
ပင္လယ္ႏွစ္ခု ဆုံရာေနရာမွာ တည္ထားတဲ့ သမိုင္းဝင္ ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္ အေၾကာင္း
ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္
ကပၸလီပင္လယ္ (Andaman Sea) ႏွင့္ အနာက္ဘက္ ဘဂၤလားပင္လယ္ေအာ္ (Bay of Bengal) တို႔ ထိစပ္ရာ၊ (သို႔မဟုတ္) ပိုင္းျခားထားရာ ေနရာေလးတခုျဖစ္ေသာ၊ ျမန္မာႏိုင္ငံ၏ သမိုင္းဝင္ တန္ခိုးႀကီး ဘုရားေစတီမ်ားထဲတြင္ တစ္ဆူ အပါအဝင္ျဖစ္ေသာ၊ ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္သည္ ဧရာဝတီတိုင္းေဒသႀကီး ဟိုင္းႀကီးကြၽန္းၿမိဳ႕နယ္၊ ျမန္မာႏိုင္ငံ၏အေနာက္ ေတာင္ဘက္ အစြန္ဆုံးေနရာတြင္ တည္ထားလွ်က္ရွိပါသည္။
တဖုသႏွင့္ ဘလိကၠ ကုန္သည္ ညီေနာင္ႏွစ္ဦးတို႔ျမတ္စြာဘုရားအား ေလွ်ာက္ထားခ်က္အရ ေပးသနားေတာ္မူေသာ ဆံေတာ္ ရွစ္ဆူအနက္ ႏွစ္ဆူကို ေဇယ်ေသန နဂါးမင္းက သကၠရာဇ္ ၁၀၃ ခုႏွစ္ ဝါဆိုလျပည့္ေန႔တြင္ လႊဲေျပာင္းပင့္ေဆာင္ၿပီး ဌာပနာကာ ေစတီေတာ္ကို တည္ထား ကိုးကြယ္သည္ဟု သမိုင္းရာဇဝင္မ်ားတြင္ေတြ႕ရွိရၿပီး အေသာကမင္းႀကီးလက္ထက္တြင္တစ္ႀကိမ္၊ ပုဂံေခာတ္ အေလာင္းစည္သူမင္း လက္ထက္တြင္တစ္ႀကိမ္ ထပ္မံမြမ္းမံတည္ထားခဲ့ပါသည္။
ဆံေတာ္ရွင္ ေစတီေတာ္ ျမတ္ႀကီးအား ႏွစ္စဥ္ တေပါင္းလဆန္း ၁ ရက္ေန႔မွ တေပါင္းလျပည့္ေန႔ အထိစည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိပါသည္။
ဘုရားဖူးမိဘျပည္သူမ်ားအေနျဖင့္ ေရွးယခင္က ဘုရားဖူး ရာသီခ်ိန္တြင္ ေရလမ္းခရီးမွသာ အထူးေရယာဥ္မ်ားျဖင့္ သြားေရာက္ဖူးေမွ်ာ္ႏိုင္ၿပီး ၂၀၁၀ ခုႏွစ္ ေမလ ၁၄ ရက္ေန႔မွစကာ ပုသိမ္ – သလပ္ခြာ – ေမာ္တင္စြန္းကားလမ္း အတိုင္း (၉၆)မိုင္အကြာအေဝးျဖင့္ လြယ္ကူစြာ သြားေရာက္ဖူးေမွ်ာ္ႏိုင္ပါသည္။
ကားလမ္းမွာ အေနာက္႐ိုးမေတာင္တန္းကိုျဖတ္လွ်က္ ပုသိမ္၊ ငပုေတာ ႏွင့္ဟိုင္းႀကီးကြၽန္းၿမိဳ႕မ်ားမွတဆင့္ ခက္ခက္ခဲခဲ ေဖာက္လုပ္ထားျခင္းလည္းျဖစ္ပါသည္။
ကားလမ္းတေလွ်ာက္ကို ေလ့လာၾကည့္ပါက ေတာင္တက္လမ္း၊ ေတာင္ဆင္းလမ္းမ်ားကို ေႁမြလိမ္ေႁမြေကာက္ တြန႔္ကာေကြးကာ ေဖာက္လုပ္ထားသျဖင့္ အသည္းတထိပ္ထိပ္၊ ရင္တဖိုဖို လည္းျဖစ္ရပါသည္။ ေတာေတာင္ သဘာဝကို ခံစားရႈစားရင္း စိမ္းလန္းစိုေျပေနသည့္ ရႈ႕ခင္းမ်ား၊ သဘာဝအတိုင္းတည္ရွိေန႔သည့္ ေက်းလတ္ေဒသ ႐ြာငယ္ေလးမ်ားကို ျမင္ေတြရသည္မွာလည္း စိတ္ကိုၾကည္လင္လန္းဆန္းေစသည္ မဟုတ္ပါလား ခင္ဗ်ာ။
႐ိုးသားႀကိဳးစား ဧရာဝတီသား တို႔ေနထိုင္ရာ ပုသိမ္ၿမိဳ႕မွထြက္ၿပီး ငဝန္ျမစ္ကူးတံတားကို ေက်ာ္လိုက္သည္ႏွင့္ ေခ်ာင္းသာ၊ ေငြေဆာင္ လမ္းဆုံမွသည္ စခဲ့ေသာ ခရီးစဥ္မွာ ေရသိုးႀကီးစခန္း၊ စိန္ေတာင္စခန္း၊ တတန္ကူးစခန္း၊ သစ္ကတိုးအိုင္းစခန္း၊ FM စိုက္ပ်ိဳးေရးစခန္း အလီလီကို ျဖတ္သန္းကာ ငပုေတာၿမိဳ႕သို႔တေထာက္နားက်ပါသည္။
ထိုမွလြန္ေသာ္ ဥသွ်စ္ကြင္း၊ ေတာႀကီး႐ြာ၊ င႐ုတ္ေကာင္းေတာင္႐ြာ၊ ဂိုးေလာင္း႐ြာ၊ ငါးေျပမ႐ြာ၊ မရမ္းကြင္း႐ြာ တို႔ကို ေက်ာ္လာပါက ဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား အားပါးတရ ဖူးေမွ်ာ္ၾကည္ညိဳခြင့္ ရပါေတာ့သည္။
ျမန္မာႏိုင္ငံ၏ အေနာက္ေတာင္ဘက္ အငူအစြန္းေပၚတြင္ တည္ရွိေနျခင္း၊ ပင္လယ္ႀကီးႏွစ္ခုမွ ပို႔လႊတ္လိုက္ေသာ သန႔္ရွင္းလတ္ဆက္သည့္ ေလ၊ ေရလႈိင္းမ်ား ေၾကာင့္ ဘုရားဖူးရသည့္ အာ႐ုဏ္မွာ အျခားမည္သည့္ ထိေတြ႕မႈမ်ား၊ ခံစားမႈမ်ားႏွင့္ တုႏႈိင္းမရ ျဖစ္မိပါသည္။
တခါတရံ နဂါးေမာင္ႏွံေတြမ်ား စံေပ်ာ္ေနသလား ခံစားရေအာင္ ပင္လယ္လႈိင္းလုံးမ်ားက ေဖၚက ်ဴးေန သ ေယာင္၊ ဆံေတာ္ရွင္ေစတီႀကီးအား နဂါးေမာင္ႏွံ တို႔ လာေရာက္ဖူးေနသေရာင္အား ေဖ်ာ္ေျဖမႈရသ အျပည့္ေပးေနပါေတာ့သည္။
စြယ္ စုံ
Unicode
ပင်လယ်နှစ်ခု ဆုံရာနေရာမှာ တည်ထားတဲ့ သမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် အကြောင်း
ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်
ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာ၊ (သို့မဟုတ်) ပိုင်းခြားထားရာ နေရာလေးတခုဖြစ်သော၊ မြန်မာနိုင်ငံ၏ သမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီများထဲတွင် တစ်ဆူ အပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။
တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသော ဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာ စေတီတော်ကို တည်ထား ကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ ပုဂံခောတ် အလောင်းစည်သူမင်း လက်ထက်တွင်တစ်ကြိမ် ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။
ဆံတော်ရှင် စေတီတော် မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။
ဘုရားဖူးမိဘပြည်သူများအနေဖြင့် ရှေးယခင်က ဘုရားဖူး ရာသီချိန်တွင် ရေလမ်းခရီးမှသာ အထူးရေယာဉ်များဖြင့် သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ ခုနှစ် မေလ ၁၄ ရက်နေ့မှစကာ ပုသိမ် – သလပ်ခွာ – မော်တင်စွန်းကားလမ်း အတိုင်း (၉၆)မိုင်အကွာအဝေးဖြင့် လွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်ပါသည်။
ကားလမ်းမှာ အနောက်ရိုးမတောင်တန်းကိုဖြတ်လျှက် ပုသိမ်၊ ငပုတော နှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။
ကားလမ်းတလျှောက်ကို လေ့လာကြည့်ပါက တောင်တက်လမ်း၊ တောင်ဆင်းလမ်းများကို မြွေလိမ်မြွေကောက် တွန့်ကာကွေးကာ ဖောက်လုပ်ထားသဖြင့် အသည်းတထိပ်ထိပ်၊ ရင်တဖိုဖို လည်းဖြစ်ရပါသည်။ တောတောင် သဘာဝကို ခံစားရှုစားရင်း စိမ်းလန်းစိုပြေနေသည့် ရှု့ခင်းများ၊ သဘာဝအတိုင်းတည်ရှိနေ့သည့် ကျေးလတ်ဒေသ ရွာငယ်လေးများကို မြင်တွေရသည်မှာလည်း စိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။
ရိုးသားကြိုးစား ဧရာဝတီသား တို့နေထိုင်ရာ ပုသိမ်မြို့မှထွက်ပြီး ငဝန်မြစ်ကူးတံတားကို ကျော်လိုက်သည်နှင့် ချောင်းသာ၊ ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ FM စိုက်ပျိုးရေးစခန်း အလီလီကို ဖြတ်သန်းကာ ငပုတောမြို့သို့တထောက်နားကျပါသည်။
ထိုမှလွန်သော် ဥသျှစ်ကွင်း၊ တောကြီးရွာ၊ ငရုတ်ကောင်းတောင်ရွာ၊ ဂိုးလောင်းရွာ၊ ငါးပြေမရွာ၊ မရမ်းကွင်းရွာ တို့ကို ကျော်လာပါက ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။
မြန်မာနိုင်ငံ၏ အနောက်တောင်ဘက် အငူအစွန်းပေါ်တွင် တည်ရှိနေခြင်း၊ ပင်လယ်ကြီးနှစ်ခုမှ ပို့လွှတ်လိုက်သော သန့်ရှင်းလတ်ဆက်သည့် လေ၊ ရေလှိုင်းများ ကြောင့် ဘုရားဖူးရသည့် အာရုဏ်မှာ အခြားမည်သည့် ထိတွေ့မှုများ၊ ခံစားမှုများနှင့် တုနှိုင်းမရ ဖြစ်မိပါသည်။
တခါတရံ နဂါးမောင်နှံတွေများ စံပျော်နေသလား ခံစားရအောင် ပင်လယ်လှိုင်းလုံးများက ဖေါ်က ျူးနေ သ ယောင်၊ ဆံတော်ရှင်စေတီကြီးအား နဂါးမောင်နှံ တို့ လာရောက်ဖူးနေသရောင်အား ဖျော်ဖြေမှုရသ အပြည့်ပေးနေပါတော့သည်။
စွယ် စုံ
No Comments