
ကြမ္းစားတဲ့ သူေတြ ေက်ာက္ကပ္ ေရာဂါမျဖစ္ေအာင္ မုန္လာဥျဖဴ နဲ႔ ေက်ာက္ကပ္ေဆးတဲ့ နည္းလမ္းေလး
ကြမ္းစားျခင္းဟာ အာရွႏိုင္ငံေတြမွာ ေတာ္ေတာ္မ်ားမ်ားက စားသုံးၾကပါတယ္။ ျမန္မာႏိုင္ငံ ဟာလည္း ဟိုးေရွးယခင္ေတြ ကတည္းက ကြမ္းစားျခင္းဟာ ႐ိုးရာဓေလ့ တစ္ခုလို ျဖစ္ခဲ့ပါတယ္။ ဧည့္သည္လာရင္ ကြမ္းနဲ႔ ဧည့္ခံျခင္းဟာလည္း ထုံးတမ္းအစဥ္အလာဆိုရင္ မမွားပါဘူး။
အခုေနာက္ပိုင္းမွာလည္း အာရွအျပင္ ဥေရာပနဲ႔ အေနာက္ အေမရိက ေတြမွာပါ အသင့္ စားကြမ္းထုပ္ေလးေတြ လည္း ပ်ံ႕ႏွံ႔ လာခဲ့ၿပီ ျဖစ္ပါတယ္။ ကြမ္းဟာ အရက္၊ နီကိုတင္းနဲ႔ ကဖင္းတို႔ၿပီးရင္ စတိုတၳေျမာက္ စြဲလန္းမႈအျဖစ္ဆုံးလို႔ ဆိုရမွာျဖစ္ပါတယ္။
ကြမ္းစားျခင္းဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တာ ပရိတ္သတ္ႀကီးလည္း အသိပဲ ျဖစ္ပါတယ္။ ကြမ္းဟာ သြားနဲ႔သြားဖုံးကို ေရာဂါ ျဖစ္စႏိုင္ပါတယ္။ ခံတြင္းမွာ ၾကာျမင့္စြာ ငုံထားျခင္း ေၾကာင့္လည္း ခံတြင္းအေျမႇးပါး ေတြဟာ ပ်က္စီရပါတယ္။ ဒါ့အျပင္ ေက်ာက္ကပ္ကိုလည္း ထိခိုက္ ပ်က္စီးေစ ပါတယ္။
ကြမ္းစားျခင္းေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္လာၿပီဆိုရင္ ကုသႏိုင္မယ့္ ေဆးစြမ္းေကာင္း တစ္လက္ကို လူမႈကြန္ယက္ ကတစ္ဆင့္ ရွာေဖြေတြ႕ရွိ တဲ့အတြက္ ပရိတ္သတ္ႀကီးကို ဒီေဆးနည္း ေကာင္းေလးကို မွ်ေဝ ေပးလိုက္ပါတယ္။ ေက်ာက္ကပ္ဟာလည္း အေရးပါတဲ့ ခႏၶာအစိတ္အပိုင္း ျဖစ္လို႔ အထူးဂ႐ုျပဳ သင့္ပါတယ္။
ေရာင္ျခင္း၊ ေက်ာက္တည္ျခင္းေတြဟာ ေတာ္ေတာ္ကို ဆိုး႐ြားတဲ့ ေဝဒါနာ တစ္ခုလည္း ျဖစ္ပါတယ္။ ဒီလိုေဝဒါနာေတြ မခံစားဖို႔အတြက္ ေဆးနည္းေလး ကေတာ့ ေက်ာက္ကပ္ကို ေဆးျခင္း ျဖစ္ပါတယ္။
မုန္လာဥျဖဴ တစ္လုံးကို ေရနဲ႔ သန႔္စင္ေအာင္ ေဆးေက်ာၿပီး ေရနည္းနည္းနဲ႔ ထည့္ၿပီး ႀကိတ္လိုက္ပါ။ အဖက္ေတြကို ထုတ္ၿပီး အရည္ကို ေသာက္ပါ။ ဒီႀကိတ္ထားတဲ့ အရည္ေလးဟာ ဝမ္းထဲ ေရာက္တာနဲ႔ ခါးနာျခင္းဟာ ယူပစ္သလို ေပ်ာက္ကင္း သြားပါလိမ့္မယ္။ ဒီႀကိတ္ရည္ဟာ ေက်ာက္ကပ္ကို ခ်က္ျခင္း ေဆးေပးတာ ျဖစ္တာေၾကာင့္ ခ်က္ျခင္း အာနိသင္ ျဖစ္ေပၚေစပါတယ္။
