
ရည္းစားေဟာင္းကို သတိရၿပီးငိုျခင္းက ကိုယ္အေလးအခ်ိန္က်ေစႏိုင္ေၾကာင္းေလ့လာခ်က္မ်ားေတြ့ရွိ
လူတစ္ေယာက္ဟာ သူ႔ရဲ႕တစ္သက္တာမွာ ပ်မ္းမွ်အားျဖင့္ မ်က္ရည္ 16.5 ဂါလန္ခန႔္ ငိုတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။
ဒါေပမယ့္ လူေတြက ငိုရတာထက္ ခံစားခ်က္ေတြကို မ်ိဳသိပ္ ထားရတာကို ပိုၿပီးသေဘာက် ပါတယ္။ စိတ္ခံစားရလို႔ ငိုျခင္းက ကိုယ္အေလးခ်ိ န္ျမင့္တက္မႈကို ဟန႔္တားေပးတယ္ ဆိုရင္ သင္ ယုံႏိုင္ပါ့မလား။
စိတ္ခံစားရလို႔ ငိုတဲ့အခါ ကိုယ့္အတြက္ အက်ိဳးအျမတ္ တစ္ခုရၿပီလို႔ မွတ္လိုက္ပါေတာ့ေနာ္။ ရည္းစားေဟာင္းကို သတိရၿပီး ငိုျခင္း ကိုယ္အေလးအခ်ိန္က်ေစတယ္လို႔ ေျပာရင္ ယုံခ်င္မွ ယုံပါလိမ့္မယ္။
လူေတာ္ေတာ္မ်ားမ်ားက အသည္းကြဲဖူးၾကပါတယ္။ အသည္းကြဲၿပီဆိုရင္ စိတ္ေတြညစ္ၿပီး အစားေတြ ပိုစားမိၾကပါတယ္။
အသည္းကြဲၿပီး ရက္အနည္းငယ္ၾကာတဲ့အခါမွာ အဝတ္အစားေတြ က်ပ္လာတာကို သတိထားမိမွာပါ။ အဲဒါေၾကာင့္ အသည္းကြဲတာက ဘယ္လိုလုပ္ပိန္ေစမွာလဲလို႔ သံသယဝင္ၾကတာပါ။
အဓိကေတာ့ ေကာ္တီေဇာေဟာ္မုန္းနဲ႔ သက္ဆိုင္တာပါ။ စိတ္ဖိစီးမႈမ်ားတဲ့အခါ ေကာ္တီေဇာေဟာ္မုန္းထြက္ပါတယ္။
အဲဒီေဟာ္မုန္းက အဝလြန္ျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ စိတ္ထိခိုက္ရတဲ့အခါ၊ ေဒါသျဖစ္စရာနဲ႔ႀကဳံလာရတဲ့အခါ ခႏၶာကိုယ္မွာ ကယ္လိုရီအခ်ိဳ႕ေလာင္ကြၽမ္းပါတယ္။
စိတ္ခံစားရလို႔ က်လာတဲ့မ်က္ရည္မွာ ေဟာ္မုန္းဓာတ္ေတြပါဝင္ၿပီး အဲဒီေဟာ္မုန္းေတြက ေကာ္တီေဇာ level ကို ျမင့္လာေစပါတယ္။ စိတ္ခံစားခ်က္ေတြကို မ်ိဳသိပ္မထားဘဲ ငိုခ်လိုက္မယ္ဆိုရင္ ေကာ္တီေဇာေဟာ္မုန္း level ေလ်ာ့သြားမွာပါ။
ငိုခ်လိုက္တဲ့အခါ စိတ္ဖိစီးမႈေတြကုန္သြားၿပီး အဆီေတြ ထိန္းသိမ္းစရာ မလိုေတာ့ဘူးလို႔ ခႏၶာကိုယ္က သိသြားပါတယ္။ အဲဒါေၾကာင့္ အသည္းကြဲတဲ့အခါ၊ ရည္းစားေဟာင္းကို သတိရတဲ့အခါ အားရပါးရ ငိုခ်လိုက္ပါ။
ေကာ္တီေဇာ level နည္းသြားေအာင္ လုပ္ရမယ့္နည္းကို မသိေသးရင္ အသည္းကြဲျခင္းက ခက္ခဲေနဦးမွာပါပဲ။
အဲဒါေၾကာင့္ တခ်ိဳ႕ေတြက အသည္းကြဲရင္ ပိုစားျဖစ္တယ္လို႔ ေျပာၾကတာပါ။ကိုယ္အေလးအခ်ိန္က်ဖို႔၊ မက်ဖို႔ဆိုတာ ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြအေပၚ မူတည္ေနပါတယ္။
ဒါေပမယ့္ ၾကက္သြန္နီ လွီးလိုက္လို႔ မ်က္ရည္က်တာကေတာ့ ကိုယ္အေလးခ်ိန္ မက်ေစပါဘူးေနာ္။ တကယ္ခံစားရလို႔ ငိုမွသာ ကိုယ္အေလးခ်ိန္က်တာပါ။
စိတ္ထိခိုက္ၿပီး ငိုလို႔အေကာင္းဆုံးအခ်ိန္က ည 7 နာရီကေန 10 အထိျဖစ္တယ္လို႔ ပညာရွင္ေတြက ေျပာၾကပါတယ္။ အဲဒီအခ်ိန္ေတြမွာ ကိုယ္ခ်စ္ရတဲ့သူေၾကာင့္လည္း ငိုရတတ္ၿပီး ဝမ္းနည္းစရာေကာင္းတဲ့ ႐ုပ္ရွင္ေတြ ၾကည့္ၿပီးလည္း ငိုရတတ္လို႔ပါ။
သင့္ရဲ႕ရည္းစားနဲ႔ျပတ္ၿပီဆိုရင္ ဒါမွမဟုတ္ စိတ္ထိခိုက္စရာနဲ႔ ႀကဳံလာရၿပီဆိုရင္ ဘာမွေတြးမေနဘဲ ငိုခ်လိုက္ပါ။
ငိုလိုက္ျခင္းက စိတ္တည္ၿငိမ္ေစဖို႔ အထိေရာက္ဆုံးနည္းလမ္းပါတဲ့။ ငိုၿပီးတဲ့အခါ အနည္းနဲ႔အမ်ား စိတ္ေပါ့သြားၿပီး စိတ္သစ္လူသစ္ ျပန္စဖို႔အတြက္ လန္းဆန္းလာလို႔ပါ။
Credit
Unicode
ရည်းစားဟောင်းကို သတိရပြီးငိုခြင်းက ကိုယ်အလေးအချိန်ကျစေနိုင်ကြောင်းလေ့လာချက်များတွေ့ရှိ
လူတစ်ယောက်ဟာ သူ့ရဲ့တစ်သက်တာမှာ ပျမ်းမျှအားဖြင့် မျက်ရည် 16.5 ဂါလန်ခန့် ငိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် လူတွေက ငိုရတာထက် ခံစားချက်တွေကို မျိုသိပ် ထားရတာကို ပိုပြီးသဘောကျ ပါတယ်။ စိတ်ခံစားရလို့ ငိုခြင်းက ကိုယ်အလေးချိ န်မြင့်တက်မှုကို ဟန့်တားပေးတယ် ဆိုရင် သင် ယုံနိုင်ပါ့မလား။
စိတ်ခံစားရလို့ ငိုတဲ့အခါ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုရပြီလို့ မှတ်လိုက်ပါတော့နော်။ ရည်းစားဟောင်းကို သတိရပြီး ငိုခြင်း ကိုယ်အလေးအချိန်ကျစေတယ်လို့ ပြောရင် ယုံချင်မှ ယုံပါလိမ့်မယ်။
လူတော်တော်များများက အသည်းကွဲဖူးကြပါတယ်။ အသည်းကွဲပြီဆိုရင် စိတ်တွေညစ်ပြီး အစားတွေ ပိုစားမိကြပါတယ်။
အသည်းကွဲပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ အဝတ်အစားတွေ ကျပ်လာတာကို သတိထားမိမှာပါ။ အဲဒါကြောင့် အသည်းကွဲတာက ဘယ်လိုလုပ်ပိန်စေမှာလဲလို့ သံသယဝင်ကြတာပါ။
အဓိကတော့ ကော်တီဇောဟော်မုန်းနဲ့ သက်ဆိုင်တာပါ။ စိတ်ဖိစီးမှုများတဲ့အခါ ကော်တီဇောဟော်မုန်းထွက်ပါတယ်။
အဲဒီဟော်မုန်းက အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ စိတ်ထိခိုက်ရတဲ့အခါ၊ ဒေါသဖြစ်စရာနဲ့ကြုံလာရတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီအချို့လောင်ကျွမ်းပါတယ်။
စိတ်ခံစားရလို့ ကျလာတဲ့မျက်ရည်မှာ ဟော်မုန်းဓာတ်တွေပါဝင်ပြီး အဲဒီဟော်မုန်းတွေက ကော်တီဇော level ကို မြင့်လာစေပါတယ်။ စိတ်ခံစားချက်တွေကို မျိုသိပ်မထားဘဲ ငိုချလိုက်မယ်ဆိုရင် ကော်တီဇောဟော်မုန်း level လျော့သွားမှာပါ။
ငိုချလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေကုန်သွားပြီး အဆီတွေ ထိန်းသိမ်းစရာ မလိုတော့ဘူးလို့ ခန္ဓာကိုယ်က သိသွားပါတယ်။ အဲဒါကြောင့် အသည်းကွဲတဲ့အခါ၊ ရည်းစားဟောင်းကို သတိရတဲ့အခါ အားရပါးရ ငိုချလိုက်ပါ။
ကော်တီဇော level နည်းသွားအောင် လုပ်ရမယ့်နည်းကို မသိသေးရင် အသည်းကွဲခြင်းက ခက်ခဲနေဦးမှာပါပဲ။
အဲဒါကြောင့် တချို့တွေက အသည်းကွဲရင် ပိုစားဖြစ်တယ်လို့ ပြောကြတာပါ။ကိုယ်အလေးအချိန်ကျဖို့၊ မကျဖို့ဆိုတာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေအပေါ် မူတည်နေပါတယ်။
ဒါပေမယ့် ကြက်သွန်နီ လှီးလိုက်လို့ မျက်ရည်ကျတာကတော့ ကိုယ်အလေးချိန် မကျစေပါဘူးနော်။ တကယ်ခံစားရလို့ ငိုမှသာ ကိုယ်အလေးချိန်ကျတာပါ။
စိတ်ထိခိုက်ပြီး ငိုလို့အကောင်းဆုံးအချိန်က ည 7 နာရီကနေ 10 အထိဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ အဲဒီအချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူကြောင့်လည်း ငိုရတတ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ပြီးလည်း ငိုရတတ်လို့ပါ။
သင့်ရဲ့ရည်းစားနဲ့ပြတ်ပြီဆိုရင် ဒါမှမဟုတ် စိတ်ထိခိုက်စရာနဲ့ ကြုံလာရပြီဆိုရင် ဘာမှတွေးမနေဘဲ ငိုချလိုက်ပါ။
ငိုလိုက်ခြင်းက စိတ်တည်ငြိမ်စေဖို့ အထိရောက်ဆုံးနည်းလမ်းပါတဲ့။ ငိုပြီးတဲ့အခါ အနည်းနဲ့အများ စိတ်ပေါ့သွားပြီး စိတ်သစ်လူသစ် ပြန်စဖို့အတွက် လန်းဆန်းလာလို့ပါ။
No Comments