ိဳး လုပ္မွ ာမဟုတ္သလို သင့္ရဲ႕ခြင့္လႊတ္မႈကို အရိုးသားဆံုးနည္းလမ္းနဲ႔ပဲေတာင္းခံပါလိမ့္မယ္။တခါတေလ သူ႔ဘက္ကမွန္ေနခဲ့ရင္ေတာင္ သင့္ကိုနာက်င္ေစမိရင္ သူ႔ကိုသူျပန္ၿပီး အျပစ္တင္တတ္တဲ့ ေယာက္်ားမ်ိဳးပါ။
(၅) အခ်ိန္တိုင္းအတူရွိေနမယ္
ဆိုးတူေကာင္းဖက္ သင့္အနားမွာ ရွိေနေပးတဲ့ေ ယာက္်ားတစ္ေယာက္ဟာ သင့္ကို ထားသြားဖို႔ဘယ္ေတာ့မွစဥ္းစားမွာ မဟုတ္ဘူး။ခ်စ္သူေတြအတြက္ ေ၀းကြာျခင္းဆိုတာ အႏၱရာယ္တစ္ခု၊ အတားအဆီးတစ္ခုဆုိတာ သူေကာင္းေကာင္းနား လည္ထားလို႔ပါပဲ … ။
ဘယ္လိုပဲျဖစ္ျဖစ္ ျပီးျပည့္စံုတဲ့ အခ်စ္ဆိုတာမရွိသလို အရာရာျပည့္စံုေနတဲ့ လူဆိုတာလည္း မရွိပါဘူး။ ဒါေၾကာင့္ ခ်စ္သူေတြ ၾကားမွာ တစ္ေယာက္ရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြကို တစ္ေယာက္က နားလည္ေပးဖို႔ ပဲအေရးႀကီးပါတယ္။
Myo Myo(auntymay)
Unicode
သင်ဘယ်လောက်ဆိုးဆိုး သင့်ဘေးကထွက်ခွာမသွားမယ့်ချစ်သူမျိုးဆိုတာ ဒီလိုပါ
ချစ်တတ်တဲ့ ယောက်ျားလေးတွေမရှားပေမယ့်မိန်းကလေးတစ်ယောက်ကို တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး ထာဝရချစ်သွားမယ့် ယောက်ျားလေးမျိုးကတော့ရှိတော့ရှိတယ်၊ ရှားမယ်ထင်ပါတယ်။
အခု Auntymay ပရိသတ်ကြီးကို အဲ့ဒီလို ခပ်ရှားရှားယောက်ျားလေးတွေရဲ့အမူအကျင့်တွေနဲ့သူတို့မှာ လေးစားစရာကောင်းတဲ့ဘယ်လိုအချက်လေးတွေရှိနေ တယ်ဆိုတာ ပျိုမေလေးတွေသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော် …. ။
(၁) ပြဿနာကို ခေါင်းမရှောင်တတ်ဘူး
မိန်းကလေးတစ်ယောက်ကိုတစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ကြုံပါစေ ရှောင်ပြေးမသွားပါဘူး။
မထူးဇာတ်ခင်းပြီး အရက်နဲ့ ခံစားချက်တွေကို ဖြေသိမ့်နေမယ့် သူမျိုးလည်း မဟုတ်ပါဘူး။ သူ့အတွက် တခါတလေ ငြီးငွေ့စရာကောင်းခဲ့မယ် ဆိုရင်တောင် ဂရုစိုက်မှု၊အလေးထားမှုတွေနဲ့ သူ့ရဲ့လက်တွဲဖော်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။
(၂) သင့်ဘက်ကိုအမြဲစဉ်းစားပေးတယ်
ယောက်ျားတစ်ယောက်ဉာဏ်ပညာကြီးတာဟာ သူဘယ်လောက်ထိ စမတ်ကျတယ်၊ ထူးချွန်ထက်မြက်သလဲဆိုတဲ့ အပေါ်မှာမမူတည်ဘဲ ကြုံတွေ့လာတဲ့ အခက်အခဲ အခြေအနေေ ပါ်မူတည်ပြီး အကောင်းဆုံ းအကြံပြုချက်တွေ ဘယ်လောက်ပေးနိုင်သလဲ၊ရှုထောင့်ပေါင်းစုံရဲ့အမြင်တွေကိုထည့်သွင်းစဉ်းစားနိုင်သလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။
အဲဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားရင်တော့ သင်နဲ့ပတ်သက်ပြီးအဆင်မပြေစရာတွေကြုံလာခဲ့ရင်တောင် ဘယ်လိုဖြေရှင်း ရမလဲဆိုတာသိလို့ သင့်ကိုထားသွားဖို့မရှိနိုင်တော့ပါဘူး။
(၃) သင့်အမှားတွေကို လက်ခံနိုင်မယ်
ဒီအချက်ကြောင့် သင့်ကိုခွင့်မလွှတ်နိုင်တဲ့အမှားမျိုးကျူးလွန်ဖို့ဆိုလိုတာမဟုတ်ပါဘူး။လူတိုင်းကအမှားနဲ့မကင်းနိုင်ကြဘူး ဆိုတာကိုတော့သူကောင်းကောင်းနားလည်ထားပါတယ်။
သင့်ရဲ့မှားယွင်းနေတဲ့အယူအဆ၊ လုပ်ရပ်တွေ အတွက်လည်း သူ့ဘက်က အကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။သင့်ရဲ့အမှားတွေနဲ့သင့်ကိုပြန်ပြီးနာကျင်စေမှာမဟုတ်ပါဘူး။
(၄) သူ့အမှားကိုတာဝန်ယူတယ်
သင့်ကို တစ်သက်လုံးလက်တွဲသွားမယ့် ယောက်ျား တ စ်ယောက်ဟာ သူ့အမှား အတွက် ဘယ်တော့မှ သင့်ကို နာကျင်စေမှာ မဟုတ်ဘူး။
သူ့အမှားကိုလည်း ဘယ်တော့မှ လျစ်လျူရှုဖုံ းကွယ် လိုက်တာမျိုး လုပ်မှ ာမဟုတ်သလို သင့်ရဲ့ခွင့်လွှတ်မှုကို အရိုးသားဆုံးနည်းလမ်းနဲ့ပဲတောင်းခံပါလိမ့်မယ်။တခါတလေ သူ့ဘက်ကမှန်နေခဲ့ရင်တောင် သင့်ကိုနာကျင်စေမိရင် သူ့ကိုသူပြန်ပြီး အပြစ်တင်တတ်တဲ့ ယောက်ျားမျိုးပါ။
(၅) အချိန်တိုင်းအတူရှိနေမယ်
ဆိုးတူကောင်းဖက် သင့်အနားမှာ ရှိနေပေးတဲ့ေ ယာက်ျားတစ်ယောက်ဟာ သင့်ကို ထားသွားဖို့ဘယ်တော့မှစဉ်းစားမှာ မဟုတ်ဘူး။ချစ်သူတွေအတွက် ဝေးကွာခြင်းဆိုတာ အန္တရာယ်တစ်ခု၊ အတားအဆီးတစ်ခုဆိုတာ သူကောင်းကောင်းနား လည်ထားလို့ပါပဲ … ။
ဘယ်လိုပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ အချစ်ဆိုတာမရှိသလို အရာရာပြည့်စုံနေတဲ့ လူဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် ချစ်သူတွေ ကြားမှာ တစ်ယောက်ရဲ့အားသာချက်၊အားနည်းချက်တွေကို တစ်ယောက်က နားလည်ပေးဖို့ ပဲအရေးကြီးပါတယ်။
Myo Myo(auntymay)
No Comments