ေက်ာက္ကပ္အျပင္ အူက်တဲ့ ေရာဂါကို ေပ်ာက္ကင္း ေစႏိုင္ပါတယ္။ တစ္ပါတ္တစ္ခါ မုန္လာဥျဖဴ ကို ဟင္းအျဖစ္ခ်က္ျပဳတ္ၿပီး စားသုံးသင့္ပါတယ္။ ဒါမွလည္း ေက်ာက္ကပ္ကို ထိန္းသိမ္းမႈ ျပဳလုပ္ႏိုင္မွာပါ။ ဒါ့အျပင္ မုန္လာဥျဖဴကို အစိမ္းလိုက္ သံပုရာသီးေလးနဲ႔ သုတ္စားတာဟာလည္း ေဆးဖက္ဝင္ပါတယ္။
ဒီလိုမုန္လာဥျဖဴကို စားသုံးျခင္းေၾကာင့္ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္ကိုလည္း မွန္ေစပါတယ္။
အသားအရည္လည္း စိုေျပေစပါတယ္။ အ႐ြယ္တင္ ႏုပ်ိဳခ်င္ ရင္ေတာ့ ပုံမွန္ စားသုံးေပးသင့္ ပါတယ္။ အထူးသတိျပဳရမည့္ အခ်က္ကေတာ့ မုန္လာဥျဖဴကို ေရနဲ႔ စင္ၾကယ္စြာ ေဆးေၾကာဖို႔ပါပဲ။
စိုက္ပ်ိဳးခ်ိန္မွာ ပိုးသတ္ေဆးေတြ အသုံးျပဳ ထားႏိုင္တာေၾကာင့္ ေသခ်ာစြာ ေဆးေၾကာ ေပးသင့္ပါတယ္။ ပရိတ္သတ္ႀကီးေရ မုန္လာဥျဖဴရဲ႕ အက်ိဳးေက်းဇူးေတြကို သိၿပီဆိုရင္ စားသုံးေပးဖို႔ မေမ့ၾကနဲ႔ေနာ္။
ME( Shwe Yaung Lan )
Unicode
ကွမ်းစားတဲ့ သူတွေ ကျောက်ကပ် ရောဂါမဖြစ်အောင် မုန်လာဥဖြူ နဲ့ ကျောက်ကပ်ဆေးတဲ့ နည်းလမ်းလေး
ကွမ်းစားခြင်းဟာ အာရှနိုင်ငံတွေမှာ တော်တော်များများက စားသုံးကြပါတယ်။ မြန်မာနိုင်ငံ ဟာလည်း ဟိုးရှေးယခင်တွေ ကတည်းက ကွမ်းစားခြင်းဟာ ရိုးရာဓလေ့ တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဧည့်သည်လာရင် ကွမ်းနဲ့ ဧည့်ခံခြင်းဟာလည်း ထုံးတမ်းအစဉ်အလာဆိုရင် မမှားပါဘူး။
အခုနောက်ပိုင်းမှာလည်း အာရှအပြင် ဥရောပနဲ့ အနောက် အမေရိက တွေမှာပါ အသင့် စားကွမ်းထုပ်လေးတွေ လည်း ပျံ့နှံ့ လာခဲ့ပြီ ဖြစ်ပါတယ်။ ကွမ်းဟာ အရက်၊ နီကိုတင်းနဲ့ ကဖင်းတို့ပြီးရင် စတိုတ္ထမြောက် စွဲလန်းမှုအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။
ကွမ်းစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ပရိတ်သတ်ကြီးလည်း အသိပဲ ဖြစ်ပါတယ်။ ကွမ်းဟာ သွားနဲ့သွားဖုံးကို ရောဂါ ဖြစ်စနိုင်ပါတယ်။ ခံတွင်းမှာ ကြာမြင့်စွာ ငုံထားခြင်း ကြောင့်လည်း ခံတွင်းအမြှေးပါး တွေဟာ ပျက်စီရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကိုလည်း ထိခိုက် ပျက်စီးစေ ပါတယ်။
ကွမ်းစားခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်လာပြီဆိုရင် ကုသနိုင်မယ့် ဆေးစွမ်းကောင်း တစ်လက်ကို လူမှုကွန်ယက် ကတစ်ဆင့် ရှာဖွေတွေ့ရှိ တဲ့အတွက် ပရိတ်သတ်ကြီးကို ဒီဆေးနည်း ကောင်းလေးကို မျှဝေ ပေးလိုက်ပါတယ်။ ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်း ဖြစ်လို့ အထူးဂရုပြု သင့်ပါတယ်။
ရောင်ခြင်း၊ ကျောက်တည်ခြင်းတွေဟာ တော်တော်ကို ဆိုးရွားတဲ့ ဝေဒါနာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဝေဒါနာတွေ မခံစားဖို့အတွက် ဆေးနည်းလေး ကတော့ ကျောက်ကပ်ကို ဆေးခြင်း ဖြစ်ပါတယ်။
မုန်လာဥဖြူ တစ်လုံးကို ရေနဲ့ သန့်စင်အောင် ဆေးကျောပြီး ရေနည်းနည်းနဲ့ ထည့်ပြီး ကြိတ်လိုက်ပါ။ အဖက်တွေကို ထုတ်ပြီး အရည်ကို သောက်ပါ။ ဒီကြိတ်ထားတဲ့ အရည်လေးဟာ ဝမ်းထဲ ရောက်တာနဲ့ ခါးနာခြင်းဟာ ယူပစ်သလို ပျောက်ကင်း သွားပါလိမ့်မယ်။ ဒီကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ခြင်း ဆေးပေးတာ ဖြစ်တာကြောင့် ချက်ခြင်း အာနိသင် ဖြစ်ပေါ်စေပါတယ်။
ကျောက်ကပ်အပြင် အူကျတဲ့ ရောဂါကို ပျောက်ကင်း စေနိုင်ပါတယ်။ တစ်ပါတ်တစ်ခါ မုန်လာဥဖြူ ကို ဟင်းအဖြစ်ချက်ပြုတ်ပြီး စားသုံးသင့်ပါတယ်။ ဒါမှလည်း ကျောက်ကပ်ကို ထိန်းသိမ်းမှု ပြုလုပ်နိုင်မှာပါ။ ဒါ့အပြင် မုန်လာဥဖြူကို အစိမ်းလိုက် သံပုရာသီးလေးနဲ့ သုတ်စားတာဟာလည်း ဆေးဖက်ဝင်ပါတယ်။
ဒီလိုမုန်လာဥဖြူကို စားသုံးခြင်းကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်စေပါတယ်။
အသားအရည်လည်း စိုပြေစေပါတယ်။ အရွယ်တင် နုပျိုချင် ရင်တော့ ပုံမှန် စားသုံးပေးသင့် ပါတယ်။ အထူးသတိပြုရမည့် အချက်ကတော့ မုန်လာဥဖြူကို ရေနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။
စိုက်ပျိုးချိန်မှာ ပိုးသတ်ဆေးတွေ အသုံးပြု ထားနိုင်တာကြောင့် သေချာစွာ ဆေးကြော ပေးသင့်ပါတယ်။ ပရိတ်သတ်ကြီးရေ မုန်လာဥဖြူရဲ့ အကျိုးကျေးဇူးတွေကို သိပြီဆိုရင် စားသုံးပေးဖို့ မမေ့ကြနဲ့နော်။
No Comments