ခ်စ္သူ စြန္ပစ္သြားရင္ လံုးဝမွ မလုပ္သင့္တဲ႕ အရာမ်ား - Amawpyay

ခ်စ္သူ စြန္ပစ္သြားရင္ လံုးဝမွ မလုပ္သင့္တဲ႕ အရာမ်ား

ခ်စ္သူစြန႔္ပစ္ခံရၿပီးေနာက္ လုံးဝမလုပ္သင့္တဲ့ အရာမ်ား….
အခ်စ္ေရး

ခ်စ္သူ စြန္ပစ္သြားရင္ လံုးဝမွ မလုပ္သင့္တဲ႕ အရာမ်ား

ခ်စ္သူနဲ႔ ျပတ္စဲတယ္ဆိုတာ လူတိုင္းနီးပါး ၾကဳံရနိုင္ပါတယ္။ ခ်စ္သူနဲ႔ ျပတ္စဲတဲ့အခါ ခံစားရတဲ့ စိတ္က်ေဝဒနာဟာ တစ္ျခားစိတ္ဖိအားေတြထက္ ႀကီးမားပါတယ္။ ပညာဉာဏ္နဲ႔ မကုစားနိုင္ဘူးဆိုရင္ အဲဒီလူဟာ အသည္းကြဲတဲ့ႏြံထဲကေန ႐ုန္းထြက္နိုင္ဖို႔ မလြယ္ပါဘူး။ ခ်စ္သူက စြန႔္ပစ္ခံလိုက္ရၿပီဆိုရင္ ဒီအခ်က္ေတြ မလုပ္သင့္ေၾကာင္း အႀကံေပးပါရေစ

(၁) အမူးေသာက္ျခင္း

ေယာက္်ားေလးေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ခ်စ္သူစြန႔္ပစ္ခံရၿပီဆိုရင္ အမူးေသာက္တာပါဘဲ။ ဆိုရွယ္က်တဲ့ မိန္းကေလးေတြလည္း ဒီလို လိုက္လုပ္တတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္သူက စြန႔္ပစ္ခံရရင္ စိတ္ညစ္ညစ္နဲ႔ အမူးေသာက္တာမ်ိဳး ေရွာင္ရပါမယ္။ ေရာဂါအခံရွိသူဆိုရင္ ေသသြားနိုင္ပါတယ္။ မဟုတ္လည္း ေခါင္းကိုက္တာကလြဲၿပီး သင့္အတြက္ ဘာမွ က်န္မွာ မဟုတ္ပါဘူး…ၿပီးခဲ့တာက ၿပီးခဲ့ၿပီပဲ …။

(၂) အသည္းကြဲသီခ်င္းေတြ နားေထာင္ျခင္း ”

အသည္းကြဲသီခ်င္းေတြ နားေထာင္တာဟာ ခ်စ္သူစြန႔္ပစ္ခံရခ်ိန္မွာ အႏၲရာယ္ရွိပါတယ္။ စိတ္ဓာတ္အလြန္က်ေနသူဆိုရင္ တစ္ျခား မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြကို ဦးတည္ေစပါတယ္။ အမ်ိဳးသမီးေတြကေတာ့ ေခါင္းအုံးမွာ မ်က္ႏွာအပ္ၿပီး ငိုတတ္ၾကပါတယ္။ ငိုတာကေတာ့ အေၾကာင္းမဟုတ္ပါဘူး။ တခ်ိဳ႕စိတ္ဖိအားေတြက ငိုလိုက္မွ ေပ်ာက္တာပါ …။

(၃) ပြဲၾကမ္းျခင္း ”

ဟိုဘက္က မလိုအပ္လို႔ စြန႔္ပစ္သြားတာကို သင္က မေက်မနပ္နဲ႔ ပြဲသြားၾကမ္းရင္ မလိုအပ္တဲ့ လူမႈေရးျပႆနာေတြ သင္ ထပ္ရွင္းရနိုင္ပါတယ္။ အသည္းကြဲတယ္ဆိုတာ အဲဒီလိုမဟုတ္ဘဲ၊ တစ္ျခားနည္းနဲ႔ ေျဖရွင္းလို႔ရတဲ့ ပုံစံေတြ အမ်ားႀကီးရွိပါတယ္။ ခရီးထြက္တာ၊ စာအုပ္ေတြဖတ္တာ၊ ဟာသကားေတြ ၾကည့္တာ၊ သူငယ္ခ်င္းေတြကို အခ်ိန္ပိုေပးတာ၊ ႀကိဳက္ရာ လုပ္လို႔ရပါတယ္ …။

(၄) ေကာက္ကာငင္ကာ အသစ္ရွာျခင္း ”
တစ္ခါတေလ မရင့္က်က္သူ ေတာ္ေတာ္မ်ားမ်ားက အိုးရြဲ႕ကို စေလာင္းပဲ့နဲ႔ ဖုံးခ်င္ၾကပါတယ္။ ဒါဟာ ဘယ္လိုမွ ေကာင္းနိုင္တဲ့ ေျဖရွင္းမႈ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ျပတ္ၿပီး အျခားတစ္ေယာက္ကို အျမန္ေကာက္ကာ ငင္ကာရွာတာမ်ိဳးဟာ ထင္မွတ္မထားဘဲ ဘဝနဲ႔ခ်ီၿပီး ေရတိမ္နစ္သြားနိုင္ပါတယ္။ သင္ ႏွစ္ခါ ရႈံးသြားနိုင္တဲ့ သေဘာပါ …။

(၅) ငါမရွိရင္ ေအးမွာဆိုတဲ့အေတြး ”

လူငယ္ေတြေတာ္ေတာ္မ်ားမ်ားက အမ်ားႀကီး မေတြးတတ္ၾကပါဘူး။ ရည္းစားနဲ႔ျပတ္သြားတဲ့အခါ ငါမရွိရင္ ေအးမွာပဲဆိုတဲ့ အေတြးမ်ိဳး ေတြးတတ္ၾကပါတယ္။ ဒီအေတြးဟာ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ေၾကာက္စရာအေကာင္းဆုံး အေတြးပါ။

တစ္စုံတစ္ေယာက္အတြက္ မိုက္႐ူးရဲဆန္ဆန္ ေသျပလိုက္ျခင္းအတြက္ သင္ဟာ သူရဲေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူး။ အသည္းကြဲတာကေန ဘယ္လို ေအာင္ျမင္စြာ႐ုန္းထြက္မလဲဆိုတဲ့ ရင့္က်က္တဲ့ နည္းလမ္းကို ေရြးခ်ယ္သင့္ပါတယ္ ေနာ္ …။

Credit to original writer

Unicode

ချစ်သူစွန့်ပစ်ခံရပြီးနောက် လုံးဝမလုပ်သင့်တဲ့ အရာများ….

ချစ်သူနဲ့ ပြတ်စဲတယ်ဆိုတာ လူတိုင်းနီးပါး ကြုံရနိုင်ပါတယ်။ ချစ်သူနဲ့ ပြတ်စဲတဲ့အခါ ခံစားရတဲ့ စိတ်ကျဝေဒနာဟာ တစ်ခြားစိတ်ဖိအားတွေထက် ကြီးမားပါတယ်။ ပညာဉာဏ်နဲ့ မကုစားနိုင်ဘူးဆိုရင် အဲဒီလူဟာ အသည်းကွဲတဲ့နွံထဲကနေ ရုန်းထွက်နိုင်ဖို့ မလွယ်ပါဘူး။ ချစ်သူက စွန့်ပစ်ခံလိုက်ရပြီဆိုရင် ဒီအချက်တွေ မလုပ်သင့်ကြောင်း အကြံပေးပါရစေ

(၁) အမူးသောက်ခြင်း

ယောက်ျားလေးတွေ တော်တော်များများကတော့ ချစ်သူစွန့်ပစ်ခံရပြီဆိုရင် အမူးသောက်တာပါဘဲ။ ဆိုရှယ်ကျတဲ့ မိန်းကလေးတွေလည်း ဒီလို လိုက်လုပ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူက စွန့်ပစ်ခံရရင် စိတ်ညစ်ညစ်နဲ့ အမူးသောက်တာမျိုး ရှောင်ရပါမယ်။ ရောဂါအခံရှိသူဆိုရင် သေသွားနိုင်ပါတယ်။ မဟုတ်လည်း ခေါင်းကိုက်တာကလွဲပြီး သင့်အတွက် ဘာမှ ကျန်မှာ မဟုတ်ပါဘူး…ပြီးခဲ့တာက ပြီးခဲ့ပြီပဲ …။

(၂) အသည်းကွဲသီချင်းတွေ နားထောင်ခြင်း ”

အသည်းကွဲသီချင်းတွေ နားထောင်တာဟာ ချစ်သူစွန့်ပစ်ခံရချိန်မှာ အန္တရာယ်ရှိပါတယ်။ စိတ်ဓာတ်အလွန်ကျနေသူဆိုရင် တစ်ခြား မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဦးတည်စေပါတယ်။ အမျိုးသမီးတွေကတော့ ခေါင်းအုံးမှာ မျက်နှာအပ်ပြီး ငိုတတ်ကြပါတယ်။ ငိုတာကတော့ အကြောင်းမဟုတ်ပါဘူး။ တချို့စိတ်ဖိအားတွေက ငိုလိုက်မှ ပျောက်တာပါ …။

(၃) ပွဲကြမ်းခြင်း ”

ဟိုဘက်က မလိုအပ်လို့ စွန့်ပစ်သွားတာကို သင်က မကျေမနပ်နဲ့ ပွဲသွားကြမ်းရင် မလိုအပ်တဲ့ လူမှုရေးပြဿနာတွေ သင် ထပ်ရှင်းရနိုင်ပါတယ်။ အသည်းကွဲတယ်ဆိုတာ အဲဒီလိုမဟုတ်ဘဲ၊ တစ်ခြားနည်းနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံတွေ အများကြီးရှိပါတယ်။ ခရီးထွက်တာ၊ စာအုပ်တွေဖတ်တာ၊ ဟာသကားတွေ ကြည့်တာ၊ သူငယ်ချင်းတွေကို အချိန်ပိုပေးတာ၊ ကြိုက်ရာ လုပ်လို့ရပါတယ် …။

(၄) ကောက်ကာငင်ကာ အသစ်ရှာခြင်း ”
တစ်ခါတလေ မရင့်ကျက်သူ တော်တော်များများက အိုးရွဲ့ကို စလောင်းပဲ့နဲ့ ဖုံးချင်ကြပါတယ်။ ဒါဟာ ဘယ်လိုမှ ကောင်းနိုင်တဲ့ ဖြေရှင်းမှု မဟုတ်ပါဘူး။ တစ်ယောက်နဲ့ပြတ်ပြီး အခြားတစ်ယောက်ကို အမြန်ကောက်ကာ ငင်ကာရှာတာမျိုးဟာ ထင်မှတ်မထားဘဲ ဘဝနဲ့ချီပြီး ရေတိမ်နစ်သွားနိုင်ပါတယ်။ သင် နှစ်ခါ ရှုံးသွားနိုင်တဲ့ သဘောပါ …။

(၅) ငါမရှိရင် အေးမှာဆိုတဲ့အတွေး ”

လူငယ်တွေတော်တော်များများက အများကြီး မတွေးတတ်ကြပါဘူး။ ရည်းစားနဲ့ပြတ်သွားတဲ့အခါ ငါမရှိရင် အေးမှာပဲဆိုတဲ့ အတွေးမျိုး တွေးတတ်ကြပါတယ်။ ဒီအတွေးဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြောက်စရာအကောင်းဆုံး အတွေးပါ။

တစ်စုံတစ်ယောက်အတွက် မိုက်ရူးရဲဆန်ဆန် သေပြလိုက်ခြင်းအတွက် သင်ဟာ သူရဲကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အသည်းကွဲတာကနေ ဘယ်လို အောင်မြင်စွာရုန်းထွက်မလဲဆိုတဲ့ ရင့်ကျက်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါတယ် နော် …။ ။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …