
ေခတ္ေပၚေဆးဝါးေတြ ဝယ္ယူရန္ လက္လွမ္းမမွီတဲ့သူ၊ ခက္ခဲသူေတြအတြက္ ညႇင္းေပ်ာက္တဲ့ေဆးနည္းေလးမွ်ေဝေပးလိုက္ပါတယ္
လက္တင္ျဖင့္ Cassia Toraဟုေခၚပါသည္။
လူအေတာ္မ်ားမ်ား အျဖစ္မ်ားၾက၏။ဆိုရပါေသာ္ အေရျပားမႈိေရာဂါ ျဖစ္သည္။
မိမိအသား အေရာင္ထက္ ပို၍ျဖဴေနျခင္း၊ပို၍ရင့္ေနျခင္းျဖစ္သည္။
အခ်ိန္ၾကာျမင့္လာသည္ႏွင့္ အမွ် တျဖည္းျဖည္း ပြားလာ တတ္ေလသည္။
ရင္းဘတ္၊ ပါးျပင္၊ဂုတ္သား၊ ေက်ာျပင္ ၊လက္ေမာင္း၊လည္ပင္းေနရာအႏွံ႔ အကြက္အကြက္မ်ား ပ်ံ႕ပြားေနတတ္သည္။
ေယာက်္ား၊မိန္းမတို႔ ညႇင္းေပါက္၍ အလွေပ်ာက္ၿပီး စိတ္ညစ္သူတို႔မ်ားၾကသည္။
႐ုပ္ေလးေတာ့ ေခ်ာပါရဲ႕ ညႇင္း ေတြ ေပါက္ေနတာ ဆိုးတယ္ ဒီလိုမ်ိဳး ေျပာတတ္ၾကသည္ ကိုး..။
ညႇင္းေရာဂါသည္ Mallassezia ဟုေခၚေသာမႈိ တစ္မ်ိဳး ေၾကာင့္ ျဖစ္ပြားသည္ဟု ဆိုပါသည္။
နာက်င္မႈ မရွိေသာ္လည္း တစ္ခါတစ္ရံယားယံတတ္ပါသည္။
ေခတ္ေပၚေဆးဝါးမ်ား ဝယ္ယူရန္ ခက္ခဲသူတို႔ အတြက္ ညႇင္းကို ေပ်ာက္ေၾကာင္း ေဆးနည္းေကာင္းေလးအား တင္ျပပါအံ့…။
ေဆးနည္း….
ဒန္းကြၽဲပင္ေစ့ မ်ားကို ေျမအိုးတြင္ မီးကြၽမ္းေအာင္ ေလွာ္ၿပီး အမႈန႔္ေထာင္းပါ။
ထိုဒန႔္ကြၽဲမႈန႔္ႏွင့္ ႏွမ္းဆီ စစ္စစ္ေလးအား ေရာေမႊၿပီး ညအိပ္ရာဝင္တိုင္း လိမ္းေပးရန္ျဖစ္ပါသည္။
(၁၀)ရက္ တိတိဇြဲရွိရွိေလး လိမ္းေပးပါက ခႏၶာကိုယ္ေပၚမွ ညႇင္းမ်ား ေပ်ာက္ၿပီး ပင္ကိုယ္အလွျပန္၍ ရႏိုင္ပါေၾကာင္း တင္ျပလိုက္ပါသည္။
ႏွမ္းဆီ အခက္ေတြ႕ သူတို႔ သံပုရာရည္ျဖင့္ လိမ္းပါရန္။ ဒန္းကြၽဲပင္အား ေ႐ႊျမန္မာတို႔ အထူးမိတ္ဆက္ရန္ မလိုပါ သိၿပီးအပင္ျဖစ္ပါသည္။
ဒန္းကြၽဲပင္(အရွင္နာဂသိန္ပုံျပေဆးက်မ္းအဆို)
အေစ့သည္ ပူ၍ ခါးသက္ေသာ အရသာ ရွိပါသည္။ အ႐ြက္ကို ဟင္းခ်က္စားျခင္း၊ အေစ့ကို သံပုရာရည္ျဖင့္ ႀကိတ္ၿပီး လိမ္းပါက အေရျပား ေရာဂါတို႔ ေပ်ာက္ပါသည္။
မ်က္စိအတြက္ အေစ့ကို ေသြး၍ ကြင္းျခင္း၊ အေစ့ကို က်ိဳၿပီး ေသာက္ပါက မ်က္စိ ပိုးထျခင္း၊ယားျခင္းကို သက္သာ ေစပါသည္။
အနာငန္းလိုက္က အေစ့ကို ေသြးၿပီးလိမ္းျခင္း၊ေသာက္ျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ပါသည္။
Credit နကၡတၱေရာင္ျခည္မဂၢဇင္း
Unicode
