ယွဥ္ၿပိဳင္လိုစိတ္ ျပင္းထန္ၿပီး စိတ္မရွည္တတ္တဲ့ ေအေသြး
- By : Lin htet
- Category : Life Style
- Tags: Lifestyle

ယွဥ္ၿပိဳင္လိုစိတ္ ျပင္းထန္ၿပီး စိတ္မရွည္တတ္တဲ့ ေအေသြး
သင့္ပတ္ဝန္းက်င္မွာ ယွဥ္ၿပိဳင္လိုစိတ္ ျပင္းထန္သူေတြ၊ ေတာ္တန္႐ုံကို စိတ္မရွည္ တတ္သူေတြကို ေတြ႕မိတဲ့ အခါ အံ့ၾသေကာင္း အံ့ၾသ ပါလိမ့္မယ္။
အမ်ားနဲ႔ ကြဲျပားေနတတ္တဲ့ ကိုယ္ရည္ ကိုယ္ေသြးကို သင္ သတိထား ေကာင္းထား မိပါ လိမ့္မယ္ ။ သူတို႔ဟာ အမ်ိဳးအစား A ကိုယ္ရည္ ကိုယ္ေသြး (Type A personality) ပိုင္ရွင္ေတြ ျဖစ္ေန ႏိုင္ ပါတယ္။
သူတို႔မွာဘယ္လိုအမူအက်င့္ေတြရွိသလဲ ဆက္လက္ေလ့လာၾကည့္ရေအာင္ပါ။
၁။ ရည္မွန္းခ်က္ႀကီးျခင္း
ဒီအခ်က္ဟာ သူတို႔ ကိုယ္ရည္ ကိုယ္ေသြးမွာ အခရာက်တဲ့ ေမာင္းႏွင္အား ျဖစ္ပါတယ္။ သူတို႔စိတ္မွာ ရည္မွန္းခ်က္ တစ္ခုခုဝင္လာၿပီး တာနဲ႔ မရမေန ႀကိဳးစား တတ္ပါ တယ္။
မိမိဦးတည္ခ်က္ကိုပဲ အာ႐ုံစိုက္လြန္းရင္ ေန႔စဥ္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံ းႏိုင္တာကို သတိ ျပဳရပါမယ္။
၂။ စိတ္မရွည္ျခင္း
သူတို႔ဟာ တစ္စုံတရာကို ေစာင့္ဆိုင္းေနဖို႔ စိတ္မရွည္ တတ္သူမ်ား ျဖစ္ပါတယ္။ တက္ႂကြၿပီး ေရွ႕ကို သြားေနသူမ်ားပီပီ ေစာင့္ဆိုင္း ေန မယ့္ အစား ေရွ႕ဆက္ဖို႔သာ ေလာေဆာ္ ေနတတ္ ပါတယ္။
၃။ စိတ္ႀကီးျခင္း
သူတို႔ဟာ စိတ္ႀကီးပါတယ္။ ေအာင္ျမင္လို စိတ္ ႀကီးမား ပါတယ္။ မိမိကိုယ္ ကိုေရာ ပတ္ဝန္းက်င္ကိုပါ ေမာင္းႏွင္တတ္ၿပီး မလိုမက်ရင္ လည္း ဆူပူႀကိမ္းေမာင္း ဖို႔ ဝန္မေလးပါဘူး။
ဒါေပမယ့္ အဲဒီ စိတ္ ေၾကာင့္ပဲ အသီးအပြင့္ေတြ ျဖစ္ထြန္းလာတတ္ပါတယ္။
၄။ ယွဥ္ၿပိဳင္တတ္ျခင္း
Type A ကိုယ္ရည္ ကိုယ္ေသြး ပိုင္ရွင္မ်ားရဲ႕ ေန႔စဥ္ဘဝလမ္းၫႊန္ခ်က္ဟာ ယွဥ္ၿပိဳင္ေနဖို႔ပါပဲ။ ဦးတည္ ခ်က္တစ္ခုထားၿပီး မေရာက္ေရာက္ ေအာင္ သြားတတ္ ပါတယ္။
သူတပါးကို မယွဥ္ၿပိဳင္ ရင္ေတာင္ မိမိ ကိုယ္မိမိ တိုးတက္လာျခင္း ရွိ၊မရွိ ယွဥ္ၿပိဳင္ ေနတတ္ သူေတြ ျဖစ္ပါ တယ္။
၅။ အခ်ိန္မလုံေလာက္ျခင္း
တစ္ေန႔မွာ ၂၄ နာရီရွိျခင္းဟာ သူတို႔အတြက္ မလုံေလာက္ဘူးလို႔ ခံယူထားသူမ်ားျဖစ္ပါတယ္။ လူ တိုင္းကိုလည္း သူတို႔လို ျဖစ္ေစခ်င္ ပါတယ္။ အခ်ိန္ကို သူတို႔စိတ္ႀကိဳက္ မစီမံႏိုင္တဲ့အခါ ရန္လိုျခင္း ေဒါသထြက္ျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။
၆။ ရန္လိုတတ္ျခင္း
ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္လြန္း၊ အနာအဆာကင္းတာကိုပဲ ေမွ်ာ္လင့္လြန္းတာေၾကာင့္ တစ္ခါတရံ ရန္ လိုျခင္းပါ တြဲပါလာတတ္ပါတယ္။ မိမိကိုယ္ကိုပါ အလိုမက် ေဒါသထြက္လာတတ္ပါတယ္။
၇။ ႏိုးၾကားဖ်တ္လတ္စြာလုပ္ကိုင္ျခင္း
အဆိုပါကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္မ်ားဟာ လုပ္ငန္းခြင္ရဲ႕အဆင့္တိုင္းမွာ ႏိုးၾကားဖ်တ္လတ္စြာ လုပ္ ကိုင္တတ္ပါတယ္။ အေသး အဖြဲ ကိစၥ ဆိုၿပီး ေပါ့ေပါ့ဆဆ ထားျခင္းမ်ိဳး မရွိပါဘူး။ လုပ္ငန္းခြင္ရဲ႕ ဖန္တီး ထုတ္လုပ္ ႏိုင္စြမ္းကို တိုးတက္ေစတာေတာ့ အမွန္ပါပဲ။
၈။ အေျပာအဆိုျမန္ျခင္း
Type A ကိုယ္ရည္ ကိုယ္ေသြး သမားေတြရဲ႕ ေခါင္းထဲမွာ စကားတစ္ခြန္းကို ေျပာလို႔မၿပီးေသးခင္ ေနာက္ စကားတစ္ခြန္းကို စဥ္းစားေန တတ္ပါတယ္။ ေျပာခ်င္ တာေတြလည္း မ်ားေနၿပီး လိုက္နား ေထာင္ ေပးသူအတြက္ေတာင္ ေမာစရာပါ။
၉။ ၿပီးျပည့္စုံျခင္းကိုလိုလားျခင္း
အနာအဆာကင္းတဲ့ ၿပီးျပည့္စုံ ျခင္းကိုသာ လိုလားတာေၾကာင့္ တစ္ခါတရံ ဇီဇာေၾကာင္ သူမ်ား သဖြယ္ ျဖစ္ေနတတ္ပါတယ္။ ရႈံးနိမ့္မႈကို ေၾကာက္တတ္ တာေၾကာင့္လည္း စိတ္ဖိစီးမႈ ျဖစ္လြယ္ပါတယ္။
၁၀။ စြမ္းအင္ျပည့္ဝျခင္း
စြမ္းအင္အျပည့္နဲ႔ စိတ္ေခၚမႈတိုင္းကို ရင္ဆိုင္လုပ္ကိုင္တတ္ျခင္းဟာ Type A ကိုယ္ရည္ ကိုယ္ေသြး သမားေတြရဲ႕ လကၡဏာျဖစ္ပါတယ္။
မိမိရဲ႕ကိုယ္ပိုင္ေမာင္းႏွင္အားနဲ႔ မနားမေန လုပ္ကိုင္တတ္လို႔ သူ တို႔ကို ေတာ္႐ုံစိတ္ဓာတ္နဲ႔ အမီလိုက္ဖို႔ မလြယ္ပါဘူး။
ၿခဳံၾကည့္ရရင္ Type A ကိုယ္ရည္ကိုယ္ေသြးသမားမ်ားဟာ လုပ္ငန္းခြင္တစ္ခုရဲ႕ ေမာင္းႏွင္အား အ တြက္ အခရာက်သူေတြပဲ ျဖစ္ပါ တယ္။
အရာရာကို လႊမ္းမိုး ဦးေဆာင္လိုတဲ့၊ ယွဥ္ၿပိဳင္လိုစိတ္ ျပင္း ထန္တဲ့ ကိုယ္ရည္ ကိုယ္ေသြး ပိုင္ရွင္မ်ားနဲ႔ ေပါင္းသင္းဆက္ဆံရာမွာ သူတို႔ရဲ႕ အမူအက်င့္ မ်ား ကို နားလည္ သိရွိထားရင္ မိမိဟာ ဘယ္လို ကိုယ္ရည္ ကိုယ္ေသြး ပိုင္ရွင္ျဖစ္ေစ အဆင္ေျပ ေခ်ာ ေမြ႕စြာ လက္တြဲ လုပ္ ကိုင္ႏိုင္ မွာ ျဖစ္ပါတယ္။
Type A ကိုယ္ရည္ ကိုယ္ေသြး ပိုင္ရွင္မ်ား အေနနဲ႔လည္း မိမိရဲ႕ အမူအက်င့္ဟာ ပတ္ဝန္းက်င္အေပၚ ဘယ္လိုသက္ေရာက္သလဲ၊ မိမိရဲ႕ စိတ္ပိုင္း ႐ုပ္ပိုင္း က်န္းမာေရးကို ဘယ္လို သက္ေရာက္မႈ ရွိသလဲ ဆိုတာ သတိျပဳသင့္ပါတယ္။
Credit
Unicode
ယှဉ်ပြိုင်လိုစိတ် ပြင်းထန်ပြီး စိတ်မရှည်တတ်တဲ့ အေသွေး
သင့်ပတ်ဝန်းကျင်မှာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူတွေ၊ တော်တန်ရုံကို စိတ်မရှည် တတ်သူတွေကို တွေ့မိတဲ့ အခါ အံ့သြကောင်း အံ့သြ ပါလိမ့်မယ်။
အများနဲ့ ကွဲပြားနေတတ်တဲ့ ကိုယ်ရည် ကိုယ်သွေးကို သင် သတိထား ကောင်းထား မိပါ လိမ့်မယ် ။ သူတို့ဟာ အမျိုးအစား A ကိုယ်ရည် ကိုယ်သွေး (Type A personality) ပိုင်ရှင်တွေ ဖြစ်နေ နိုင် ပါတယ်။
သူတို့မှာဘယ်လိုအမူအကျင့်တွေရှိသလဲ ဆက်လက်လေ့လာကြည့်ရအောင်ပါ။
၁။ ရည်မှန်းချက်ကြီးခြင်း
ဒီအချက်ဟာ သူတို့ ကိုယ်ရည် ကိုယ်သွေးမှာ အခရာကျတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။ သူတို့စိတ်မှာ ရည်မှန်းချက် တစ်ခုခုဝင်လာပြီး တာနဲ့ မရမနေ ကြိုးစား တတ်ပါ တယ်။
မိမိဦးတည်ချက်ကိုပဲ အာရုံစိုက်လွန်းရင် နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံ းနိုင်တာကို သတိ ပြုရပါမယ်။
၂။ စိတ်မရှည်ခြင်း
သူတို့ဟာ တစ်စုံတရာကို စောင့်ဆိုင်းနေဖို့ စိတ်မရှည် တတ်သူများ ဖြစ်ပါတယ်။ တက်ကြွပြီး ရှေ့ကို သွားနေသူများပီပီ စောင့်ဆိုင်း နေ မယ့် အစား ရှေ့ဆက်ဖို့သာ လောဆော် နေတတ် ပါတယ်။
၃။ စိတ်ကြီးခြင်း
သူတို့ဟာ စိတ်ကြီးပါတယ်။ အောင်မြင်လို စိတ် ကြီးမား ပါတယ်။ မိမိကိုယ် ကိုရော ပတ်ဝန်းကျင်ကိုပါ မောင်းနှင်တတ်ပြီး မလိုမကျရင် လည်း ဆူပူကြိမ်းမောင်း ဖို့ ဝန်မလေးပါဘူး။
ဒါပေမယ့် အဲဒီ စိတ် ကြောင့်ပဲ အသီးအပွင့်တွေ ဖြစ်ထွန်းလာတတ်ပါတယ်။
၄။ ယှဉ်ပြိုင်တတ်ခြင်း
Type A ကိုယ်ရည် ကိုယ်သွေး ပိုင်ရှင်များရဲ့ နေ့စဉ်ဘဝလမ်းညွှန်ချက်ဟာ ယှဉ်ပြိုင်နေဖို့ပါပဲ။ ဦးတည် ချက်တစ်ခုထားပြီး မရောက်ရောက် အောင် သွားတတ် ပါတယ်။
သူတပါးကို မယှဉ်ပြိုင် ရင်တောင် မိမိ ကိုယ်မိမိ တိုးတက်လာခြင်း ရှိ၊မရှိ ယှဉ်ပြိုင် နေတတ် သူတွေ ဖြစ်ပါ တယ်။
၅။ အချိန်မလုံလောက်ခြင်း
တစ်နေ့မှာ ၂၄ နာရီရှိခြင်းဟာ သူတို့အတွက် မလုံလောက်ဘူးလို့ ခံယူထားသူများဖြစ်ပါတယ်။ လူ တိုင်းကိုလည်း သူတို့လို ဖြစ်စေချင် ပါတယ်။ အချိန်ကို သူတို့စိတ်ကြိုက် မစီမံနိုင်တဲ့အခါ ရန်လိုခြင်း ဒေါသထွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
၆။ ရန်လိုတတ်ခြင်း
ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်း၊ အနာအဆာကင်းတာကိုပဲ မျှော်လင့်လွန်းတာကြောင့် တစ်ခါတရံ ရန် လိုခြင်းပါ တွဲပါလာတတ်ပါတယ်။ မိမိကိုယ်ကိုပါ အလိုမကျ ဒေါသထွက်လာတတ်ပါတယ်။
၇။ နိုးကြားဖျတ်လတ်စွာလုပ်ကိုင်ခြင်း
အဆိုပါကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ လုပ်ငန်းခွင်ရဲ့အဆင့်တိုင်းမှာ နိုးကြားဖျတ်လတ်စွာ လုပ် ကိုင်တတ်ပါတယ်။ အသေး အဖွဲ ကိစ္စ ဆိုပြီး ပေါ့ပေါ့ဆဆ ထားခြင်းမျိုး မရှိပါဘူး။ လုပ်ငန်းခွင်ရဲ့ ဖန်တီး ထုတ်လုပ် နိုင်စွမ်းကို တိုးတက်စေတာတော့ အမှန်ပါပဲ။
၈။ အပြောအဆိုမြန်ခြင်း
Type A ကိုယ်ရည် ကိုယ်သွေး သမားတွေရဲ့ ခေါင်းထဲမှာ စကားတစ်ခွန်းကို ပြောလို့မပြီးသေးခင် နောက် စကားတစ်ခွန်းကို စဉ်းစားနေ တတ်ပါတယ်။ ပြောချင် တာတွေလည်း များနေပြီး လိုက်နား ထောင် ပေးသူအတွက်တောင် မောစရာပါ။
၉။ ပြီးပြည့်စုံခြင်းကိုလိုလားခြင်း
အနာအဆာကင်းတဲ့ ပြီးပြည့်စုံ ခြင်းကိုသာ လိုလားတာကြောင့် တစ်ခါတရံ ဇီဇာကြောင် သူများ သဖွယ် ဖြစ်နေတတ်ပါတယ်။ ရှုံးနိမ့်မှုကို ကြောက်တတ် တာကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။
၁၀။ စွမ်းအင်ပြည့်ဝခြင်း
စွမ်းအင်အပြည့်နဲ့ စိတ်ခေါ်မှုတိုင်းကို ရင်ဆိုင်လုပ်ကိုင်တတ်ခြင်းဟာ Type A ကိုယ်ရည် ကိုယ်သွေး သမားတွေရဲ့ လက္ခဏာဖြစ်ပါတယ်။
မိမိရဲ့ကိုယ်ပိုင်မောင်းနှင်အားနဲ့ မနားမနေ လုပ်ကိုင်တတ်လို့ သူ တို့ကို တော်ရုံစိတ်ဓာတ်နဲ့ အမီလိုက်ဖို့ မလွယ်ပါဘူး။
ခြုံကြည့်ရရင် Type A ကိုယ်ရည်ကိုယ်သွေးသမားများဟာ လုပ်ငန်းခွင်တစ်ခုရဲ့ မောင်းနှင်အား အ တွက် အခရာကျသူတွေပဲ ဖြစ်ပါ တယ်။
အရာရာကို လွှမ်းမိုး ဦးဆောင်လိုတဲ့၊ ယှဉ်ပြိုင်လိုစိတ် ပြင်း ထန်တဲ့ ကိုယ်ရည် ကိုယ်သွေး ပိုင်ရှင်များနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သူတို့ရဲ့ အမူအကျင့် များ ကို နားလည် သိရှိထားရင် မိမိဟာ ဘယ်လို ကိုယ်ရည် ကိုယ်သွေး ပိုင်ရှင်ဖြစ်စေ အဆင်ပြေ ချော မွေ့စွာ လက်တွဲ လုပ် ကိုင်နိုင် မှာ ဖြစ်ပါတယ်။
Type A ကိုယ်ရည် ကိုယ်သွေး ပိုင်ရှင်များ အနေနဲ့လည်း မိမိရဲ့ အမူအကျင့်ဟာ ပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်သလဲ၊ မိမိရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးကို ဘယ်လို သက်ရောက်မှု ရှိသလဲ ဆိုတာ သတိပြုသင့်ပါတယ်။
No Comments