ကိုယ္ေတြ.‌‌ ေက်ာက္ဖ႐ုံသီး အစြမ္းထက္ျခင္း - Amawpyay

ကိုယ္ေတြ.‌‌ ေက်ာက္ဖ႐ုံသီး အစြမ္းထက္ျခင္း

ကိုယ္ေတြ.‌‌ ေက်ာက္ဖ႐ုံသီး အစြမ္းထက္ျခင္း
Knowledge

ကိုယ္ေတြ.‌‌ ေက်ာက္ဖ႐ုံသီး အစြမ္းထက္ျခင္း

ေက်ာက္ဖ႐ုံသီး အာနိသင္

စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ ေက်ာက္ကပ္မေကာင္းေသာေရာဂါျဖင့္ ျပည္တြင္း အထူးကု ဆရာဝန္ႀကီးမ်ား ျပသေနရာမွ တစ္ႏွစ္အၾကာတြင္ ေဂါက္ေခၚအဆစ္ေရာင္ ေရာဂါပါ ပါဝင္လာသျဖင့္ (ေငြေၾကးလည္း တတ္ႏိုင္သူျဖစ္သျဖင့္) စင္ကာပူႏိုင္ငံသို႔ သြားေရာက္ျပသကုသေနရသည္။

ေဆးမ်ား စားေနရသည့္အျပင္ လိုအပ္ေသာေသြး စစ္ခ်က္မ်ားကို စင္ကာပူႏိုင္ငံသို႔ပို႔ၿပီး စမ္းသပ္ေနရသည္။ လြန္ခဲ့ေသာရက္ပိုင္းက သူက ဝမ္းသာအားရျဖင့္ ဖုန္းဆက္လာသည္။သူ၏ေက်ာက္ေရာဂါမွာ ထူးထူးျခားျခား သက္သာၿပီဟုဆိုသည္။

သက္သာသည္ဟုေျပာရျခင္းမွာ စင္ကာပူႏိုင္ငံသို႔ပို႔၍ စစ္ေဆးရေသာ သူ၏ေသြးစစ္ခ်က္အေျဖမ်ားမွာ တိုးတက္ေကာင္းမြန္လာၿပီး ေက်ာက္ကပ္အစားထိုးကုသရမည့္ေဘးမွ ကင္းလြတ္သြားၿပီး ဆက္၍ အစားအေသာက္ အေနအထိုင္ ဂ႐ုျပဳရန္သာလိုသည္ဟု ဆိုသည္။

”သူငယ္ခ်င္းက တိုင္းရင္းေဆးဆရာႀကီးပဲ၊ ငါဘယ္ေဆးနဲ႔သက္သာသြားလဲ သိခ်င္လား . . .”ဟု သူက ေမးပါသည္။

စာေရးသူက ”ေျပာျပပါ . . . ” ဆိုမွ သူ၏အေျဖမွာ ”ေက်ာက္ဖ႐ုံသီးအစြမ္း ေပါ့ကြာ”ဟု ဆိုသည္။ အမွန္ပင္ ေက်ာက္ဖ႐ုံ သီးတစ္လုံး အလယ္ အူတိုင္ဖယ္၊ အသားမ်ားကို ယူၿပီး သၾကားရည္ႏွင့္ေရာစပ္ၿပီး ေဖ်ာ္ရည္စက္တြင္ထည့္၍ ေ

ဖ်ာ္ရည္လုပ္ေသာက္ရာမွ ၁ဝ ရက္ခန႔္တြင္ ေသြးစစ္ခ်က္ မ်ားတိုးတက္လာၿပီး တစ္လေက်ာ္ၾကာေသာအခါ ေကာင္းမြန္သည့္အဆင့္သို႔ ေရာက္ရွိခဲ့ သည္ဟုဆိုသည္။

ထို႔အျပင္ ေက်ာက္ဖ႐ုံသီးကို ဟင္းခ်ိဳအျဖစ္လည္းခ်က္ၿပီး ေန႔စဥ္စားခဲ့သည္ဟု ေျပာပါသည္။

ေက်ာက္ကပ္လဲရမည့္သူတစ္ဦး ျပန္ေကာင္းလာသည္ဆိုသျဖင့္ ေက်ာက္ဖ႐ုံ သီး၏အစြမ္းထက္ေသာ ေဆးဖက္ဝင္ပုံကို ေလ့လာဆန္းစစ္ၾကည့္လိုစိတ္မ်ား ျဖစ္ေပၚလာပါသည္။

ေက်ာက္ဖ႐ုံသီးကို ဟင္းခ်ိဳခ်က္စားသည္ထက္ ဟင္းခါးခ်က္၍စားသူက ပိုမ်ားသည္။ ဟင္းခ်ိဳတြင္ င႐ုတ္ေကာင္းမႈန႔္အနည္းငယ္ ခပ္လိုက္လွ်င္ ဟင္းခါးျဖစ္ သြားသည္။ အသားငါးႏွင့္ ေရာခ်က္စား၍လည္း ရပါသည္။ ေက်ာက္ဖ႐ုံယိုသည္ အလြန္စားေကာင္းၿပီး ဧည့္သည္မ်ားကို တည္ခင္းဧည့္ခံလွ်င္ အျမင္လွေသာ အခ်ိဳ စားဖြယ္ျဖစ္သည္။

ေရွးကလူႀကီးမ်ား အသက္ႀကီးလာလွ်င္ ဆီးျပႆနာရွိလာသျဖင့္ ေက်ာက္ ဖ႐ုံသီးဟင္းခ်ိဳကို ပုစြန္ေျခာက္၊ ငါးက်ည္းေျခာက္မ်ားျဖင့္ ေရာခ်က္ၿပီး ဓာတ္စာ အျဖစ္ စားေလ့ရွိၾကသည္။

ေက်ာက္ဖ႐ုံသီးကို မိုးႀကိဳးကြင္းသည္ဟူေသာ အယူအဆျဖင့္ အိမ္ေခါင္မိုး ေပၚတြင္ တင္ထားသူမ်ား လည္းရွိသည္။ က်မ္းစာမ်ားတြင္ မပါေသာ္လည္း ေရွးအယူ အဆအျဖစ္ ယုံၾကည္သူမ်ားက ျပဳ လုပ္ေနၾကဆဲျဖစ္သည္။

ေက်ာက္ဖ႐ုံသီးသည္ အပုပ္နံ႔ကို စုပ္ယူသည္ဟုယူဆၿပီး ေရွးက ၅ ရက္၊ ၇ ရက္ထားေသာ အသုဘအိမ္မ်ားတြင္ လူေသေကာင္ေျခရင္း (သို႔မဟုတ္) ေအာက္ တြင္ ေက်ာက္ဖ႐ုံသီးကို ထား ေလ့ရွိသည္။ အခ်ိဳ႕က ထက္ျခမ္းခြဲၿပီး ဗိုက္ေပၚေမွာက္ထား သည္လည္းရွိသည္။

ထက္ျခမ္းခြဲၿပီး အေလာင္းအနီးအနားတြင္ထားသည္လည္း ရွိသည္။

အရပ္ဓေလ့အမ်ိဳးမ်ိဳးရွိသည္။ ဤသို႔ထားရွိသည္ကိုျမင္ၿပီးေနာက္ အခ်ိဳ႕က ေက်ာက္ဖ႐ုံသီးကို မစားခ်င္ၾကေတာ့။ အျမင္ေၾကာင့္ အစြဲအလမ္း ျဖစ္ၿပီး မစား ခ်င္ျဖစ္သြားပုံရသည္။

အမွန္ေတာ့ ေက်ာက္ဖ႐ုံသီးသည္ က်န္းမာေရးအတြက္တန္ဖိုးရွိေသာ အစာ ျဖစ္သည္။ အထူးသျဖင့္ ဆီးႏွင့္ေက်ာက္ကပ္အတြက္ အလြန္ေကာင္းသည္။ အ႐ြက္၊ အၫြန႔္၊ အသီး သုံးမ်ိဳးလုံးစားေကာင္းေသာအသီးမ်ိဳးျဖစ္သည္။ ေက်ာက္ဖ႐ုံသီးသည္ တာရွည္လည္းအထားခံသည္။ ေက်ာက္ဖ႐ုံသီး၏အထူးေဆးစြမ္းမွာ ဆီးအိမ္ကို သန႔္ရွင္းေစသည္ဟု ေရွးေဆး က်မ္းမ်ားစြာက ေဖာ္ျပသည္။

ေက်ာက္ဖ႐ုံသီးကို ေဆးေဖာ္စားသျဖင့္ ကုသရန္ခက္ခဲ သည့္ ေက်ာက္ကပ္ေဖာ ေရာဂါ ေပ်ာက္ကင္းသည္ကို လြန္ခဲ့ေသာ ၁ဝ ႏွစ္ခန႔္က ကိုယ္ေတြ႕ ေတြ႕ဖူးပါသည္။

ေက်ာက္ကပ္အလုပ္ မလုပ္သျဖင့္ ဆီးေကာင္းစြာမသြားႏိုင္ဘဲ ဆီးခုံမွစ၍ ေအာက္ ပိုင္း ေျခႏွစ္ဖက္ လုံးရာင္ၿပီး ေျခခုံႏွစ္ဖက္လုံး ေဖာင္းကားၿပီး စီးေနက်ဖိနပ္ပင္ မဝင္၊ မဆံ့ေတာ့ေသာေရာဂါမ်ိဳးျဖစ္သည္။ေဆးေဖာ္စပ္ပုံကို တင္ျပပါမည္။

ေက်ာက္ဖ႐ုံသီးအလုံးရင့္ရင့္တစ္လုံးကို ထိပ္ပိုင္းလက္ေလးသစ္ခန႔္မွ ျဖတ္လိုက္ပါသည္။အတြင္းမွ အေစ့မ်ားပါေသာအူတိုင္ကို ဖယ္ထုတ္လိုက္ပါ၊ ထို႔ေနာက္ လြတ္သြားေသာ အလယ္ အူေၾကာင္းတြင္ ခြၽတ္ေဆးမသုံးသည့္ သၾကားအညိဳကို ဝင္ဆံ့သေလာက္ထည့္ပါသည္။

ထို႔ေနာက္ ျဖတ္ထားေသာ ထိပ္ပိုင္းကို ျပန္အုပ္ၿပီး လက္ႏွစ္လုံးခန႔္ရွိေသာ ပိတ္စႏွစ္ေပခန႔္အရွည္တြင္ ကြမ္းစား ထုံးကို သုတ္လိမ္းၿပီး အသီးထိပ္ပိုင္း အဖုံးမေ႐ြ႕ေစရန္ ပတ္ထားပါသည္။

ထိုေက်ာက္ဖ႐ုံသီးကို နတ္အုန္းဆြဲသကဲ့သို႔ ႀကိမ္ဆိုင္းႀကိဳးဝယ္ယူၿပီး ေလထဲတြင္ ခ်ိတ္ဆြဲထားသည္။ အတြင္း၌ဓာတ္ျပဳသြားေစရန္ ၃ ရက္မွ ၅ ရက္အထိ ထားရသည္။ ရက္ေစ့လွ်င္ ဆြဲထားေသာ ေက်ာက္ဖ႐ုံသီး ဖင္ပိုင္း ေအာက္တည့္တည့္မွ စူးခြၽန္ျဖင့္ေဖာက္လိုက္ပါ။

အရည္မ်ားက်လာမည္။ ထိုအရည္ကို ခံယူၿပီး ပုလင္းမ်ားျဖင့္ ထည့္သိမ္းထားပါ။ ေအးေသာေနရာတြင္ထားပါ။

အခ်ိဳ႕ေတာအရပ္တြင္ စပါးရွိလွ်င္ စပါး သို႔မဟုတ္ စပါးခြံပုံးထဲ ျမႇဳပ္သိမ္းထားေလ့ရွိသည္။

ေက်ာက္ဖ႐ုံသီးႏွင့္သၾကားအရည္ကို တစ္ေန႔လွ်င္ တစ္ပုလင္းစာ၊ ႏွစ္ႀကိမ္ သုံးႀကိမ္ခြဲ၍ ေသာက္သုံးေပးရပါသည္။ ဆီးမ်ားစြာသြားၿပီး အေရာင္မ်ား က်သြား သည္ကို ေတြ႕ရပါသည္။ ထိုေဆးသည္ ေက်ာက္ကပ္ကို သန႔္စင္ေစသည္။ အလုပ္ ျပန္လုပ္ေစသည့္ေဆးမ်ိဳးျဖစ္သည္။

သၾကားထည့္ရေသာ ေဆးမ်ိဳးျဖစ္သျဖင့္ ဆီးခ်ိဳေရာဂါရွိသူမ်ားအတြက္ေတာ့ အဆင္ေျပမည္မဟုတ္ပါ။ ေက်ာက္ဖ႐ုံသီး၊ ေက်ာက္ဖ႐ုံ႐ြက္၊ အေစ့၊ အပင္၊ အျမစ္အားလုံး ေဆးဖက္ဝင္ပါ သည္။ ေဆးက်မ္းမ်ားအဆိုအရ –

ေက်ာက္ဖ႐ုံအပြင့္ကို စားေပးလွ်င္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ သက္သာ ေစႏိုင္သည္။

-အသီးကို စားျခင္းျဖင့္ အားရွိေစသည္။ အဆုတ္ေရာဂါႏွင့္သင့္သည္။ ေသြးအန္ေသြးက် ေရာဂါသက္သာေစသည္။

-အသီးကို ေန႔စဥ္စားသုံးလွ်င္ ဆီးႏွင့္ေက်ာက္ကပ္ေရာဂါမ်ားအတြက္ အက်ိဳးျပဳသည္။ ဆီးအိမ္ကို သန႔္စင္ေစသည္။

-အသီး၏အရည္ကို ေန႔စဥ္ေသာက္သုံးေပးလွ်င္၊ ေဖ်ာ္ရည္ျပဳလုပ္၍ ေသာက္လွ်င္ေက်ာက္ကပ္မွ ေက်ာက္က်ေစသည္။

-အသီးထဲတြင္ ရွိန္းခိုႏွင့္ ဂ်ဳံျပဆား အနည္းငယ္ထည့္၊ အရည္ကို စစ္ေသာက္ လွ်င္ ေက်ာက္မ်ား ကြဲ၍ က်ေစႏိုင္သည္။

ေက်ာက္ဖ႐ုံသီးကို အရည္ေဖ်ာ္၍ ေလနာ၊ ဝက္႐ူးနာ၊ အ႐ူးေရာဂါမ်ား အတြက္လည္း သုံးသည္။

ေက်ာက္ဖ႐ုံေစ့ကို ကေလးသန္ခ်ေဆးအျဖစ္သုံးသည္။

ေက်ာက္ဖ႐ုံပင္အျမစ္ကို အေျခာက္မႈန႔္ ျပဳလုပ္ေသာက္သုံးလွ်င္ ပန္းနာ ရင္က်ပ္ေရာဂါ သက္သာေပ်ာက္ကင္းေစသည္။

ေက်ာက္ဖ႐ုံယိုသည္ အစာအိမ္၊ ဆီးအိမ္ ပူေသာေရာဂါကို ၿငိမ္းေစႏိုင္သည္။ အစာကိုလည္း ေၾကေစႏိုင္သည္။

Credit-ၾကည္လြင္ျမင့္ (မုျဒာ)

Unicode

ကိုယ်တွေ.‌‌ ကျောက်ဖရုံသီး အစွမ်းထက်ခြင်း

ကျောက်ဖရုံသီး အာနိသင်

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် ကျောက်ကပ်မကောင်းသောရောဂါဖြင့် ပြည်တွင်း အထူးကု ဆရာဝန်ကြီးများ ပြသနေရာမှ တစ်နှစ်အကြာတွင် ဂေါက်ခေါ်အဆစ်ရောင် ရောဂါပါ ပါဝင်လာသဖြင့် (ငွေကြေးလည်း တတ်နိုင်သူဖြစ်သဖြင့်) စင်ကာပူနိုင်ငံသို့ သွားရောက်ပြသကုသနေရသည်။

ဆေးများ စားနေရသည့်အပြင် လိုအပ်သောသွေး စစ်ချက်များကို စင်ကာပူနိုင်ငံသို့ပို့ပြီး စမ်းသပ်နေရသည်။ လွန်ခဲ့သောရက်ပိုင်းက သူက ဝမ်းသာအားရဖြင့် ဖုန်းဆက်လာသည်။သူ၏ကျောက်ရောဂါမှာ ထူးထူးခြားခြား သက်သာပြီဟုဆိုသည်။

သက်သာသည်ဟုပြောရခြင်းမှာ စင်ကာပူနိုင်ငံသို့ပို့၍ စစ်ဆေးရသော သူ၏သွေးစစ်ချက်အဖြေများမှာ တိုးတက်ကောင်းမွန်လာပြီး ကျောက်ကပ်အစားထိုးကုသရမည့်ဘေးမှ ကင်းလွတ်သွားပြီး ဆက်၍ အစားအသောက် အနေအထိုင် ဂရုပြုရန်သာလိုသည်ဟု ဆိုသည်။

”သူငယ်ချင်းက တိုင်းရင်းဆေးဆရာကြီးပဲ၊ ငါဘယ်ဆေးနဲ့သက်သာသွားလဲ သိချင်လား . . .”ဟု သူက မေးပါသည်။

စာရေးသူက ”ပြောပြပါ . . . ” ဆိုမှ သူ၏အဖြေမှာ ”ကျောက်ဖရုံသီးအစွမ်း ပေါ့ကွာ”ဟု ဆိုသည်။ အမှန်ပင် ကျောက်ဖရုံ သီးတစ်လုံး အလယ် အူတိုင်ဖယ်၊ အသားများကို ယူပြီး သကြားရည်နှင့်ရောစပ်ပြီး ဖျော်ရည်စက်တွင်ထည့်၍ ေ

ဖျာ်ရည်လုပ်သောက်ရာမှ ၁ဝ ရက်ခန့်တွင် သွေးစစ်ချက် များတိုးတက်လာပြီး တစ်လကျော်ကြာသောအခါ ကောင်းမွန်သည့်အဆင့်သို့ ရောက်ရှိခဲ့ သည်ဟုဆိုသည်။

ထို့အပြင် ကျောက်ဖရုံသီးကို ဟင်းချိုအဖြစ်လည်းချက်ပြီး နေ့စဉ်စားခဲ့သည်ဟု ပြောပါသည်။

ကျောက်ကပ်လဲရမည့်သူတစ်ဦး ပြန်ကောင်းလာသည်ဆိုသဖြင့် ကျောက်ဖရုံ သီး၏အစွမ်းထက်သော ဆေးဖက်ဝင်ပုံကို လေ့လာဆန်းစစ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာပါသည်။

ကျောက်ဖရုံသီးကို ဟင်းချိုချက်စားသည်ထက် ဟင်းခါးချက်၍စားသူက ပိုများသည်။ ဟင်းချိုတွင် ငရုတ်ကောင်းမှုန့်အနည်းငယ် ခပ်လိုက်လျှင် ဟင်းခါးဖြစ် သွားသည်။ အသားငါးနှင့် ရောချက်စား၍လည်း ရပါသည်။ ကျောက်ဖရုံယိုသည် အလွန်စားကောင်းပြီး ဧည့်သည်များကို တည်ခင်းဧည့်ခံလျှင် အမြင်လှသော အချို စားဖွယ်ဖြစ်သည်။

ရှေးကလူကြီးများ အသက်ကြီးလာလျှင် ဆီးပြဿနာရှိလာသဖြင့် ကျောက် ဖရုံသီးဟင်းချိုကို ပုစွန်ခြောက်၊ ငါးကျည်းခြောက်များဖြင့် ရောချက်ပြီး ဓာတ်စာ အဖြစ် စားလေ့ရှိကြသည်။

ကျောက်ဖရုံသီးကို မိုးကြိုးကွင်းသည်ဟူသော အယူအဆဖြင့် အိမ်ခေါင်မိုး ပေါ်တွင် တင်ထားသူများ လည်းရှိသည်။ ကျမ်းစာများတွင် မပါသော်လည်း ရှေးအယူ အဆအဖြစ် ယုံကြည်သူများက ပြု လုပ်နေကြဆဲဖြစ်သည်။

ကျောက်ဖရုံသီးသည် အပုပ်နံ့ကို စုပ်ယူသည်ဟုယူဆပြီး ရှေးက ၅ ရက်၊ ၇ ရက်ထားသော အသုဘအိမ်များတွင် လူသေကောင်ခြေရင်း (သို့မဟုတ်) အောက် တွင် ကျောက်ဖရုံသီးကို ထား လေ့ရှိသည်။ အချို့က ထက်ခြမ်းခွဲပြီး ဗိုက်ပေါ်မှောက်ထား သည်လည်းရှိသည်။

ထက်ခြမ်းခွဲပြီး အလောင်းအနီးအနားတွင်ထားသည်လည်း ရှိသည်။

အရပ်ဓလေ့အမျိုးမျိုးရှိသည်။ ဤသို့ထားရှိသည်ကိုမြင်ပြီးနောက် အချို့က ကျောက်ဖရုံသီးကို မစားချင်ကြတော့။ အမြင်ကြောင့် အစွဲအလမ်း ဖြစ်ပြီး မစား ချင်ဖြစ်သွားပုံရသည်။

အမှန်တော့ ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အစာ ဖြစ်သည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းသည်။ အရွက်၊ အညွန့်၊ အသီး သုံးမျိုးလုံးစားကောင်းသောအသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးသည် တာရှည်လည်းအထားခံသည်။ ကျောက်ဖရုံသီး၏အထူးဆေးစွမ်းမှာ ဆီးအိမ်ကို သန့်ရှင်းစေသည်ဟု ရှေးဆေး ကျမ်းများစွာက ဖော်ပြသည်။

ကျောက်ဖရုံသီးကို ဆေးဖော်စားသဖြင့် ကုသရန်ခက်ခဲ သည့် ကျောက်ကပ်ဖော ရောဂါ ပျောက်ကင်းသည်ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကိုယ်တွေ့ တွေ့ဖူးပါသည်။

ကျောက်ကပ်အလုပ် မလုပ်သဖြင့် ဆီးကောင်းစွာမသွားနိုင်ဘဲ ဆီးခုံမှစ၍ အောက် ပိုင်း ခြေနှစ်ဖက် လုံးရာင်ပြီး ခြေခုံနှစ်ဖက်လုံး ဖောင်းကားပြီး စီးနေကျဖိနပ်ပင် မဝင်၊ မဆံ့တော့သောရောဂါမျိုးဖြစ်သည်။ဆေးဖော်စပ်ပုံကို တင်ပြပါမည်။

ကျောက်ဖရုံသီးအလုံးရင့်ရင့်တစ်လုံးကို ထိပ်ပိုင်းလက်လေးသစ်ခန့်မှ ဖြတ်လိုက်ပါသည်။အတွင်းမှ အစေ့များပါသောအူတိုင်ကို ဖယ်ထုတ်လိုက်ပါ၊ ထို့နောက် လွတ်သွားသော အလယ် အူကြောင်းတွင် ချွတ်ဆေးမသုံးသည့် သကြားအညိုကို ဝင်ဆံ့သလောက်ထည့်ပါသည်။

ထို့နောက် ဖြတ်ထားသော ထိပ်ပိုင်းကို ပြန်အုပ်ပြီး လက်နှစ်လုံးခန့်ရှိသော ပိတ်စနှစ်ပေခန့်အရှည်တွင် ကွမ်းစား ထုံးကို သုတ်လိမ်းပြီး အသီးထိပ်ပိုင်း အဖုံးမရွေ့စေရန် ပတ်ထားပါသည်။

ထိုကျောက်ဖရုံသီးကို နတ်အုန်းဆွဲသကဲ့သို့ ကြိမ်ဆိုင်းကြိုးဝယ်ယူပြီး လေထဲတွင် ချိတ်ဆွဲထားသည်။ အတွင်း၌ဓာတ်ပြုသွားစေရန် ၃ ရက်မှ ၅ ရက်အထိ ထားရသည်။ ရက်စေ့လျှင် ဆွဲထားသော ကျောက်ဖရုံသီး ဖင်ပိုင်း အောက်တည့်တည့်မှ စူးချွန်ဖြင့်ဖောက်လိုက်ပါ။

အရည်များကျလာမည်။ ထိုအရည်ကို ခံယူပြီး ပုလင်းများဖြင့် ထည့်သိမ်းထားပါ။ အေးသောနေရာတွင်ထားပါ။

အချို့တောအရပ်တွင် စပါးရှိလျှင် စပါး သို့မဟုတ် စပါးခွံပုံးထဲ မြှုပ်သိမ်းထားလေ့ရှိသည်။

ကျောက်ဖရုံသီးနှင့်သကြားအရည်ကို တစ်နေ့လျှင် တစ်ပုလင်းစာ၊ နှစ်ကြိမ် သုံးကြိမ်ခွဲ၍ သောက်သုံးပေးရပါသည်။ ဆီးများစွာသွားပြီး အရောင်များ ကျသွား သည်ကို တွေ့ရပါသည်။ ထိုဆေးသည် ကျောက်ကပ်ကို သန့်စင်စေသည်။ အလုပ် ပြန်လုပ်စေသည့်ဆေးမျိုးဖြစ်သည်။

သကြားထည့်ရသော ဆေးမျိုးဖြစ်သဖြင့် ဆီးချိုရောဂါရှိသူများအတွက်တော့ အဆင်ပြေမည်မဟုတ်ပါ။ ကျောက်ဖရုံသီး၊ ကျောက်ဖရုံရွက်၊ အစေ့၊ အပင်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါ သည်။ ဆေးကျမ်းများအဆိုအရ –

ကျောက်ဖရုံအပွင့်ကို စားပေးလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာ စေနိုင်သည်။

-အသီးကို စားခြင်းဖြင့် အားရှိစေသည်။ အဆုတ်ရောဂါနှင့်သင့်သည်။ သွေးအန်သွေးကျ ရောဂါသက်သာစေသည်။

-အသီးကို နေ့စဉ်စားသုံးလျှင် ဆီးနှင့်ကျောက်ကပ်ရောဂါများအတွက် အကျိုးပြုသည်။ ဆီးအိမ်ကို သန့်စင်စေသည်။

-အသီး၏အရည်ကို နေ့စဉ်သောက်သုံးပေးလျှင်၊ ဖျော်ရည်ပြုလုပ်၍ သောက်လျှင်ကျောက်ကပ်မှ ကျောက်ကျစေသည်။

-အသီးထဲတွင် ရှိန်းခိုနှင့် ဂျုံပြဆား အနည်းငယ်ထည့်၊ အရည်ကို စစ်သောက် လျှင် ကျောက်များ ကွဲ၍ ကျစေနိုင်သည်။

ကျောက်ဖရုံသီးကို အရည်ဖျော်၍ လေနာ၊ ဝက်ရူးနာ၊ အရူးရောဂါများ အတွက်လည်း သုံးသည်။

ကျောက်ဖရုံစေ့ကို ကလေးသန်ချဆေးအဖြစ်သုံးသည်။

ကျောက်ဖရုံပင်အမြစ်ကို အခြောက်မှုန့် ပြုလုပ်သောက်သုံးလျှင် ပန်းနာ ရင်ကျပ်ရောဂါ သက်သာပျောက်ကင်းစေသည်။

ကျောက်ဖရုံယိုသည် အစာအိမ်၊ ဆီးအိမ် ပူသောရောဂါကို ငြိမ်းစေနိုင်သည်။ အစာကိုလည်း ကြေစေနိုင်သည်။

Credit-ကြည်လွင်မြင့် (မုဒြာ)

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …