အေႂကြးတင္လို႔စိတ္ညစ္ေနလား ဒါေလးလုပ္ၾကည့္လိုက္ အားလံုးေၾက ကိုယ္ေတြ႔ပဲ - Amawpyay

အေႂကြးတင္လို႔စိတ္ညစ္ေနလား ဒါေလးလုပ္ၾကည့္လိုက္ အားလံုးေၾက ကိုယ္ေတြ႔ပဲ

အေႂကြးတင္လို႔စိတ္ညစ္ေနလား ဒါေလးလုပ္ၾကည့္လိုက္ အားလံုးေၾက ကိုယ္ေတြ႔ပဲ
Knowledge

အေႂကြးတင္လို႔စိတ္ညစ္ေနလား ဒါေလးလုပ္ၾကည့္လိုက္ အားလံုးေၾက ကိုယ္ေတြ႔ပဲ

၁။ တစ္ခ်ိန္တုန္းက အရမ္းစိတ္ညစ္ခဲ့ပါသည္ ။ အိမ္က အေၾကြးေတြ တင္ေနလုိ႕ပါ..အေၾကြးတင္တာ က အေၾကာင္းမဟုတ္.. လကုန္ရင္ ေပးရသည့္ အတုိးက ပူေနရသည္။ စားျပီးေသာက္ျပီး ပုိလွ်ံတာ အတုိးေပးလုိက္ရသည္။

အတိုးဆုိတဲ့အရာၾကီးကို အိပ္ထဲထည့္ အေ၀းကုိ လႊင့္ပစ္လုိက္ခ်င္သည္ ။

ဒါေပမဲ့ ဘယ္တတ္ႏုိင္မလဲ ကုိယ္က လုိလုိ႕ သြားယူထားတာကို … အဲလုိအခက္ခဲျဖစ္ေနတုန္း လာဒ္ရႊင္ေငြ၀င္ေစမည္ ဆုိေသာ ဗန္ေမာ္ဆရာေတာ္ ေဒါက္တာ ကုမာရဘိ၀ံသ ခ်ီးျမွင့္ေသာ ပုတီးစိတ္နည္းေလး ရလုိက္သည္။

စိတ္ၾကည့္လုိက္မယ္..မထူးျခားေတာ့ အေၾကြးမေၾကေတာ့လည္း ကုသုိလ္ရတာေပါ့ေလ ဆိုျပီး စိတ္လုိက္မိပါသည္။ ၃ လေနေတာ့ လုပ္ငန္းတစ္ခု ေပၚျပီး အေၾကြးတစ္၀က္ ေၾကသြားသည္။

အတုိးတ၀က္ သက္သာသြားျပီ ။ ေနာက္ ၃ လ ေနေတာ့ လံုး၀ ေၾကသြားေတာ့သည္။ (မိမိကုိယ္ေတြ႕ျဖစ္သည္။)

၂။ တစ္ေန႕ အေဒၚၾကီး တစ္ေယာက္ေဟာခန္းထဲ ေရာက္လာသည္။ အိမ္ေရာင္းခ်င္လုိ႕ တဲ့ .ေရာင္းေတာ့ မေရာင္းခ်င္ပါဘူး ဆရာရယ္.. ေခၽႊးမလုပ္တဲ့သူက ႏွစ္လံုးကစားလုိက္တာ သိန္းႏွစ္ဆယ္ေလာက္ အေၾကြးတင္ သြားတာ .. အဲဒါသားက စိတ္ညစ္ေနလုိ႕ ကၽြန္မက အိမ္ေ၇ာင္းျပီး ဆပ္ေပးမလုိ႕ပါတဲ့..(ေတာ္ေတာ္သေဘာေကာင္းတဲ့ ေယာကၡမပါပဲ) ကၽြန္ေတာ္ကလည္း ဂုဏ္ေတာ္ ၉ ပါး ကုိ ၁၀ ၾကိမ္ခြဲျပီးပုတီးစိတ္ပါ ။

မနက္ ၁၀တ္ / ေန႕လည္ ၁၀ ပတ္ / ည ၁၀ ပတ္ ပုတီးစိတ္ေပးပါ။ ပဌာန္းအက်ယ္ကုိ မနက္တစ္ေခါက္ ည တစ္ခါက္ ေမတၱာသုတ္ကုိ မနက္ ၇ ေခါက္ ၊ ည ၇ ေခါက္ ရြတ္ပါ လို႕ ေျပာလုိက္ပါတယ္။

တစ္လေနေတာ့ ျပန္ေရာက္လာတယ္ အဆင္ေျပသြားျပီ ဆရာ အိမ္လည္းေရာင္းစရာ မလုိေတာ့ဘူးတဲ့ .. အဲဒါနဲ႕ေမးၾကည့္ေတာ့ လြန္ခဲ့တဲ့ ၈ ႏွစ္က ေယာက်ာၤးေနာက္လုိက္သြားတဲ့ ညီမအငယ္ဆံုး က ျပန္လာတယ္…သူ႕ေယာက်ာၤးက ေရႊတြင္းေအာင္ျပီး ခ်မ္းသာေနျပီ

အဲဒီ ညီမက အမ အိမ္မေရာင္းပါနဲ႕ ။ ဆိုျပီး သိန္း ၂၅ သိန္း ထုတ္ေပးသြားလုိ႕ အေၾကြးေတြလည္း ဆပ္ျပီးျပီ ဆရာ ဆုိျပီး ၀မ္းသာအားရ လာေျပာပါသည္။

၃။ ပူစူးမ ဆုိတဲ့ ေကာင္မေလး တစ္ေယာက္အိမ္ကုိ ေရာက္လာတယ္ ဆရာရယ္ အေၾကြး ၇ သိန္းခြဲေလာက္တင္ေနလုိ႕တဲ့…. ေယာက်ားလုပ္တဲ့ သူက ေထြလာဂ်ီေမာင္းပါတယ္ ။

အဲဒါနဲ႕ ဂုဏ္ေတာ္ ၉ ပါး ကုိ တစ္ေန႕ အပတ္ ၃၀ စိတ္ ၊ ပဌာန္းအက်ယ္ကုိ မနက္တစ္ေခါက္ ည တစ္ခါက္ ရြတ္ပါ။ မတတ္ႏုိင္ရင္ ၂၄ ပစၥည္း (အက်ဥ္း)ကုိ မနက္ ၂၄ ေခါက္ ည ၂၄ ေခါက္ ရြတ္ပါ လို႕ ေျပာလုိက္တယ္။

တစ္လေနေတာ့ ျပန္လာတယ္ .ဆရာ ဘာမွ မထူးျခားေသးဘူး ၊ အတိအက်စိတ္တာပဲ မနက္ ၁၀ ပတ္ / ေနလည္ ၁၀ ပတ္ / ည ၁၀ ပတ္ ၂၄ ပစၥည္းလည္း မနက္ ၂၄ ေခါက္ ။

ည ၂၄ ေခါက္ ၇ြတ္တာပဲ တစ္လရွိျပီ ဘာမွလည္း မထူးျခားဘူးဆရာ .. လုိ႕ ဘာေျပာပါတယ္ အဲဒါနဲ႕ ကၽြန္ေတာ္လည္း ၃ လ အဓိဌာန္၀င္ခုိင္းထားတာပဲ ဟာ ေနာက္ တစ္လ ထပ္စိတ္ၾကည့္ပါ လုိ႕ ေျပာလုိက္တာ .. သူလည္း ျပန္သြားပါတယ္.. ေနာက္ လာေျပာတယ္ ၂ လေနေတာ့ ထီ တစ္ခါ ေပါက္တယ္ ။

၃ လေနေတာ့ ထီ တစ္ခါ ေပါက္တယ္ .တဲ့ ထီ ၂ ခါ ေပါက္လုိက္တာ ၁၆ သိန္းေလာက္ရတယ္ တဲ့ .. အေၾကြးလည္း ဆပ္ျပီး ျပီ ဆိုျပီ လာေျပာပါတယ္ ဗ်ာ …. (တကယ္ ့အျဖစ္တစ္ခုပါ) အဲဒါကေတာ့ ဂုဏ္ေတာ ၉ ပါး ကုိ မနက္ ၁၀ ပတ္ / ေန႕လည္ ၁၀ ပတ္ / ည ၁၀ ပတ္ ပုတီးစိတ္ပါ။

ေမတၱာသုတ္ကုိ မနက္ ၇ ေခါက္ ည ၇ ခါက္ ၇ြတ္ပါ။ ပဌာန္း အက်ယ္ကုိ မနက္တစ္ေခါက္ ည တစ္ခါက္ရြတ္ပါ ။

မတတ္ႏုိင္ရင္ ၂၄ ပစၥည္းကုိ မနက္ ၂၄ ေခါက္ / ည ၂၄ ေခါက္ ၇ြတ္ပါလုိ႕ ေျပာလုိက္တာပါပဲ ဗ်ာ ဂုဏ္ေတာ္(၉)ပါး ( ၁၀ ၾကိမ္ခြဲ ) ပုတီး စိတ္နည္း

၁။ အရဟံ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၂။ သမၼာသမၺဳေဒၶါ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၃။ ၀ိဇၹာစရဏသမၸေႏၷာ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၄။ သုဂေတာ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္

၅။ ေလာက၀ိဒူ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၆။ အႏုတၱေရာ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္၇။ ပုရိသဒမၼသာရထိ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၈။သတၳာေဒ၀မႏုႆာနံ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ

္ ၉။ ဗုေဒၶါ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ ၁၀။ ဘဂ၀ါ တစ္လံုး ခ် နဲ႕ ၁ ပတ္စိတ္ အားလံုးေပါင္း (၁၀) ပတ္ တစ္ ထုိင္တည္းစိတ္ပါ။

မနက္ ၁၀ ပတ္ ၊ ေန႕လည္ ၁၀ ပတ္ ၊ ည ၁၀ ပတ္ တစ္ေန႕ အပတ္ ၃၀ စိတ္ေပးပါ။ လာဒ္ေတာ္ေတာ္ၾကီးပိတ္ရင္ အပတ္ ေရ တုိးစိတ္ႏုိင္ပါသည္။ ရက္ ( ၉၀ ) အဓိဌာန္ ၀င္ပါ ။ ရက္ေပါင္း ၄၀/ ၆၀ မွ ထူးျခားပါတယ္…. မွတ္ခ်က္ ။ေငြေၾကးအခက္အခဲ ရွိသူမ်ား ၊ ေငြေၾကးမေျပလည္သူမ်ား ၊ အေၾကြးတင္ေနသူမ်ား၊ အေၾကႊးမဆပ္ႏိုင္သူမ်ား ၊ ေရာင္းအ၀ယ္ မေကာင္းသူမ်ား ၊ အေၾကြးမရသူမ်ား အတြက္ ေငြေၾကး အထူး လာဒ္ရႊင္ေစ ေငြ ၀င္ေစေသာ ပုတီးစိတ္နည္းျဖစ္ပါသည္။

လိုသေလာက္မရေသာလည္း လုပ္သေလာက္ ရပါသည္။ ၾကိဳးစားက်င့္ေဆာင္ျဖင္းျဖင့္ ေငြေၾကးအခက္ခဲ ေျပလည္ၾကပါေစ..ခင္ဗ်ာ.. ၇ရက္ သားသမီးမ်ားအတြက္ ေမတၱာေရွ႕ထားကာ ဆရာေဗဒင္ထံမွ ကူးယူေဖာ္ျပပါသည္။

Credit

Unicode

အကြွေးတင်လို့စိတ်ညစ်နေလား ဒါလေးလုပ်ကြည့်လိုက် အားလုံးကြေ ကိုယ်တွေ့ပဲ

၁။ တစ်ချိန်တုန်းက အရမ်းစိတ်ညစ်ခဲ့ပါသည် ။ အိမ်က အကြွေးတွေ တင်နေလို့ပါ..အကြွေးတင်တာ က အကြောင်းမဟုတ်.. လကုန်ရင် ပေးရသည့် အတိုးက ပူနေရသည်။ စားပြီးသောက်ပြီး ပိုလျှံတာ အတိုးပေးလိုက်ရသည်။

အတိုးဆိုတဲ့အရာကြီးကို အိပ်ထဲထည့် အဝေးကို လွှင့်ပစ်လိုက်ချင်သည် ။

ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ကိုယ်က လိုလို့ သွားယူထားတာကို … အဲလိုအခက်ခဲဖြစ်နေတုန်း လာဒ်ရွှင်ငွေဝင်စေမည် ဆိုသော ဗန်မော်ဆရာတော် ဒေါက်တာ ကုမာရဘိဝံသ ချီးမြှင့်သော ပုတီးစိတ်နည်းလေး ရလိုက်သည်။

စိတ်ကြည့်လိုက်မယ်..မထူးခြားတော့ အကြွေးမကြေတော့လည်း ကုသိုလ်ရတာပေါ့လေ ဆိုပြီး စိတ်လိုက်မိပါသည်။ ၃ လနေတော့ လုပ်ငန်းတစ်ခု ပေါ်ပြီး အကြွေးတစ်ဝက် ကြေသွားသည်။

အတိုးတဝက် သက်သာသွားပြီ ။ နောက် ၃ လ နေတော့ လုံး၀ ကြေသွားတော့သည်။ (မိမိကိုယ်တွေ့ဖြစ်သည်။)

၂။ တစ်နေ့ အဒေါ်ကြီး တစ်ယောက်ဟောခန်းထဲ ရောက်လာသည်။ အိမ်ရောင်းချင်လို့ တဲ့ .ရောင်းတော့ မရောင်းချင်ပါဘူး ဆရာရယ်.. ချွှေးမလုပ်တဲ့သူက နှစ်လုံးကစားလိုက်တာ သိန်းနှစ်ဆယ်လောက် အကြွေးတင် သွားတာ .. အဲဒါသားက စိတ်ညစ်နေလို့ ကျွန်မက အိမ်ရောင်းပြီး ဆပ်ပေးမလို့ပါတဲ့..(တော်တော်သဘောကောင်းတဲ့ ယောက္ခမပါပဲ) ကျွန်တော်ကလည်း ဂုဏ်တော် ၉ ပါး ကို ၁၀ ကြိမ်ခွဲပြီးပုတီးစိတ်ပါ ။

မနက် ၁၀တ် / နေ့လည် ၁၀ ပတ် / ည ၁၀ ပတ် ပုတီးစိတ်ပေးပါ။ ပဌာန်းအကျယ်ကို မနက်တစ်ခေါက် ည တစ်ခါက် မေတ္တာသုတ်ကို မနက် ၇ ခေါက် ၊ ည ၇ ခေါက် ရွတ်ပါ လို့ ပြောလိုက်ပါတယ်။

တစ်လနေတော့ ပြန်ရောက်လာတယ် အဆင်ပြေသွားပြီ ဆရာ အိမ်လည်းရောင်းစရာ မလိုတော့ဘူးတဲ့ .. အဲဒါနဲ့မေးကြည့်တော့ လွန်ခဲ့တဲ့ ၈ နှစ်က ယောကျာၤးနောက်လိုက်သွားတဲ့ ညီမအငယ်ဆုံး က ပြန်လာတယ်…သူ့ယောကျာၤးက ရွှေတွင်းအောင်ပြီး ချမ်းသာနေပြီ

အဲဒီ ညီမက အမ အိမ်မရောင်းပါနဲ့ ။ ဆိုပြီး သိန်း ၂၅ သိန်း ထုတ်ပေးသွားလို့ အကြွေးတွေလည်း ဆပ်ပြီးပြီ ဆရာ ဆိုပြီး ဝမ်းသာအားရ လာပြောပါသည်။

၃။ ပူစူးမ ဆိုတဲ့ ကောင်မလေး တစ်ယောက်အိမ်ကို ရောက်လာတယ် ဆရာရယ် အကြွေး ၇ သိန်းခွဲလောက်တင်နေလို့တဲ့…. ယောကျားလုပ်တဲ့ သူက ထွေလာဂျီမောင်းပါတယ် ။

အဲဒါနဲ့ ဂုဏ်တော် ၉ ပါး ကို တစ်နေ့ အပတ် ၃၀ စိတ် ၊ ပဌာန်းအကျယ်ကို မနက်တစ်ခေါက် ည တစ်ခါက် ရွတ်ပါ။ မတတ်နိုင်ရင် ၂၄ ပစ္စည်း (အကျဉ်း)ကို မနက် ၂၄ ခေါက် ည ၂၄ ခေါက် ရွတ်ပါ လို့ ပြောလိုက်တယ်။

တစ်လနေတော့ ပြန်လာတယ် .ဆရာ ဘာမှ မထူးခြားသေးဘူး ၊ အတိအကျစိတ်တာပဲ မနက် ၁၀ ပတ် / နေလည် ၁၀ ပတ် / ည ၁၀ ပတ် ၂၄ ပစ္စည်းလည်း မနက် ၂၄ ခေါက် ။

ည ၂၄ ခေါက် ရွတ်တာပဲ တစ်လရှိပြီ ဘာမှလည်း မထူးခြားဘူးဆရာ .. လို့ ဘာပြောပါတယ် အဲဒါနဲ့ ကျွန်တော်လည်း ၃ လ အဓိဌာန်ဝင်ခိုင်းထားတာပဲ ဟာ နောက် တစ်လ ထပ်စိတ်ကြည့်ပါ လို့ ပြောလိုက်တာ .. သူလည်း ပြန်သွားပါတယ်.. နောက် လာပြောတယ် ၂ လနေတော့ ထီ တစ်ခါ ပေါက်တယ် ။

၃ လနေတော့ ထီ တစ်ခါ ပေါက်တယ် .တဲ့ ထီ ၂ ခါ ပေါက်လိုက်တာ ၁၆ သိန်းလောက်ရတယ် တဲ့ .. အကြွေးလည်း ဆပ်ပြီး ပြီ ဆိုပြီ လာပြောပါတယ် ဗျာ …. (တကယ့်အဖြစ်တစ်ခုပါ) အဲဒါကတော့ ဂုဏ်တော ၉ ပါး ကို မနက် ၁၀ ပတ် / နေ့လည် ၁၀ ပတ် / ည ၁၀ ပတ် ပုတီးစိတ်ပါ။

မေတ္တာသုတ်ကို မနက် ၇ ခေါက် ည ၇ ခါက် ရွတ်ပါ။ ပဌာန်း အကျယ်ကို မနက်တစ်ခေါက် ည တစ်ခါက်ရွတ်ပါ ။

မတတ်နိုင်ရင် ၂၄ ပစ္စည်းကို မနက် ၂၄ ခေါက် / ည ၂၄ ခေါက် ရွတ်ပါလို့ ပြောလိုက်တာပါပဲ ဗျာ ဂုဏ်တော်(၉)ပါး ( ၁၀ ကြိမ်ခွဲ ) ပုတီး စိတ်နည်း

၁။ အရဟံ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၂။ သမ္မာသမ္ဗုဒ္ဓေါ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၃။ ဝိဇ္ဖာစရဏသမ္ပန္နော တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၄။ သုဂတော တစ်လုံး ချ နဲ့ ၁ ပတ်စိတ်

၅။ လောကဝိဒူ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၆။ အနုတ္တရော တစ်လုံး ချ နဲ့ ၁ ပတ်စိတ်၇။ ပုရိသဒမ္မသာရထိ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၈။သတ္ထာဒေဝမနုဿာနံ တစ်လုံး ချ နဲ့ ၁ ပတ်စိတ

် ၉။ ဗုဒ္ဓေါ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် ၁၀။ ဘဂဝါ တစ်လုံး ချ နဲ့ ၁ ပတ်စိတ် အားလုံးပေါင်း (၁၀) ပတ် တစ် ထိုင်တည်းစိတ်ပါ။

မနက် ၁၀ ပတ် ၊ နေ့လည် ၁၀ ပတ် ၊ ည ၁၀ ပတ် တစ်နေ့ အပတ် ၃၀ စိတ်ပေးပါ။ လာဒ်တော်တော်ကြီးပိတ်ရင် အပတ် ရေ တိုးစိတ်နိုင်ပါသည်။ ရက် ( ၉၀ ) အဓိဌာန် ဝင်ပါ ။ ရက်ပေါင်း ၄၀/ ၆၀ မှ ထူးခြားပါတယ်…. မှတ်ချက် ။ငွေကြေးအခက်အခဲ ရှိသူများ ၊ ငွေကြေးမပြေလည်သူများ ၊ အကြွေးတင်နေသူများ၊ အကြွှေးမဆပ်နိုင်သူများ ၊ ရောင်းအဝယ် မကောင်းသူများ ၊ အကြွေးမရသူများ အတွက် ငွေကြေး အထူး လာဒ်ရွှင်စေ ငွေ ဝင်စေသော ပုတီးစိတ်နည်းဖြစ်ပါသည်။

လိုသလောက်မရသောလည်း လုပ်သလောက် ရပါသည်။ ကြိုးစားကျင့်ဆောင်ဖြင်းဖြင့် ငွေကြေးအခက်ခဲ ပြေလည်ကြပါစေ..ခင်ဗျာ.. ၇ရက် သားသမီးများအတွက် မေတ္တာရှေ့ထားကာ ဆရာဗေဒင်ထံမှ ကူးယူဖော်ပြပါသည်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …