ငါးထပ္္ၾကီး၊ ေျခာက္ထပ္ႀကီး၊ ကိုးထပ္ႀကီးဘုရားအဓိပါယ္္ - Amawpyay

ငါးထပ္္ၾကီး၊ ေျခာက္ထပ္ႀကီး၊ ကိုးထပ္ႀကီးဘုရားအဓိပါယ္္

ငါးထပ္္ၾကီး၊ ေျခာက္ထပ္ႀကီး၊ ကိုးထပ္ႀကီးဘုရားအဓိပါယ္္
Knowledge

ငါးထပ္္ၾကီး၊ ေျခာက္ထပ္ႀကီး၊ ကိုးထပ္ႀကီးဘုရားအဓိပါယ္္

ရန္ကုုန္ၿမိဳ႕မွာ ငါးထပ္ႀကီး ၊ ေျခာက္ထပ္ႀကီး နဲ႔ ကိုးထပ္ႀကီး ဘုရား ၊ ျပည္ၿမိဳ႕မွာ ဆယ္ထပ္ႀကီး ဘုရား စသည္ျဖင့္ ၾကားဖူးၾကပါလိမ့္မယ္။

အဲဲဒီဘုရားမ်ားမွ ‘ထပ္ႀကီး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပၸါယ္ကိုိ မသိတဲ့သူမ်ားပါလိမ့္မယ္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အစက မသိပါ။ ထပ္ဆိုတာ ဘာထပ္ကိုေျပာတာလဲ ..

အထပ္လား ၊ ဝါအရလား ၊ ႀကီးစဥ္ငယ္လို္က္လား ေတာင္ေတာင္အီအီ စဥ္းစားဖူးေသာ္လည္း အတိအက် အေျဖမရခဲ့ပါ။

စာေရးဆရာ လင္းေရာင္တင္၏ ေဆာင္းပါးတစ္ပုဒ္ကို ဖတ္္လိုက္ေတာ့မွ ဒီအဓိပၸါယ္ကို သိသြားပါတယ္။ ေဆာင္းပါးတြင္ ဆရာလင္းေရာင္တင္ က သူႏွင့္ ျပည္ေရႊဘုန္းပြင့္ စာၾကည့္တိုက္မွ ဥကၠဌႀကီး ဦးေလးႀကိဳင္တို႔ေတြ႕ဆုံပုံကို ေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္။

ဦးေလးႀကိဳင္္။ ။မင္းကိုေတြ႕ရတာ ၀မ္းသာတယ္။ ဒါနဲ႔သားက ဘယ္မွာေနတာလဲ

စာေရးသူ။ ။ကၽြန္ေတာ္ရန္ကုန္သားပါ အဘ ၊ က်ိိကၠဆံရပ္ကြက္မွာ ေနပါတယ္။

ဦးေလးႀကိိဳင္။ ။ေဟ ဟုတ္လား ဒါဆို ေျခာက္ထပ္ႀကီးဘုရားကို ဘာလို႔ ေျခာက္ထပ္ႀကီးလိို႔ေခၚတာလဲ သိလား။

စာေရးသူ။ ။ကၽြန္ေတာ္္မသိေသးဘူး အဘ။

ဦးေလးႀကိဳင္္။ ။”မသိလို႔ မျဖစ္ဘူးကြ။ တျခားသူမသိတာ ကိစၥမရွိဘူး။ မင္းက စာေရးဆရာလုပ္ေနတာဆိုေတာ့ သိဖို႔လိုတယ္။ ဒီလိုကြာ ဘုရားတည္လို႔ျငမ္းဆင္ရင္ ဘာနဲ႔ဆင္ရသလဲ။

စာေရးသူ။ ။ဝါး နဲ႔ဲ ပါအဘ။

ဦးေလးႀကိဳင္။ ။ ဟုတ္တယ္ ဝါးနဲ႔ ျငမ္းဆင္ရတယ္။ ဒီဝါးကို ေျခာက္ျပန္ဆက္ၿပီး ဆင္တဲ့ ဘုရားမို႔ ေျခာက္ထပ္ႀကီးလို႔ ေခၚတာေလ။

ဝါး ငါးျပန္ ဆက္ၿပီးဆင္တဲ့ဘုရားက်ေတာ့ ငါးထပ္ႀကီး ၊ စမ္းေခ်ာင္းနားက ကိုးထပ္ႀကီးက်ေတာ့ ဝါးကိုးျပန္ ဆင္ရတာ။ တို႔မ်ား ျပည္က ဆယ္ထပ္ႀကီးဘုရားက်ေတာ့ ဝါးဆယ္ျပန္ဆင္ရလို႔ ဆယ္ထပ္ႀကီးလို႔ ေခၚတာ။

စာေရးသူ။ ။ေက်းဇူးပါပဲ အဘ။ ကၽြန္ေတာ္ မသိေသးတာကို သိလိိုက္ရလို႔။

ဦးေလးႀကိိဳင္။ ။ေအး…အဲသလိုိ ကိစၥေလးေတြက သိထားမွ ေကာင္းတယ္၊ မဟုတ္ရင္ ညံ့ရာက်တယ္။

ေျခာက္ထပ္ႀကီီး ငါးထပ္ႀကီး ဘုရားမ်ားရဲ့ အဓိပၸါယ္ကိုမသိေသးသူမ်ား သိေစဖို႔ ဗဟုသုတအျဖစ္ တင္ျပလိုက္ပါတယ္္

(ဒီေနရာမွာ အခ်ိဳ႕သူေတြက ငါးထပ္ႀကီး နဲ႔ ကိုးထပ္ႀကီးက သိပ္မကြာဘူး လို႔ေျပာၾကသလို အခ်ိဳ႕သူေတြက ဝါးကိုးျပန္ေတာ့ မျမင့္ဘူးလို႔ ေျပာလာၾကတဲ့ အတြက္ အနည္းငယ္ ထပ္ျဖည့္လိုက္ပါတယ္။

myanmar travel information ရဲ့အခ်က္အလက္မ်ားအရ ငါးထပ္ႀကီးဘုရားရဲ့အျမင့္က ၄၅.၅ေပ ၊ ေျခာက္ထပ္ႀကီးဘုရားရဲ့အျမင့္္က ၅၂.၅ ေပ

ကိုိး ထပ္ႀကီးဘုရားရဲ့ အျမင့္က ၇၂ေပ ႏွင့္ ဆယ္ထပ္ႀကီးဘုရားရဲ့ အျမင့္က ၁၁၁ ေပ တို႔ ျဖစ္ပါတယ္။

ျငမ္းဆင္တဲ့အခါ ဝါးလုံးတစ္လုံံးရဲ့ ေအာက္ေျခကေနထိပ္ဖ်ားအထိကို မဆင္္ပါဘူး။

ထိ္ပ္ဖ်ားက အရြယ္အစားေသးသြားတဲ့အတြက္ မခိုင္မွာ စိုးတဲ့အတြက္ ခိုင္တဲ့ေနရာေလာက္ထိပဲ ဆင္ပါတယ္။ အဲဒီေတာ့ ဝါးလုံးရဲ့အရွည္က ၁၂ ေပ

ေလာက္ရွိေပမယ့္္ ျငမ္းဆင္ရင္ေတာ့ ၇ေပ ၈ေပ အကြာအေဝးေလာက္ပဲ ရွိေတာ့ပါတယ္။ ဟုတ္မဟုတ္ တြက္ခ်က္ၾကည့္ၾကပါကုန္။

ဓမၼစာေပမွ တဆင့္္

Credit

Unicode

ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီးဘုရားအဓိပါယ်

ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။

အဲဒီဘုရားများမှ ‘ထပ်ကြီး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူများပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစက မသိပါ။ ထပ်ဆိုတာ ဘာထပ်ကိုပြောတာလဲ ..

အထပ်လား ၊ ဝါအရလား ၊ ကြီးစဉ်ငယ်လိုက်လား တောင်တောင်အီအီ စဉ်းစားဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါ။

စာရေးဆရာ လင်းရောင်တင်၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်တော့မှ ဒီအဓိပ္ပါယ်ကို သိသွားပါတယ်။ ဆောင်းပါးတွင် ဆရာလင်းရောင်တင် က သူနှင့် ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်မှ ဥက္ကဌကြီး ဦးလေးကြိုင်တို့တွေ့ဆုံပုံကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ဦးလေးကြိုင်။ ။မင်းကိုတွေ့ရတာ ဝမ်းသာတယ်။ ဒါနဲ့သားက ဘယ်မှာနေတာလဲ

စာရေးသူ။ ။ကျွန်တော်ရန်ကုန်သားပါ အဘ ၊ ကျိက္ကဆံရပ်ကွက်မှာ နေပါတယ်။

ဦးလေးကြိုင်။ ။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီးဘုရားကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ သိလား။

စာရေးသူ။ ။ကျွန်တော်မသိသေးဘူး အဘ။

ဦးလေးကြိုင်။ ။”မသိလို့ မဖြစ်ဘူးကွ။ တခြားသူမသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာလုပ်နေတာဆိုတော့ သိဖို့လိုတယ်။ ဒီလိုကွာ ဘုရားတည်လို့ငြမ်းဆင်ရင် ဘာနဲ့ဆင်ရသလဲ။

စာရေးသူ။ ။ဝါး နဲ့ဲ ပါအဘ။

ဦးလေးကြိုင်။ ။ ဟုတ်တယ် ဝါးနဲ့ ငြမ်းဆင်ရတယ်။ ဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီးလို့ ခေါ်တာလေ။

ဝါး ငါးပြန် ဆက်ပြီးဆင်တဲ့ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းနားက ကိုးထပ်ကြီးကျတော့ ဝါးကိုးပြန် ဆင်ရတာ။ တို့များ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ဝါးဆယ်ပြန်ဆင်ရလို့ ဆယ်ထပ်ကြီးလို့ ခေါ်တာ။

စာရေးသူ။ ။ကျေးဇူးပါပဲ အဘ။ ကျွန်တော် မသိသေးတာကို သိလိုက်ရလို့။

ဦးလေးကြိုင်။ ။အေး…အဲသလို ကိစ္စလေးတွေက သိထားမှ ကောင်းတယ်၊ မဟုတ်ရင် ညံ့ရာကျတယ်။

ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့ အဓိပ္ပါယ်ကိုမသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်

(ဒီနေရာမှာ အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူး လို့ပြောကြသလို အချို့သူတွေက ဝါးကိုးပြန်တော့ မမြင့်ဘူးလို့ ပြောလာကြတဲ့ အတွက် အနည်းငယ် ထပ်ဖြည့်လိုက်ပါတယ်။

myanmar travel information ရဲ့အချက်အလက်များအရ ငါးထပ်ကြီးဘုရားရဲ့အမြင့်က ၄၅.၅ပေ ၊ ခြောက်ထပ်ကြီးဘုရားရဲ့အမြင့််က ၅၂.၅ ပေ

ကိုး ထပ်ကြီးဘုရားရဲ့ အမြင့်က ၇၂ပေ နှင့် ဆယ်ထပ်ကြီးဘုရားရဲ့ အမြင့်က ၁၁၁ ပေ တို့ ဖြစ်ပါတယ်။

ငြမ်းဆင်တဲ့အခါ ဝါးလုံးတစ်လုံံးရဲ့ အောက်ခြေကနေထိပ်ဖျားအထိကို မဆင်ပါဘူး။

ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့အတွက် မခိုင်မှာ စိုးတဲ့အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။ အဲဒီတော့ ဝါးလုံးရဲ့အရှည်က ၁၂ ပေ

လောက်ရှိပေမယ့်် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာအဝေးလောက်ပဲ ရှိတော့ပါတယ်။ ဟုတ်မဟုတ် တွက်ချက်ကြည့်ကြပါကုန်။

ဓမ္မစာပေမှ တဆင့်

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …