“ငါးပါးသီလ ေဖာက္ဖ်က္ခဲ့ရင္ လူ႔ဘဝမွာ တစ္ခုခု လိုေနလိမ့္မယ္” - Amawpyay

“ငါးပါးသီလ ေဖာက္ဖ်က္ခဲ့ရင္ လူ႔ဘဝမွာ တစ္ခုခု လိုေနလိမ့္မယ္”

“ငါးပါးသီလ ေဖာက္ဖ်က္ခဲ့ရင္ လူ႔ဘဝမွာ တစ္ခုခု လိုေနလိမ့္မယ္”
Knowledge

“ငါးပါးသီလ ေဖာက္ဖ်က္ခဲ့ရင္ လူ႔ဘဝမွာ တစ္ခုခု လိုေနလိမ့္မယ္”

လူဝတ္ေၾကာင္ေတြ ဆိုရင္ေတာ့ အနည္းဆုံး ငါးပါးသီေလ လာက္ကို လုံၿခဳံေအာင္ လုပ္ရမယ္။

ငါးပါးသီလကို “ဝါရိတၱသီလ”လို႔ေခၚတယ္။ တစ္ပါး မွေလ်ာ့လို႔ မရဘူးေနာ္။

ငါးပါးသီလျပည့္စုံမွ လူ႔ဘဝ ျပည့္စုံမယ္။ အဲဒါေလးကို နည္းနည္းေလာက္ ျပန္စဥ္းစားၾကည့္ရေအာင္။

လူတစ္ေယာက္ဟာ အရင္ဘဝတုန္းက ငါးပါးသီလထဲက ေလးပါးေလာက္ကိုျ ပည့္စုံေအာင္ ျဖည့္က်င့္ခဲ့တယ္ေနာ္။

အဲဒီအထဲမွာ “ပါဏာတိပါတကံ”ကို မလုံၿခဳံခဲ့ဘူးဆိုရင္ လူ႔ဘဝေရာက္လာ တဲ့အခါမွာ ခ်မ္းခ်မ္းသာသာျ ဖစ္ေပမယ့္လို႔ အသက္တိုမယ္။

ဘယ္သူက အသက္တိုတို ေနခ်င္မလဲေနာ္။

ပါဏာတိပါတာကံ မလုံၿခဳံခဲ့ရင္ လူျဖစ္လာတဲ့ အခါမွာအနာေရာဂါမ်ားမယ္၊ အသက္တိုမယ္။

ဒါက အေပါ့ဆုံးအျပစ္ေနာ္။ ငရဲက်တာ၊မက်တာ အသာထားေနာ္။

ငါးပါးသီလရဲ႕အေပါ့ဆုံးအျပစ္က ဒီအထိေအာင္ ခံရမယ္။

အာဒိႏၷာဒါနကံ မလုံၿခဳံခဲ့ရင္ ပစၥည္းဥစၥာေတြရွာလို႔ေတာ့ ရပါရဲ႕။ခဏခဏ ပ်က္စီးသြားမယ္။

မီးေလာင္တဲ့အထဲ ပါသြားမယ္။ ကိုယ့္ရဲ႕ပစၥည္းဟာ အၿမဲတမ္း ပ်က္စီးေနမယ္။

ေနာက္တခု ကာေမသုမိစာၦစာရကံ မလုံရင္လူမုန္းမ်ားတယ္။ သူနဲ႔ဘယ္သူမွ မတည့္ဘူး။

သူ႔မ်က္ႏွာျမင္တာနဲ႔ အလိုလိုမုန္းလာတယ္။ အေျခာက္တိုက္ မုန္းတာမ်ိဳးေပါ့။

ေနာက္ၿပီးေတာ့ “က်ား”မဟုတ္ “မ”မဟုတ္ျဖစ္တတ္တယ္။

မုသာဝါဒကံ မလုံရင္ သူ႔စကားကို မယုံၾကေတာ့ဘူး။

သူေျပာသမွ် မည္သူတစ္ဦး တစ္ေယာက္မွ် မယုံၾကည္တဲ့အခါ သူ႔ရဲ႕စကား အရာမေရာက္ျဖစ္တယ္။

ဒါေၾကာင့္ “မုသားဆို ရယ္စရာအေနနဲ႔ေတာင္ မေျပာဘဲေရွာင္ၾကဥ္သင့္တယ္”လို႔ျမတ္စြာဗုဒၶ ေဟာၾကား ထားတယ္ ။

သုရာေမရယကံ မလုံၿခဳံခဲ့သူဟာ ျဖစ္ရာဘဝမွာ ဦးေႏွာက္ မျပည့္ဘူး ။ က်ပ္မျပည့္ဘူး ေျပာၾကတယ္ ။

