အစ်မအရင်းရှိတဲ့ သူတွေသာ ဒီလိုကံကောင်းမှုမျိုးကို ခံစားရမှာပါ… - Amawpyay
Knowledge
(၃) အငြိုးမထားဘူး ”
(၄) နှစ်သိမ့်အားပေးတယ် ”
Credit
Unicode
အစ်မအရင်းရှိတဲ့ သူတွေသာ ဒီလိုကံကောင်းမှုမျိုးကို ခံစားရမှာပါ…
သွေးသားရင်း ညီအစ်မရှိတဲ့သူတွေဟာ ကမ္ဘာပေါ်က ကံအကောင်းဆုံးသူတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အစ်မဆိုတာ ညီမတွေအတွက်တော့ ပထမဆုံးအားကျခဲ့ရတဲ့ စံပြလူသားတစ်ယောက် ဖြစ်ခဲ့သလို၊ လေးစားအတုယူစရာကောင်းပြီး အမြဲတမ်း နွေးထွေးမှုတွေ ပေးနိုင်တဲ့သူဖြစ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ အစ်မရှိတဲ့သူတွေပဲ ရနိုင်မယ့် အစ်မတစ်ယောက်ရဲ့ မေတ္တာတရားတွေပဲဖြစ်ပါတယ်။ ဒါကြောင့်သင့်မှာ အစ်မအရင်း ရှိခဲ့ရင် သူ့ကို ကျေးဇူးတင်ကြောင်း ဆက်ဆက်ပြောလိုက်ပါနော် …။
(၁) ဦးဆောင်လမ်းပြပေးတယ် ”
သင့်အစ်မဟာ သင့်အတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်သလို၊ သင့်အတွက် အမြဲတမ်း ဦးဆောင်လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ သင့်ကို ရဲရင့်လာအောင် ၊ ထက်မြက်သူတစ်ယောက် ဖြစ်လာအောင် သင့်အစ်မက အများကြီး အားပေးခဲ့သလို လမ်းဖောက်ပေးခဲ့တာဖြစ်ပါတယ်။ သင်ဟာ တစ်ပြိုင်တည်းမှာပဲ အစ်မရော၊ သူငယ်ချင်းကောင်းရော ရလိုက်သလိုဖြစ်တာကြောင့် အရမ်းကို ကံကောင်းတဲ့သူ ဖြစ်ပါတယ် …။
(၂) သင့်အတွက်အမြဲတမ်းရှိတယ် ”
သင့်အစ်မဟာ သင့်အတွက်ဆိုရင် အမြဲတမ်းအဆင်သင့် ရှိနေတဲ့သူပါ။ သင့်ကိုဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ဘယ်တော့မှသဘောမထားပဲ အမြဲတမ်း သင့်ကို ကူညီပေးတဲ့သူပါ။ ရင်ဖွင့်စရာ၊ တိုင်ပင်စရာတွေရှိလာတဲ့အခါမှာလည်း သင့်ကိုအမြဲတမ်းနားထောင်ပေးသလို အကြံဉာဏ်ကောင်းတွေလည်း အမြဲတမ်း ပေးနိုင်တဲ့သူဖြစ်ပါတယ်။ သင့်ရဲ့အားနည်းချက်တွေအတွက်လည်း သင့်ကိုသိမ်ငယ်စေမှာမဟုတ်သလို၊ သူ့ရှေ့မှာဆိုရင် အရှိကိုအရှိအတိုင်း ထုတ်ပြလို့ ရပါတယ် …။
(၃) အငြိုးမထားဘူး ”
တစ်ခါတလေ ညီအစ်မချင်းစကားများတာမျိုးတွေမှာ သင့်ဖက်က လွန်သွားခဲ့တာ၊ စကားကျွံသွားခဲ့တာမျိုးတွေ ဖြစ်ခဲ့ရင်တောင်မှ သင့်ကို ဘယ်တော့မှ အငြိုးထားမှာမဟုတ်ပါဘူး။ သင်နဲ့ခဏခဏ စကားများခဲ့ရင်တောင် သင့်ကိုအမြဲတမ်းခွင့်လွှတ်နိုင်တဲ့သူဖြစ်ပါတယ်။ အချိန်တန်လို့ သင်အကူအညီလိုလာရင်လည်း ဒီအစ်မကပဲ သင့်ကို ကူညီအုံးမှာ ဖြစ်ပါတယ် …။
(၄) နှစ်သိမ့်အားပေးတယ် ”
သင့်ရဲ့ဝမ်းနည်းမှုတွေ၊ ခံစားချက်တွေနဲ့ သင့်ရဲ့ စိတ်ဒဏ်ရာတွေ အားလုံးကို မခြွင်းမချန် တိုင်ပင်လို့ရတာ သင့်အစ်မပါ။ သင့်ရဲ့ အားနည်းချက်တွေကို သိနေသည့်တိုင်အောင် သင့်ကိုအနိုင်ယူမှာလည်း မဟုတ်သလို၊ သင့်ကို ပိုလို့တောင် သနားစာနာမယ့်သူ ဖြစ်ပါတယ်။ သင့်ဖက်က ဘဝကြီးကို စိတ်ကုန်နေရင်တောင်မှ သင့်အတွက် စိတ်ခွန်အားတွေ၊ ပျော်ရွှင်စရာတွေကို လုပ်ပေးနိုင်တာ သင့်အစ်မ ဖြစ်ပါတယ် …။
(၅) အဆိုးဆုံး အခြေအနေမှာတောင် တိုင်ပင်လို့ရတယ် ”
သင့်ဘဝမှာ အဆိုးဆုံးအရာတွေ ကြုံလာရတဲ့အခါမှာ သင့်အစ်မက သင့်အတွက် အကောင်းဆုံး တိုင်ပင်ဖက်ပါ။ ဘယ်လောက်မိုက်မဲပြီး လူရှေ့မှာ ထုတ်မပြောဝံ့စရာ ကိစ္စတွေ ဖြစ်လာသည့်တိုင် သင့်အစ်မဆီမှာ သင့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေ ရှိနေပါတယ်။
သင့်အတွက် စိတ်ရင်းနဲ့ စဉ်းစားတွေးခေါ်ပေးပြီး သင်နဲ့ထပ်တူ ခံစားပေးတာ သင့်အစ်ပါ။ လောကကြီးကို ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ သင့်ရဲ့အစ်မကို ကျေးဇူးတင်လိုက်ပါနော် …။ ။
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …