
ဆီးေအာင့္၊ ေက်ာက္တည္ျခင္းႏွင့္ ေစတီပုံ ခ႐ုခြံ ေဆးနည္းေကာင္း
ခရီးကပန္း လမ္းကၾကမ္းရသည့္ထဲ သြားရသည္က ေျခလ်င္ခရီး တကယ္မနီးလွပါ။ လမ္းေဖာက္လုပ္ေရး တာဝန္ျဖင့္ ကေလးဝမွ ေမာ္လိုက္ မေရာက္ခင္ ပလူဇဝ႐ြာ အထိ ျဖစ္သည္။
ေနကလည္း ပူသည္မို႔ ထင္သေလာက္ ခရီးမတြင္ေပ။ ခက္သည္က အလုပ္သမားေခါင္းေဆာင္ ကြမ္းစားေမာင္ဦး ဆီးသြားမရ ေအာင့္လွသည္ဟု ဆို၍ ထမ္းစင္ျဖင့္ ပါေအာင္ ေခၚရ ျပန္သည္။
သို႔ျဖင့္ ညေန(၃)နာရီေက်ာ္မွ နတ္ေမာ္ကယ္႐ြာသို႔ ေရာက္ရကာ ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ နားၾကသည္။ ဆရာေတာ္က ဆီးေအာင့္၍ ေအာ္ဟစ္ ညည္းညဴ ေနေသာ ေမာင္ဦးကို ေတြ႕၍ ဆီးေအာင့္ၿပီး ဆီးသြား မရေၾကာင္း သိရေသာအခါ …
ဒါမ်ားဒကာရယ္ ဘုန္းႀကီး ကုေပးပါမယ္ ဆို၍ ေစတီပုံခ႐ုခြံ (၃/၄)ခုအား ခ်င္းတြင္းျမစ္ နံေဘး ေသာင္စပ္တြင္ သြားေရာက္ ရွာေဖြ ေစၿပီး မီးဖုတ္ ေစပါသည္။
ထို႔ေနာက္ သန႔္စင္ေသာ ဆုံတြင္ အမႈန႔္ျဖစ္ေအာင္ ေထာင္းၿပီး ေစတီခ႐ုမႈန႔္ လက္ဖက္စားဇြန္း(၁)ဇြန္းစားကို ေရထည့္ထားေသာ ေႂကြေရေႏြး ပန္းကန္လုံးေလး ထဲသို႔ ထည့္ၿပီး သံပုရာသီး တစ္စိတ္ကို ညႇစ္၍ အနည္ထိုင္ေစရန္
(၁၀)မိနစ္မွ် ေစာင့္ဆိုင္းေစကာ အေပၚေရ ၾကည္ကို ေမာင္ဦးအား တိုက္၏။ ထိုျပင္ ေစတီခ႐ုမႈန႔္ႏွင့္ သံပုရာရည္ကို ေက်ာက္ပ်ဥ္တြင္ ေသြးေစ၍ ေမာင္ဦး၏ ဆီးစပ္ကို လိမ္းလူးေစပါသည္။
အံ့ၾသဖြယ္ ေကာင္းသည္က နံနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ ေသာက္ျခင္း၊ လိမ္းျခင္း ျပဳေပးလိုက္ရာ ေနာက္တစ္ေန႔ နံနက္တြင္ ေမာင္ဦး ဆီးမ်ား အားပါးတရသြားကာ ဆီးအတြင္း ေက်ာက္မႈန႔္ ေက်ာက္စ မ်ား ပါသြားျခင္း ျဖစ္ေတာ့သည္။
လမ္းအလုပ္ သမားအဖြဲ႕မ်ားလည္း အလုပ္သမားေခါင္းေဆာင္ ေမာင္ဦး က်န္းမာေရး ေကာင္းမြန္သြားၿပီ ျဖစ္၍ နတ္ေမာ္ကယ္႐ြာေလးမွ ပလူဇဝဆီသို႔ ခရီးဆက္ႏိုင္ ၾကပါ ေတာ့သည္။
နတ္ေမာ္ကယ္႐ြာ ဆရာေတာ္ေပးေသာ ဆီးသြားေက်ာက္ေၾကေစေသာ ေစတီပုံခ႐ုခြံအေၾကာင္း လက္လွမ္းမီသမွ် မိတ္ေဆြမ်ားကို လက္ဆင့္ကမ္းမွ် ေဝေပးရာ ဆီးေအာင့္ေက်ာက္တည္ ေသာေဝဒနာရွင္မ်ား သက္သာေပ်ာက္ကင္းသည္ ဆိုပါ၍ လိုသူတို႔ သုံးႏိုင္ပါရန္ တင္ျပေရးသား လိုက္ပါသည္။
ေဆးနည္း
(၁) ေစတီ ခ႐ုခြံေလးမ်ား ကို မီးဖုတ္ၿပီး ေထာင္းရန္(အမႈန႔္ညက္ညက္ေလးရရွိေအာင္ အဝတ္စျဖင့္ စစ္ႏိုင္ပါက ပိုေကာင္းပါသည္)။ ထိုခ႐ုခြံအား ေနရာေဒသ အလိုက္ အမ်ိဳးမ်ိဳး ေခၚေဝၚမႈ ရွိပါသည္။
(၂) သံပုရာသီး
အထက္ တင္ျပပါ အတိုင္း ခ႐ုခြံမႈန႔္ႏွင့္ သံပုရာေရာစပ္ေသာက္ျခင္း၊ ခ႐ုခြံမႈန႔္ႏွင့္ သံပုရာရည္ေရာစပ္၍ ဆီးစပ္တြင္လူးေပးျခင္းျဖစ္ပါသည္။
ေတာေနျပည္သူတို႔ ဆီးေအာင့္ ေက်ာက္တည္ ေဝဒနာ ခံစားရၿပီး ေဆး႐ုံ ေဆးခန္ းျပသရန္ ခက္ခဲသူတို႔ အတြက္ ရည္စူးမိပါ၏။ ေဆးနည္းေပးေသာ နတ္ေမာ္ကယ္ ဆရာေတာ္ ႀကီးအား ဦးခိုက္လ်က္…
Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
Unicode
ဆီးအောင့်၊ ကျောက်တည်ခြင်းနှင့် စေတီပုံ ခရုခွံ ဆေးနည်းကောင်း
ခရီးကပန်း လမ်းကကြမ်းရသည့်ထဲ သွားရသည်က ခြေလျင်ခရီး တကယ်မနီးလှပါ။ လမ်းဖောက်လုပ်ရေး တာဝန်ဖြင့် ကလေးဝမှ မော်လိုက် မရောက်ခင် ပလူဇဝရွာ အထိ ဖြစ်သည်။
နေကလည်း ပူသည်မို့ ထင်သလောက် ခရီးမတွင်ပေ။ ခက်သည်က အလုပ်သမားခေါင်းဆောင် ကွမ်းစားမောင်ဦး ဆီးသွားမရ အောင့်လှသည်ဟု ဆို၍ ထမ်းစင်ဖြင့် ပါအောင် ခေါ်ရ ပြန်သည်။
သို့ဖြင့် ညနေ(၃)နာရီကျော်မှ နတ်မော်ကယ်ရွာသို့ ရောက်ရကာ ဘုန်းတော်ကြီး ကျောင်းတွင် နားကြသည်။ ဆရာတော်က ဆီးအောင့်၍ အော်ဟစ် ညည်းညူ နေသော မောင်ဦးကို တွေ့၍ ဆီးအောင့်ပြီး ဆီးသွား မရကြောင်း သိရသောအခါ …
ဒါများဒကာရယ် ဘုန်းကြီး ကုပေးပါမယ် ဆို၍ စေတီပုံခရုခွံ (၃/၄)ခုအား ချင်းတွင်းမြစ် နံဘေး သောင်စပ်တွင် သွားရောက် ရှာဖွေ စေပြီး မီးဖုတ် စေပါသည်။
ထို့နောက် သန့်စင်သော ဆုံတွင် အမှုန့်ဖြစ်အောင် ထောင်းပြီး စေတီခရုမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်းစားကို ရေထည့်ထားသော ကြွေရေနွေး ပန်းကန်လုံးလေး ထဲသို့ ထည့်ပြီး သံပုရာသီး တစ်စိတ်ကို ညှစ်၍ အနည်ထိုင်စေရန်
(၁၀)မိနစ်မျှ စောင့်ဆိုင်းစေကာ အပေါ်ရေ ကြည်ကို မောင်ဦးအား တိုက်၏။ ထိုပြင် စေတီခရုမှုန့်နှင့် သံပုရာရည်ကို ကျောက်ပျဉ်တွင် သွေးစေ၍ မောင်ဦး၏ ဆီးစပ်ကို လိမ်းလူးစေပါသည်။
အံ့သြဖွယ် ကောင်းသည်က နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်ခြင်း၊ လိမ်းခြင်း ပြုပေးလိုက်ရာ နောက်တစ်နေ့ နံနက်တွင် မောင်ဦး ဆီးများ အားပါးတရသွားကာ ဆီးအတွင်း ကျောက်မှုန့် ကျောက်စ များ ပါသွားခြင်း ဖြစ်တော့သည်။
လမ်းအလုပ် သမားအဖွဲ့များလည်း အလုပ်သမားခေါင်းဆောင် မောင်ဦး ကျန်းမာရေး ကောင်းမွန်သွားပြီ ဖြစ်၍ နတ်မော်ကယ်ရွာလေးမှ ပလူဇဝဆီသို့ ခရီးဆက်နိုင် ကြပါ တော့သည်။
နတ်မော်ကယ်ရွာ ဆရာတော်ပေးသော ဆီးသွားကျောက်ကြေစေသော စေတီပုံခရုခွံအကြောင်း လက်လှမ်းမီသမျှ မိတ်ဆွေများကို လက်ဆင့်ကမ်းမျှ ဝေပေးရာ ဆီးအောင့်ကျောက်တည် သောဝေဒနာရှင်များ သက်သာပျောက်ကင်းသည် ဆိုပါ၍ လိုသူတို့ သုံးနိုင်ပါရန် တင်ပြရေးသား လိုက်ပါသည်။
ဆေးနည်း
(၁) စေတီ ခရုခွံလေးများ ကို မီးဖုတ်ပြီး ထောင်းရန်(အမှုန့်ညက်ညက်လေးရရှိအောင် အဝတ်စဖြင့် စစ်နိုင်ပါက ပိုကောင်းပါသည်)။ ထိုခရုခွံအား နေရာဒေသ အလိုက် အမျိုးမျိုး ခေါ်ဝေါ်မှု ရှိပါသည်။
(၂) သံပုရာသီး
အထက် တင်ပြပါ အတိုင်း ခရုခွံမှုန့်နှင့် သံပုရာရောစပ်သောက်ခြင်း၊ ခရုခွံမှုန့်နှင့် သံပုရာရည်ရောစပ်၍ ဆီးစပ်တွင်လူးပေးခြင်းဖြစ်ပါသည်။
တောနေပြည်သူတို့ ဆီးအောင့် ကျောက်တည် ဝေဒနာ ခံစားရပြီး ဆေးရုံ ဆေးခန် းပြသရန် ခက်ခဲသူတို့ အတွက် ရည်စူးမိပါ၏။ ဆေးနည်းပေးသော နတ်မော်ကယ် ဆရာတော် ကြီးအား ဦးခိုက်လျက်…
Credit – ရဲမျိုးသူ(ဗောဓိမြိုင်)
Unicode
No Comments