က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ (ဗန္းေမာ္သိန္းေဖ) - Amawpyay

က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ (ဗန္းေမာ္သိန္းေဖ)

က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ
Knowledge

က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ (ဗန္းေမာ္သိန္းေဖ)

“က်ရံႈးမႈမွာ ကၽြမ္းက်င္သူဟာ ဘယ္ေတာ့မွ မက်ရံႈးပါဘူး – တရုတ္ပညာရွင္ၾကီး တိုင္ဂြမ္ေ၀ါင္း”

“က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ” ဆိုတာ တရုတ္နိုင္ငံက မူလတန္းေက်ာင္းေတြမွာ ကေလးေတြ အျမဲတမ္း ဆိုရတဲ့ နီတိတစ္ပုဒ္ပါ။

အဓိပၸာယ္က ေအာင္ျမင္မႈကို က်ရံႈးမႈက ေမြးဖြားေပးတာလို႔ ေျပာတာပါ။

အဲဒီနီတိတင္ မကေသးပါဘူူး၊ တရုတ္ေက်ာင္းေတြမွာ မူလတန္းကေလးေတြဟာ အရံႈးကို အမႊမ္းတင္ သီဆိုရတဲ့ သီခ်င္းေတြလည္း ဆိုၾကရပါတယ္။ သီခ်င္းေတြမွာ တစ္ၾကိမ္ရံႈးသြားတယ္။

ကိစၥမရွိဘူး။ ထပ္ၾကိဳးစားပါ။ ေနာက္ထပ္ က်ရႈံးတယ္။ ဒါလည္း ထပ္ၾကိဳးစားပါစတဲ့ စာသားေတြ ပါတတ္တယ္။

ဘာေၾကာင့္ တရုတ္ေက်ာင္းေတြမွာ အဲဒီလို လုပ္ေပးရတာလဲ။ ကေလးေတြကို အရႈံးဆိုတာ ေၾကာက္စရာ မလိုဘူး။ အရံႈးနဲ႔ ရင္းႏွီးသြားေအာင္ လုပ္ေပးလိုက္တာပါ။

ကေလးေတြဟာ အရံႈးနဲ႔ ရင္ဆိုင္ရင္ စိတ္ဓာတ္မက်ဘဲ ေအာင္ျမင္ရမယ္လို႔ ယံုၾကည္မႈ ခိုင္မာလာေအာင္ အစိုးရက ေလ့က်င့္ေပးလိုက္တာပါ။

ေနာက္ျပီး တရုတ္နိုင္ငံမွာ ဆရာ ဆရာမေတြက ကေလးေတြကို ဒီလူတစ္ေယာက္အေၾကာင္း ေျပာျပတတ္တယ္။ သူဟာ အသက္ ၂၁ နွစ္မွာ စီးပြားေရးလုပ္တာ က်ရံႈးသြားခဲ့တယ္။

အသက္ ၂၂ နွစ္မွာ ဥပေဒျပဳ လႊတ္ေတာ္အမတ္ ၀င္အေရြးခံတယ္။ ရႈံးတယ္။ စီးပြားေရး ျပန္လုပ္ေတာ့ အသက္ ၂၄ ႏွစ္မွာ သူ႔ရွိတဲ့ ပိုက္ဆံအားလံုး ရႈံးသြားတယ္။

၂၆ နွစ္အရြယ္မွာ သူ႔ရည္းစားကြယ္လြန္လို႔ အရမ္းစိတ္ထိခိုက္ျပီး စိတ္ေ၀ဒနာရွင္အျဖစ္ အသက္ ၂၇ နွစ္မွာ ေဆးရံုတက္ကုသရတယ္။

အသက္ ၃၄ နွစ္မွာ ကြန္ဂရက္လႊတ္ေတာ္အမတ္ ေနရာအတြက္ ၀င္ျပိဳင္တယ္။ ရံႈးတယ္။ ၂ ႏွစ္အၾကာမွာ ထပ္ျပိဳင္တယ္။ ရံႈးျပန္တယ္။

၄၄ နွစ္အရြယ္မွာ ဥပေဒျပဳ လႊတ္ေတာ္အမတ္ (ဆီးနိတ္အမတ္) ေနရာအတြက္ ၀င္ျပိဳင္တယ္။ ရံႈးျပန္တယ္။ ၂ ႏွစ္အၾကာမွာ ဒုသမၼတေနရာမွာ ၀င္အေရြးခံျပန္တယ္။ ရံႈးျပန္တယ္။

အသက္ ၄၉ နွစ္မွာ ဥပေဒျပဳ လႊတ္ေတာ္အမတ္ ေနရာအတြက္ ၀င္ျပိဳင္တယ္။

ရံႈးျပန္တယ္။ အသက္ ၅၂ နွစ္မွာ သမၼတအျဖစ္ အေရြးခံလိုက္ရတယ္။ သူ ဘယ္သူလဲ။ အေမရိကန္နိုင္ငံရဲ႕ ၁၆ ေယာက္ေျမာက္ သမၼတၾကီး အဘရာဟမ္လင္ကြန္း (Abraham Lincoln) ပါ။

အခုေရးျပခဲ့တာေတြကေန ငါတို႔ ဘာသင္ခန္းစာ ယူနုိင္သလဲ။

– တရုတ္နိုင္ငံမွာ အစိုးရက ကေလးေတြကို အရံႈးကို မေၾကာက္ဖုိ႔နဲ႔ အရႈံးနဲ႔ ရင္းနွီးေအာင္ လုပ္ေပးတယ္။ အရံႈးက ေအာင္ျမင္မႈကို ေမြးဖြားတယ္ ဆိုတာကို ယံုၾကည္ လက္ခံေအာင္ ေလ့က်င့္ေပးတယ္။

– တရုတ္နိုင္ငံဟာ ေခါင္းေဆာင္ၾကီး ေမာ္စီတုန္းလက္ထက္မွာ အေမရိကန္အစိုးရနဲ႔ အေမရိကန္လူမ်ိဳးေတြကို အေသမုန္းတယ္။

ဒါေပမဲ့ သမၼတလင္ကြန္းရဲ႕ အရံႈးမေပးတဲ့ စိတ္ဓာတ္ကို ၾကိဳက္လြန္းလို႔ အစိုးရက ကေလးေတြကို နမူနာအျဖစ္ ေျပာၾကားေပးတယ္။

မင္းတို႔လည္း အစိုးရက လုပ္ေပးတာကို ေစာင့္မေနၾကဘဲ “က်ရႈံးမႈဆိုတာ ေအာင္ျမင္မႈရဲ႕ အေမပါ” ဆိုတာနဲ႔ ရင္းႏွီးကၽြမ္း၀င္ေအာင္ ကိုယ့္ကိုယ္ကိုယ္ ေလ့က်င့္ေပးပါ။

အထူးသျဖင့္ ကုိယ္ပိုင္ စီးပြားေရး လုပ္ခ်င္တယ္လို႔ ေျပာေျပာေနၾကတဲ့ လူငယ္ေတြ ဒါကို ရင္းႏွီး ကၽြမ္း၀င္ေအာင္ ေလ့က်င့္ထားပါ။

ဘာေၾကာင့္လဲဆိုေတာ့ က်ရံႈးလို႔ လြယ္လြယ္ကူကူ အေလွ်ာ့ေပးလိုက္သူဟာ စီးပြားေရးလုပ္ငန္းမွာ ဘယ္ေတာ့မွ မေအာင္ျမင္ပါဘူး။

ဗန္းေမာ္သိန္းေဖ

Unicode

ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ အမေပါ (ဗန်းမော်သိန်းဖေ)

“ကျရှုံးမှုမှာ ကျွမ်းကျင်သူဟာ ဘယ်တော့မှ မကျရှုံးပါဘူး – တရုတ်ပညာရှင်ကြီး တိုင်ဂွမ်ဝေါင်း”

“ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ အမေပါ” ဆိုတာ တရုတ်နိုင်ငံက မူလတန်းကျောင်းတွေမှာ ကလေးတွေ အမြဲတမ်း ဆိုရတဲ့ နီတိတစ်ပုဒ်ပါ။

အဓိပ္ပာယ်က အောင်မြင်မှုကို ကျရှုံးမှုက မွေးဖွားပေးတာလို့ ပြောတာပါ။

အဲဒီနီတိတင် မကသေးပါဘူူး၊ တရုတ်ကျောင်းတွေမှာ မူလတန်းကလေးတွေဟာ အရှုံးကို အမွှမ်းတင် သီဆိုရတဲ့ သီချင်းတွေလည်း ဆိုကြရပါတယ်။ သီချင်းတွေမှာ တစ်ကြိမ်ရှုံးသွားတယ်။

ကိစ္စမရှိဘူး။ ထပ်ကြိုးစားပါ။ နောက်ထပ် ကျရှုံးတယ်။ ဒါလည်း ထပ်ကြိုးစားပါစတဲ့ စာသားတွေ ပါတတ်တယ်။

ဘာကြောင့် တရုတ်ကျောင်းတွေမှာ အဲဒီလို လုပ်ပေးရတာလဲ။ ကလေးတွေကို အရှုံးဆိုတာ ကြောက်စရာ မလိုဘူး။ အရှုံးနဲ့ ရင်းနှီးသွားအောင် လုပ်ပေးလိုက်တာပါ။

ကလေးတွေဟာ အရှုံးနဲ့ ရင်ဆိုင်ရင် စိတ်ဓာတ်မကျဘဲ အောင်မြင်ရမယ်လို့ ယုံကြည်မှု ခိုင်မာလာအောင် အစိုးရက လေ့ကျင့်ပေးလိုက်တာပါ။

နောက်ပြီး တရုတ်နိုင်ငံမှာ ဆရာ ဆရာမတွေက ကလေးတွေကို ဒီလူတစ်ယောက်အကြောင်း ပြောပြတတ်တယ်။ သူဟာ အသက် ၂၁ နှစ်မှာ စီးပွားရေးလုပ်တာ ကျရှုံးသွားခဲ့တယ်။

အသက် ၂၂ နှစ်မှာ ဥပဒေပြု လွှတ်တော်အမတ် ဝင်အရွေးခံတယ်။ ရှုံးတယ်။ စီးပွားရေး ပြန်လုပ်တော့ အသက် ၂၄ နှစ်မှာ သူ့ရှိတဲ့ ပိုက်ဆံအားလုံး ရှုံးသွားတယ်။

၂၆ နှစ်အရွယ်မှာ သူ့ရည်းစားကွယ်လွန်လို့ အရမ်းစိတ်ထိခိုက်ပြီး စိတ်ဝေဒနာရှင်အဖြစ် အသက် ၂၇ နှစ်မှာ ဆေးရုံတက်ကုသရတယ်။

အသက် ၃၄ နှစ်မှာ ကွန်ဂရက်လွှတ်တော်အမတ် နေရာအတွက် ဝင်ပြိုင်တယ်။ ရှုံးတယ်။ ၂ နှစ်အကြာမှာ ထပ်ပြိုင်တယ်။ ရှုံးပြန်တယ်။

၄၄ နှစ်အရွယ်မှာ ဥပဒေပြု လွှတ်တော်အမတ် (ဆီးနိတ်အမတ်) နေရာအတွက် ဝင်ပြိုင်တယ်။ ရှုံးပြန်တယ်။ ၂ နှစ်အကြာမှာ ဒုသမ္မတနေရာမှာ ဝင်အရွေးခံပြန်တယ်။ ရှုံးပြန်တယ်။

အသက် ၄၉ နှစ်မှာ ဥပဒေပြု လွှတ်တော်အမတ် နေရာအတွက် ဝင်ပြိုင်တယ်။

ရှုံးပြန်တယ်။ အသက် ၅၂ နှစ်မှာ သမ္မတအဖြစ် အရွေးခံလိုက်ရတယ်။ သူ ဘယ်သူလဲ။ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတကြီး အဘရာဟမ်လင်ကွန်း (Abraham Lincoln) ပါ။

အခုရေးပြခဲ့တာတွေကနေ ငါတို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။

– တရုတ်နိုင်ငံမှာ အစိုးရက ကလေးတွေကို အရှုံးကို မကြောက်ဖို့နဲ့ အရှုံးနဲ့ ရင်းနှီးအောင် လုပ်ပေးတယ်။ အရှုံးက အောင်မြင်မှုကို မွေးဖွားတယ် ဆိုတာကို ယုံကြည် လက်ခံအောင် လေ့ကျင့်ပေးတယ်။

– တရုတ်နိုင်ငံဟာ ခေါင်းဆောင်ကြီး မော်စီတုန်းလက်ထက်မှာ အမေရိကန်အစိုးရနဲ့ အမေရိကန်လူမျိုးတွေကို အသေမုန်းတယ်။

ဒါပေမဲ့ သမ္မတလင်ကွန်းရဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ကြိုက်လွန်းလို့ အစိုးရက ကလေးတွေကို နမူနာအဖြစ် ပြောကြားပေးတယ်။

မင်းတို့လည်း အစိုးရက လုပ်ပေးတာကို စောင့်မနေကြဘဲ “ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ အမေပါ” ဆိုတာနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးပါ။

အထူးသဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ချင်တယ်လို့ ပြောပြောနေကြတဲ့ လူငယ်တွေ ဒါကို ရင်းနှီး ကျွမ်းဝင်အောင် လေ့ကျင့်ထားပါ။

ဘာကြောင့်လဲဆိုတော့ ကျရှုံးလို့ လွယ်လွယ်ကူကူ အလျှော့ပေးလိုက်သူဟာ စီးပွားရေးလုပ်ငန်းမှာ ဘယ်တော့မှ မအောင်မြင်ပါဘူး။

ဗန်းမော်သိန်းဖေ

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …