
ဆီးမထြက္ တာေတြ ဓမၼတာ လြန္တာေတြ အတြက္ ၁၅ မိနစ္ေလာက္ အတြင္း ေကာင္းတဲ့ေဆးနည္း လာပါၿပီ
“ အာေရာဂ်ံ ပရမံ လာဘံ ” က်န္းမာျခင္း သည္ လာဘ္ႀကီး တစ္ပါး..တဲ့ အာေရာဂ်ံ = က်န္းမာျခင္းသည္ ၊ ပရမံ = ျမတ္ေသာ ၊ လာဘံ = လာဘ္ မည္၏ …လို႔ ျမန္မာ့ ဆို႐ိုး စကား ရွိပါတယ္
က်န္းမာေရး ေကာင္းမြန္ျခင္း ဟာ ဘဝမွာ အႀကီးမား ဆုံးေသာ ဆုလာဘ္ တစ္ခုပါပဲ… က်န္းမာ မွ စားခ်င္တာ စားႏိုင္ ၊ သြားခ်င္တာ သြားႏိုင္ ၊ လုပ္ခ်င္တာ လုပ္ႏိုင္ မယ္ေလ
အဲဒီ့ အတြက္ “ ေယာက္က်ားမွာ ဆီး-မိန္းမမွာမီး”လို႔ က်န္းမာေရး အတြက္ ဆို႐ိုး စကားေလးတစ္ခု ရွိလာ ျပန္ပါတယ္… ေယာက္က်ားေလး ေတြဟာ ဆီးေကာင္းမယ္.
မိန္းကေလး ေတြကေတာ့ ေသြး ေကာင္းမယ္ ဆို ဘာ ေရာဂါမွ အလြယ္တကူ မျဖစ္ႏိုင္ ေတာ့ပါဘူး…ဒါေၾကာင့္ ဆီးနဲ႔ မီးေကာင္းဖို႔ အတြက္ အထူး ဂ႐ုျပဳဖို႔ လိုအပ္ပါတယ္…
ေအာက္ ေဖာ္ျပပါ အေၾကာင္းအရာ ေလးကေတာ့ ဆီးမထြက္ျခင္း နဲ႔ ဓမၼတာ လြန္ျခင္း တို႔ကို ၁၅ မိနစ္တည္းနဲ႔ ေပ်ာက္ကင္း သြားေစတဲ့ အဖိုးတန္ ေဆးနည္းေလး ျဖစ္ပါတယ္
အဂၤလိပ္ ေဆးေတြ ေသာက္ရမွာ ေၾကာက္သူေတြ အတြက္ ေသာက္စရာ မလိုဘဲ အလြယ္တကူ သုံးႏိုင္မယ့္ ျမန္မာေဆးနည္း ေလးပါပဲ
လယ္ကန္စြန္း လို႔ တစ္ခ်ိဳ႕က ေခၚေဝၚၾကတဲ့ ကန္စြန္း႐ိုးနီ ရဲ႕ အစြမ္းနဲ႔ ဆီးအိမ္မွ ဆီးမထြက္ျခင္း နဲ႔ ဓမၼတာ လြန္ျခင္း ေရာဂါေတြကို ၁၅ မိနစ္ အတြင္း ထိထိ ေရာက္ေရာက္ ကုသ ေပးႏိုင္ ပါတယ္ ။
ေဆးနည္း
၁ ။ ကန္စြန္း႐ိုးနီ၏ အ႐ြက္ (လယ္ကန္စြန္း လို႔လည္း ေခၚၾက ပါတယ္ )
၂ ။ မန္က်ည္း႐ြက္
၃ ။ ဘူး႐ြက္
၄ ။ အားလုံးကို ဆတူေရာ ႀကိတ္လိုက္ပါ ။
၅ ။ ႀကိတ္ၿပီးသည္ မ်ားကို ဆန္မႈန႔္ ညက္ညက္ႏွင့္ ေဖ်ာ္၍ ဆီးခုံ ေပၚသို႔ တင္လိုက္ ပါ ။
၆ ။ ဆီးအိမ္ တြင္းမွ ဆီး မထြက္သူမ်ား ၁၅ မိနစ္ အတြင္း ဆီး က်ဆင္း လာပါ လိမ့္မယ္ ။ ဓမၼတာလြန္ ေနသူ မ်ားလည္း ရပ္တန႔္ကာ ေရာဂါ သက္သာ ေပ်ာက္ကင္း ေစႏိုင္ ပါတယ္ ။
အားလုံးပဲ ေရာဂါဘယာ ကင္းေဝးၿပီး သက္ရွည္ အနာမဲ့ ၾကပါေစ …
Writer – HW
Unicode
