တင္းတိပ္အတြက္ စိတ္မညစ္ရေစဖို႔ သဘာဝ ေဆးနည္း - Amawpyay

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖို႔ သဘာဝ ေဆးနည္း

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖို႔ သဘာဝ ေဆးနည္း
Health

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖို႔ သဘာဝ ေဆးနည္း

မ်က္ႏွာေပၚမွာ တင္းတိပ္ျဖစ္၍ စိတ္မညစ္ရေအာင္ သဘာဝနည္းနဲ႔ ကုမယ္

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္ႏွာေပၚမွာ တင္းတိပ္ျဖစ္၍ စိတ္ညစ္ေနလွ်င္ ေအာက္ပါ သဘာ ဝေဆးနည္းမ်ားျဖင့္ ကိုယ္တိုင္ ကုသႏိုင္ၾကပါတယ္။

(၁) ဒႏၲသုခေဆးပင္ အ႐ြက္စိမ္းကို ႀကိတ္၍ သနပ္ခါးႏွင့္ ေရာစပ္ကာ ညအိမ္ယာဝင္ခါနီးတိုင္း တင္းတိပ္ေပၚကို လိမ္းေပးပါ။ စိတ္ရွည္စြာျဖင့္ တစ္လခန႔္ လိမ္ေပးပါက တင္းတိပ္လုံး၀ ေပ်ာက္ပါမည္။

(၂) ကြမ္း႐ြက္ကို ၃ ႐ြက္ခန႔္ကို ပါးပါးလွီး၍ ေရ ၃ ခြက္ ၁ ခြက္ျဖစ္ေအာင္ ျပဳတ္ကာ ၎ကြမ္းျပဳတ္ရည္ကို သဘာဝပ်ားရည္စစ္စစ္ ၂ ဇြန္းခန႔္ေရာစပ္၍ အဖုံးလုံးေသာ ပုလင္းထဲထည့္ကာ ႏွပ္ထားပါ။ လိမ္းခါနီး မ်က္ႏွာကို သန႔္စင္၍ မနက္ႏွင့္ည တစ္ရက္ကို ႏွစ္ႀကိမ္ လိမ္ေပးပါ။

(၃) ၾကက္သြန္နီကို ေထာင္း၍၎၊ ႀကိတ္၍၎ အရည္ညစ္ယူ၍ ရွာလကာရည္ အနည္းငယ္ႏွင့္ ေရာစပ္ကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။

(၄) သိေႏၶာဆားကို ဆန္ေစ့ ႏွစ္ေစ့ခန႔္ယူ၍ တစ္ခါလိမ္းစာ သနပ္ခါးႏွင့္ ေရာစပ္ကာ ညစဥ္လိမ္း၍ အိပ္ယာဝင္ပါ။

(၅) ႏြင္းတစ္တက္ကို ေရစင္ေအာင္ ေဆးေက်ာကာ ႏြားႏို႔အနည္းငယ္ႏွင့္ ေသြးၿပီး တင္တိပ္ေပၚကို တစ္ေန႔ ၃ ႀကိမ္ လိမ္းေပးပါ။

(၆) နံနံေစ့ကို ျပဳတ္၍ ၎ေဆးရည္ျဖင့္ မ်က္ႏွာေပၚကို ညစဥ္ လိမ္းေပးပါက တင္းတိပ္၊ ဝက္ၿခံ၊ မွဲ႔ေျခာက္၊ ဆားဝက္ၿခံမ်ားကို ေပ်ာက္ကင္းေစပါသည္။

(၇) ေထာပတ္သီး၏ အေစ့ကို ေနရိပ္တြင္ အေျခာက္ခံ၍ ေရေအးႏွင့္ေသြးကာ သနပ္ခါးလိမ္းသကဲ့ ညစဥ္ လိမ္းအိပ္ႏိုင္ပါသည္။

(၈) အုန္းမႈတ္ခြက္အခြံကို သံပုရာရည္ႏွင့္ေသြးကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။ အနည္းငယ္ စပ္ေသာ္လည္း သည္းခံ၍ တစ္လခန႔္ ညစဥ္လိမ္းေပးလွ်င္ တင္းတိပ္ ေပ်ာက္ကင္းပါမည္။

(၉) ဖရဲသီးေအာက္ခံ အျဖဴသားကို ပါးပါးလွီး၍ မ်က္ႏွာစင္ၾကယ္ေအာင္ ေဆးေက်ာၿပီးလွ်င္ နာရီဝက္ခန႔္ မ်က္ႏွာေပၚမွာ တင္ထားေပးပါ။ ဖရီးသီးမွ သဘာဝဓါတ္က တင္းတိပ္ေရာဂါကို စုပ္ထုတ္ေပးႏိုင္စြမ္း ရွိပါသည္။

(၁၀) ေက်ာက္ခ်ဥ္ကို မုန္ညႇင္းေစ့တစ္ေစ့ခန႔္ သနပ္ခါးႏွင့္ ေသြးကာ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လိမ္းေပးပါ။ တင္းတိပ္ေပ်ာက္၍ မ်က္ႏွာအေရျပား ေခ်ာမြတ္ကာ ဝင္းပလာပါလိမ့္မည္။ ျမင္သူ တကာ ေငးယူေလာက္တဲ့ မ်က္ႏွာအလွပိုင္ရွင္ေလး မ်ား ျဖစ္ႏိုင္ၾကပါေစ။

ေဆာင္းပါးရွင္ – ေစာႏြဲ႕ေနဆိုင္(ပူတာအို)

Unicode

တင်းတိပ်အတွက် စိတ်မညစ်ရစေဖို့ သဘာဝ ဆေးနည်း

မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်မညစ်ရအောင် သဘာဝနည်းနဲ့ ကုမယ်

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာ ဝဆေးနည်းများဖြင့် ကိုယ်တိုင် ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့် ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံး၀ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ပြုတ်ကာ ၎င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၎င်း၊ ကြိတ်၍၎င်း အရည်ညစ်ယူ၍ ရှာလကာရည် အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။

(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင် ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၎င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ် လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ် ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံ အဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်း ရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့် သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြား ချောမွတ်ကာ ဝင်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးရှင် – စောနွဲ့နေဆိုင်(ပူတာအို)

No Comments

Leave a Reply

Your email address will not be published.

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့
Health
အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့ လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်.. မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး.. { စီထရင်း (သိုမဟုတ်) ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက် တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်… အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ …

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ
Health
အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ ျမန္မာနိုင္ငံမွ ဆရာ၀န္ တစ္ဦး တိဗက္ နိုင္ ငံကို အလည္အပတ္ ေရာက္ သြားခဲ့ပါတယ္။ မိတ္ေဆြတစ္ေယာက္၏ ညႊန္ျကားမွဳ ျဖင့္ ေတာင္ ေပၚရြာ ေလးတစ္ ရြာ၏ဘုန္းေတာ္ျကီးေက်ာ င္းတစ္ေက်ာင္းမွာ တည္းခိုခြင့္ ရခဲ့ပါတယ္။ ထို ဘုန္းျကီးေတာ္ျကီး ေက်ာင္း၏ ေက်ာင္းထိုင္ ဆရာေတာ္ လက္ေထာက္ ဆရာေတာ္တို ့မွာ အဂၤလိပ္စကားကို အ ေတာ္အသင့္ေျပာ နိုင္ျကရကား ယင္းဆရာ၀န္ အတြက္လြန္စြာ အဆင္ေျ ပ ေခ်ာေမြ ့လွေပသည္ ဧည့္ခံလိုက္သ ည္မွာလည္း …

Health
ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက် တယ် ဆိုပြီး လူအများစု ထင်ကြ ပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့် ကွဲတတ် ပါတယ်။ ၆။ ကိုယ်အလေး ချိန်များခြင်း ကိုယ်အလေးချိန် များလာတဲ့ အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာ ပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ် မရှိတော့ဘဲ ခြေဖနောင့်ကွဲ သွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်း လိုက်ရင် ခြေဖနောင့်ကွဲ တာလည်း သက်သာ သွားမှာ ပါ။ ၅။ ဗီတာမင်ဓါတ် ချို့တဲ့ခြင်း ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ …