စိတ္ထား ျမင့္ျမတ္တဲ့ အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔စိတ္ေနစိတ္ထား - Amawpyay

စိတ္ထား ျမင့္ျမတ္တဲ့ အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔စိတ္ေနစိတ္ထား

စိတ္ထား ျမင့္ျမတ္တဲ့ အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔စိတ္ေနစိတ္ထား
Knowledge

စိတ္ထား ျမင့္ျမတ္တဲ့ အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔စိတ္ေနစိတ္ထား

ေမာင္ႏွမသားခ်င္းေတြထဲမွာ အႀကီးဆုံးသားသမီးေတြဟာ မိသားစုကို ခင္တြယ္သလို၊အနစ္နာလည္း အရမ္းခံတဲ့သူေတြပါ။ သူတို႔ေတြဟာ အမႀကီး အမိရာ၊အကိုႀကီး အဖရာဆိုသလိုပဲ တာဝန္ေက်ဖို႔အစြမ္းကုန္ ႀကိဳးစားခ်င္ၾကတဲ့သူေတြပါ။ မိသားစုတစ္ခုရဲ႕အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အႀကီးဆုံးသားသမီးတိုင္းေတာ့ဒီလိုစိတ္ထားမရွိပါဘူး၊ စိတ္ထားျမင့္ျမတ္တဲ့သူမွပါ။

(၁) မိဘကို သိတတ္တယ္

သူတို႔ေတြဟာ မိဘေတြနဲ႔ ဦးဆုံးလက္ပြန္းတတီး aနရတဲ့သူေတြျဖစ္တာေၾကာင့္ မိဘေတြအေပၚကိုသံေယာဇဥ္အရမ္းႀကီးတဲ့သူေတြပါ။ မိဘေတြရဲ႕ခံစားခ်က္ကို အျပည့္အဝနားလည္သလို၊ မိဘေတြရဲ႕အခက္အခဲေတြကို မွ်ေဝေပးလိုစိတ္လည္း ရွိၾကပါတယ္။ မိဘေတြကို ငဲ့ညႇာလြန္းတာေၾကာင့္ တစ္ခါတေလက်ရင္ သူတို႔အတြက္ ဆုံးရႈံးမႈေတြ၊လက္လႊတ္လိုက္ရတာေတြ ေတာ္ေတာ္မ်ားမ်ားကို ရွိပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြဟာမိဘေတြ စိတ္မေကာင္းျဖစ္မွာစိုးလို႔ ဘာမွထုတ္မေျပာတတ္ၾကပါဘူး။

(၂) စံျပျဖစ္ေအာင္ေနတယ္

သူတို႔ေတြဟာ အငယ္ေတြအတြက္ စံျပျဖစ္ခ်င္တဲ့သူေတြပါ။ သူတို႔ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ၊သူတို႔မွာ အဲဒီ့စိတ္ေလးေတာ့ အၿမဲတမ္းရွိတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ့္ရဲ႕ဆႏၵေတြကိုေတာင္အငယ္ေတြ အတုယူမွားမွာစိုးတာေၾကာင့္ၿမိဳသိပ္လိုက္ရတဲ့အခါေတြ၊ ခ်ိဳးႏွိမ္လိုက္ရတဲ့ အခါေတြရွိပါတယ္။သူတို႔ကိုယ္သူတို႔စံျပျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားၾကတဲ့သူေတြပါ။

(၃) အငယ္ေတြကို ငဲ့ညႇာတယ္

အႀကီးဆုံးသားသမီးေတြ ေတာ္ေတာ္မ်ားမ်ားက အငယ္ေတြကို ငဲ့ညႇာၾကပါတယ္။ နာစရာရွိကိုယ္ကနာ၊ ငတ္စရာရွိ ကိုယ္ကငတ္ ကိုယ့္ရဲ႕ ေမာင္ေလးညီမေလးေတြ၊ ညီေလးညီမေလးေတြကိုေတာ့အဆင္ေျပေစခ်င္ၾကပါတယ္။ သူတို႔ေတြဟာ အငယ္ေတြကိုအလုပ္ခိုင္းတဲ့အခါမွာေတာင္ ခက္ခဲတဲ့ အပိုင္းေတြကို တာဝန္ယူၿပီး၊ လြယ္ကူတဲ့အပိုင္းေလးေတြကိုပဲခိုင္းတတ္ၾကပါတယ္။ ကိုယ့္ရဲ႕ေမာင္ေလး၊ ညီမေလးေတြ ပင္ပန္းမွာ၊ မႏိုင္မနင္းလုပ္ေနမွာကို မၾကည့္ရက္လို႔ပါ။

