
” အမ်ိဳးသမီးတိုင္းအတြက္အဖိုးမျဖတ္နိုင္တဲ့ ေဆးနည္းေလးတင္ေပးလိုက္ပါတယ္ေနာ္။ ရာသီေသြး ဓမၼတာေသြးလြန္တာေတြကိုရပ္တန္႕သြားေစမည့္ ေဆးနည္းနွင့္ ျပဳစုကုသနည္း “
ကန္စြန္းဥ ၂၅ က်ပ္သားကို ျပဳတ္၍ အခြံမ်ား ခြာၿပီး ေထာင္းပါ။ ေထာပတ္ ၁၀ က်ပ္သားကို က်က္ေအာင္ ခ်က္၍ ေထာင္းၿပီးကန္စြန္းဥ ၂၅ က်ပ္သားႏွင့္ သၾကား ၅ က်ပ္သားကို ထည့္ေမႊပါ။
ကန္စြန္းယို ျဖစ္လာပါသည္။ ယင္းကန္စြန္းယိုကို ဟင္းစားဇြန္း တစ္ဇြန္းခန႔္ တစ္ေန႔ ႏွစ္ႀကိမ္ သုံးႀကိမ္ စားသြားလွ်င္ ဓမၼတာ ေသြးလြန္ေရာဂါကို ရပ္တန႔္ေစပါသည္။
ဓမၼတာလြန္ျခင္း
အမ်ိဳးသမီးမ်ားမွာ ေသြးေပၚရက္တြင္ ထမီ တစ္ထည္ၿပီး တစ္ထည္ လဲရေလာက္ေအာင္ ေရအိုးကို လွဲသြန္သကဲ့သို႔ အမွတ္မထင္ ေသြးလြန္စြာ ဆင္းလာတတ္သည္။
အေနအထိုင္မဆင္ျခင္ျခင္း ဝမ္ဗိုက္အား တခုခုႏွင့္ ထိခိုက္မိျခင္း ေသြးဆင္းေစေသာ အစားအစာ ေဆးဝါးတို႔ကို လြန္းမင္းစြာ စားမိေသာက္မိျခင္း ယခင္းလမ်ားမွေသြး မေပၚခဲ့ဘဲ ေသြးေဟာင္းမ်ား ေအာင္းေန က်န္ေနခဲျခင္း စသည္တိုေၾကာင့္ တခါတရံ ထိတ္လန႔္ ေၾကာက္႐ြံ႕ဖြယ္ ေကာင္းေလာက္ေအာင္ပင္ ေသြးဆင္းလာတတ္သည္။
အခ်ိဳ႕အမ်ိဳးသမီးမ်ား မွာ ေသြးဆင္းရက္ထက္ ေက်ာ္လြန္၍ ေသြးရပ္ရမည့္ အခ်ိန္က်လ်က္ မရပ္ဘဲ ၁၀ ရက္ ၁၅ ရက္ တလအထိပင္ ေနစဥ္ ေသြးဆင္းေနတတ္သည္။
ယင္းကဲသို႔ ဓမၼတာဆင္းရမည့္ရက္ ဆင္းရမည့္ အတိုင္းတာထက္ ပို၍ ဆင္းေနလွ်င္ ေသြးအျမန္ရပ္သြားေစရန္ အထူးအေရးႀကီးပါသည္။
ျပဳစုကုသနည္း
ေသြးသြန္ ေသြးလြန္ ေသြးေပၚရက္ တာရွည္ေနလွ်င္ ေသြးအျမန္ရပ္ေစရန္ ကန္စြန္း႐ြက္ကို က်က်ျပဳတ္၍ သၾကားခ်ိဳခ်ိဳခပ္ေသာက္ပါ။
ကန္စြန္း႐ြက္ကို ေၾကာ္စား သုတ္စား တို႔စားပါ။ဆီးျဖဴသီးသနပ္ လုပ္စားပါ။
ဆီးျဖဴသီးအေျခာက္ကို ျဖစ္ေစ ဆီးျဖဴသီးအစိုကိုျဖစ္ေစ အသား ငါး တစ္မ်ိဳးမ်ိဳးႏွင့္ေရာခ်က္စားပါ။
ငါးရွဥ့္ကိုျဖစ္ေစ ငါးေႁမြထိုးကိုျဖစ္ေစ ဆီးျဖဴသီးႏွင့္ ေရာစပ္၍ ခ်က္စားလွ်င္ ဓမၼတာလြန္ျခင္းအတြက္ အလြန္ေကာင္းပါသည္။
မယားႀကီးျပဳတ္ရည္ကို သၾကားအနည္းငယ္ ေရာစပ္၍ ေသာက္ပါ။ ေရေအးႏိုင္ႏိုင္ခ်ိဳးပါ။
ေရွာင္ၾကဥ္ရန္။ ပူစပ္ေသာအစားအစာႏွင့္ ေဆးဝါးတို႔ကို ေရွာင္ပါ။ ေသြးသက္ေစတတ္ေသာ အစားအစာမ်ားႏွင့္ ေဆးဝါးမ်ားကို ေရွာင္ပါ။
လႈပ္ရွားသြားလာျခင္း ကုန္းကုန္း ကြကြ လုပ္ေဆာင္ျခင္းမ်ားကို ေရွာင္ပါ။ အိပ္ရာတြင္ ၿငိမ္သက္စြာ နားေနပါ။
ဤကဲ့သို႔ လိုက္နာျပဳလုပ္လွ်င္ ေသြးလြန္ျခင္း ေသြးသြန္ျခင္း အျမန္ရပ္တန႔္သြားမည္ျဖစ္ပါသည္။
မူရင္း ဦးဝင္းျမင့္ (ေနျပည္ေတာ္၊ လယ္ေဝးၿမိဳနယ္၊ ေအလာ စက္ပိုင္ ရပ္ကြက္)
Unicode
” အမျိုးသမီးတိုင်းအတွက်အဖိုးမဖြတ်နိုင်တဲ့ ဆေးနည်းလေးတင်ပေးလိုက်ပါတယ်နော်။ ရာသီသွေး ဓမ္မတာသွေးလွန်တာတွေကိုရပ်တန့်သွားစေမည့် ဆေးနည်းနှင့် ပြုစုကုသနည်း “
ကန်စွန်းဥ ၂၅ ကျပ်သားကို ပြုတ်၍ အခွံများ ခွာပြီး ထောင်းပါ။ ထောပတ် ၁၀ ကျပ်သားကို ကျက်အောင် ချက်၍ ထောင်းပြီးကန်စွန်းဥ ၂၅ ကျပ်သားနှင့် သကြား ၅ ကျပ်သားကို ထည့်မွှေပါ။
ကန်စွန်းယို ဖြစ်လာပါသည်။ ယင်းကန်စွန်းယိုကို ဟင်းစားဇွန်း တစ်ဇွန်းခန့် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားသွားလျှင် ဓမ္မတာ သွေးလွန်ရောဂါကို ရပ်တန့်စေပါသည်။
ဓမ္မတာလွန်ခြင်း
အမျိုးသမီးများမှာ သွေးပေါ်ရက်တွင် ထမီ တစ်ထည်ပြီး တစ်ထည် လဲရလောက်အောင် ရေအိုးကို လှဲသွန်သကဲ့သို့ အမှတ်မထင် သွေးလွန်စွာ ဆင်းလာတတ်သည်။
အနေအထိုင်မဆင်ခြင်ခြင်း ဝမ်ဗိုက်အား တခုခုနှင့် ထိခိုက်မိခြင်း သွေးဆင်းစေသော အစားအစာ ဆေးဝါးတို့ကို လွန်းမင်းစွာ စားမိသောက်မိခြင်း ယခင်းလများမှသွေး မပေါ်ခဲ့ဘဲ သွေးဟောင်းများ အောင်းနေ ကျန်နေခဲခြင်း စသည်တိုကြောင့် တခါတရံ ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင်ပင် သွေးဆင်းလာတတ်သည်။
အချို့အမျိုးသမီးများ မှာ သွေးဆင်းရက်ထက် ကျော်လွန်၍ သွေးရပ်ရမည့် အချိန်ကျလျက် မရပ်ဘဲ ၁၀ ရက် ၁၅ ရက် တလအထိပင် နေစဉ် သွေးဆင်းနေတတ်သည်။
ယင်းကဲသို့ ဓမ္မတာဆင်းရမည့်ရက် ဆင်းရမည့် အတိုင်းတာထက် ပို၍ ဆင်းနေလျှင် သွေးအမြန်ရပ်သွားစေရန် အထူးအရေးကြီးပါသည်။
ပြုစုကုသနည်း
သွေးသွန် သွေးလွန် သွေးပေါ်ရက် တာရှည်နေလျှင် သွေးအမြန်ရပ်စေရန် ကန်စွန်းရွက်ကို ကျကျပြုတ်၍ သကြားချိုချိုခပ်သောက်ပါ။
ကန်စွန်းရွက်ကို ကြော်စား သုတ်စား တို့စားပါ။ဆီးဖြူသီးသနပ် လုပ်စားပါ။
ဆီးဖြူသီးအခြောက်ကို ဖြစ်စေ ဆီးဖြူသီးအစိုကိုဖြစ်စေ အသား ငါး တစ်မျိုးမျိုးနှင့်ရောချက်စားပါ။
ငါးရှဉ့်ကိုဖြစ်စေ ငါးမြွေထိုးကိုဖြစ်စေ ဆီးဖြူသီးနှင့် ရောစပ်၍ ချက်စားလျှင် ဓမ္မတာလွန်ခြင်းအတွက် အလွန်ကောင်းပါသည်။
မယားကြီးပြုတ်ရည်ကို သကြားအနည်းငယ် ရောစပ်၍ သောက်ပါ။ ရေအေးနိုင်နိုင်ချိုးပါ။
ရှောင်ကြဉ်ရန်။ ပူစပ်သောအစားအစာနှင့် ဆေးဝါးတို့ကို ရှောင်ပါ။ သွေးသက်စေတတ်သော အစားအစာများနှင့် ဆေးဝါးများကို ရှောင်ပါ။
လှုပ်ရှားသွားလာခြင်း ကုန်းကုန်း ကွကွ လုပ်ဆောင်ခြင်းများကို ရှောင်ပါ။ အိပ်ရာတွင် ငြိမ်သက်စွာ နားနေပါ။
ဤကဲ့သို့ လိုက်နာပြုလုပ်လျှင် သွေးလွန်ခြင်း သွေးသွန်ခြင်း အမြန်ရပ်တန့်သွားမည်ဖြစ်ပါသည်။
မူရင်း ဦးဝင်းမြင့် (နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ အေလာ စက်ပိုင် ရပ်ကွက်)
No Comments