
Credit
Unicode
ဘယ်လိုမျိုး အိမ်ဟာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နဲ့ ဘဝကိုဖြတ်သန်းရလဲဆိုတာ။ ဒီလိုလူမျိုးတွေရှိတဲ့ အိမ်ဟာ သေချာပေါက် ဆင်းရဲနေတဲ့အိမ်ဘဲ ဖြစ်ပါလိမ့်မည်
ဘယ်လိုအိမ်တွေ ဆင်းရဲလဲဆိုတော့
(၁) သီလလုံခြုံမှု မရှိသူတွေ နေတဲ့အိမ်၊
(၂) မိဘနှစ်ပါးရဲ့ စီမံခန့်ခွဲ၊ ဆုံးမသွန်သင်မှု ညံ့ဖျင်းတဲ့အိမ်၊
(၃) မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့အိမ်၊
(၄) မိသားစုဝင် အချင်းချင်း လေးစားမှု မရှိဘဲ ရန်ဖြစ်နေတဲ့အိမ်၊
(၅) မိသားစုကို ချစ်တတ်တဲ့သူတွေ ရှိမနေတဲ့အိမ်၊
(၆) လက်ကြောမတင်း၊ ပျင်းရိတဲ့သူတွေ ရှိနေတဲ့အိမ်၊
(၇) လောင်းကစားနှင့် မူးယစ်ဆေး စွဲလမ်းသူတွေ ရှိနေတဲ့အိမ်၊
(၈) အိမ်တွင်းသူခိုးတွေ ရှိနေတဲ့အိမ်၊
(၉) အပျော်အပါး လိုက်စားသူတွေ ရှိနေတဲ့အိမ်၊
(၁၀) လူမှုရေး ဖောက်ပြန်သူတွေ ရှိနေတဲ့အိမ်၊
(၁၁) ကိုယ်ချင်းစာတရား မရှိဘဲ၊ တကိုယ်ကောင်းဆန်သူတွေ များနေတဲ့အိမ်၊
(၁၂) ရေရှည် မကြည့်ဘဲ လက်ငင်း အဆင်ပြေမှုကိုသာ ကြည့်သူတွေ ရှိနေတဲ့အိမ်၊
(၁၃) ဦးနှောက်နှင့် ပါးစပ်ယှဉ်လျှင် ပါးစပ်ကို ဦးစားပေးသူတွေ နေတဲ့အိမ်၊
(၁၄) စေတနာမကောင်းသူ (ဝါ) ကံမကောင်းသူတွေ နေတဲ့အိမ်၊
(၁၅) အသုံးအဖြုန်းကြီးပြီး စည်းကမ်း မရှိသူတွေ နေတဲ့အိမ်၊
(၁၆) ဦးဆောင်သူ မရှိဘဲ ဆရာလုပ်သူတွေ များနေတဲ့အိမ်၊
(၁၇) ယဉ်ကျေးသိမ်မွေ့၊ ရိုးသားသူတွေ ရှိမနေတဲ့အိမ်၊
(၁၈) အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း မရှိတဲ့အိမ်၊
(၁၉) မိမိကိုယ်မိမိ လေးစားတန်ဖိုးထားတတ် တဲ့သူတွေ ရှိမနေတဲ့အိမ်။
ဒီအချက်တွေထဲက အနည်းဆုံး (၇) ချက်ရှိတဲ့ အိမ်ဟာ ဆင်းရဲ တော့မယ် ဆိုတာ သေချာသလောက် ရှိနေပါပြီ
ကျွန်တော်ပြောနေတဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာ ရုပ်ဝတ္ ထု ပစ္ စည်းဥစ္ စာတွေထက် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲ၊ ချမ်းသာတာကို အဓိက ဆိုလိုပါတယ်။
သတင်း အရင်း အမြစ် ဒေါက်တာ နတ်စိမ်
No Comments