ခေတ်ပေါ်ဆေးဝါးတွေ ဝယ်ယူရန် လက်လှမ်းမမှီတဲ့သူ၊ ခက်ခဲသူတွေအတွက် ညှင်းပျောက်တဲ့ဆေးနည်းလေးမျှဝေပေးလိုက်ပါတယ်
လက်တင်ဖြင့် Cassia Toraဟုခေါ်ပါသည်။
လူအတော်များများ အဖြစ်များကြ၏။ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။
မိမိအသား အရောင်ထက် ပို၍ဖြူနေခြင်း၊ပို၍ရင့်နေခြင်းဖြစ်သည်။
အချိန်ကြာမြင့်လာသည်နှင့် အမျှ တဖြည်းဖြည်း ပွားလာ တတ်လေသည်။
ရင်းဘတ်၊ ပါးပြင်၊ဂုတ်သား၊ ကျောပြင် ၊လက်မောင်း၊လည်ပင်းနေရာအနှံ့ အကွက်အကွက်များ ပျံ့ပွားနေတတ်သည်။
ယောကျ်ား၊မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့များကြသည်။
ရုပ်လေးတော့ ချောပါရဲ့ ညှင်း တွေ ပေါက်နေတာ ဆိုးတယ် ဒီလိုမျိုး ပြောတတ်ကြသည် ကိုး..။
ညှင်းရောဂါသည် Mallassezia ဟုခေါ်သောမှို တစ်မျိုး ကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။
နာကျင်မှု မရှိသော်လည်း တစ်ခါတစ်ရံယားယံတတ်ပါသည်။
ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန် ခက်ခဲသူတို့ အတွက် ညှင်းကို ပျောက်ကြောင်း ဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။
ဆေးနည်း….
ဒန်းကျွဲပင်စေ့ များကို မြေအိုးတွင် မီးကျွမ်းအောင် လှော်ပြီး အမှုန့်ထောင်းပါ။
ထိုဒန့်ကျွဲမှုန့်နှင့် နှမ်းဆီ စစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။
(၁၀)ရက် တိတိဇွဲရှိရှိလေး လိမ်းပေးပါက ခန္ဓာကိုယ်ပေါ်မှ ညှင်းများ ပျောက်ပြီး ပင်ကိုယ်အလှပြန်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။
နှမ်းဆီ အခက်တွေ့ သူတို့ သံပုရာရည်ဖြင့် လိမ်းပါရန်။ ဒန်းကျွဲပင်အား ရွှေမြန်မာတို့ အထူးမိတ်ဆက်ရန် မလိုပါ သိပြီးအပင်ဖြစ်ပါသည်။
ဒန်းကျွဲပင်(အရှင်နာဂသိန်ပုံပြဆေးကျမ်းအဆို)
အစေ့သည် ပူ၍ ခါးသက်သော အရသာ ရှိပါသည်။ အရွက်ကို ဟင်းချက်စားခြင်း၊ အစေ့ကို သံပုရာရည်ဖြင့် ကြိတ်ပြီး လိမ်းပါက အရေပြား ရောဂါတို့ ပျောက်ပါသည်။
မျက်စိအတွက် အစေ့ကို သွေး၍ ကွင်းခြင်း၊ အစေ့ကို ကျိုပြီး သောက်ပါက မျက်စိ ပိုးထခြင်း၊ယားခြင်းကို သက်သာ စေပါသည်။
အနာငန်းလိုက်က အစေ့ကို သွေးပြီးလိမ်းခြင်း၊သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
No Comments