
“ေပ်ာ္ဖို႔ဆိုတာ လြယ္ပါတယ္”
တစ္ခါက ကုမၸဏီတစ္ခုမွာ အလုပ္လာေလွ်ာက္သူတစ္ဦးဟာ ဝရန္တာမွာက်ေန တဲ့ အမႈိက္တစ္စကို ေကာက္ျပီး အမိႈက္ပံုးထဲ ထည့္ခဲ့တယ္။
ဒါကို အနားကျဖတ္သြားတဲ့အရာ ရွိက ေတြ႔သြားျပီး သူ႔ကို အလုပ္ခန္႔လိုက္တယ္။
တစ္ျခားသူ သတိထားႏွစ္သက္ဖို႔ရာ လြယ္ပါတယ္။ ေကာင္းတဲ့အက်င့္ကို ေမြးျမဴတတ္ဖို႔ပဲ လိုတယ္။
ကေလးတစ္ေယာက္က အေမကို “ေမေမ ဒီေန႔ အရမ္းလွတာပဲ” လို႔ေျပာေတာ့ အေမက “ဘာျဖစ္လို႔လဲ” လို႔ ျပန္ေမးခဲ့တယ္။ “ေမေမ ဒီေန႔ စိတ္မတိုလို႔” လို႔ ကေလးက ျပန္ေျဖခဲ့တယ္။
လွပဖို႔ရာ လြယ္ပါတယ္။ စိတ္မတို၊ စိတ္မဆိုး၊ ေဒါသမထြက္ဖို႔ပဲ လိုတယ္။
အၿမဲတမ္း မီးေတြနဲ႔ ထိန္လင္းေနတဲ့ ဆိုင္တစ္ဆိုင္ရဲ႕ သူေဌးကို လူတစ္ေယာက္က “ခင္ဗ်ားဆိုင္က အၿမဲထိန္လင္းေနတာပဲ.. ဘာတံဆိပ္ မီးေခ်ာင္းေတြမ်ား သံုးသလဲ” လို႔ေမးေတာ့ သူေဌးက “ဒီမီးေခ်ာင္းေတြ ခဏခဏ ပ်က္ပါတယ္။ တစ္လံုးပ်က္ရင္ တစ္ခုလဲလိုက္လို႔ ခုလို လင္းေနတာပါ” လုိ႕ျပန္ေျဖခဲ့တယ္။
အၿမဲတမ္း ၾကည္လင္ေနဖို႔ဆိုတာ လြယ္ပါတယ္။ မေကာင္းတဲ့ အေတြးအေခၚေဟာင္းေတြကို လဲေပးဖို႔ပဲ လိုတယ္။
ၾကက္ကေလးတစ္ေကာင္ဟာ ဥကေပါက္ေပါက္ခ်င္း အနားကျဖတ္သြားတဲ့ လိပ္တစ္ေကာင္ကို ေတြ႔ခဲ့မိတယ္။ အဲဒီေနာက္ ၾကက္ကေလးဟာ ၾကီးျပင္းလာတဲ့အထိ ေက်ာမွာဥခြံကိုပဲ ပိုးထားေတာ့တယ္။
ႀကီးေလးတဲ့ အတၱေတြကို ခြာခ်ပစ္လိုက္ဖို႔ရာ လြယ္ပါတယ္။ ေခါင္းမာတဲ့၊ တစ္ကိုယ္ေကာင္းဆန္တဲ့ စိတ္ေတြကို စြန္႔ပစ္ဖို႔ပဲ လိုတယ္။
ေရႊရွာတဲ့အဖဲြ႔တစ္ဖဲြ႔ဟာ သဲကႏာၱရတစ္ခုကို ခက္ခဲပင္ပန္းစြာ ျဖတ္ေက်ာ္ၾကရတယ္။
ဒါေပမယ့္ အဖဲြ႔ထဲက လူတစ္ေယာက္က မပင္မပန္းဘဲ ေပ်ာ္ရႊင္ေနတာကို ေတြ႔ေတာ့ လူေတြက သူ႔ကို “ကြ်န္ေတာ္တို႔ ပင္ပန္းလို႔ ေသေတာ့မယ္။ ခင္ဗ်ားၾကည့္ရတာ ပင္ပန္းပံုလည္း မရဘူး” လို႔ ေမးေတာ့ “ကြ်န္ေတာ္လြယ္ပိုးထားတဲ့ ပစၥည္းေတြ နည္းလို႔ပါ” လို႔ သူက ျပန္ေျဖခဲ့တယ္။
ေပ်ာ္ရႊင္ဖို႔ရာ လြယ္ပါတယ္။ ေလာဘနည္း၊ လိုခ်င္တပ္မက္မႈ နည္းဖို႔ပဲ လိုတယ္။
လူ႔ဘဝမွာလည္း ေနေပ်ာ္ဖို႔ရာ လြယ္ပါတယ္။ တန္ဖိုးထားတတ္၊ ကိုယ္ခ်င္းစာတတ္၊ ကရုဏာထား တတ္၊ ကူညီတတ္၊ ေက်းဇူးသိတတ္၊ တင္းတိမ္ ေရာင့္ရဲတတ္၊ ခ်စ္ခင္တတ္၊ မုဒိတာပြားတတ္ဖို႔ပဲ လိုတယ္။
Credit; ႏိုင္းႏိုင္းစေန
Unicode
“ပျော်ဖို့ဆိုတာ လွယ်ပါတယ်”
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေ တဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။
ဒါကို အနားကဖြတ်သွားတဲ့အရာ ရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။
တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့ အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့ စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။
လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။
အမြဲတမ်း မီးတွေနဲ့ ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏ ပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလို လင်းနေတာပါ” လို့ပြန်ဖြေခဲ့တယ်။
အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လဲပေးဖို့ပဲ လိုတယ်။
ကြက်ကလေးတစ်ကောင်ဟာ ဥကပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့ခဲ့မိတယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာဥခွံကိုပဲ ပိုးထားတော့တယ်။
ကြီးလေးတဲ့ အတ္တတွေကို ခွာချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲ လိုတယ်။
ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကို တွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့ သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလည်း မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။
ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှု နည်းဖို့ပဲ လိုတယ်။
လူ့ဘဝမှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထား တတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ် ရောင့်ရဲတတ်၊ ချစ်ခင်တတ်၊ မုဒိတာပွားတတ်ဖို့ပဲ လိုတယ်။
Credit; နိုင်းနိုင်းစနေ
No Comments