ဆီးမထွက် တာတွေ ဓမ္မတာ လွန်တာတွေ အတွက် ၁၅ မိနစ်လောက် အတွင်း ကောင်းတဲ့ဆေးနည်း လာပါပြီ
“ အာရောဂျံ ပရမံ လာဘံ ” ကျန်းမာခြင်း သည် လာဘ်ကြီး တစ်ပါး..တဲ့ အာရောဂျံ = ကျန်းမာခြင်းသည် ၊ ပရမံ = မြတ်သော ၊ လာဘံ = လာဘ် မည်၏ …လို့ မြန်မာ့ ဆိုရိုး စကား ရှိပါတယ်
ကျန်းမာရေး ကောင်းမွန်ခြင်း ဟာ ဘဝမှာ အကြီးမား ဆုံးသော ဆုလာဘ် တစ်ခုပါပဲ… ကျန်းမာ မှ စားချင်တာ စားနိုင် ၊ သွားချင်တာ သွားနိုင် ၊ လုပ်ချင်တာ လုပ်နိုင် မယ်လေ
အဲဒီ့ အတွက် “ ယောက်ကျားမှာ ဆီး-မိန်းမမှာမီး”လို့ ကျန်းမာရေး အတွက် ဆိုရိုး စကားလေးတစ်ခု ရှိလာ ပြန်ပါတယ်… ယောက်ကျားလေး တွေဟာ ဆီးကောင်းမယ်.
မိန်းကလေး တွေကတော့ သွေး ကောင်းမယ် ဆို ဘာ ရောဂါမှ အလွယ်တကူ မဖြစ်နိုင် တော့ပါဘူး…ဒါကြောင့် ဆီးနဲ့ မီးကောင်းဖို့ အတွက် အထူး ဂရုပြုဖို့ လိုအပ်ပါတယ်…
အောက် ဖော်ပြပါ အကြောင်းအရာ လေးကတော့ ဆီးမထွက်ခြင်း နဲ့ ဓမ္မတာ လွန်ခြင်း တို့ကို ၁၅ မိနစ်တည်းနဲ့ ပျောက်ကင်း သွားစေတဲ့ အဖိုးတန် ဆေးနည်းလေး ဖြစ်ပါတယ်
အင်္ဂလိပ် ဆေးတွေ သောက်ရမှာ ကြောက်သူတွေ အတွက် သောက်စရာ မလိုဘဲ အလွယ်တကူ သုံးနိုင်မယ့် မြန်မာဆေးနည်း လေးပါပဲ
လယ်ကန်စွန်း လို့ တစ်ချို့က ခေါ်ဝေါ်ကြတဲ့ ကန်စွန်းရိုးနီ ရဲ့ အစွမ်းနဲ့ ဆီးအိမ်မှ ဆီးမထွက်ခြင်း နဲ့ ဓမ္မတာ လွန်ခြင်း ရောဂါတွေကို ၁၅ မိနစ် အတွင်း ထိထိ ရောက်ရောက် ကုသ ပေးနိုင် ပါတယ် ။
ဆေးနည်း
၁ ။ ကန်စွန်းရိုးနီ၏ အရွက် (လယ်ကန်စွန်း လို့လည်း ခေါ်ကြ ပါတယ် )
၂ ။ မန်ကျည်းရွက်
၃ ။ ဘူးရွက်
၄ ။ အားလုံးကို ဆတူရော ကြိတ်လိုက်ပါ ။
၅ ။ ကြိတ်ပြီးသည် များကို ဆန်မှုန့် ညက်ညက်နှင့် ဖျော်၍ ဆီးခုံ ပေါ်သို့ တင်လိုက် ပါ ။
၆ ။ ဆီးအိမ် တွင်းမှ ဆီး မထွက်သူများ ၁၅ မိနစ် အတွင်း ဆီး ကျဆင်း လာပါ လိမ့်မယ် ။ ဓမ္မတာလွန် နေသူ များလည်း ရပ်တန့်ကာ ရောဂါ သက်သာ ပျောက်ကင်း စေနိုင် ပါတယ် ။
အားလုံးပဲ ရောဂါဘယာ ကင်းဝေးပြီး သက်ရှည် အနာမဲ့ ကြပါစေ …
Writer – HW
No Comments