
အနာစိမ္း၊ ေရယုန္၊ အဖုႀကိတ္၊ အေၾကာအဆစ္လဲြျခင္း တို႔ အတြက္ အစြမ္းထက္တဲ႔ ေခြးေတာက္ရြက္
အနာစိမ္းေပါက္ ေမာင္မေၾကာက္ ေခြးေတာက္ရြက္ကိုရွာ ˝မင္းအနာၾကီ္းကလည္း ေၾကာက္စရာၾကီး၊အေရာင္လည္း မေလ်ာ့ဘူး˝
“ဟုတ္တယ္ ေဆးထည့္တာပဲ၊ ဘာလုပ္ရမွန္းမသိဘူး မန္း၀င္ျပီး ျပည္တည္တာ ကိုက္တာလြန္ေရာပဲ˝
ျမန္မာ့ေဆး၀ါးပင္စာအုပ္ထူးၾကီးကို ဖတ္ထား၍ မွတ္မွတ္သားသား ေခြးေတာက္ရြက္အား သတိရမိေတာ့သည္။
“̏ေခြးေတာက္ရြက္ကို မီးကင္းျပီးကပ္လိုက္” “ငါေျပာတာမဟုတ္ က်မ္းကေျပာတာ˝
အမွန္ပင္ သူငယ္ခ်င္း၏ အနာစိမ္းရင့္၍ ျပည္ေပါက္ကာ ေပ်ာက္ကင္းခဲသည္ကို မွတ္မိေနေတာ့သည္။ မိမိကိုယ္တိုင္ မယံုၾကည္ခဲ႔ပါ။ သို႔ေသာ္ တကယ္ ေပ်ာက္ေလသည္။ အရက္ေသာက္တတ္သူတို႔က ၾကက္ေခြးေတာက္ဟင္းခ်ိဳကို အထူးတလည္ မွာတတ္ၾကသည္။
အရက္၀ိုင္းတြင္ပင္ ေျပာေလ့ရွိျပန္သည္။ “ၾကက္ေခြးေတာက္က ခ်ိဳး(ဂ်ိဳး) က်တယ္ကြ မ်ားမ်ားေသာက္တဲ႔.’။
ေဆးက်မ္းတို႔ကေျပာေသာ ေခြးေတာက္ သိပၸံေဆးက်မ္းအလို ေခြးေတာက္ရြက္သည္ ေခ်ာင္းဆိုးျခင္းကို ေပ်ာက္ေစသည္။ မ်က္စိေရာဂါႏွင့္ ေျမြကိုက္ျခင္း မ်ားတြင္သံုးသည္။
အရွင္နာဂသိန္မွေကာက္နုတ္ခ်က္
ဇီ၀ႏၱီမ်ိဳးတြင္ပါ၀င္၍ အရြက္ႏွင့္အရိုးတြင္ နို႔ေစးမ်ားထြက္သည္။ ကာမကို အားေပးသည္။ ေရယုန္နာျဖစ္ပါက ေခြးေတာက္သတၱဳရည္စိမ္းကို လိမ္းေပးပါက ေပ်ာက္ကင္း ေစသည္။
မွတ္ခ်က္။ ျမန္မာတို႔ အရက္ခ်ိဳးခ်ေသာ ေဆးအျဖစ္သိထားၾကသည္။ ခ်ိဳးခ်ပံု ေခြးေတာက္္ရြက္ကို ၾကက္သားႏွင့္္ ခ်က္စားၾကသည္္။ အခ်ိဳ႕ပ်ားသလပ္ႏွင့္ ေၾကာ္စားသည္။
ျမန္မာ႔ေဆး၀ါးပင္မ်ားမွ ေကာက္နုတ္ခ်က္
ရုကၡေဗဒအမည္ (Dregea volubilis Benth) ျဖစ္သည္။ မ်ိဳးရင္းမွာ မရိုးမ်ိဳးရင္းျဖစ္သည္။ ခါးသက္ေသာ အရသာရွိသည္။ ေခြ်းထြက္ေစ၍ ေရငတ္ေျပေစသည္။ ႏွဳတ္ကို ျမိန္ေစ သည္။ ေသြးကို ပြားေစသည္။ ေလကိုသက္ေစ၍ သလိပ္ကိုေၾကေစသည္။ ကာမကို အားေပးသည္။
အရြက္
အရြက္ကို မီးကင္း၍ ကပ္ပါလွ်င္ အနာစိမ္း၊ ေသြးစုနာတို႔ နုလွ်င္ပိန္၍ ရင့္လွ်င္ျပည္ ေပါက္၍ ေပ်ာက္ကင္းသည္။ ထန္းရည္၊ အရက္ၾကာရွည္ေသာက္သူမ်ား ေခြးေတာက္ႏွင့္ ၾကက္သားေရာခ်က္စားပါက ကိုယ္ခႏၶာအတြင္း အဆိပ္အေတာက္မ်ားေျပ ေပ်ာက္သည္။
– အရြက္ကို ဟင္းခါးခ်က္ေသာက္၊ ေၾကာ္စားပါက ေလထိုးေလေအာင့္ႏွင့္ ဆီးခ်ဳပ္ေရာဂါ ေပ်ာက္ကင္း သည္။
– အရြက္ၾကိတ္ရည္ကို ေရယုန္နာတြင္လိမ္းေပးပါက ေပ်ာက္္ကင္းေစသည္။
– အရြက္ကို ၾကိတ္၍ အဖုအၾကိတ္တို႔တြင္ အံုစည္းေပးပါကေပ်ာက္ကင္းသည္။
– ေခြးေတာက္ရြက္ကို သၾကားႏွင့္ေထာင္း၍ အံုေပးပါက အေၾကာအဆစ္လဲြျခင္း ေပ်ာက္သည္။ အရြက္ကို ဘဲဥႏွင့္ေၾကာ္စားပါက ခြန္အားကို တိုးပြားေစသည္။
အျမစ္
ေခြးေတာက္ျမစ္ကို ေခြးရွုးျပန္ေဆး၊ အန္ေဆးႏွင့္ သလိပ္ရႊင္ေဆးတို႔တြင္ အသံုးျပဳသည္။
နကၡတၱေရာင္ျခည္အတဲြ (၃၅၈) ( ထံုက်ဥ္ကင္း ေပ်ာက္အရက္ႏွင့္ေခြေးတာက္ျမစ္)မွ အမ်ားစုေျခ၊ လက္မ်ား ထံုက်ဥ္တတ္ၾကပါသည္။ ထို႔သို႔ျဖစ္ပါက ေခြးေတာက္ျမစ္ႏွင့္ အရက္ေဖ်ာ္ကာ ေျခလက္တို႔အား လိမ္းေပးပါက ထံုက်ဥ္ျခင္းသက္သာေပ်ာက္ကင္းသည္ ဆိုပါသည္။
စာကိုး
အဟာရစြယ္စံုအဘိဓာန္ ျမန္မာ့ေဆး၀ါးပင္မ်ား
အရွင္နာဂသိ္ပံုျပေဆးက်မ္း
နကၡတၱေရာင္ျခည္မဂၢဇင္း(အတဲြ-၃၅၈)
Credit : ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
Unicode
အနာစိမ်း၊ ရေယုန်၊ အဖုကြိတ်၊ အကြောအဆစ်လွဲခြင်း တို့ အတွက် အစွမ်းထက်တဲ့ ခွေးတောက်ရွက်
အနာစိမ်းပေါက် မောင်မကြောက် ခွေးတောက်ရွက်ကိုရှာ ˝မင်းအနာကြီ်းကလည်း ကြောက်စရာကြီး၊အရောင်လည်း မလျော့ဘူး˝
“ဟုတ်တယ် ဆေးထည့်တာပဲ၊ ဘာလုပ်ရမှန်းမသိဘူး မန်းဝင်ပြီး ပြည်တည်တာ ကိုက်တာလွန်ရောပဲ˝
မြန်မာ့ဆေးဝါးပင်စာအုပ်ထူးကြီးကို ဖတ်ထား၍ မှတ်မှတ်သားသား ခွေးတောက်ရွက်အား သတိရမိတော့သည်။
“̏ခွေးတောက်ရွက်ကို မီးကင်းပြီးကပ်လိုက်” “ငါပြောတာမဟုတ် ကျမ်းကပြောတာ˝
အမှန်ပင် သူငယ်ချင်း၏ အနာစိမ်းရင့်၍ ပြည်ပေါက်ကာ ပျောက်ကင်းခဲသည်ကို မှတ်မိနေတော့သည်။ မိမိကိုယ်တိုင် မယုံကြည်ခဲ့ပါ။ သို့သော် တကယ် ပျောက်လေသည်။ အရက်သောက်တတ်သူတို့က ကြက်ခွေးတောက်ဟင်းချိုကို အထူးတလည် မှာတတ်ကြသည်။
အရက်ဝိုင်းတွင်ပင် ပြောလေ့ရှိပြန်သည်။ “ကြက်ခွေးတောက်က ချိုး(ဂျိုး) ကျတယ်ကွ များများသောက်တဲ့.’။
ဆေးကျမ်းတို့ကပြောသော ခွေးတောက် သိပ္ပံဆေးကျမ်းအလို ခွေးတောက်ရွက်သည် ချောင်းဆိုးခြင်းကို ပျောက်စေသည်။ မျက်စိရောဂါနှင့် မြွေကိုက်ခြင်း များတွင်သုံးသည်။
အရှင်နာဂသိန်မှကောက်နုတ်ချက်
ဇီဝန္တီမျိုးတွင်ပါဝင်၍ အရွက်နှင့်အရိုးတွင် နို့စေးများထွက်သည်။ ကာမကို အားပေးသည်။ ရေယုန်နာဖြစ်ပါက ခွေးတောက်သတ္တုရည်စိမ်းကို လိမ်းပေးပါက ပျောက်ကင်း စေသည်။
မှတ်ချက်။ မြန်မာတို့ အရက်ချိုးချသော ဆေးအဖြစ်သိထားကြသည်။ ချိုးချပုံ ခွေးတောက်ရွက်ကို ကြက်သားနှင့်် ချက်စားကြသည်။ အချို့ပျားသလပ်နှင့် ကြော်စားသည်။
မြန်မာ့ဆေးဝါးပင်များမှ ကောက်နုတ်ချက်
ရုက္ခဗေဒအမည် (Dregea volubilis Benth) ဖြစ်သည်။ မျိုးရင်းမှာ မရိုးမျိုးရင်းဖြစ်သည်။ ခါးသက်သော အရသာရှိသည်။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။ နှုတ်ကို မြိန်စေ သည်။ သွေးကို ပွားစေသည်။ လေကိုသက်စေ၍ သလိပ်ကိုကြေစေသည်။ ကာမကို အားပေးသည်။
အရွက်
အရွက်ကို မီးကင်း၍ ကပ်ပါလျှင် အနာစိမ်း၊ သွေးစုနာတို့ နုလျှင်ပိန်၍ ရင့်လျှင်ပြည် ပေါက်၍ ပျောက်ကင်းသည်။ ထန်းရည်၊ အရက်ကြာရှည်သောက်သူများ ခွေးတောက်နှင့် ကြက်သားရောချက်စားပါက ကိုယ်ခန္ဓာအတွင်း အဆိပ်အတောက်များပြေ ပျောက်သည်။
– အရွက်ကို ဟင်းခါးချက်သောက်၊ ကြော်စားပါက လေထိုးလေအောင့်နှင့် ဆီးချုပ်ရောဂါ ပျောက်ကင်း သည်။
– အရွက်ကြိတ်ရည်ကို ရေယုန်နာတွင်လိမ်းပေးပါက ပျောက်ကင်းစေသည်။
– အရွက်ကို ကြိတ်၍ အဖုအကြိတ်တို့တွင် အုံစည်းပေးပါကပျောက်ကင်းသည်။
– ခွေးတောက်ရွက်ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်သည်။ အရွက်ကို ဘဲဥနှင့်ကြော်စားပါက ခွန်အားကို တိုးပွားစေသည်။
အမြစ်
ခွေးတောက်မြစ်ကို ခွေးရှုးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးတို့တွင် အသုံးပြုသည်။
နက္ခတ္တရောင်ခြည်အတွဲ (၃၅၈) ( ထုံကျဉ်ကင်း ပျောက်အရက်နှင့်ခွေေးတာက်မြစ်)မှ အများစုခြေ၊ လက်များ ထုံကျဉ်တတ်ကြပါသည်။ ထို့သို့ဖြစ်ပါက ခွေးတောက်မြစ်နှင့် အရက်ဖျော်ကာ ခြေလက်တို့အား လိမ်းပေးပါက ထုံကျဉ်ခြင်းသက်သာပျောက်ကင်းသည် ဆိုပါသည်။
စာကိုး
အဟာရစွယ်စုံအဘိဓာန် မြန်မာ့ဆေးဝါးပင်များ
အရှင်နာဂသိပုံပြဆေးကျမ်း
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(အတွဲ-၃၅၈)
Credit : ရဲမျိုးသူ(ဗောဓိမြိုင်)
No Comments