႐ူးႏွမ္းႏွမ္း ျဖစ္တတ္တယ္။ ဒါ့ေၾကာင့္ လူေတြရဲ႕အေျခခံ သီလျဖစ္တဲ့

ငါးပါးသီလေလာက္ကို လုံၿခဳံေအာင္ ေစာင့္ထိန္းသင့္တယ္။ ငါးပါး သီလထဲက တစ္ခုမွ ေလ်ာ့လို႔ မရဘူး။

လူရယ္လို႔ ျဖစ္လာတဲ့အခါမွာအသက္ရွည္ရမယ္။

က်န္းမာၿပီး အနာကင္းရမယ္။ပစၥည္းဥစၥာ ရွိရမယ္။

လူခ်စ္လူခင္ ေပါမ်ားရမယ္ ။ဉာဏ္ပညာျပည့္စုံရမယ္။ ဩဇာရွိရမယ္။

႐ူးႏွမ္းႏွမ္း မဟုတ္ဘဲ တည္ၾကည္သူျဖစ္ရမယ္။ ငါးပါး သီလ လုံၿခဳံရင္ အဲဒီ အက်ိဳးေတြ ရမယ္။

ဒါမွ လူ႔ဘဝမွာ ျပည့္စုံသူလို႔ ေျပာလို႔ရမယ္။ ငါးပါးသီလ ေဖာက္ဖ်က္ခဲ့ရင္ လူ႔ဘဝမွာ တစ္ခုခု လိုေန လိမ့္မယ္။

ပါေမာကၡခ်ဳပ္ ဆရာေတာ္ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ

ယူနီကုတ္

“ငါးပါးသီလ ဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ တစ်ခုခု လိုနေလိမ့်မယ်”

လူဝတ်ကြောင်တွေ ဆိုရင်တော့ အနည်းဆုံး ငါးပါးသီလေ လာက်ကို လုံခြုံအောင် လုပ်ရမယ်။

ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ခေါ်တယ်။ တစ်ပါး မှလျော့လို့ မရဘူးနော်။

ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။ အဲဒါလေးကို နည်းနည်းလောက် ပြန်စဉ်းစားကြည့်ရအောင်။

လူတစ်ယောက်ဟာ အရင်ဘဝတုန်းက ငါးပါးသီလထဲက လေးပါးလောက်ကိုြ ပည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်။

အဲဒီအထဲမှာ “ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘဝရောက်လာ တဲ့အခါမှာ ချမ်းချမ်းသာသာြ ဖစ်ပေမယ့်လို့ အသက်တိုမယ်။

ဘယ်သူက အသက်တိုတို နေချင်မလဲနော်။

ပါဏာတိပါတာကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့ အခါမှာအနာရောဂါများမယ်၊ အသက်တိုမယ်။

ဒါက အပေါ့ဆုံးအပြစ်နော်။ ငရဲကျတာ၊မကျတာ အသာထားနော်။

ငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။

အာဒိန္နာဒါနကံ မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေရှာလို့တော့ ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။

မီးလောင်တဲ့အထဲ ပါသွားမယ်။ ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။

နောက်တခု ကာမေသုမိစ္ဆာစာရကံ မလုံရင်လူမုန်းများတယ်။ သူနဲ့ဘယ်သူမှ မတည့်ဘူး။

သူ့မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။ အခြောက်တိုက် မုန်းတာမျိုးပေါ့။

နောက်ပြီးတော့ “ကျား”မဟုတ် “မ”မဟုတ်ဖြစ်တတ်တယ်။

မုသာဝါဒကံ မလုံရင် သူ့စကားကို မယုံကြတော့ဘူး။

သူပြောသမျှ မည်သူတစ်ဦး တစ်ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့စကား အရာမရောက်ဖြစ်တယ်။

ဒါကြောင့် “မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲရှောင်ကြဉ်သင့်တယ်”လို့မြတ်စွာဗုဒ္ဓ ဟောကြား ထားတယ် ။

သုရာမေရယကံ မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး ။ ကျပ်မပြည့်ဘူး ပြောကြတယ် ။

ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။ ဒါ့ကြောင့် လူတွေရဲ့အခြေခံ သီလဖြစ်တဲ့

ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။ ငါးပါး သီလထဲက တစ်ခုမှ လျော့လို့ မရဘူး။

လူရယ်လို့ ဖြစ်လာတဲ့အခါမှာအသက်ရှည်ရမယ်။

ကျန်းမာပြီး အနာကင်းရမယ်။ပစ္စည်းဥစ္စာ ရှိရမယ်။

လူချစ်လူခင် ပေါများရမယ် ။ဉာဏ်ပညာပြည့်စုံရမယ်။ ဩဇာရှိရမယ်။

ရူးနှမ်းနှမ်း မဟုတ်ဘဲ တည်ကြည်သူဖြစ်ရမယ်။ ငါးပါး သီလ လုံခြုံရင် အဲဒီ အကျိုးတွေ ရမယ်။

ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။ ငါးပါးသီလ ဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ တစ်ခုခု လိုနေ လိမ့်မယ်။

ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …