“အမ်ိဳးသမီးမ်ားနတ္ျပည္သို႔အဘယ္ေၾကာင့္အေရာက္ မ်ားရသလဲ?” - Amawpyay

“အမ်ိဳးသမီးမ်ားနတ္ျပည္သို႔အဘယ္ေၾကာင့္အေရာက္ မ်ားရသလဲ?”

အမ်ိဳးသမီးမ်ားနတ္ျပည္သို႔အဘယ္ေၾကာင့္အေရာက္ မ်ားရသလဲ?
Religious

“အမ်ိဳးသမီးမ်ားနတ္ျပည္သို႔အဘယ္ေၾကာင့္အေရာက္ မ်ားရသလဲ?”

အမ်ိဳးသမီးမ်ားသည္ ခြန္အားဗလမွာေသးငယ္ေသာ္လည္း ဥာဏ္ပညာအရာမွာ- အမ်ိဳသားမ်ားထက္ ေလးဆသာတယ္ = လုံ႕လဝီရိယအရာမွာလည္း ေျခာက္ဆ သာတယ္”ဟု မန္လည္ဆရာေတာ္က ဆိုပါသည္။

ဒါေျကာင့္လည္း ေကာသလမင္းျကီးဟာ တိုင္းသူျပည္သားမ်ားနဲ႔အျပိဳင္ ဒါနျပဳသည့္အခါ အသာဆုံး အျမတ္ဆုံး “အသဒိသအလွဴ ႀကီး”ျဖစ္ဖို႕ မလႅိကာ ဖိဖုရားျကီး၏ ဥာဏ္ပညာ နဲ႕လုံ႕လဝီရိယ အကူညီကို ယူခဲ႔ရဘူးပါသည္။

တဖန္ အမ်ိဳသမီးမ်ားသည္ သဒၶါ -ယုံျကည္လြယ္သည္ ကရုဏာ- သနားျကင္နာတတ္သည္ စာဂ- စြန္႕ႀကဲမႈ၌ ဝါသနာထုံသည္ ပညာ-ေတြးေခၚ ေမ်ွာ္ျမင္တတ္သည္ ဝီရိယ-ထျကြလုံလဝီရိယ ရွိတတ္သည္ ဤ ငါးပါး သည္ အမ်ိဳးသမီးအမ်ားစုမွာ ရွိေနျကပါသည္။

ဒါေျကာင့္အမ်ိဳးသမီးမ်ားသည္ အိမ္မွာေနလည္း သက္သီးတစ္လုံး ပန္းတစ္ပြင့္ ဆြမ္းတစ္ေယာက္မေတာ့ အျမဲလွဴ ေနတတ္ျကသည္။

ေစ်းဝယ္ထြက္ရင္း -ခရီးထြက္ရင္း အလွဴ ခံပုဂၢိဳ လ္ေတြ႔ရင္ အယုတ္အလတ္အျမတ္မေရြး ေပးလွဴ ေနတတ္ျကသည္

ဒါေျကာင့္လည္း သူတို႕မွာေန႕တိုင္း ကုသိုလ္ေတြက စုမိေဆာင္းမိေနျကသည္ ေက်ာင္းကန္ဘုရားမ်ားမွာ ဥပုသ္ေစာင့္လ်ွင္ တရားနာလွ် င္ ဆြမ္းေလာင္းလွဴ လ်ွင္ တရားစခန္းဝင္ေယာဂီေတြကစ အမ်ိဳးသမီးေတြဘဲ မ်ားေနတတ္ျကသည္။

ဤ ကုသိုလ္ေတြေျကာင့္ဘဲ ၎တို႕မွာ နတ္ျပည္မွာ အျဖစ္မ်ားေနျကဟန္တူပါသည္ က်မ္းဂန္မ်ားအရ နတ္ျပည္မွာ နတ္သားကရွားျပီး နတ္သမီးမ်ားမွာ အမတန္မ်ားျပီး-နတ္သားတစ္ေယာက္လ်ွင္ နတ္သမီးက ငါးရာ တစ္ေထာင္ ရွိျကသည္”ဟုဆိုပါသည္

ေန႔စဥ္ သက္သီးတစ္လုံး ပန္းတစ္ပြင့္ ဆြမ္းတစ္ေယာက္မ အလွဴ မ်ားမွာ အမ်ိဳးသားမ်ား မလုပ္နိုင္ေသာ အလွဴ “ဟုပင္ဆိုခ် င္ပါသည္

အဘယ့္ေျကာင့္ဆိုေသာ္ အမ်ိဳးသားမ် ားမွာ စားဝတ္ေနေရး ရွာေဖြေနရသည္က တစ္ေျကာင္း- ( နည္းမ် ားမဆို ကုသိုလ္ေလးေတြကို စိတ္မေရာက္နိုင္) သဒၶါ တရားကို အျမဲသံသယ ဝင္ေနတတ္ျကသည္က တစ္ေျကာင္း – ကိုယ္တြင္းဓာတ္ခံမွာ မာနတရားေလး ရွိေနတတ္ျကသည္ကလည္း တစ္ေျကာင္း ဤအေျကာင္းေျကာင္းေတြေျကာင့္” အေသးအဖြဲ ကုသိုလ္ေလးေတြ မစုမိျကတာ”ဟု ဆိုခ်င္ပါသည္။

“ကိုယ္ရွာထားတဲ႔စည္းပြားဥစၥာ မယားလွဴတာ ေယာက္်ားျဖစ္သူ မရဘူးလား” ေမးစရာရွိပါသည္ “မရပါဘူး” စိတ္မပါလ်ွ င္လည္း မရဘူး မသိလ်ွင္လည္း မရပါဘူး ” အကုသိုလ္နဲ႕ကုသိုလ္နွစ္ပါး ကံတရားကား- မယားျပဳရာစိတ္မပါလ်ွင္ လင္မွာမရ- လင္ျပဳ ကလည္း မိန္းမအိမ္သူ- စိတ္မတူေသာ္ မွတ္ယူမွန္စြာမရရွာဘူး****** တဲ႔။

(မဃေဒဝ)

ဒါေျကာင့္ အမ်ိဳးသမီးေတြမွာ နတ္ျပည္ေရာက္နိုင္တဲ႔ အခြင့္အေရးေတြ သူတို႔မွာအမ်ားျကီးရွိေနပါသည္ ကုန္ကုန္ေျပာရေသာ္ လင္ေယာက္်ား ဆူလို႕ဆဲလို႕ သည္းခံျပီး အမ်က္ေဒါသ မထြက္လ်ွင္ေတာင္ နတ္ျပည္ ေရာက္နိုင္္ပါသည္။ သက္သီးေလးတစ္လုံးလွဴ တာကစ နတ္ျပည္ ေရာက္နိုင္ပါသည္။

သာဓကမွာ**? အခါတပါး အရွင္ေမာဂၢလာန္ မေထရ္ျကီးဟာ နတ္ျပည္သို႕ ၾကြေတာ္မူေသာအခါ*? ကိုယ္ေရာင္ေတာက္ပျပီး ဝင္းဝါေနတဲ႔ နတ္သမီးမ်ားနဲ႕ ေတြ႕ေတာ့*?

“အသင္နတ္သမီး လူ႕ဘဝက အဘယ္ကုသိုလ္ေတြမ်ား လုပ္ခဲ႔လို႕ ဒီေလာက္ျကီးက်ယ္တဲ႔ ဗိမာန္ျကီးနဲ႕ ကိုယ္ေရာင္ကိုယ္ဝါေတြ ေတာက္ပလို႕ ေနရတာလဲ”ဟု ေမးပါသည္။

သည္အခါနတ္သမီးက ” အရွင္ဘုရား မေျပာပေလာက္ပါဘူူး ကုသိုလ္ရယ္လို႕လည္း မရွိခဲ႔ပါဘူး- ကႆပဘုရားလက္ထက္က တပည့္ေတာ္မသည္ သူတပါးရဲ႕ က်ြန္မျဖစ္ခဲ႔ဘူးတယ္။

အဲဒီဘဝမွာ တပည့္ေတာ္မရဲ႔ လင္ေယာက်္ားျဖစ္သူ ကလည္း အမ်ိဳးမ်ိဳးနွိပ္စက္တယ္ =.ရန္ရွာတယ္ ေတြ႕တာနဲ႕ ေကာက္ေပါက္တာ- ဆံပင္ဆြဲ ခဏခဏ ရိုက္ပုပ္တာ ခံရတယ္။

အဲ႔ဒီခါ တပည့္ေတာ္မ ကိုယ့္ကိုယ္ကိုဆုံးမတယ္- “ဤေယာက္်ားကား နင့္အရွင္သခင္ျဖစ္သည္- သံပူကပ္၍ တံဆိတ္ခပ္လ်ွင္လည္း ခံရမည္။ ေျခ လက္ နား နာေခါင္း ျဖတ္လ်ွင္လည္း ခံရမည္ ငါ၏လင္ေယာက်္ားသည္ ငါ႕အား အစိုးရေပသည္။

အမ်က္မထြက္နဲ႔”ဟုမိမိကိုယ္ဆုံးမျပီး အမ် က္ေဒါသမထြက္ခဲ႔ပါဘုရား” ဒီလိုအမ်က္ေဒါသကို ခ်ဳပ္တည္းနိုင္ခဲ႔လို႕ နတ္စည္းစိမ္ ခ်မ္းသာကို ခံစားေနရတာပါဘုရား”ဟု ေလ်ွာက္ပါသတဲ႔။

ေနာက္မေထရ္ျကီးလည္းတေနရာသြားျပန္ေတာ့ နတ္သမီးေတြနဲ႕ေတြ႔ျပန္ပါသတဲ႔= ဒီအခါမေထရ္ျကီးက ” အသင္နတ္သမီး လူ႕ဘဝက အဘယ္ကုသိုလ္ေတြမ်ား ျပဳခဲ႔တာပါလဲ”တဲ႔ နတ္သမီးက “အရွင္ဘုရား လူ႕ဘဝက ရဟန္းတစ္ပါးအား ျကံတစ္ေခ်ာင္းလွဴ ခဲ႔ပါတယ္ဘုရား”

ေနာက္နတ္သမီးတစ္ပါးကလည္း* “တပည့္ေတာ္လည္း ရဟန္းတစ္ပါးအား တည္သီး လွဴ ခဲ႔ပါသည္ဘုရား”တဲ႔

ေနာက္ထပ္ နတ္သမီးတစ္ပါးကလည္း “တပည့္ေတာ္မလည္း ရဟန္းတစ္ပါးအား သခြါးသီးတစ္လုံးကိုလွဴ ခဲ႔ပါတယ္ဘုရား”တဲ႔

ေနာက္နတ္သမီးကလည္း ” တပည့္ေတာ္မလည္း ဖက္သက္တေရာ္သီးကို လွဴ ခဲ႔ပါတယ္ဘုရား”တဲ႔

ေနာက္ထပ္နတ္သမီးကလည္း “သက္ျမစ္တစ္ဆုပ္ကို လွဴ ခဲ႔ပါတယ္ဘုရား”တဲ႔

ေနာက္နတ္သမီးကလည္း ” တပည့္ေတာ္မလည္း တမာရြက္တစ္ဆုပ္ကို လွဴ ခဲ႔ပါတယ္ဘုရား”တဲ႔

ဤသို႕ေသာကုသိုလ္ အေျကာင္းမ်ားေျကာင့္ နတ္စည္းခ်မ္းသာကို ခံစားေနရေျကာင္း ေလ်ွာက္ထားျကပါသည္။

အရွင္ေမာဂၢလာန္မေထရ္ျကီးလည္း လူ႕ျပည္သို႕ ျပန္ျကြျပီး ဘုရွင္းရွင္ကို ေလ်ွာက္ထားခဲ႔သည္။

” ျမတ္စြာဘုရား မေျပာပေလာက္တဲ႔ ကုသိုလ္ေလးေတြနဲ႔ နတ္ျပည္ ေရာက္နိုင္သလားဘုရား”တဲ႔ ဘုရားရွင္က “ခ်စ္သားေမာဂၢလာန္ ေရာက္တယ္-မေရာက္ဘူးဆိုတာ သင္ကိုယ္တိုင္ ဒိ႒မ်က္ျမင္ ေတြ႕ခဲ႔တယ္ မဟုတ္လား”ဟု မိန္႕ေတာ္မူပါသည္။

ဒါေျကာင့္ လူ႕ျပည္မွာ ဘယ္သူေတြက ကုသိုလ္ေတြ စုမိေဆာင္းမိေနျပီ= ဘယ္သူေတြကေတာ့ျဖင့္ နတ္ျပည္ကို အမ်ားဆုံး ေရာက္နိုင္သည္ဆိုတာ သိေလာက္ျကျပီထင္ပါသည္။

အဓိကက ေစတနာဘဲ ေစတနာေကာင္းလ်ွင္ ကံေကာင္းနိုင္သည္ အားလုံး ကံေကာင္းျကပါေစ*******?

ဓမၼပဒ-ေကာဓဝဂ္-မဟာေမာဂၢလာနေတၳရပဥွာဝတၳဳ

( ဝန္းသို အရွင္ -4-12-2018)
Credit= ဝန္းသို အ႐ွင္မွ ကူးယူေဖာ္ျပသည္

Unicode

“အမျိုးသမီးများနတ်ပြည်သို့အဘယ်ကြောင့်အရောက် များရသလဲ?”

အမျိုးသမီးများသည် ခွန်အားဗလမှာသေးငယ်သော်လည်း ဉာဏ်ပညာအရာမှာ- အမျိုသားများထက် လေးဆသာတယ် = လုံ့လဝီရိယအရာမှာလည်း ခြောက်ဆ သာတယ်”ဟု မန်လည်ဆရာတော်က ဆိုပါသည်။

ဒါကြောင့်လည်း ကောသလမင်းကြီးဟာ တိုင်းသူပြည်သားများနဲ့အပြိုင် ဒါနပြုသည့်အခါ အသာဆုံး အမြတ်ဆုံး “အသဒိသအလှူ ကြီး”ဖြစ်ဖို့ မလ္လိကာ ဖိဖုရားကြီး၏ ဉာဏ်ပညာ နဲ့လုံ့လဝီရိယ အကူညီကို ယူခဲ့ရဘူးပါသည်။

တဖန် အမျိုသမီးများသည် သဒ္ဓါ -ယုံကြည်လွယ်သည် ကရုဏာ- သနားကြင်နာတတ်သည် စာဂ- စွန့်ကြဲမှု၌ ဝါသနာထုံသည် ပညာ-တွေးခေါ် မျှော်မြင်တတ်သည် ဝီရိယ-ထကြွလုံလဝီရိယ ရှိတတ်သည် ဤ ငါးပါး သည် အမျိုးသမီးအများစုမှာ ရှိနေကြပါသည်။

ဒါကြောင့်အမျိုးသမီးများသည် အိမ်မှာနေလည်း သက်သီးတစ်လုံး ပန်းတစ်ပွင့် ဆွမ်းတစ်ယောက်မတော့ အမြဲလှူ နေတတ်ကြသည်။

ဈေးဝယ်ထွက်ရင်း -ခရီးထွက်ရင်း အလှူ ခံပုဂ္ဂို လ်တွေ့ရင် အယုတ်အလတ်အမြတ်မရွေး ပေးလှူ နေတတ်ကြသည်

ဒါကြောင့်လည်း သူတို့မှာနေ့တိုင်း ကုသိုလ်တွေက စုမိဆောင်းမိနေကြသည် ကျောင်းကန်ဘုရားများမှာ ဥပုသ်စောင့်လျှင် တရားနာလျှ င် ဆွမ်းလောင်းလှူ လျှင် တရားစခန်းဝင်ယောဂီတွေကစ အမျိုးသမီးတွေဘဲ များနေတတ်ကြသည်။

ဤ ကုသိုလ်တွေကြောင့်ဘဲ ၎င်းတို့မှာ နတ်ပြည်မှာ အဖြစ်များနေကြဟန်တူပါသည် ကျမ်းဂန်များအရ နတ်ပြည်မှာ နတ်သားကရှားပြီး နတ်သမီးများမှာ အမတန်များပြီး-နတ်သားတစ်ယောက်လျှင် နတ်သမီးက ငါးရာ တစ်ထောင် ရှိကြသည်”ဟုဆိုပါသည်

နေ့စဉ် သက်သီးတစ်လုံး ပန်းတစ်ပွင့် ဆွမ်းတစ်ယောက်မ အလှူ များမှာ အမျိုးသားများ မလုပ်နိုင်သော အလှူ “ဟုပင်ဆိုချ င်ပါသည်

အဘယ့်ကြောင့်ဆိုသော် အမျိုးသားမျ ားမှာ စားဝတ်နေရေး ရှာဖွေနေရသည်က တစ်ကြောင်း- ( နည်းမျ ားမဆို ကုသိုလ်လေးတွေကို စိတ်မရောက်နိုင်) သဒ္ဓါ တရားကို အမြဲသံသယ ဝင်နေတတ်ကြသည်က တစ်ကြောင်း – ကိုယ်တွင်းဓာတ်ခံမှာ မာနတရားလေး ရှိနေတတ်ကြသည်ကလည်း တစ်ကြောင်း ဤအကြောင်းကြောင်းတွေကြောင့်” အသေးအဖွဲ ကုသိုလ်လေးတွေ မစုမိကြတာ”ဟု ဆိုချင်ပါသည်။

“ကိုယ်ရှာထားတဲ့စည်းပွားဥစ္စာ မယားလှူတာ ယောက်ျားဖြစ်သူ မရဘူးလား” မေးစရာရှိပါသည် “မရပါဘူး” စိတ်မပါလျှ င်လည်း မရဘူး မသိလျှင်လည်း မရပါဘူး ” အကုသိုလ်နဲ့ကုသိုလ်နှစ်ပါး ကံတရားကား- မယားပြုရာစိတ်မပါလျှင် လင်မှာမရ- လင်ပြု ကလည်း မိန်းမအိမ်သူ- စိတ်မတူသော် မှတ်ယူမှန်စွာမရရှာဘူး****** တဲ့။

(မဃဒေဝ)

ဒါကြောင့် အမျိုးသမီးတွေမှာ နတ်ပြည်ရောက်နိုင်တဲ့ အခွင့်အရေးတွေ သူတို့မှာအများကြီးရှိနေပါသည် ကုန်ကုန်ပြောရသော် လင်ယောက်ျား ဆူလို့ဆဲလို့ သည်းခံပြီး အမျက်ဒေါသ မထွက်လျှင်တောင် နတ်ပြည် ရောက်နိုင်ပါသည်။ သက်သီးလေးတစ်လုံးလှူ တာကစ နတ်ပြည် ရောက်နိုင်ပါသည်။

သာဓကမှာ**? အခါတပါး အရှင်မောဂ္ဂလာန် မထေရ်ကြီးဟာ နတ်ပြည်သို့ ကြွတော်မူသောအခါ*? ကိုယ်ရောင်တောက်ပပြီး ဝင်းဝါနေတဲ့ နတ်သမီးများနဲ့ တွေ့တော့*?

“အသင်နတ်သမီး လူ့ဘဝက အဘယ်ကုသိုလ်တွေများ လုပ်ခဲ့လို့ ဒီလောက်ကြီးကျယ်တဲ့ ဗိမာန်ကြီးနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလို့ နေရတာလဲ”ဟု မေးပါသည်။

သည်အခါနတ်သမီးက ” အရှင်ဘုရား မပြောပလောက်ပါဘူူး ကုသိုလ်ရယ်လို့လည်း မရှိခဲ့ပါဘူး- ကဿပဘုရားလက်ထက်က တပည့်တော်မသည် သူတပါးရဲ့ ကျွန်မဖြစ်ခဲ့ဘူးတယ်။

အဲဒီဘဝမှာ တပည့်တော်မရဲ့ လင်ယောကျ်ားဖြစ်သူ ကလည်း အမျိုးမျိုးနှိပ်စက်တယ် =.ရန်ရှာတယ် တွေ့တာနဲ့ ကောက်ပေါက်တာ- ဆံပင်ဆွဲ ခဏခဏ ရိုက်ပုပ်တာ ခံရတယ်။

အဲ့ဒီခါ တပည့်တော်မ ကိုယ့်ကိုယ်ကိုဆုံးမတယ်- “ဤယောက်ျားကား နင့်အရှင်သခင်ဖြစ်သည်- သံပူကပ်၍ တံဆိတ်ခပ်လျှင်လည်း ခံရမည်။ ခြေ လက် နား နာခေါင်း ဖြတ်လျှင်လည်း ခံရမည် ငါ၏လင်ယောကျ်ားသည် ငါ့အား အစိုးရပေသည်။

