တင္းတိပ္အတြက္ စိတ္မညစ္ရေစဖုိ႔ သဘာဝ ေဆးနည္း - Amawpyay

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖုိ႔ သဘာဝ ေဆးနည္း

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖုိ႔ သဘာဝ ေဆးနည္း
Knowledge

တင္းတိပ္အတြက္ စိတ္မညစ္ရေစဖုိ႔ သဘာဝ ေဆးနည္း

မ်က္ႏွာေပၚမွာ တင္းတိပ္ျဖစ္၍ စိတ္မညစ္ရေအာင္ သဘာဝနည္းနဲ႔ ကုမယ္

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္ႏွာေပၚမွာ တင္းတိပ္ျဖစ္၍ စိတ္ညစ္ေနလွ်င္ ေအာက္ပါ သဘာ ဝေဆးနည္းမ်ားျဖင့္ ကိုယ္တိုင္ကုသႏိုင္ၾကပါတယ္။

(၁) ဒႏၲသုခေဆးပင္ အ႐ြက္စိမ္းကို ႀကိတ္၍ သနပ္ခါးႏွင့္ေရာစပ္ကာ ညအိမ္ယာဝင္ခါနီးတိုင္း တင္းတိပ္ေပၚကို လိမ္းေပးပါ။ စိတ္ရွည္စြာျဖင့္ တစ္လခန႔္ လိမ္ေပးပါက တင္းတိပ္လုံး၀ ေပ်ာက္ပါမည္။

(၂) ကြမ္း႐ြက္ကို ၃ ႐ြက္ခန႔္ကို ပါးပါးလွီး၍ ေရ ၃ ခြက္ ၁ ခြက္ျဖစ္ေအာင္ျပဳတ္ကာ ၎ကြမ္းျပဳတ္ရည္ကို သဘာဝပ်ားရည္စစ္စစ္ ၂ ဇြန္းခန႔္ေရာစပ္၍ အဖုံးလုံးေသာ ပုလင္းထဲထည့္ကာ ႏွပ္ထားပါ။ လိမ္းခါနီး မ်က္ႏွာကို သန႔္စင္၍ မနက္ႏွင့္ည တစ္ရက္ကို ႏွစ္ႀကိမ္ လိမ္ေပးပါ။

(၃) ၾကက္သြန္နီကို ေထာင္း၍၎၊ ႀကိတ္၍၎ အရည္ညစ္ယူ၍ ရွာလကာရည္အနည္းငယ္ႏွင့္ ေရာစပ္ကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။

(၄) သိေႏၶာဆားကို ဆန္ေစ့ ႏွစ္ေစ့ခန႔္ယူ၍ တစ္ခါလိမ္းစာ သနပ္ခါးႏွင့္ ေရာစပ္ကာ ညစဥ္လိမ္း၍ အိပ္ယာဝင္ပါ။

(၅) ႏြင္းတစ္တက္ကို ေရစင္ေအာင္ေဆးေက်ာကာ ႏြားႏို႔အနည္းငယ္ႏွင့္ ေသြးၿပီး တင္တိပ္ေပၚကို တစ္ေန႔ ၃ ႀကိမ္ လိမ္းေပးပါ။

(၆) နံနံေစ့ကို ျပဳတ္၍ ၎ေဆးရည္ျဖင့္ မ်က္ႏွာေပၚကို ညစဥ္ လိမ္းေပးပါက တင္းတိပ္၊ ဝက္ၿခံ၊ မွဲ႔ေျခာက္၊ ဆားဝက္ၿခံမ်ားကို ေပ်ာက္ကင္းေစပါသည္။

(၇) ေထာပတ္သီး၏ အေစ့ကို ေနရိပ္တြင္ အေျခာက္ခံ၍ ေရေအးႏွင့္ေသြးကာ သနပ္ခါးလိမ္းသကဲ့ ညစဥ္လိမ္းအိပ္ႏိုင္ပါသည္။

(၈) အုန္းမႈတ္ခြက္အခြံကို သံပုရာရည္ႏွင့္ေသြးကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။ အနည္းငယ္ စပ္ေသာ္လည္း သည္းခံ၍ တစ္လခန႔္ ညစဥ္လိမ္းေပးလွ်င္ တင္းတိပ္ေပ်ာက္ကင္းပါမည္။

(၉) ဖရဲသီးေအာက္ခံအျဖဴသားကို ပါးပါးလွီး၍ မ်က္ႏွာစင္ၾကယ္ေအာင္ ေဆးေက်ာၿပီးလွ်င္ နာရီဝက္ခန႔္ မ်က္ႏွာေပၚမွာ တင္ထားေပးပါ။ ဖရီးသီးမွ သဘာဝဓါတ္က တင္းတိပ္ေရာဂါကို စုပ္ထုတ္ေပးႏိုင္စြမ္းရွိပါသည္။

(၁၀) ေက်ာက္ခ်ဥ္ကို မုန္ညႇင္းေစ့တစ္ေစ့ခန႔္ သနပ္ခါးႏွင့္ေသြးကာ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လိမ္းေပးပါ။ တင္းတိပ္ေပ်ာက္၍ မ်က္ႏွာအေရျပားေခ်ာမြတ္ကာ ဝင္းပလာပါလိမ့္မည္။

ျမင္သူ တကာ ေငးယူေလာက္တဲ့ မ်က္ႏွာအလွပိုင္ရွင္ေလး မ်ား ျဖစ္ႏိုင္ၾကပါေစ။

ေဆာင္းပါးရွင္ – ေစာႏြဲ႕ေနဆိုင္(ပူတာအို)

Unicode

တင်းတိပ်အတွက် စိတ်မညစ်ရစေဖို့ သဘာဝ ဆေးနည်း

မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်မညစ်ရအောင် သဘာဝနည်းနဲ့ ကုမယ်

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာ ဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံး၀ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၎င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၎င်း၊ ကြိတ်၍၎င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။

(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၎င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ဝင်းပလာပါလိမ့်မည်။

မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးရှင် – စောနွဲ့နေဆိုင်(ပူတာအို)

Unicode

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …