
ေလာကမွာ အေႂကြးလာဆပ္တဲ့ သားသမီးရယ္ အေႂကြးလာေတာင္းတဲ့ သားသမီးရယ္ဆိုၿပီး သားသမီး ႏွစ္မ်ိဳးရွိတယ္…
ေလာကမွာ
သားသမီး ႏွစ္မ်ိဳးရွိတယ္ …။
ကိုယ့္ကို အေႂကြး လာဆပ္တဲ့ သားသမီးရယ္
ကိုယ့္ကို အေႂကြး လာေတာင္းတဲ့ သားသမီး ရယ္ဆိုၿပီး
ႏွစ္မ်ိဳးရွိတယ္ …။
ကိုယ္ေမြးတဲ့ သားသမီးတိုင္းက
ရတနာ ျဖစ္ေစခ်င္ၾကေပမယ့္
တခ်ိဳ႕မိဘေတြက ကံဆိုးတယ္
ရ တာ နာ သြားခဲ့ၾကတယ္ …။
အေၾကြးလာဆပ္တဲ႔ သားသမီးဆိုတာ
မိဘအေပၚသိတတ္တယ္
ေက်းဇူးမဆပ္ႏိုင္ရင္ေတာင္
စိတ္ဒုကၡ မေပးဘူး …။
သူ႔ဟာသူေလး အဆင္ေျပေအာင္ ေနတတ္တယ္ …။
ၿပီးေတာ့
မေထာက္ပံ့ ႏိုင္ရင္ေတာင္ တဂ်ီဂ်ီ လုပ္ၿပီး ဒုကၡ မေပးတတ္ဘူး …။
မိဘကို ရွာမေကြၽ းႏိုင္ရင္ေတာင္ ေနာက္ထပ္
ျပသနာနာေတြ အိမ္သယ္မလာတတ္တဲ့ ကေလးမ်ိဳးေပါ့ …။
အေႂကြးလာေတာင္းတဲ့ သားသမီးဆိုတာ
သူမ်ားေတြအေပၚ သည္းခံ တတ္သေလာက္
ကိုယ့္မိဘအေပၚက် အင္မတန္ ဆိုးသြမ္းခ်င္ၾကတယ္ …။
နားလည္ဖို႔ဆိုတာ ေဝး
လိုခ်င္တာ ျဖစ္ခ်င္တာ တစ္ခုတည္းသိၿပီး
အဆင္ေျပမွ ေျပရဲ႕လား လုပ္ေပးႏိုင္ရဲ႕လား …?
နည္းနည္းေလးမွ ထည့္မတြက္ဘူး …။
သူတို႔ဆႏၵေလာက္သာ ေရွ႕တန္းေတြတင္ ျပႆနာေတြရွာ
အရင္က လင္မယား ႏွစ္ေယာက္တည္း ေပ်ာ္႐ႊင္ ခဲ့ရတဲ့ မိသားစုေလး
ဒီသား ဒီသမီး ရလာမွ ေသာကေတြ ေဝၾက ရတယ္ …။
ဒါ အေႂကြးလာေတာင္းတဲ့ သားသမီး မ်ိဳးေပါ့
မိဘ ေက်းဇူး မသိတတ္ ရင္ေတာင္ ေက်းဇူး မကန္းနဲ႔
မေစာ္ကားနဲ႔ မျပစ္မွားနဲ႔ …၊
ေမြးထား႐ုံ နဲ႔တင္ ေက်းဇူး ေတာ္ေတာ္ႀကီးေနၿပီ …။
အေႂကြး လာဆပ္တဲ့ သားသမီးမ်ိဳး မျဖစ္ရင္ ေနပါေစ …။
အေဖ အေမဆီက အေႂကြး လာေတာင္းတဲ့ သားသမီးမ်ိဳး
မျဖစ္ေစနဲ႔ . . . ၊
Credit
Unicode
လောကမှာ အကြွေးလာဆပ်တဲ့ သားသမီးရယ် အကြွေးလာတောင်းတဲ့ သားသမီးရယ်ဆိုပြီး သားသမီး နှစ်မျိုးရှိတယ်…
လောကမှာ
သားသမီး နှစ်မျိုးရှိတယ် …။
ကိုယ့်ကို အကြွေး လာဆပ်တဲ့ သားသမီးရယ်
ကိုယ့်ကို အကြွေး လာတောင်းတဲ့ သားသမီး ရယ်ဆိုပြီး
နှစ်မျိုးရှိတယ် …။
ကိုယ်မွေးတဲ့ သားသမီးတိုင်းက
ရတနာ ဖြစ်စေချင်ကြပေမယ့်
တချို့မိဘတွေက ကံဆိုးတယ်
ရ တာ နာ သွားခဲ့ကြတယ် …။
အကြွေးလာဆပ်တဲ့ သားသမီးဆိုတာ
မိဘအပေါ်သိတတ်တယ်
ကျေးဇူးမဆပ်နိုင်ရင်တောင်
စိတ်ဒုက္ခ မပေးဘူး …။
သူ့ဟာသူလေး အဆင်ပြေအောင် နေတတ်တယ် …။
ပြီးတော့
မထောက်ပံ့ နိုင်ရင်တောင် တဂျီဂျီ လုပ်ပြီး ဒုက္ခ မပေးတတ်ဘူး …။
မိဘကို ရှာမကျွေ းနိုင်ရင်တောင် နောက်ထပ်
ပြသနာနာတွေ အိမ်သယ်မလာတတ်တဲ့ ကလေးမျိုးပေါ့ …။
အကြွေးလာတောင်းတဲ့ သားသမီးဆိုတာ
သူများတွေအပေါ် သည်းခံ တတ်သလောက်
ကိုယ့်မိဘအပေါ်ကျ အင်မတန် ဆိုးသွမ်းချင်ကြတယ် …။
နားလည်ဖို့ဆိုတာ ဝေး
လိုချင်တာ ဖြစ်ချင်တာ တစ်ခုတည်းသိပြီး
အဆင်ပြေမှ ပြေရဲ့လား လုပ်ပေးနိုင်ရဲ့လား …?
နည်းနည်းလေးမှ ထည့်မတွက်ဘူး …။
သူတို့ဆန္ဒလောက်သာ ရှေ့တန်းတွေတင် ပြဿနာတွေရှာ
အရင်က လင်မယား နှစ်ယောက်တည်း ပျော်ရွှင် ခဲ့ရတဲ့ မိသားစုလေး
ဒီသား ဒီသမီး ရလာမှ သောကတွေ ဝေကြ ရတယ် …။
ဒါ အကြွေးလာတောင်းတဲ့ သားသမီး မျိုးပေါ့
မိဘ ကျေးဇူး မသိတတ် ရင်တောင် ကျေးဇူး မကန်းနဲ့
မစော်ကားနဲ့ မပြစ်မှားနဲ့ …၊
မွေးထားရုံ နဲ့တင် ကျေးဇူး တော်တော်ကြီးနေပြီ …။
အကြွေး လာဆပ်တဲ့ သားသမီးမျိုး မဖြစ်ရင် နေပါစေ …။
အဖေ အမေဆီက အကြွေး လာတောင်းတဲ့ သားသမီးမျိုး
မဖြစ်စေနဲ့ . . . ၊
No Comments