
တစ္ႀကိမ္တည္း လုပ္႐ုံနဲ႔ ဆားဝက္ၿခံေတြကို ေပ်ာက္ကင္းသြားေစတဲ့ သခြားသီးနည္း
လွတဲ့သူတိုင္း ဆားဝက္ၿခံရွိတယ္လို႔ ၾကားဖူးတယ္ ။ ဒါေပမယ့္ ဆားဝက္ၿခံရွိေနတာေတာ့ ဘယ္သူမွ ႀကိဳက္ၾကမယ္ မထင္ပါဘူး ။
ဆားဝက္ၿခံေတြဟာ ႏွာေခါင္း ၊ ေမးေစ့ ႏွင့္ ပါးျပင္ေတြမွာ အမ်ားဆုံးျဖစ္ေလ့ရွိၿပီး ညႇစ္ရင္လည္း ပြါးတတ္တာေၾကာင့္ အေတာ္စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္ ။ ။
ဒိထက္ ပိုဆိုးလွ်င္ အေပါက္ အႀကီးႀကီးေတြ ျဖစ္ၿပီး မ်က္ႏွာမွာ ၾကည့္ရဆိုးပါတယ္ ။
ဆားဝက္ၿခံ သက္သာေစတဲ့ နည္းေတြကေတာ့ အမ်ားႀကီးရွိပါတယ္ ။ ဒီတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ လြယ္ကူၿပီး ႐ိုးရွင္းပါတယ္ ။
ဆားဝက္ၿခံကို ေပ်ာက္ကင္းေစ႐ုံသာမက အသားအေရကို ျဖဴဝင္းၿပီး စိုေျပလာေစပါတယ္။ ပထမဦးဆုံး လုပ္ရမွာကေတာ့ သခြားသီးကို အကြင္းပုံစံ လွီးလိုက္ပါ ။ ။
တစ္ခုဆို လုံေလာက္ပါၿပီ ။ ၿပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ ။ ဒါဆိုရင္ေတာ့ ႏွာေခါင္းေပၚ က ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ အဆင္သင့္ျဖစ္ပါၿပီ ။ ။
ျပဳလုပ္နည္း
ပထမဦးစြာ လက္ကိုင္ပုဝါ (သို႔) အဝတ္သန႔္သန႔္ကို ေရေႏြးေႏြးထဲမွာ စိမ္ၿပီး ဆားဝက္ၿခံရွိတဲ့ ႏွာေခါင္းေပၚမွာ ဖိကပ္ေပးပါ ။ မိနစ္အနည္းငယ္ ဖိကပ္ေပးပါ ။ ။
ဒီလိုလုပ္ျခင္းအားျဖင့္ ေခြၽးေပါက္ေတြကို က်ယ္ေစၿပီး ဆားဝက္ၿခံ ဖယ္ရွားႏိုင္ဖို႔အတြက္ ပိုၿပီး အေထာက္အကူ ျဖစ္ပါတယ္ ။ ။
ထို႔ေနာက္ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ ႏွာေခါင္းကို ပြတ္ေပးပါ ။ အနည္းဆုံး ၅မိနစ္ႏွင့္ အထက္ သၾကားမ်ား အရည္ေပ်ာ္သည္ အထိ ပြတ္ေပးရပါမယ္ ။ ပြတ္ၿပီးသြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။ ။
ထို႔ေနာက္ ေခြၽးေပါက္ က်ဥ္းသြားေအာင္ တိုနာ (သို႔) ႏွင္းဆီရည္ျဖင့္ ႏွာေခါင္းကို လိမ္းေပးပါ ။ ။
ႏွင္းဆီေရ ျပဳလုပ္ပုံ
၁။ ႏွင္းဆီပြင့္ဖက္မ်ားကို သန႔္ရွင္းေသာ ဇလုံတစ္လုံး ထဲသို႔ ေႁခြထည့္ပါ ။ ။
၂။ ေႁခြၿပီးသား ပြင့္ဖက္မ်ားကို ေရသန႔္သန႔္ႏွင့္ ေဆးပါ ။ ။
၃။ ေဆးၿပီးသား ပြင့္ဖက္မ်ားထဲသို႔ ေရေႏြးဆူဆူတစ္ခြက္ ေလာင္းထည့္ၿပီး ၅ မိနစ္ခန႔္ေမႊပါ ။ ။
၄။ ၿပီးလွ်င္ အေအးခံၿပီး ပြင့္ဖက္မ်ား မပါေအာင္ အေငႊ႕လုံေသာ ဘူးသန႔္ေသးေသးတစ္လုံး
ထဲသို႔ ေလာင္းထည့္ပါ ။ ။
၅။ ဤအေရမ်ားကို ႏွင္းဆီေရအျဖစ္ အသုံးျပဳႏိုင္ပါၿပီ ။ ။
တစ္ခါလုပ္႐ုံျဖင့္ သိသိသာသာကို ဆားဝက္ၿခံေတြ မရွိေတာ့တာ ျမင္ေတြ႕ရမွာပါ ။ သင့္ႏွာေခါင္းမွာ
ဆားဝက္ၿခံေတြ ထူလပ်စ္ျဖစ္ေနတဲ့ ေန႔မ်ိဳးဆိုရင္ ဒီနည္းလမ္းေလးက ေျဖရွင္းေပးႏိုင္မွာပါ ။ ။
ေန႔စဥ္ ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္လင္ သန႔္စင္လာေစၿပီး ေခြၽးေပါက္
ေတြ က်ဥ္းသြားကာ ဆားဝက္ၿခံမ်ား ေနာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါ ။
Credit: ယမင္းျဖဴ
Unicode
တစ်ကြိမ်တည်း လုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီးနည်း
တစ်ကြိမ်တည်း လုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီးနည်း
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ် မထင်ပါဘူး ။
ဆားဝက်ခြံတွေဟာ နှာခေါင်း ၊ မေးစေ့ နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။ ။
ဒိထက် ပိုဆိုးလျှင် အပေါက် အကြီးကြီးတွေ ဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ် ။
ဆားဝက်ခြံ သက်သာစေတဲ့ နည်းတွေကတော့ အများကြီးရှိပါတယ် ။ ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် ။
ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။ ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ ။ ။
တစ်ခုဆို လုံလောက်ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ ။ ဒါဆိုရင်တော့ နှာခေါင်းပေါ် က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။ ။
ပြုလုပ်နည်း
ပထမဦးစွာ လက်ကိုင်ပုဝါ (သို့) အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာ စိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ ။ မိနစ်အနည်းငယ် ဖိကပ်ပေးပါ ။ ။
ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူ ဖြစ်ပါတယ် ။ ။
ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။ အနည်းဆုံး ၅မိနစ်နှင့် အထက် သကြားများ အရည်ပျော်သည် အထိ ပွတ်ပေးရပါမယ် ။ ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ ။
ထို့နောက် ချွေးပေါက် ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ ။ ။
နှင်းဆီရေ ပြုလုပ်ပုံ
၁။ နှင်းဆီပွင့်ဖက်များကို သန့်ရှင္းသော ဇလုံတစ်လုံး ထဲသို့ ခြွေထည့်ပါ ။ ။
၂။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ ။ ။
၃။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ ။ ။
၄။ ပြီးလျှင် အအေးခံပြီး ပွင့်ဖက်များ မပါအောင် အငွှေ့လုံသော ဘူးသန့်သေးသေးတစ်လုံး
ထဲသို့ လောင်းထည့်ပါ ။ ။
၅။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ ။ ။
တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။ သင့်နှာခေါင်းမှာ
ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိုးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ ။ ။
နေ့စဉ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်
တွေ ကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။
Credit: ယမင်းဖြူ
No Comments