အမျက်မထွက်နဲ့”ဟုမိမိကိုယ်ဆုံးမပြီး အမျ က်ဒေါသမထွက်ခဲ့ပါဘုရား” ဒီလိုအမျက်ဒေါသကို ချုပ်တည်းနိုင်ခဲ့လို့ နတ်စည်းစိမ် ချမ်းသာကို ခံစားနေရတာပါဘုရား”ဟု လျှောက်ပါသတဲ့။

နောက်မထေရ်ကြီးလည်းတနေရာသွားပြန်တော့ နတ်သမီးတွေနဲ့တွေ့ပြန်ပါသတဲ့= ဒီအခါမထေရ်ကြီးက ” အသင်နတ်သမီး လူ့ဘဝက အဘယ်ကုသိုလ်တွေများ ပြုခဲ့တာပါလဲ”တဲ့ နတ်သမီးက “အရှင်ဘုရား လူ့ဘဝက ရဟန်းတစ်ပါးအား ကြံတစ်ချောင်းလှူ ခဲ့ပါတယ်ဘုရား”

နောက်နတ်သမီးတစ်ပါးကလည်း* “တပည့်တော်လည်း ရဟန်းတစ်ပါးအား တည်သီး လှူ ခဲ့ပါသည်ဘုရား”တဲ့

နောက်ထပ် နတ်သမီးတစ်ပါးကလည်း “တပည့်တော်မလည်း ရဟန်းတစ်ပါးအား သခွါးသီးတစ်လုံးကိုလှူ ခဲ့ပါတယ်ဘုရား”တဲ့

နောက်နတ်သမီးကလည်း ” တပည့်တော်မလည်း ဖက်သက်တရော်သီးကို လှူ ခဲ့ပါတယ်ဘုရား”တဲ့

နောက်ထပ်နတ်သမီးကလည်း “သက်မြစ်တစ်ဆုပ်ကို လှူ ခဲ့ပါတယ်ဘုရား”တဲ့

နောက်နတ်သမီးကလည်း ” တပည့်တော်မလည်း တမာရွက်တစ်ဆုပ်ကို လှူ ခဲ့ပါတယ်ဘုရား”တဲ့

ဤသို့သောကုသိုလ် အကြောင်းများကြောင့် နတ်စည်းချမ်းသာကို ခံစားနေရကြောင်း လျှောက်ထားကြပါသည်။

အရှင်မောဂ္ဂလာန်မထေရ်ကြီးလည်း လူ့ပြည်သို့ ပြန်ကြွပြီး ဘုရှင်းရှင်ကို လျှောက်ထားခဲ့သည်။

” မြတ်စွာဘုရား မပြောပလောက်တဲ့ ကုသိုလ်လေးတွေနဲ့ နတ်ပြည် ရောက်နိုင်သလားဘုရား”တဲ့ ဘုရားရှင်က “ချစ်သားမောဂ္ဂလာန် ရောက်တယ်-မရောက်ဘူးဆိုတာ သင်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် တွေ့ခဲ့တယ် မဟုတ်လား”ဟု မိန့်တော်မူပါသည်။

ဒါကြောင့် လူ့ပြည်မှာ ဘယ်သူတွေက ကုသိုလ်တွေ စုမိဆောင်းမိနေပြီ= ဘယ်သူတွေကတော့ဖြင့် နတ်ပြည်ကို အများဆုံး ရောက်နိုင်သည်ဆိုတာ သိလောက်ကြပြီထင်ပါသည်။

အဓိကက စေတနာဘဲ စေတနာကောင်းလျှင် ကံကောင်းနိုင်သည် အားလုံး ကံကောင်းကြပါစေ*******?

ဓမ္မပဒ-ကောဓဝဂ်-မဟာမောဂ္ဂလာနတ္ထေရပဥှာဝတ္ထု

( ဝန်းသို အရှင် -4-12-2018)
Credit= ဝန်းသို အရှင်မှ ကူးယူဖော်ပြသည်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပင္းတယ လႈိဏ္ဂူ၏ စိတ္ဝင္စားဖြယ္ေကာင္းေသာ အေၾကာင္းအရာမ်ား
Religious
ပင္းတယ လႈိဏ္ဂူ၏ စိတ္ဝင္စားဖြယ္ေကာင္းေသာ အေၾကာင္းအရာမ်ား

ပင္းတယ လႈိဏ္ဂူ၏ စိတ္ဝင္စားဖြယ္ေကာင္းေသာ အေၾကာင္းအရာမ်ား ပင္းတယ လႈိဏ္ဂူ၏ အံ့ဖြယ္ ထူးျခားခ်က္မ်ား ျမန္မာႏိုင္ငံ၏ အေက်ာ္ၾကားဆုံး (၁၀)ေနရာထဲက တစ္ခု အပါဝင္ ျဖစ္သည့္ ပင္းတယဂူ၊ ကမာၻ႔ခရီးသြား စာမ်က္ႏွာမ်ားေပၚတြင္ ထင္ရွားေဖာ္ျပခဲ့သည့္ ပင္းတယ ဂူသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕တြင္ တည္ရွိ သည္။ ပင္းတယဂူသည္ ထုံးေက်ာက္ေတာင္တြင္ သဘာဝ အတိုင္း ျဖစ္ေပၚေနေသာေၾကာင့္ ဘူမိေဗဒသက္တမ္းႏွင့္ ဆိုလ်င္ လြန္ခဲ့ေသာ ႏွစ္ သန္း ၂၀၀ တည္းက ရွိခဲ့သည္ဟု ဆိုသည္။ ျမင့္မားတဲ့ ေတာင္ေစာင္းကေန ေတာင္ေျမာက္ ျဖစ္ေပၚေနတဲ့ ဂူ သုံး ဂူ ရွိတယ္လို႔ ဆိုေပမဲ့ ေတာင္ဘက္ အက်ဆုံး ဂူတစ္ခုသာ …

Religious
ကြယ္လြန္ၿပီးေနာက္ သရဏဂုံ တင္တဲ့ ရည္႐ြယ္ခ်က္

ကြယ္လြန္ၿပီးေနာက္ သရဏဂုံ တင္တဲ့ ရည္႐ြယ္ခ်က္ သရဏဂုံ ကြယ္လြန္ ၿပီးေနာက္ အေလာင္းကို သရဏဂုံ တင္မႈဟာ ဗုဒၶ ဘာသာဝင္ေတြ ရဲ႕ ထုံးစံ တစ္ခုျဖစ္ ေန ပါ ၿပီ ။ ဘယ္ ေလာက္ ပဲ ဆင္းရဲ နိမ့္ပါး ပါေစ က်န္ရစ္သူ မိသားစု ေတြက သရဏဂုံ တင္ ျဖစ္ ေအာင္ ႀကိဳးစား တတ္ ၾက ပါ တယ္ ။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အ ေလာင္းကို သရဏဂုံ တင္ခြင့္ မရ လိုက္ တဲ့ အခါ မ်ိဳး မွာ …

အပါယ္က်ေစေသာအလႉ ၁၀ မ်ိဳး
Religious
အပါယ္က်ေစေသာအလႉ ၁၀ မ်ိဳး

အပါယ္​က်ေစ​ေသာ အလွဴ (၁၀) မ်ိဳး ၁။ သမဇၨဒါန-ကေခ်အလွဴ ( အျငိမ့္ဇာတ္ပြဲ )။ ၂။ မဇၨဒါန -ေသရည္ေသရက္အလွဴ။ ၃။ ဣတၳိဒါန – မိန္းမအလွဴ။ ၄။ ဥသဘဒါန -ႏြားလား၊ ျမင္းလား အလွဴ။ ၅။ စိတၱကမၼဒါန – ကာမဂုဏ္ကို ႏိုးၾကြေစေသာ ပန္ခ်ီေဆးေရး အလွဴ။ ၆။ သတၳဒါန – လက္နက္ ခဲယမ္းမီးေက်ာက္ အလွဴ။ ၇။ ၀ိသဒါန – အဆိပ္အလွဴ။ ၈။ သခၤလိကဒါန – လက္ထိတ္ သံေျခခ်င္း ေႏွာင္ႀကိဳးအလွဴ။ ၉။ ကုကၠဳရ သူကရ ဒါန-ၾကက္ ၀က္ သားေကာင္အလွဴ။ …