(၄) အငယ္ေတြကို ေကာင္းစားေစခ်င္တယ္

အႀကီးဆုံးသားသမီးေတြဟာ မိဘဘိုးဘြားေတြၿပီးရင္ ကိုယ့္အေပၚ ေမတၱာအထားႏိုင္ဆုံးပါပဲ။ အငယ္ေတြကိုလူတစ္လုံးသူတစ္လုံးပညာတတ္ႀကီးေတြ ျဖစ္ေစခ်င္တယ္၊ အဆင့္အတန္းရွိရွိ ေနထိုင္ႏိုင္တဲ့သူေတြ ျဖစ္ေစခ်င္တယ္၊ေကာင္းစားေစခ်င္ၾကပါတယ္။ အငယ္ေတြ ေကာင္းစားဖို႔အတြက္ဆိုရင္ သူတို႔ဖက္က တတ္ႏိုင္သမွ်

ကူညီေထာက္ပံ့ေပးတတ္ၾကသလို၊ ေပးဆပ္စြန႔္လႊတ္စရာေတြ ရွိလာရင္ေတာင္ ေပးဆပ္ေပးၾကပါတယ္။

(၅) ၿမိဳသိပ္ထားတာေတြ မ်ားတယ္

သူတို႔ေတြရဲ႕ စိတ္ထဲမွာ ၿမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ အရမ္းမ်ားပါတယ္။ အငယ္ေတြ ရွိလာၿပီးေနာက္ပိုင္းမွာမိဘေတြရဲ႕ ခ်စ္ခင္မႈ၊ယုယမႈကို သိပ္မခံရေတာ့ဘူး၊ သူကအႀကီးပဲဆိုၿပီး အငယ္ေတြကို ပိုဦးစားေပးလာၾကတယ္၊အငယ္ေတြ အမွားလုပ္မိရင္လည္း သူက အဆူခံရတယ္၊ သူဘယ္ေလာက္ပဲ ပင္ပန္းေနပါေစအႀကီးျဖစ္ေနတဲ့အတြက္ အားလုံးရဲ႕တာဝန္ကိုသူက ယူရပါတယ္။

သူ႔ဆီမွာၿမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ၊ နာက်င္စရာေတြရွိေနရင္ေတာင္ မိသားစုသာ အဆင္ေျပမယ္ဆိုရင္အနစ္နာခံႏိုင္တဲ့ သူေတြပါ။
Credit:

Unicode

စိတ်ထား မြင့်မြတ်တဲ့ အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့စိတ်နေစိတ်ထား

မောင်နှမသားချင်းတွေထဲမှာ အကြီးဆုံးသားသမီးတွေဟာ မိသားစုကို ခင်တွယ်သလို၊အနစ်နာလည်း အရမ်းခံတဲ့သူတွေပါ။ သူတို့တွေဟာ အမကြီး အမိရာ၊အကိုကြီး အဖရာဆိုသလိုပဲ တာဝန်ကျေဖို့အစွမ်းကုန် ကြိုးစားချင်ကြတဲ့သူတွေပါ။ မိသားစုတစ်ခုရဲ့အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ အကြီးဆုံးသားသမီးတိုင်းတော့ဒီလိုစိတ်ထားမရှိပါဘူး၊ စိတ်ထားမြင့်မြတ်တဲ့သူမှပါ။

(၁) မိဘကို သိတတ်တယ်

သူတို့တွေဟာ မိဘတွေနဲ့ ဦးဆုံးလက်ပွန်းတတီး aနရတဲ့သူတွေဖြစ်တာကြောင့် မိဘတွေအပေါ်ကိုသံယောဇဉ်အရမ်းကြီးတဲ့သူတွေပါ။ မိဘတွေရဲ့ခံစားချက်ကို အပြည့်အဝနားလည်သလို၊ မိဘတွေရဲ့အခက်အခဲတွေကို မျှဝေပေးလိုစိတ်လည်း ရှိကြပါတယ်။ မိဘတွေကို ငဲ့ညှာလွန်းတာကြောင့် တစ်ခါတလေကျရင် သူတို့အတွက် ဆုံးရှုံးမှုတွေ၊လက်လွှတ်လိုက်ရတာတွေ တော်တော်များများကို ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဟာမိဘတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှထုတ်မပြောတတ်ကြပါဘူး။

(၂) စံပြဖြစ်အောင်နေတယ်

သူတို့တွေဟာ အငယ်တွေအတွက် စံပြဖြစ်ချင်တဲ့သူတွေပါ။ သူတို့ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊သူတို့မှာ အဲဒီ့စိတ်လေးတော့ အမြဲတမ်းရှိတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ဆန္ဒတွေကိုတောင်အငယ်တွေ အတုယူမှားမှာစိုးတာကြောင့်မြိုသိပ်လိုက်ရတဲ့အခါတွေ၊ ချိုးနှိမ်လိုက်ရတဲ့ အခါတွေရှိပါတယ်။သူတို့ကိုယ်သူတို့စံပြဖြစ်အောင် အမြဲတမ်းကြိုးစားကြတဲ့သူတွေပါ။

(၃) အငယ်တွေကို ငဲ့ညှာတယ်

အကြီးဆုံးသားသမီးတွေ တော်တော်များများက အငယ်တွေကို ငဲ့ညှာကြပါတယ်။ နာစရာရှိကိုယ်ကနာ၊ ငတ်စရာရှိ ကိုယ်ကငတ် ကိုယ့်ရဲ့ မောင်လေးညီမလေးတွေ၊ ညီလေးညီမလေးတွေကိုတော့အဆင်ပြေစေချင်ကြပါတယ်။ သူတို့တွေဟာ အငယ်တွေကိုအလုပ်ခိုင်းတဲ့အခါမှာတောင် ခက်ခဲတဲ့ အပိုင်းတွေကို တာဝန်ယူပြီး၊ လွယ်ကူတဲ့အပိုင်းလေးတွေကိုပဲခိုင်းတတ်ကြပါတယ်။ ကိုယ့်ရဲ့မောင်လေး၊ ညီမလေးတွေ ပင်ပန်းမှာ၊ မနိုင်မနင်းလုပ်နေမှာကို မကြည့်ရက်လို့ပါ။

(၄) အငယ်တွေကို ကောင်းစားစေချင်တယ်

အကြီးဆုံးသားသမီးတွေဟာ မိဘဘိုးဘွားတွေပြီးရင် ကိုယ့်အပေါ် မေတ္တာအထားနိုင်ဆုံးပါပဲ။ အငယ်တွေကိုလူတစ်လုံးသူတစ်လုံးပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ အဆင့်အတန်းရှိရှိ နေထိုင်နိုင်တဲ့သူတွေ ဖြစ်စေချင်တယ်၊ကောင်းစားစေချင်ကြပါတယ်။ အငယ်တွေ ကောင်းစားဖို့အတွက်ဆိုရင် သူတို့ဖက်က တတ်နိုင်သမျှ

ကူညီထောက်ပံ့ပေးတတ်ကြသလို၊ ပေးဆပ်စွန့်လွှတ်စရာတွေ ရှိလာရင်တောင် ပေးဆပ်ပေးကြပါတယ်။

(၅) မြိုသိပ်ထားတာတွေ များတယ်

သူတို့တွေရဲ့ စိတ်ထဲမှာ မြိုသိပ်ထားတဲ့ခံစားချက်တွေ အရမ်းများပါတယ်။ အငယ်တွေ ရှိလာပြီးနောက်ပိုင်းမှာမိဘတွေရဲ့ ချစ်ခင်မှု၊ယုယမှုကို သိပ်မခံရတော့ဘူး၊ သူကအကြီးပဲဆိုပြီး အငယ်တွေကို ပိုဦးစားပေးလာကြတယ်၊အငယ်တွေ အမှားလုပ်မိရင်လည်း သူက အဆူခံရတယ်၊ သူဘယ်လောက်ပဲ ပင်ပန်းနေပါစေအကြီးဖြစ်နေတဲ့အတွက် အားလုံးရဲ့တာဝန်ကိုသူက ယူရပါတယ်။

သူ့ဆီမှာမြိုသိပ်ထားတဲ့ခံစားချက်တွေ၊ နာကျင်စရာတွေရှိနေရင်တောင် မိသားစုသာ အဆင်ပြေမယ်ဆိုရင်အနစ်နာခံနိုင်တဲ့ သူတွေပါ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …