ကေလးေခ်ာင္္းဆိုးရင္က်ပ္္ေနလွ်င္္ အလြယ္နည္းေလးမ်ား - Amawpyay

ကေလးေခ်ာင္္းဆိုးရင္က်ပ္္ေနလွ်င္္ အလြယ္နည္းေလးမ်ား

ကေလးေခ်ာင္္းဆိုးရင္က်ပ္္ေနလွ်င္္ အလြယ္နည္းေလးမ်ား
Knowledge

ကေလးေခ်ာင္္းဆိုးရင္က်ပ္္ေနလွ်င္္ အလြယ္နည္းေလးမ်ား

ကေလးေတြြ ေခ်ာင္းဆိုိးျခင္းကို လ်င္လ်င္ျမန္ျမန္္ ေပ်ာက္ကင္းေစမယ့္္ နည္းလမ္း

ေဆာင္းရာသီီမွာ ကေလးေတြက အေအးမိိၿပီး ေခ်ာင္းဆိုးတတ္ၾကပါတယ္။ အခ်ိန္မကုန္ဘဲနဲ႔ ေခ်ာင္းဆိုးေပ်ာက္ေစတဲ့ နည္းလမ္းေတြက အမ်ားႀကီးပါပဲ။

၁။ ၾကက္သြန္နီီ၊ ၾကက္သြန္ျဖဴ၊ ႏြားနို႔ိ

ၾကက္သြန္နီိက အေအးမိၿပီးေခ်ာင္းဆိုးတာ၊ ဖ်ားတာ၊ လည္ေခ်ာင္းနာတာေတြအတြက္ ထိေရာက္တဲ့ေဆးပါပဲ။ ေတာက္ေတာက္စင္းထားတဲ့ ၾကက္သြန္နီ၃လုံး၊ ၾကက္သြန္ျဖဴတစ္တက္၊ ႏြားနို႔တစ္လီတာကို ေရာႀကိဳပါ။ အရသာရွိခ်င္ရင္ ပ်ားရည္ထည့္လို႔ရပါတယ္။ ဒီနည္းက အဆက္မျပတ္ဆိုးတဲ့ေခ်ာင္းအတြက္ ထိေရာက္ပါတယ္။

၂။ ႏြားနို႔၊ နႏြြင္း

ႏြားနဲ႔ နႏြင္းေရာေဖ်ာ္ထားတဲ့အရည္က ေခ်ာင္းဆိုးေပ်ာက္ေစတဲ့ဲ သဘာဝေဆးပါပဲ။ ႏြားနို႔ေႏြးေႏြးေလးထဲကို နႏြင္းမွုန႔္လက္ဖက္ရည္ဇြြန္းတစ္ဇြန္း ထည့္ေမႊၿပီး ကေလးကို အိပ္ရာမဝင္ခင္ တိုက္ေပးနိုင္ပါတယ္။

၃။ ဆား

ေျခေထာက္က ေႏြြးေနတဲ့အခါ ေခ်ာင္းဆိုးသက္သာပါတယ္။ ဆားကို သင့္ေတာ္႐ုံအပူေပးပါ။ ၿပီးရင္ ကေလးရဲ့ေျခေထာက္မွာ လက္ကိုင္ပုဝါ သို႔မဟုတ္္ ပတ္တီးစေလးစည္းေပးၿပီး ဆားကို နင္းေပး႐ုံပါပဲ။
ဆားေတြ ေအးသြားၿပီဆိုမွ နင္းတာ ရပ္လို႔ရပါၿပီ။

၄။ ဆားရည္နဲဲ႔ ပလုပ္က်င္းျခင္း

ဆားေရနဲ႔ပလုုပ္က်င္းျခင္းက လည္ေခ်ာင္းနာတာေတြကို သက္သာေစပါတယ္။ ဆား စားပြဲတင္ဇြန္းတစ္ဝက္နဲ႔ ေရကို ေရာေမႊၿပီး ပလုပ္က်င္းပါ။ ပိုၿပီးအာနိသင္ရွိခ်င္ရင္ေတာ့ မုန႔္ဖုတ္ဆိုဒါတစ္ဇြန္းထည့္လို႔ရပါတယ္။

၅။နာနတ္သီးေဖ်ာ္ရည္္

နာနတ္သီးက လည္ေခ်ာင္းထဲဲက ခၽြဲေတြကို နည္းပါးေစၿပီး ေခ်ာင္းဆိုးတာကို သက္သာေစပါတယ္။ နာနတ္သီးေဖ်ာ္ရည္ထဲမွာ ဂ်င္းအနည္းငယ္ထည့္လို႔လည္း ရပါတယ္။
ဒါေပမယ့္ နာနတ္သီးေဖ်ာ္ရည္မတိုက္ခင္မွာ သင့္ကေလးက နာနတ္သီးနဲ႔ တည့္လားဆိုတာေတာ့ ေသခ်ာသိဖို႔လိုပါတယ္။

၆။ ဂ်င္း

ဂ်ဳံ၊ ပ်ားရည္၊ သံလြင္ဆီနဲ႔ ဂ်င္းမွုန႔္လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို ေရာေမႊပါ။ အဲဒီေနာက္ ေမႊထားတာကို လက္ကိုင္ပုဝါထဲ ထည့္ၿပီး လက္ကိုင္ပုဝါကို ကေလးရဲ့ရင္ဘတ္ေပၚ တင္ထားေပးပါ။

ညမအိပ္ခင္သုံးနာရီအလိုမွာ တင္ထားေပးတာ ပိုေကာင္းပါတယ္။ ဒါေပမယ့္ သင့္ကေလးက အေရျပားဓါတ္မတည့္မွုျဖစ္ဖူးတယ္ ဆိုရင္ ဒီနည္းကို မသုံးသင့္ပါဘူး။

၇။ ေရေႏြးႏွင့္္ ေရခ်ိဳးျခင္း

အလြြန္အမင္း ေခ်ာင္းဆိုးတဲ့အခါ ေရေႏြးနဲ႔ေရခ်ိဳးျခင္းက ခၽြဲေတြ ေၾကေစၿပီး ေခ်ာင္းဆိုးသက္သာသြားမွာပါ။

၈။ ငွွက္ေပ်ာသီး၊ ေရ၊ ပ်ားရည္္

ပထမဆုံး လိုိအပ္တာကေတာ့ ေရေႏြးတည္ဖို႔ပါ။ အဲဒီေနာက္ ငွက္ေပ်ာသီးေတြကို ျပဲသြားေအာင္ ေခ်ပါ။ ငွက္ေပ်ာသီးထဲကို ေရေႏြးေတြ ေလာင္းထည့္ၿပီး မိနစ္၃ဝၾကာ ထားပါ။

ေရေႏြးေအးသြားတဲ့အခါ ပ်ားရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္း ထည့္ပါ။ တစ္ခါစားရင္ ၁ဝဝမီလီလီတာနဲ႔ ၄ ႀကိမ္ စားလို႔ရပါတယ္။ ဒီနည္းက ရင္က်ပ္နာကိုလည္း ေပ်ာက္ေစပါတယ္။

၉။ စိုိထိန္းမွုထိန္းစက္္

ရင္က်ပ္နာ၊ အေအးမိိ၊ တုပ္ေကြးျဖစ္တဲ့အခါ စိုထိန္းမွုထိန္းစက္ကို အသုံးျပဳေပးျခင္းက အလြန္သက္သာေစမွာပါ။

ခရက္ဒစ္ Z o m b i e ( Lo v e M e d i a )

ယူနီကုတ္

ကလေးချောင်းဆိုးရင်ကျပ်နေလျှင် အလွယ်နည်းလေးများ

ကလေးတွေ ချောင်းဆိုးခြင်းကို လျင်လျင်မြန်မြန် ပျောက်ကင်းစေမယ့် နည်းလမ်း

ဆောင်းရာသီမှာ ကလေးတွေက အအေးမိပြီး ချောင်းဆိုးတတ်ကြပါတယ်။ အချိန်မကုန်ဘဲနဲ့ ချောင်းဆိုးပျောက်စေတဲ့ နည်းလမ်းတွေက အများကြီးပါပဲ။

၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွားနို့ိ

ကြက်သွန်နီက အအေးမိပြီးချောင်းဆိုးတာ၊ ဖျားတာ၊ လည်ချောင်းနာတာတွေအတွက် ထိရောက်တဲ့ဆေးပါပဲ။ တောက်တောက်စင်းထားတဲ့ ကြက်သွန်နီ၃လုံး၊ ကြက်သွန်ဖြူတစ်တက်၊ နွားနို့တစ်လီတာကို ရောကြိုပါ။ အရသာရှိချင်ရင် ပျားရည်ထည့်လို့ရပါတယ်။ ဒီနည်းက အဆက်မပြတ်ဆိုးတဲ့ချောင်းအတွက် ထိရောက်ပါတယ်။

၂။ နွားနို့၊ နနွင်း

နွားနဲ့ နနွင်းရောဖျော်ထားတဲ့အရည်က ချောင်းဆိုးပျောက်စေတဲ့ဲ သဘာဝဆေးပါပဲ။ နွားနို့နွေးနွေးလေးထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေပြီး ကလေးကို အိပ်ရာမဝင်ခင် တိုက်ပေးနိုင်ပါတယ်။

၃။ ဆား

ခြေထောက်က နွေးနေတဲ့အခါ ချောင်းဆိုးသက်သာပါတယ်။ ဆားကို သင့်တော်ရုံအပူပေးပါ။ ပြီးရင် ကလေးရဲ့ခြေထောက်မှာ လက်ကိုင်ပုဝါ သို့မဟုတ် ပတ်တီးစလေးစည်းပေးပြီး ဆားကို နင်းပေးရုံပါပဲ။
ဆားတွေ အေးသွားပြီဆိုမှ နင်းတာ ရပ်လို့ရပါပြီ။

၄။ ဆားရည်နဲ့ ပလုပ်ကျင်းခြင်း

ဆားရေနဲ့ပလုပ်ကျင်းခြင်းက လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ ဆား စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရေကို ရောမွှေပြီး ပလုပ်ကျင်းပါ။ ပိုပြီးအာနိသင်ရှိချင်ရင်တော့ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းထည့်လို့ရပါတယ်။

၅။နာနတ်သီးဖျော်ရည်

နာနတ်သီးက လည်ချောင်းထဲက ချွဲတွေကို နည်းပါးစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ နာနတ်သီးဖျော်ရည်ထဲမှာ ဂျင်းအနည်းငယ်ထည့်လို့လည်း ရပါတယ်။
ဒါပေမယ့် နာနတ်သီးဖျော်ရည်မတိုက်ခင်မှာ သင့်ကလေးက နာနတ်သီးနဲ့ တည့်လားဆိုတာတော့ သေချာသိဖို့လိုပါတယ်။

၆။ ဂျင်း

ဂျုံ၊ ပျားရည်၊ သံလွင်ဆီနဲ့ ဂျင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် မွှေထားတာကို လက်ကိုင်ပုဝါထဲ ထည့်ပြီး လက်ကိုင်ပုဝါကို ကလေးရဲ့ရင်ဘတ်ပေါ် တင်ထားပေးပါ။

ညမအိပ်ခင်သုံးနာရီအလိုမှာ တင်ထားပေးတာ ပိုကောင်းပါတယ်။ ဒါပေမယ့် သင့်ကလေးက အရေပြားဓါတ်မတည့်မှုဖြစ်ဖူးတယ် ဆိုရင် ဒီနည်းကို မသုံးသင့်ပါဘူး။

၇။ ရေနွေးနှင့် ရေချိုးခြင်း

အလွန်အမင်း ချောင်းဆိုးတဲ့အခါ ရေနွေးနဲ့ရေချိုးခြင်းက ချွဲတွေ ကြေစေပြီး ချောင်းဆိုးသက်သာသွားမှာပါ။

၈။ ငှက်ပျောသီး၊ ရေ၊ ပျားရည်

ပထမဆုံး လိုအပ်တာကတော့ ရေနွေးတည်ဖို့ပါ။ အဲဒီနောက် ငှက်ပျောသီးတွေကို ပြဲသွားအောင် ချေပါ။ ငှက်ပျောသီးထဲကို ရေနွေးတွေ လောင်းထည့်ပြီး မိနစ်၃ဝကြာ ထားပါ။

ရေနွေးအေးသွားတဲ့အခါ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။ တစ်ခါစားရင် ၁ဝဝမီလီလီတာနဲ့ ၄ ကြိမ် စားလို့ရပါတယ်။ ဒီနည်းက ရင်ကျပ်နာကိုလည်း ပျောက်စေပါတယ်။

၉။ စိုထိန်းမှုထိန်းစက်

ရင်ကျပ်နာ၊ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ စိုထိန်းမှုထိန်းစက်ကို အသုံးပြုပေးခြင်းက အလွန်သက်သာစေမှာပါ။

ခရက်ဒစ် Z o m b i e ( Lo v e M e d i a )

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …