ဒီဇင္ဘာလ၁၉ရက္ဆိုတာ - Amawpyay

ဒီဇင္ဘာလ၁၉ရက္ဆိုတာ

Knowledge

ဒီဇင္ဘာလ၁၉ရက္ဆိုတာ

၁၉ရာစု ေႏွာင္းပိုင္းမွာ လူသားေတြ အတြက္ အႀကီးအက်ယ္ ျငင္းခုန္စရာ တစ္ခုကို တင္သြင္းခဲ့သူ ခ်ားစ္ဒါဝင္ရဲ႕ On the origin of species “ မ်ိဳးစိတ္ ေတြရဲ႕ မူလအစ ” စာအုပ္ ျဖစ္ေျမာက္ဖို႔ ၅ ႏွစ္ၾကာ ပင္လယ္ရပ္ျခား ခရီးသြားၿပီး မ်ိဳးစိတ္ ေတြရဲ႕ ေျခရာေကာက္ စဥ္ အေရးႀကီးတဲ့အစိတ္အပိုင္း ေတြကို ရဖို႔ နယူဇီလန္ကို ေရာက္ခဲ့တယ္ ။

အဲ့ဒိ ေန႔က ၁၈၃၅ ဒီဇင္ဘာလ ၁၉ရက္ ေန႔ေပါ့ ။ လူသားေတြနဲ႔ သက္ရွိ ကမာၻကို ဘုရားသခင္က ဖန္ဆင္းတယ္ ဆိုတဲ့ အယူအဆ လႊမ္းမိုးေနတဲ့ ဥေရာပနဲ႔ အေမရိက ၊ ကမာၻကို ျဗဟၼာေတြ ဖန္ဆင္းထားတာ ပါဆိုတဲ့ ဟိမဝႏၲာ ယဥ္ေက်းမႈ အယူအဆေတြ လႊမ္းမိုး ေနတဲ့ အေရွ႕တိုင္းအယူအဆ ၊ ေကာင္းကင္ ဘုံက ဘုရားသခင္ အလို ဆိုတဲ့ ယန္စီျမစ္ဝွမ္း အယူအဆ ေတြကို တိုက္ခ် ပစ္မယ့္ ဒါဝင္ရဲ႕ အီေဗာ္လူးရွင္း သီအိုရီက အစက ၁၈၂၆ ခုႏွစ္မွာပါ ။

ဒါဝင္က သက္ရွိေတြက ဆင့္ကဲ ေျပာင္းလဲ လာတာပါဆိုတာကို သက္ေသျပဖို႔ အတြက္ သုေတသန စလုပ္ ခဲ့ပါတယ္ ။ သူ႔ရဲ႕သုေတသန လုပ္ငန္းကို အကူအညီေပးဖို႔ အတြက္ ေရတပ္အရာရွိ ဘီအာဂဲ က တာဝန္ယူခဲ့တယ္ ။ ၁၈၃၁ ဒီဇင္ဘာ ၂၇ မွာ အဂၤလန္ကြၽန္းကေန စတင္ထြက္ခြာ လာတယ္ ။ ကေနရီကြၽန္းကေန ေတာင္အေမရိကားကို ဆက္သြားခဲ့တယ္ ။

ေတာင္အေမရိကားမွာ ကုန္တြင္းပိုင္းထဲ အထိ ထဲထဲဝင္ဝင္ သြားေရာက္ ခဲ့တယ္ ။ ၁၈၃၅ မွာဂါလာပါဂိုး ကြၽန္းစုကို ေရာက္ေတာ့ ဒါဝင္မွာ အခ်က္အလက္ စုံသေလာက္ ျဖစ္ေနၿပီ ။ ဒါေပမယ့္ ေရေန သတၱဝါေတြနဲ႔ ကုန္းေန သတၱဝါ ၾကားက ဆက္စပ္မႈကို သက္ေသျပဖို႔ ကုန္းေန ေရေန သတၱဝါေတြရဲ႕ သတၱဝါ သဘာဝကို နယူးဇီလန္ကြၽန္းကို ေရာက္မွာ သေဘာေပါက္တယ္ ။

အဲ့ဒီ ေန႔က ဒီဇင္ဘာလ ၁၉ ရက္ေန႔ပါ ၊ ၿပီးေတာ့ ၾသစေတးလွ်က သႏၲာကြၽန္းကို ေလ့လာတယ္ ။ အာဖရိကကို ပတ္ၿပီး ၁၈၃၆ ေအာက္တိုဘာမွာ အဂၤလန္ကြၽန္းကို ျပန္ဝင္ခဲ့တယ္ ။ ၅ႏွစ္ၾကာ ကမာၻကို ပတ္ၿပီး မ်ိဳးစိတ္ ေတြရဲ႕ ဆင့္ကဲ ေျပာင္းလဲမႈကို သက္ေသ ျပၿပီး လူဆိုတာ ေမ်ာက္ကေန ဆင့္ကဲ ေျပာင္းလဲ လာတာကို သက္ေသ ျပခဲ့တယ္ ။

ေမာင္ယႆ REF: ontheday

Unicode

ဒီဇင်ဘာလ၁၉ရက်ဆိုတာ

၁၉ရာစု နှောင်းပိုင်းမှာ လူသားတွေ အတွက် အကြီးအကျယ် ငြင်းခုန်စရာ တစ်ခုကို တင်သွင်းခဲ့သူ ချားစ်ဒါဝင်ရဲ့ On the origin of species “ မျိုးစိတ် တွေရဲ့ မူလအစ ” စာအုပ် ဖြစ်မြောက်ဖို့ ၅ နှစ်ကြာ ပင်လယ်ရပ်ခြား ခရီးသွားပြီး မျိုးစိတ် တွေရဲ့ ခြေရာကောက် စဉ် အရေးကြီးတဲ့အစိတ်အပိုင်း တွေကို ရဖို့ နယူဇီလန်ကို ရောက်ခဲ့တယ် ။

အဲ့ဒိ နေ့က ၁၈၃၅ ဒီဇင်ဘာလ ၁၉ရက် နေ့ပေါ့ ။ လူသားတွေနဲ့ သက်ရှိ ကမ္ဘာကို ဘုရားသခင်က ဖန်ဆင်းတယ် ဆိုတဲ့ အယူအဆ လွှမ်းမိုးနေတဲ့ ဥရောပနဲ့ အမေရိက ၊ ကမ္ဘာကို ဗြဟ္မာတွေ ဖန်ဆင်းထားတာ ပါဆိုတဲ့ ဟိမဝန္တာ ယဉ်ကျေးမှု အယူအဆတွေ လွှမ်းမိုး နေတဲ့ အရှေ့တိုင်းအယူအဆ ၊ ကောင်းကင် ဘုံက ဘုရားသခင် အလို ဆိုတဲ့ ယန်စီမြစ်ဝှမ်း အယူအဆ တွေကို တိုက်ချ ပစ်မယ့် ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီက အစက ၁၈၂၆ ခုနှစ်မှာပါ ။

ဒါဝင်က သက်ရှိတွေက ဆင့်ကဲ ပြောင်းလဲ လာတာပါဆိုတာကို သက်သေပြဖို့ အတွက် သုတေသန စလုပ် ခဲ့ပါတယ် ။ သူ့ရဲ့သုတေသန လုပ်ငန်းကို အကူအညီပေးဖို့ အတွက် ရေတပ်အရာရှိ ဘီအာဂဲ က တာဝန်ယူခဲ့တယ် ။ ၁၈၃၁ ဒီဇင်ဘာ ၂၇ မှာ အင်္ဂလန်ကျွန်းကနေ စတင်ထွက်ခွာ လာတယ် ။ ကနေရီကျွန်းကနေ တောင်အမေရိကားကို ဆက်သွားခဲ့တယ် ။

တောင်အမေရိကားမှာ ကုန်တွင်းပိုင်းထဲ အထိ ထဲထဲဝင်ဝင် သွားရောက် ခဲ့တယ် ။ ၁၈၃၅ မှာဂါလာပါဂိုး ကျွန်းစုကို ရောက်တော့ ဒါဝင်မှာ အချက်အလက် စုံသလောက် ဖြစ်နေပြီ ။ ဒါပေမယ့် ရေနေ သတ္တဝါတွေနဲ့ ကုန်းနေ သတ္တဝါ ကြားက ဆက်စပ်မှုကို သက်သေပြဖို့ ကုန်းနေ ရေနေ သတ္တဝါတွေရဲ့ သတ္တဝါ သဘာဝကို နယူးဇီလန်ကျွန်းကို ရောက်မှာ သဘောပေါက်တယ် ။

အဲ့ဒီ နေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ပါ ၊ ပြီးတော့ သြစတေးလျှက သန္တာကျွန်းကို လေ့လာတယ် ။ အာဖရိကကို ပတ်ပြီး ၁၈၃၆ အောက်တိုဘာမှာ အင်္ဂလန်ကျွန်းကို ပြန်ဝင်ခဲ့တယ် ။ ၅နှစ်ကြာ ကမ္ဘာကို ပတ်ပြီး မျိုးစိတ် တွေရဲ့ ဆင့်ကဲ ပြောင်းလဲမှုကို သက်သေ ပြပြီး လူဆိုတာ မျောက်ကနေ ဆင့်ကဲ ပြောင်းလဲ လာတာကို သက်သေ ပြခဲ့တယ် ။

မောင်ယဿ REF: ontheday

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …